Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဩဇီ ခရီးသွား အကြံပေး ။

Foreign ResidentAugust 31, 201314min95921

ဩဇီ ခရီးသွား အကြံပေး ။

 

ဟဲ ဟဲ ။

ဘာရယ် ဟုတ်ပါဘူး ။

ရွာသူား တစ်ယောက်က ၊

အဘ ကို ၊ ဒီရက်ပိုင်း ၊

ဩဇီ ခရီးစဉ် အတွက် ၊

အမေးရှိထားလို့ ၊

ပြန်ဖြေထားတာပါ ။

 

အဲဒါ ၊ တော်တော် ပြည့်ပြည့်စုံစုံလေး ၊ ဖြေထားတော့ကာ ၊

အဲဒီ ရွာသူား ကပဲ ၊ ဒါကိုပဲ Post ရေးတင်လိုက်ပါလား ဆိုလို့ ၊

အဘ လည်း ဒီရက်ပိုင်း Post သိပ် မတင်ဖြစ်တာနှင့် ၊

( ရွာ ကလည်း နဲနဲ ခြောက်နေသလိုဖြစ်နေတာ နှင့် )

အဲဒီ ပြန်စာလေးကိုပဲ Post တစ်ခုလုပ်ပြီး ရေးတင်လိုက်ပါတယ် ။

 

ပုဂ္ဂိုလ်ရေး ပြန်ကြားစာ ဖြစ်နေတော့ကာ ၊

အစပိုင်းကတော့ ၊ အကြံပေးရုံ ပေးထားရင်းနှင့် ၊

နောက်ပိုင်းမှာ ကိုယ့်မြို့ ကိုယ့်ရွာ အကြောင်း ဂုဏ်ယူပြီး ပြောပြရင်း နှင့် ၊

နဲနဲ ကြွားသလိုဖြစ်သွားတာကိုတော့ ခွင့်လွှတ်ပါကွယ် ။

 

ဟဲ ဟဲ ၊ အဘ ကို အကြံတောင်းခဲ့တဲ့ ရွာသူား ကြီးကတော့ ( ဟဲ ဟဲ ၊ ပြောဖူး ) ။

 

xxxxx  ရေ ။

 

Sydney – Canberra – Melbourne ၃ မြို့လုံး ကို ၊

3 days 4 night ထဲနှင့်တော့ ဘာမှ သိပ်မရောက်နိုင်ဘူးကွယ် ။

 

နောက်ပြီးတော့ Canberra ပါတယ်ဆိုတော့ ၊

Canberra က Sydney နှင့် Melbourne ၂ မြို့ ရဲ့ ၊

အလည်တည့်တည့်မှာ သေချာ ရွေး ဆောက်ထားတဲ့မြို့ ။

အဲဒီတော့ Sydney – Canberra နှင့် ၊

Canberra – Melbourne ခရီးက ၊ နေ့ဝက်စီ ကြာအောင် ကားစီးရမှာ ။

အဲဒီမှာတင် ကားစီး တာနှင့် တစ်ရက် အချိန် ပုတ်သွားပြီ ။

Sydney နှင့် Melbourne ၂ မြို့ အတွက် ၂ ရက်ပဲ ကျန်တော့မယ် ။

Sydney နှင့် Melbourne ၁ မြို့ ကို ၁ ရက်ပဲ လည်ချိန် ပေးနိုင်တော့မယ် ။

နောက်နေသလိုပဲကွယ် ။

 

Any ways, OK ပါ ။

 

Sydney ကို ၁ ရက် အပြည့် လည်မယ်ဆိုရင် ၊

 

City Sightseeing / Hop on Hop off / Explorer Bus နှင့် လည်စေချင်ပါတယ် ။

Detail ကို အောက်က Link မှာ ကြည့်ပါ ။

<http://www.city-sightseeing.com/tours/australia/sydney.htm>

ကျနော် Down Load ချပြီးသား Tour Leaflet လေးပါ Attach ပေးလိုက်တယ် ။

 

အဲဒီ အမိုးဖွင့် ၂ ထပ် Bus ကားကြီးက Major Tourist Attraction နေရာတွေကို ၊

တစ်နေကုန် သူ့ ခရီးစဉ်အတိုင် ၁၅ မိနစ်ခြား တစ်စီး ပါတ်နေပါတယ် ။

သူ့ မှတ်တိုင်မှာ ၊ ကားပေါ်မှာဘဲ Driver ဆီက တစ်နေ့စာ Bus Ticket ဝယ်လို့ရပါတယ် ။

 

