အင်တာနက်ပေါ်တွင် ငွေ ရှာနည်း

 

အဆင့် (၁)

 

အင်တာနက်ပေါ်က ငွေရှာဖို့အတွက် ပထမဆုံး အဆင့် အနေနဲ့ …..

http://www.images.google.com/ ကို သွားလိုက်ပါ။ (လင့်ခ်ကို နှိပ်လိုက်။)

 

Images.Google.Com ကို သွားပါ။
Images.Google.Com ကို သွားပါ။

 

အဆင့် (၂)

 

တွေ့ရတဲ့ Box ထဲမှာ money လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

သို့မဟုတ် ညာဘက်မှ အပြာရောင် ခလုတ်အား နှိပ်ပါ။

 

Box ထဲမှာ money လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
Box ထဲမှာ money လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

 

ဒါဆိုရင် အင်တာနက် ပေါ်မှာ ငွေတွေ ရပါပြီ။

အကယ်၍ ကိုယ်က မြန်မာငွေတွေကိုပဲ လိုချင်ရင် စောစောက money လို့ ရိုက်ထားတဲ့ နေရာမှာ myanmar money လို့ ပြောင်းရိုက်ပြီး Enter ခေါက်လိုက်ပါ။

ကိုင်းးးးးးး ဘယ်လောက်များ လွယ်ကူ ရိုးစင်းလိုက်လေသလဲ ????

:mrgreen: :mrgreen:

 

ငွေရှာနည်း ပြီးပါပြီ …………..။

 

ခုလို လာရောက် နည်းနာခံကြသူ အပေါင်းအား သာဒု … သာဒု … သာဒု …. ပါ။

 

========================

By – မဟာရာဇာ အံစာတုံး

========================


    Pages: 1
  • 2

16 comments

  • Ko chogyi

    September 10, 2013 at 6:52 am

    လူဇိုး!
    ငွေရှာနည်းကမခက်ပါဘူး၊
    ငါ့မှာရွှေတူးနည်းတောင်ရှိတယ်၊
    ယူဦးမလား။

    • မဟာရာဇာ အံစာတုံး

      September 10, 2013 at 2:30 pm

      တော်ဘာဘီ …
      လိုဂျင်ဒေါ့ဘာဝူးးးး
      ဂလောက်ငွေဒွေ သုံးလို့တောင် ကုန်နိုင်ဝူးးးး
      :mrgreen:

  • Ma Ma

    September 10, 2013 at 7:30 am

    မှန်လိုက်တဲ့ ငွေရှာနည်း 🙂
    လုံးဝအလိမ်အညာမပါဘူး။ :harr:

    • မဟာရာဇာ အံစာတုံး

      September 10, 2013 at 2:58 pm

      ကိုယ့်လူဒွေဂို လိမ်စယာလား ..
      လိမ်ဘာဘူးးး
      အဟုတ်ဂျီးကို ထုတ်ပြထားဒါ …
      :mrgreen:

  • kyeemite

    September 10, 2013 at 8:40 am

    ငွေတွေ အမျာဒဂျီးတွေ့ပီဟေ့…. 😀

  • ခင် ခ

    September 10, 2013 at 9:55 am

    ငွေဘယ်လိုရှာနည်းလည်း လိုက်ဖတ်တော့မှ သိလိုက်တယ်။
    မောင်အံစာတုံးရဲ့ ဒီနည်းနဲ့ ငွေရှာရမယ်။

  • ဦးကျောက်ခဲ

    September 10, 2013 at 10:15 am

    ဒီလိုအပျော်ကြံမယ်ဆိုတာသိလို့… လင့်တွေကို မနှိပ်ဘူး… ဟီ ဟိ
    မောင်ရင်အံ… ငွေလိုရင် ချက်ရေးပေးလိုက်မယ်လေ…
    ထုတ်ရတာ မရတာ ကျောက်စ်နဲ့ မဆိုင်… အား ဟိ
    😀

  • ရွှေ ကြည်

    September 10, 2013 at 6:22 pm

    ငါ့မောင်အံစာခြောက်မျက်နှာ အရမ်းတော်လို့ နိုင်ငံတကာကစီးပွားရေးပညာရှင်တွေက ဆွေးနွေးပါရစေတဲ့

  • ဦးကြောင်ကြီး

    September 11, 2013 at 10:20 am

    ငွေရှာနည်း
    ဆွေသဟာဖြီး
    ဝေဖြာမီး
    ရေဆာသီး
    လေဟာရွှီး
    သေနာဂျီး
    ထွေပြာဟီး
    ဂွေတခါတီး..။

  • မောင်မိုဗိုင်း(သလ်ဠာဝဒီ)

    September 12, 2013 at 1:02 pm

    ဘကြီးအံချာ နောက်တိနောက်တောက်နဲ့ ယခုလို ပြောင်ချော်ချော် လုပ်မယ်လို့ထင်သားဗဲ…
    ငွေရှာနည်းကို စိတ်မဝင်စားပေမယ့် ဘယ်လိုလိမ်မယ်ဆိုတာလေး စိတ်ဝင်စားလို့
    ဝင်ကြည့်မိတယ်……..

  • Mahar Myanmar

    September 12, 2013 at 3:24 pm

    ကတောက် ..
    လူလိမ်.. ဘယ်မှာ လဲ ငွေ..
    မတွေ့ဘူး.. မန်းနီး ပဲ တွေ့ တယ်..

    တရားစွဲ ခံ မလား ငွေ လျော် မလား..
    နှစ်ခုလုံး ရွေး…ဒါဗြဲ..
    အဲဒါ မှ..ငွေရှာနည်း ခင်ဗျ..
    ပိုက်ဆံ လက်မခံဘူး ေ နာ်

  • ဦး ဂျစ်

    September 12, 2013 at 3:28 pm

    မရိုးနိုင်တာက အနီရောင်အုပ်စု … ဒီပို့စ်ဖတ်ပြီး ပိုက်ပိုက်ရနို်င် မရနို်င်တာ အသာထား…
    အနီရောင်ရဖို့တော့ လွယ်မှလွယ်ဗျို့ .. ဝှစ်…….

  • ခင် ခ

    September 12, 2013 at 3:45 pm

    ၁၆ ခု ညနေ ၃း၄၃ မှာတွေ့၏

  • awra-cho

    September 16, 2013 at 12:44 pm

    အရင် ကော်မန့်တွေ လိုက်ဖတ်တာ မှန်သွားတယ် ။

  • manawphyulay

    September 20, 2013 at 2:58 pm

    ဒီငွေရှာနည်းနဲ့ လုပ်စားလာတာ ကြာပြီထင်တယ်။
    ဟုတ်တယ်မလား။

Leave a Reply