Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငါ့ရဲ့မင်းသမီး

sorrowSeptember 18, 20131min50718

သိပ်မချုပ်ချယ်ပါနဲ့..အရိပ်ကိုတောင်သော့ခတ်တယ်..
သံခြေကျင်းနဲ့…တခါက လွတ်လပ်ခြင်း…
ငါ့ဘဝက နေဆယ်စင်းရဲ့ အကျဉ်းသား…
ငါမင်းနဲ့ ဘဝတောင်ခြားချင်တယ်…

အိပ်မက်ကိုတောင်..ဆင်ဆာဖြတ်တယ်…
ညတိုင်းတော့..မင်းကိုပဲ..ဘယ်မက်မလဲ …
ဦးနှောက်နဲ့ဆက်နေတဲ့ နှလုံးသား…
တစ်ညတစ်လေတော့…ငါနားပါရစေ…

ငါ့ဦးနှောက်ကို ဓါးထောက်တယ်…
အတွေးတိုင်းကိုမင်းစိုးမိုး…
အိပ်လိုက်လို့…မနက်ဖြန်…မနိုးတော့ရင်ကောင်းမယ်…

လွတ်လပ်ခြင်းဆိုတာ…မင်းနဲ့တွေ့မှ..
ပျောက်ကွယ်မျိုးသုဉ်းသွားတဲ့ ငါ့အဘိဓါန်ထဲက
ရှားပါးမျိုးစိတ် စကားလုံး..
ငါ့မျက်လုံးထဲက..ငါတပ်မက်တဲ့…မင်းရုပ်ပုံတက်တူး…
ငါပဲရူးနေသလား……

အရင်လို..ဘောင်ခတ်မထားတွေအတွေးတွေ…
မရှိတော့ဘူး…
ငါ့အတွေးတိုင်းကို လိုက်ကန့်သတ်တယ်….
ငါ့ဘဝက ဟိန်းဟောက်ယုံတတ်သာ တတ်နိုင်တော့တဲ့…
လှောင်အိမ်ထဲက ခြင်္သေ့…
ကျယ်ပြန့်တဲ့လွင်ပြင်နဲ့…
ရွှေထီးဆောင်းခဲ့တဲ့နေ့ရက်တွေကိုတောင်မေ့လို့…
မင်းရှေ့မှာ…ထူးခတ်…ဘဝပျက်တဲ့ ဆင်တစ်ကောင်…
အခုလိုမှောင်မိုက်တဲ့နေ့ရက်…ငါတပ်မက်နေတုန်းပဲ…

ဖြူသွယ်သွယ် လက်သည်းရှည်တွေနဲ့….လက်ညိုးကလေးစေရာ….
ရင်ကွဲမတတ်ခုန်ပေါက်….
မင်းပျော်ရွှင်ဖို့အတွက်..
ငါက မင်းအတွက်..မျောက်….

မင်းနှုတ်ခမ်းက အမိန့်သံပါတဲ့တောင်းဆိုချက်…
ငါ့ဘဝကိုပါဖျက်နိုင်တယ်…
မင်းစိတ်နဲ့အသက်ဆက်…
ငါအိပ်ပျက်လွန်းတယ်..
နေရယ်….
တတ်နိုင်ရင်.မနက်ဖြန်မထွက်ပါနဲ့

18 comments

  • အဘ ဖားသက်ပြင်း

    September 18, 2013 at 6:20 pm

    ဟိ

    ဖတ်လို့ကောင်းထှာဗျာ.
    ဘရာစီယာမပါတဲ့ မိုင်လီ ဆိုင်းရပ်စ်ကို အရှင်လတ်လတ်. မြင်ရသလိုပဲ.































    တင်စားချက်တွေ နမိတ်ပုံတွေက ပြတ်ပြတ်ထင်ထင်ရှိလွန်းတာပြောပါတယ်.