ကိုယ် ဆင်းကြည့်ချင်တဲ့ နေရာ / မှတ်တိုင် မှာ ဆင်းလိုက် ။

အဲဒီ မှတ်တိုင်မှာပဲ ရေးထားတဲ့ နောက် Explorer Bus လာမယ့် အချိန်ကိုမှတ် ။

အဲဒီ Tourist Attraction နေရာ မှာ လျှောက်လည် ။

နောက် ၁၅ / ၃ဝ / ၄၅ မိနစ် အတိ တွေမှာ ရောက်လာမယ့် ၊

နောက် Explorer Bus တစ်စီး ကိုတက်စီးပြီး နောက် တစ်နေရာ ထပ်သွား ။

အချိန်ကုန် ၊ ငွေကုန် ၊ လူပင်ပန်း ၊ မျက်စိလည် ဒုက္ခတွေ ဝေးပါလိမ့်မယ် ။

 

ကောင်းတာက Circular Quay ဆိုတဲ့ Train Station ကို အရင်သွားပါ ။

အဲဒီ အနားမှာ Explorer Bus စထွက်တဲ့နေရာ ရှိပါတယ် ။

 

အဲဒါကြီးပေါ့ ၊ City Sightseeing / Hop on Hop off / Explorer Bus ဆိုတာ ။ Open top – Double decker ကြီးလေ ။

 

အဲဒါကြီးပေါ့ ၊ City Sightseeing  Hop on Hop off  Explorer Bus ဆိုတာ ။  Open top - Double decker ကြီးလေ ။
အဲဒါကြီးပေါ့ ၊ City Sightseeing Hop on Hop off Explorer Bus ဆိုတာ ။
Open top – Double decker ကြီးလေ ။

 

Sydney မှာ ရောက်သင့်တဲ့ နေရာတွေကတော့ ၊

( ရောက်သင့်တဲ့ အစဉ် အတိုင်း ) ။

 

1. Opera House ( Harbour Bridge ကို လှမ်းမြင်ရတယ် သပ်သပ်သွားစရာ မလိုတော့ ) ။

 

Opera House နှင့် Harbour Bridge ၂ ခုစလုံးကို Macquire Point ကနေ လှမ်းမြင်ရတဲ့ ပုံ ။

 

Opera House နှင့် Harbour Bridge ၂ ခုစလုံးကို Macquire Point ကနေ လှမ်းမြင်ရတဲ့ ပုံ ။
Opera House နှင့် Harbour Bridge ၂ ခုစလုံးကို Macquire Point ကနေ လှမ်းမြင်ရတဲ့ ပုံ ။

 

2. Darling Harbour ( China Town နှင့် နီးတယ် ) ။

( China Town က Hay / Paddy Market မှာ ရန်ကုန်အပြန် လက်ဆောင်ဝယ်ဖို့ ဈေးပေါတယ် )

( Pyrmont Bridge ဟိုဘက် ဒီဘက် မှာ Maritime Museum နှင့် Wild Life & Aquarium ရှိတယ် )

( ဩဇီ ရောက်တဲ့ အထိမ်းအမှတ် နှင့် Kangaroo နှင့် Koala တွေ ဝင်ကြည့်ခဲ့ပေါ့ )

( Fish Market  နှင့်လဲ နီးတယ် ၊ နေ့လည်စာ စားရန် / Fresh Seafood တွေရမယ် ) ။

 

Darling Harbour ကို Sydney Tower ပေါ်ကနေ ရိုက်ထားတာ ၊

အလယ်က တံတားက Pyrmont Bridge ။

 

Darling Harbour ကို Sydney Tower ပေါ်ကနေ ရိုက်ထားတာ ၊ အလယ်က တံတားက Pyrmont Bridge ။
Darling Harbour ကို Sydney Tower ပေါ်ကနေ ရိုက်ထားတာ ၊
အလယ်က တံတားက Pyrmont Bridge ။

 

အဲဒါ က Sydney ရဲ့ Fish Market ။

 

အဲဒါ က Sydney ရဲ့ Fish Market ။
အဲဒါ က Sydney ရဲ့ Fish Market ။

 

Fish Market ရောက်တုန်း အားရပါးရ ဝါးနေတာ ။ ဒီလိုပုံ နှင့် ပိန်အုန်းမယ် ။

 

Fish Market ရောက်တုန်း အားရပါးရ ဝါးနေတာ ။ ဒီလိုပုံ နှင့် ပိန်အုန်းမယ် ။
Fish Market ရောက်တုန်း အားရပါးရ ဝါးနေတာ ။ ဒီလိုပုံ နှင့် ပိန်အုန်းမယ် ။

 

3. Sydney Tower ( တက်ကြည့်ပြီး ညစာစားနိုင် ) ။

( Queen Victoria Building / Shopping Mall နှင့် နီးတယ် ) ။

( အနားမှာ Hyde Park ရှိတယ် ။ Hyde Park ပါတ်ပါတ်လည်မှာ Museum တွေ အများကြီးပဲ )

 

Sydney Tower ကို အဝေးက မြင်ရပုံ ။

 

Sydney Tower ကို အဝေးက မြင်ရပုံ ။
Sydney Tower ကို အဝေးက မြင်ရပုံ ။

 

Hyde Park ပန်းခြံထဲက ရေပန်းဘေးမှာ ။

 

Hyde Park ပန်းခြံထဲက ရေပန်းဘေးမှာ ။
Hyde Park ပန်းခြံထဲက ရေပန်းဘေးမှာ ။

 

6. Bondi Beach ( အချိန်ရရင် Manley & Double Bay Beach တွေလဲ သွားနိုင်တယ် ) ။

( ဒါပေမယ့် Beach တွေပါ သွားမယ် ဆိုရင် Bondi Explorer Bus လက်မှတ်ပါ ထပ်ဝယ်ရမယ် )

 

ဒါက Bondi Beach လေ ၊ Manley Beach မှာတော့ Topless ကောင်မလေးတွေ တွေ့ရတတ်တယ် ၊ မသွားနှင့် ။ ငိ ငိ ။

 

ဒါက Bondi Beach လေ ၊ Manley Beach မှာတော့  Topless ကောင်မလေးတွေ တွေ့ရတတ်တယ် ၊ မသွားနှင့် ။ ငိ ငိ ။
ဒါက Bondi Beach လေ ၊ Manley Beach မှာတော့
Topless ကောင်မလေးတွေ တွေ့ရတတ်တယ် ၊ မသွားနှင့် ။ ငိ ငိ ။

 

Bondi Beach ဘေးက ရေကူးကန် ၊ ပင်လယ်လှိုင်း တက်လာရင် အမြဲကျော်ဝင်တတ်တယ် ။

 

Bondi Beach ဘေးက ရေကူးကန် ၊ ပင်လယ်လှိုင်း တက်လာရင် အမြဲကျော်ဝင်တတ်တယ် ။
Bondi Beach ဘေးက ရေကူးကန် ၊ ပင်လယ်လှိုင်း တက်လာရင် အမြဲကျော်ဝင်တတ်တယ် ။

 

Sydney မှာ တစ်ရက် အချိန်လေးနှင့်တော့ ဒီ့ထက်လည်း ပိုမသွားနိုင်ပါဘူးကွယ် ။

 

Canberra မှာတော့ ၊

New & Old Parliament House တွေကို သွားသင့်တယ် ။

အချိန်လဲ သိပ်ပေးနိုင်မယ် မထင်ဘူး ။

 

ဒါ New Parliament House ပေါ့ ။

 

ဒါ New Parliament House ပေါ့ ။
ဒါ New Parliament House ပေါ့ ။

 

ရွာသူား ကြီးကို ပြန်တဲ့စာထဲမှာ မပါမိတဲ့ အချက်ကတော့ ၊

October လထဲမှာ သွားမှာ ဆိုတော့ Canberra မှာ အဲဒီအချိန် ပန်းပွဲတော် ရှိတယ် ။

 

Floriade 2013 ( Canberra’s Spring Flower Festival )

14 September 13 October, 2013, Open 9am 5pm Daily,

Commonwealth Park, Canberra.

<http://www.floriadeaustralia.com/>

 

ပန်းပြကွင်းကြီးထဲ မှာ ပန်းခင်းကြီးတွေ အရမ်းလှတယ် ။

သွားဖြစ်အောင် ( သွားဖြစ်အောင် ) သွားစေချင်ပါတယ် ။

 

Canberra ပန်းပွဲတော် လေ ။

 

Canberra ပန်းပွဲတော် လေ ။
Canberra ပန်းပွဲတော် လေ ။

 

ပန်းမျိုး စုံနေအောင် ရှိတယ် အရမ်းလှတယ် ၊ သွားဖြစ်အောင် သွားသင့်တယ် ။

 