    :hee:

    • sorrow weaver

      September 18, 2013 at 7:57 pm

      ဘာပြန်ပြောရမှန်းတောင်မသိတော့ပါဘူး ..ဆြာဂီရယ်… 🙂

    • sorrow weaver

      September 20, 2013 at 11:38 am

      ဆြာဂီ..ကျော် ဘာပြန်ပြောရမှန်းသိလို့ ပြန်မန့်တာ…ရှီးရေ…..ဆြာဂီညှီနေတယ်..ဒီမှာ…ချိုးပစ်ဂျမ်းပါ…မျှစ်ချိုးသလိုမျိုး…အဟီးးးးးး

  • lele kyi

    September 18, 2013 at 8:10 pm

    ~~~ချုပ်ချယ်တယ်လို့ မင်းထင်မှတော့.
    ပက်စ်ဝက် ကို မင်းလက်ထဲထည့်…..
    ငါထွက်သွားလိုက်ပါ့မယ်..
    လတစ်စင်းဖြစ်ချင်တဲ့-ငါက
    နေအလင်းနဲ့မှ လင်းချင်းခွင့်ရမှာပါ…
    ~~~အိမ်မက်ဟာ မသိစိတ်ရဲ့ စွဲလမ်းမှုဆိုတော့..
    မင်းရဲ့ အိမ်မက်ထဲ အိုဗာ စတေး ဖြစ်သွားတဲ့ ငါ့ကို
    အိုင်စီအေ အရာရှိ တစ်ယောက်ပမာ
    မင်းက ကြိမ်ဒါဏ်ချ ချင်နေတာလား။
    ~~~မင်းဦးနှောက်ကို စင်ဂနယ်လ်ပို့
    ဆက်သွယ်မှု ဧရိယာ စည်းထဲ
    အိမ်မက်တိုင်း လှုပ်နှိုး
    မနက်ဖြန်တို်င်းမှာ စိမ်းလန်းစေဖို့။
    ~~~ အတောင်ပံ တပ်ထားတဲ့
    လွတ်လပ်ခြင်းငှက် မင်းအိပ်ကပ်ထဲမှာ ထည့်လို့
    ငုံ့ကြည့်လိုက်ရုံနဲ့
    လွတ်လပ်ခြင်းတေးတွေသူသီဆိုလိမ့်မယ်။
    ~~~ဘောင် စည်းတွေ မခပ်ပါဘူး
    ပူပန်မှုတွေနဲ့ နေသားမကျ
    စိတ်ကူးနဲ့ မင်းအရိပ်ကို ဖမ်းဆုပ်ချင်နေခဲ့တာ။
    ~~~ခြင်သေ့ တစ်ကောင်လို ရဲရင့်ပြီး
    ဆင်တစ်ကောင်လို သည်းခံစွမ်းအား
    မင်းရဲ့ ပဉ်စလက် ပစ်မှတ် ငါ့ရင်ကိုတည့်တည့်ပေါ့။
    ~~~အဆိပ်လူးမထားတဲ့ လက်ညိုးတစ်ချောင်းရဲ့ နောက်
    ဖွက်ထားတဲ့ ပန်းခင်းကြီးရှိတယ်။
    ပျော်ရွှင်စွာ ခုန်ပေါက် မင်း ရယ်သံလွင်လွင် ညံစေဖို့။
    ~~~အမိန့်သံ စွက်တဲ့ တောင်းဆိုချက် က
    စောရီး(sorry) ဆိုတဲ့ တုန့်ပြန်မှုကို ပယ်ဖျက်ဖို့
    အကောင်ဆုံးငါ့ရဲ့ ဒိုင်းတစ်ခုလေ။
    ~~~နေ…ရယ်
    ပန်းတွေ ပွင့်ဖို့ မနက်ဖြန်တိုင်းကို နွေးထွေးပေးပါ။