ပန်းမျိုး စုံနေအောင် ရှိတယ် အရမ်းလှတယ် ၊ သွားဖြစ်အောင် သွားသင့်တယ် ။
ပန်းမျိုး စုံနေအောင် ရှိတယ် အရမ်းလှတယ် ၊ သွားဖြစ်အောင် သွားသင့်တယ် ။

 

Melbourne ကတော့ ကျနော်လည်း သိပ် မသိဘူး ။

ဒါပေမယ့် Sydney လိုပဲ သူ့မှာ City Sightseeing / Hop on Hop off / Explorer Bus ရှိတယ်လေ ။

<http://www.city-sightseeing.com/tours/australia/melbourne.htm>

 

ဒါပေမယ့် Melbourne မှာ တစ်ခု ကောင်းတာကတော့ ၊

သူ့မှာ တစ်နေကုန် အလကား စီးလို့ရတဲ့ မြို့ကိုပတ်နေတဲ့ Free Tourist Shuttle / Tram ရှိတယ် ။

 

Melbourne ဟာ Australia ရဲ့ Culture City ယဉ်ကျေးမှု မြို့တော် ပါ ။

Sydney ဟာ Australia ရဲ့ Business City စီးပွားရေး မြို့တော် ပါ ။

Canberra ဟာ Australia ရဲ့ Administrative City အုပ်ချုပ်ရေး မြို့တော် ပါ ။

 

နောက်ထပ် မှတ်စရာ တစ်ခုက ၊ Melbourne မြို့ ဟာ ၊

ကမာ္ဘပေါ်မှာ နေချင်စရာ အကောင်းဆုံး ၊ နေဖို့အသင့်ဆုံး မြို့ / နံပါတ် ၁  အဖြစ် ၊

၂၀၁၁ ကနေ ၂၀၁၃ အထိ ၊ ၃ နှစ်ဆက်တိုက် ( ၃ နှစ်ဆက်တိုက် ) အရွေးချယ် ခံခဲ့ရပါတယ် ။

 

The world’s most liveable city 2011, 2012 & 2013.

<http://edition.cnn.com/2013/08/28/travel/melbourne-most-livable-city>

<http://en.wikipedia.org/wiki/World%27s_most_livable_cities>

 

2013 Economist Intelligence Unit’s (EIU) Global Livability Survey.

Top 10 most livable cities

 

1. Melbourne, Australia, 97.5

2. Vienna, Austria, 97.4

3. Vancouver, Canada, 97.3

4. Toronto, Canada, 97.2

=5. Calgary, Canada, 96.6

=5. Adelaide, Australia, 96.6

7. Sydney, Australia, 96.1

8. Helsinki, Finland, 96.0

9. Perth, Australia, 95.9

10. Auckland, New Zealand, 95.7

 

ဟဲ ဟဲ ၊ ကြုံတုန်း ၊ ကြွားရမယ် ဆိုရင် ၊

ကမာ္ဘ့ နေချင်စရာ အကောင်းဆုံး Top Ten ဆယ် မြို့ မှာ ၊

ဩဇီ က လေး မြို့ ( Melbourne ၊ Adelaide ၊ Sydney ၊ Perth ) ပါတယ် ။

 

ကျနော်တို့ Sydney မြို့ကလည်း မခေပါဘူး ၊

နိုင်ငံတကာက အသိအမှတ် အပြုဆုံး အဖွဲ့အစည်း ၃ ခု ရဲ့ ၊

( 1. The EIU’s Livability Ranking

2. Mercer Quality of Living Survey

3. Monocle’s Most Livable Cities Index )

ကမာ္ဘ့ နေချင်စရာ အကောင်းဆုံး Top Ten ဆယ် မြို့ ဆိုပြီးရွေးတာမှာ ၊

အဖွဲ့အစည်း ၃ ခုစလုံးရဲ့ Top Ten ဆယ် မြို့ စာရင်းထဲမှာ ပါပြီးသားပဲ ။

 

ဩဇီ နိုင်ငံကြီး တစ်ခုလုံ အနေနှင့်ကတော့ ၊

ကမာ္ဘ ပေါ်မှာ မွေးဖွားရန် အသင့်ဆုံး နိုင်ငံ / အနေသင့်ဆုံး နိုင်ငံ စာရင်းမှာ ၊ နံပါတ် ၂ ချိတ်တယ် ။

ဩဇီ ရဲ အထက်မှာ နံပါတ် ၁ ဆွစ်ဇါလန် နိုင်ငံပဲ ရှိတော့တယ် ။

<http://www.economist.com/blogs/graphicdetail/2013/01/daily-chart?fsrc=scn/fb/wl/dc/birthright>

 

အွန် ၊ ကြွားရင်း ကြွားရင်း နှင့် ဘေး ရောက်ကုန်ပြီ ။

၁ ။ ဩဇီ ကို ခက်ခက်ခဲခဲ Visa ရပြီးမှတော့ ၊

၂ ။ ဖင်ကြိမ်းနေအောင် လေယာဉ် စီးလာရပြီးမှတော့ ၊

 

ဩဇီကို နဲနဲ နှံ့အောင် လည်လိုက်တာ မဟုတ်ဘူး ။ အနည်းဆုံးတော့ ၊

၁ ။ ဩဇီ ရဲ့ အထင်ရှားဆုံး Landmark ဖြစ်တဲ့ Uluru ( Ayers Rock ) ကို သွားသင့်တယ် ။

၂ ။ ဩဇီ ရဲ့ ထင်ရှားတဲ့ Entertainment & Beach & Surfing City ဖြစ်တဲ့ Gold Coast ကို သွားသင့်တယ် ။

 

ဩဇီ ရဲ့ အထင်ရှားဆုံး Landmark ဖြစ်တဲ့ Uluru ( Ayers Rock ) ဆိုတာပေါ့ ။

 

ဩဇီ ရဲ့ အထင်ရှားဆုံး Landmark ဖြစ်တဲ့ Uluru ( Ayers Rock ) ဆိုတာပေါ့ ။
ဩဇီ ရဲ့ အထင်ရှားဆုံး Landmark ဖြစ်တဲ့ Uluru ( Ayers Rock ) ဆိုတာပေါ့ ။

 

Gold Coast က Warner Brothers စတူဒီယို ရဲ့Movie World မှာ ။

 

Gold Coast က Warner Brothers စတူဒီယို ရဲ့Movie World မှာ ။
Gold Coast က Warner Brothers စတူဒီယို ရဲ့Movie World မှာ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

21 comments

  • ခင် ခ

    August 31, 2013 at 12:55 pm

    “October လထဲမှာ သွားမှာ ဆိုတော့ Canberra မှာ အဲဒီအချိန် ပန်းပွဲတော် ရှိတယ် ။´´
    ဒီက ပြင်ဦးလွင်ကန်တော်ကြီးမှာ လုပ် လုပ်နေတဲ့ ပန်းပွဲတော်ကတော့ ဝင်ကြေးပေးရတယ် အဘဖောရေ။ အဲဒီမှာရော ဝင်ကြေးတွေဘာတွေ ပေးရလားဟင်။
    အခုလို ပြည်စုံစွာလေး အစီအရီရေးပြထားတာဖတ်ရလို့ ပိုစ့်ပိုင်ရှင်ကိုကျေးဇူးပါ။

    • Foreign Resident

      August 31, 2013 at 1:58 pm

      ကိုခင်ခ ရေ ။
      ကျနော် မှတ်မိသလောက်တော့ ဝင်ကြေး မပေးရဘူး ထင်တယ်ဗျ ။
      သိပ်တော့ မသေချာဘူးရယ် ။ ပေးရလဲ နဲနဲ ပါဗျာ ။

  • ဦးကျောက်ခဲ

    August 31, 2013 at 1:10 pm

    Sydney တော့ ဘယ်လိုနေမယ်မသိ…
    Perth ကတော့ အောက်တိုဘာဆိုရင် ယင်ကောင်တွေ ပေါပါ့…
    မျက်နှာကို အပြုံလိုက် ခလုပ်တိုက်တာမို့၊ ခေါင်းစွပ်နဲ့ မျက်မှန်ဆောင်ရတယ်…
    နောက်ပြီး ငါးကလည်း ဈေးကြီးပါ့… ဟီ ဟိ
    😀

    • Foreign Resident

      August 31, 2013 at 2:09 pm

      ဦးကျောက်ခဲ says:
      ” Perth ကတော့ အောက်တိုဘာဆိုရင် ယင်ကောင်တွေ ပေါပါ့ ”

      Sydney မှာ တော့ ယင်ကောင်တွေ သိပ် မရှိဘူးဗျ ။
      မြို့စွန် / ရွာဘက် ခပ်ကျကျ နေရာတွေမှာတော့ မ ပြောတတ်ဘူး ရယ် ။

      ” ငါးကလည်း ဈေးကြီးပါ့… ဟီ ဟိ ”