    • sorrow weaver

      October 9, 2013 at 11:52 am

      ခုမှ သေချာဖတ်မိတယ်…တူ…နာ့ကိုကြွေနေတဂိုး…..အဟိဟိဟိ

  • sorrow weaver

    September 18, 2013 at 8:15 pm

    ကြောက်ပါပြီဂျ…နောက်နောင်ရေးတော့ပါဘူးဂျ…..အဟီး

  • lele kyi

    September 18, 2013 at 8:28 pm

    ဟိဟိ..မှတ်ပလား။
    ကဗျာကို သေသေချာချာ နားမလည်ပေမဲ့ အဲ့လိုသူများ ကဗျာလိုက်ပြောင်ရတာ သဘောကျတယ်။
    ပြီးတော့ ဆရာတာရာကဗျာတွေကို အရမ်းနှစ်သက်ခဲ့တာ။ ဆရာ့ အလွမ်းပြေ။ ဟဲဟဲ။ 😀

    • sorrow weaver

      September 18, 2013 at 8:31 pm

      မှတ်ပြီ 🙂

  • အလင်းဆက်

    September 19, 2013 at 7:48 am

    ကဗျာလေးက ချယ်ပဲဗျို ့။
    အရိပ်ကိုတောင် သော့ခတ်တယ် ဆိုတာလိုမျိုး စကားလုံးလေးတွေကို
    သဘောကျမိတယ်။

    ကဗျာပြခန်းအတွက်လည်း ကဗျာလေးများပေးပို ့
    ကူညီပါဦးလို ့

    ကဗျာပြခန်းအတွက် ကဗျာ ချီးမြှင့်ချင်တယ်ဆိုရင်ဖြင့်
    alinsett.art@gmail.com ကို
    ပေးပို ့နိုင်ပါကြောင်းးး

    ခင်မင်လေးစားလျက်

    • sorrow weaver

      September 19, 2013 at 11:25 am

      အလက်ဆင်းရေ. ..ပေါတောတောပဲရေးတတ်တာပါကွီ….

      • အလင်းဆက်

        September 19, 2013 at 12:13 pm

        ပေါတောတော ပဲ ရေးတတ်တယ်လို ့ ပြောပေမယ့်
        မြင်နေရတာကတော့
        ကဗျာအလန်းတွေလေ

        ဒါကြောင့်
        မပေး ပေးပေးပေး
        ကဗျာသာပေး

        :kwi:

  • KZ

    September 19, 2013 at 8:06 am

    စူ့ထက်စူ လူစွမ်းကောင်းတွေ ချည်းပါပဲ လားးးးး ကွယ်ရို့။

    🙂

  • kyeemite

    September 19, 2013 at 9:17 am

    လူစွမ်းကောင်းတွေကြားက
    လူစွမ်မကောင်းသူ ငါ..
    ကဗျာလာဖတ်သွားတယ်နော်… 🙂

    • sorrow weaver

      September 19, 2013 at 11:32 am

      ဦးမိုက်ရဲ့ ကလောင်အစွမ်းကို သိပြီးသားပါဂျာ…. 🙂

  • ဗုံဗုံ

    September 19, 2013 at 3:37 pm

    ကဂျာပြောင်ရေးမလို့ဟာ…..မျက်လုံးတွေနာလာလို့…မရေးနိုင်တော့ဘူး
    သများကိုမကောင်းကြံမလို့ဟာ..လက်လျှော့လိုက်ရဘီ.. 😥

    • sorrow weaver

      September 19, 2013 at 3:48 pm

      ပျော်တယ်ဟေ့ ..ပျော်တယ်ဟေ့…ဒချိဒချိ….

  • Wow

    September 20, 2013 at 11:25 am

    တွံတေးသိန်းတန်ရဲ့ ပန်းနွယ်ကစိမ်းကို ဒီနေ့ဗားရှင်းနဲ့ ပြန်ကျိလိုက်ရသလိုပါပဲ… :kwi:
    အော်… လွမ်းလိုက်ပါဘိ… ထွေးညိုရေ သေးဆိုတာ မတ်တတ်ပေါက်ရတယ်ကွဲ့ :mrgreen:

    • sorrow weaver

      September 20, 2013 at 11:34 am

      နောက်တစ်ခါ ထပ်စောင်းရအုံးမား….ဒချိဒချိ

Leave a Reply