      အော်ရယ် ၊ တစ်ခါတစ်လေ ရောက်တဲ့ သူတွေပဲဗျာ ။
      ဒင်းတို့ ဘယ်လောက် ဈေးကြီးနိုင် မလဲဗျာ ။ စားရတော့မပေါ့ဗျာ ။

      မှန်းလို့ရအောင် ၊ အပေါ်မှာ ၊ ကျနော် Fish Market မှာစားနေတဲ့ ၊
      ပုံ ထဲက ဟင်းဗန်း ၂ ခု တွဲဟာ ၊ ဒေါ်လှ ၅ဝ လောက်တော့ ကျလိမ့်မဗျ ။
      Lobster တွေလဲ ပါတာကိုးဗျ ။

      ဘာဖြစ်လဲဗျာ ၊ တစ်ခါတစ်လေ ရောက်တုန်း စားရတာပဲဟာ ။
      ရောမ ရောက်မှတော့ ၊ ရောမ ဈေး နှင့်ပဲ စားရပေမပေါ့ ။
      ဒီလိုပဲ ၊ စွန့်ပြီး စားလိုက်ရတာပေါ့ ။ ခွိ ခွိ ။

  • မဟာရာဇာ အံစာတုံး

    August 31, 2013 at 3:30 pm

    ဘဘ ဂို အကျန်တောင်းတဲ့ ရွာသူားဂျီးဂ
    အိတ်စ်ငါးလုံး မင်းဒါးဂျီး ဂိုးးးးး
    စကားမစပ် …
    အဘ တိုက်လေယင်ဂျီး က ဟဲဗီးဂျီး ဖစ်နေဒယ်ဂျ ….
    ပုံဂျီး ကျိပီး လန့်တောင် လန့်တွားဒယ် … ဂယ်ဗျဲစ် ….

    • Foreign Resident

      August 31, 2013 at 4:56 pm

      မဟာရာဇာ အံစာတုံး says:
      ” စကားမစပ် … အဘ တိုက်လေယင်ဂျီး က ဟဲဗီးဂျီး ဖစ်နေဒယ်ဂျ ”

      အဲဒီ တိုက်လေယင်ဂျီး က ၊ အဘ လဲ မလုပ်ရပါဘူးကွယ် ။
      အဲဒါ သူဂျီး ဆာဗာက လုပ်တာရယ် ။
      အဘ တစ်ယောက်ထဲ မဟုတ်ပါဘူး ၊ တော်တော်များများလည်း အဲလိုဘဲ ဖြစ်နေတာ ။

  • အရီးခင်

    August 31, 2013 at 3:31 pm

    တို့ အဘဖော တို့ မျက်နှာ ချောပုံ ကတော့ ပြောဖွယ် မရှိ။
    အစားစား နေတဲ့ ပုံမှာ ဘေးက လူကြီး ကို ကြည့်ပြီး သနားသွားတယ်။
    အောက်ဆုံးပုံက တိုက်လေယာဉ် ကြီးလား။
    မရောက်ဖူးတဲ့ အရပ် ကို အလည်ခေါ်လို့ ကျေးဇူးကြီးပါရှင့်။

    • Foreign Resident

      August 31, 2013 at 4:52 pm

      အရီးခင် says:
      ” အစားစား နေတဲ့ ပုံမှာ ဘေးက လူကြီး ကို ကြည့်ပြီး သနားသွားတယ်။ ”

      ဘာဖြစ်လို့လဲဟင် ?????

  • Crystalline

    August 31, 2013 at 3:37 pm

    အဘကလည်း သူ့မျက်နှာကိုထူးကဲဖုံးကွယ်နေရသေးတယ်.. သူများတွေလည်း ဓာ့ပုံတွေထဲ မြင်ဖူးနေပါပြီ.. 🙂 Sydney နဲ့ Coffs Habour ကိုခေါ်လည်သူရှိရက်နဲ့မသွားဖြစ်လိုက်ဘူး.. ၃လစလုံး အနောက်တခွင်ပဲလှည့်လည်ခဲ့တယ်.. သတိယလိုက်တာ Bursewood ရယ်.. :mrgreen:
    Coffs Habour တော်တော်လှတယ်ပြောလို့ သွားပါအုန်းမယ်.. ယင်ကောင်တွေကတော့ မပြောနဲ့ တရုတ်သိုင်းကားထဲက မင်းသမီးစတိုင်နဲ့သွားရတယ်.. :mrgreen:
    ကျမရောက်တုန်းက Aug-Oct သူတို့ပြောတာတော့ Perth မှာက အဲဒီအချိန်က နေလို့အကောင်းဆုံးပဲတဲ့..

    • Foreign Resident

      August 31, 2013 at 4:43 pm

      Crystalline says:
      ” ယင်ကောင်တွေကတော့ မပြောနဲ့
      တရုတ်သိုင်းကားထဲက မင်းသမီးစတိုင်နဲ့သွားရတယ်.. :mrgreen:

      အဲဒါ မြို့ပြင်ကို နဲနဲ ရောက်လို့ ဖြစ်မယ် ။
      ဩဇီမှာ နွားတွေ အကြီး အကျယ် မွေးထားတော့ ၊
      နွားချေးတွေထဲကနေ ယင်ကောင်တွေ ပွားလာတာတဲ့ ။
      နွေရာသီ ဘက်ရောက်လာရင် ဆိုးတယ်ကွယ် ။

      ” သူတို့ပြောတာတော့ Perth မှာက အဲဒီအချိန်က နေလို့အကောင်းဆုံးပဲတဲ့..”

      ဩဇီ မှာတော့ Perth က ရေကြမ်း မြေကြမ်း ကွယ့် ။
      Perth ဘက်က ရာသီဥတု ဆိုးတယ် ။
      ရာသီဥတု မျှတတာ Sydney နှင့် Brisbane ဘက်ကွယ့် ။

  • kai

    August 31, 2013 at 4:07 pm

    အဲလောက်စားနိုင်ပုံကြည့်ရတာ.. ဘဖော ဘာရောဂါမှရှာတွေ့ရှိထားပုံမပေါ်…
    ကျုပ်တော့.. အလကားရလည်းမစားနိုင်တဲ့ဘဝပါခင်ည…

    ဆိုတော့…
    အခုလေဘာဒေးပိတ်သဗျ…
    ရိုစေမတီတောထဲ တညအိပ်၂ရက်ခရီးတက်မလို့… ပြီးခဲ့တဲ့တပါတ်တင်မီးတွေလောင်နေတဲ့တောပေါ့…
    ဩဇီတော့.. မသွားဖြစ်သေး… မြန်မာပြည်ဖက်က အရင်.. :mrgreen:

    • Foreign Resident

      August 31, 2013 at 4:32 pm

      kai says:
      ” အဲလောက်စားနိုင်ပုံကြည့်ရတာ.. ဘဖော ဘာရောဂါမှ ရှာတွေ့ရှိထားပုံမပေါ်…
      ကျုပ်တော့.. အလကားရလည်း မစားနိုင်တဲ့ ဘဝပါခင်ည ”

      အ ဟီး ဟီး ဟီး ၊ အဲလောက် မစားနိုင်ပါဘူးကွယ် ။
      အဲဒါ ၂ ယောက်စာပါ ခည ။

  • ကိုရင်စည်သူ

    August 31, 2013 at 6:45 pm

    အဘပြတဲ့ Darling Harbour ကို တားတား ဝှီးကိုင်ပီး သင်္ဘောမောင်းဖူးဒယ်… ဟီးး :mrgreen:
    ဘေးက စကန်းမိတ်က steady ကွန်းမန်းပေးတာတောင် ပျော်ပျော်နဲ့
    ဝိုက်နေဒါ…
    ထရိန်နင်လုပ်တုန်းက ပရိုဂရမ်နဲ့ သင်တုန်းကပြောပါတယ်ဗျာ… 🙂

  • မောင် ပေ

    August 31, 2013 at 8:20 pm

    ကိုပု ပြောသလို ပုံစံ ပြော ရရင်
    ကျေနပ်ဘူး ဗျို ့
    မျက်နှာကွက်လူသားပုံများ ကြည့်ရလို ့
    ဟီ ဟိ

    • Foreign Resident

      September 1, 2013 at 4:35 am

      မောင် ပေ says:
      ” ကျေနပ်ဘူး ဗျို ့ မျက်နှာကွက်လူသားပုံများ ကြည့်ရလို ့”

      ကိုပေ ။ ပျောက်နေတာ တော်တော်ကြာပြီ ။
      ကိုပေ နှင့် ကျနော် နှင့်က Face Book မှာ Friend တွေပဲဟာ ။
      မျက်နှာ မမြင်ဘူးတာကျလို့ ။

  • Ma Ma

    August 31, 2013 at 9:43 pm

    ဩဇီ ရဲ့ အထင်ရှားဆုံး Landmark ကို Opera House လို့ ထင်ထားတာ။
    ဘာပဲပြောပြော ဒီပိုစ့်ကို မှတ်ထားလိုက်ပြီ။
    ခင်မောင်ထူးသီချင်းထဲကလို ကိုယ်လည်းတစ်နေ့ မြန်မာပြည်က တိုးရစ် မဖြစ်ဘူး မပြောနိုင်ဘူး။ :loll:
    ဒါ့ထက် အဘဖော မျက်နှာဖုံးမချွတ်သေးဘူးလား။ 😀

    • Foreign Resident

      September 1, 2013 at 4:31 am

      Ma Ma says:
      ” ဩဇီ ရဲ့ အထင်ရှားဆုံး Landmark ကို Opera House လို့ ထင်ထားတာ။ ”

      မမ ပြောတာ မမှားပါဘူး ။
      ဩဇီ ရဲ့ အထင်ရှားဆုံး Landmark တွေက Opera House နှင့် Harbour Bridge ပါ ။
      ဟဲ ဟဲ ၊ နှစ်ခု စလုံးက Sydney မှာ ရှိတာနော် ( ကြုံတုံး ကြွားတာ ) ၊
      New Year မှာ မီးပန်း ဖေါက်ရင် အရမ်းလှတာ ။
      ( ဒါနှင့်များ Melbourne ကို ကမာ္ဘ့ နေချင်စဖွယ် အကောင်းဆုံး မြို့ ဆု ပေးရတယ်လို့ ၊ တုံးထျာ )

      ဒါပေမယ့် အဲဒီဟာတွေက လူလုပ် Landmark တွေလေ ။
      ဩဇီ ရဲ့ သဘာဝ Landmark ထဲမှာတော့ အဲဒီ Uluru က နာမည် အကြီးဆုံးပဲ ။

      ” ခင်မောင်ထူးသီချင်းထဲကလို ကိုယ်လည်းတစ်နေ့ မြန်မာပြည်က တိုးရစ် မဖြစ်ဘူး မပြောနိုင်ဘူး ”

      ပြောရရင် ၊ Visa ခက်လို့သာ ဒို့ မြန်မာတွေ ကမာ္ဘ မပါတ်နိုင်သေးတာပါ ။
      ငွေရေး ကြေးရေး အရ ဆိုရင် ၊ လူ တော်တော် များများက တတ်နိုင်ကြပါတယ် ။
      သိန်း ၃ / ၄ဝ ဆိုတာ မြန်မာ နိုင်ငံ မှာ စင်တင်မှာ တည ချတဲ့ ပန်းကုံး ဖိုးလောက် ရှိတာရယ် ။

  • lele kyi

    September 1, 2013 at 8:44 am

    ကျေးဇူးပါ ဦးဖော။ ဩဇီ ကိုအရမ်းသွားလည်ချင်တာ။ နယူးဇီလန်ရောပေါ့။ အရမ်းလှပ ပြီး လွတ်လပ်သန့်ရှင်းနေတယ်။

  • KZ

    September 1, 2013 at 10:19 am

    ခု ပိုက်ဆံ စ စုနေပြီ။
    ဟိ။
    ဂရိတ်ဘယ်ရီရာ ရိ(ဖ) က ဘယ် အပိုင်းတုန်း အဘဖော။

    အဟမ်းးး ပုဇွန်တွေက ကြီးကြီးပဲ။

    ပန်းပြပွဲကိုတော့ အတော်စိတ်ဝင်စားတယ်ဗျာ။

    နောက်ဆုံး က လေယာဉ်ကြီးကို ပို့(စ) ထဲက မှတ်နေတာ. 😀

  • အလင်းဆက်

    September 1, 2013 at 3:22 pm

    ပြည့်ပြည့်စုံစုံ ပါပဲဗျာ
    အခုပဲ တစ်ခေါက် ရောက်သွားပါပြီ ။

    တကယ် လက်တွေ ့တော့
    တနေ့နေ့
    ရောက်လိမ့်မည်
    အတည်

    :kwi:

  • kyeemite

    September 2, 2013 at 11:28 am

    မရောက်ဖူးသူတွေအတွက်
    နေရာစုံ ပုံလေးတွေ ကြည့်ရတာနဲ့ကို
    ရောက်သွားသလိုခံစားရတာပေါ့ဗျာ…စိတ်ရှည်ရှည်နဲ့ ပို့စ်တင်တဲ့ ကိုရင်ဖေါကို
    ကျေးဇူးတင်ပါ၏။ 🙂

Leave a Reply