Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စဉ်းစားကြစေလိုပါတယ် ( ၆၁ ) ( မိုးစက်ဝိုင် )

Foreign ResidentOctober 10, 20133min527025

စဉ်းစားကြစေလိုပါတယ် ( ၆၁ ) ( မိုးစက်ဝိုင် )

 

အဘ ရဲ့ စဉ်းစားကြစေလိုပါတယ် ( ၆ဝ ) ( အခွန် ဋ္ဌာန ) Post လေးထဲမှာ တောင်

ထဲ့ရေးခဲ့မိသေးတဲ့ မိုးစက်ဝိုင်လေး အကြောင်း က ၊

အခု အပြင်မှာ ကောလာဟဠ တွေ ၊ မဟုတ်က ဟုတ်က တွေ လျှောက်ပြန့်နေလို့ ဆက်ရေးတာပါ ။

 

အပြင်မှာ လျှောက်ပြန့်နေတဲ့ ကောလာဟဠ တွေ ၊ မဟုတ်က ဟုတ်က တွေထဲက ။

အဓိက မဟုတ်က ဟုတ်က ပြောနေကြတဲ့ အချက်က ။

 

” ဒီလို ဖော်ပြရာမှာ အမေရိကန်မှာ ပညာသင်ယူခဲ့တဲ့ မိုးစက်ဝိုင် ခေါ် Yang Xinrong ဟာ

၂၀၀၉ ခုနှစ်က Miss Chinese International 2009 ဆုရှင်ဖြစ်ခဲ့ဖူးသလို

2009 Golden Phoenix Cup ရဲ့ Miss China contest runner-up

ဆုရှင်လည်း ဖြစ်တယ်လို့ ဖော်ပြကြပါတယ် “

Ref ; <http://blog.irrawaddy.org/2013/10/blog-post_1090.html>

 

အလကား အရူး အစွန်းရောက်တွေ ၊ မဟုတ်တဲ့ဟာတွေကို လျှောက်ဝါဒဖြန့်နေတာ ။

ဦးနှောက်လေးကို နဲနဲ သုံးပြီး လေ့လာကြည့်လိုက်တာနှင့် ၊ အဖြေမှန် က ချက်ချင်း ရှာလို့ရတယ် ။

သူတို့ ရဲ့ ဦးနှောက်တွေက သုံးလို့ရလောက်အောင်လဲ မဖွံ့ဖြိုး ။

အင်္ဂလိပ်စာ နှင့် နိုင်ငံတကာ အတွေးအမြင်ကလည်း ဖွတ်ကြား ဆိုတော့ကာ ။

( Internet Connection က လည်း စုတ်ပြတ် ဆိုတော့ကာ )

ဒီလို မဟုတ်က ဟုတ်က ကောလာဟဠ တွေ ကဘဲ ပန်းပန်နေတာပေါ့လေ ။

 

” ပြည်သူ ပြည်သားတွေ ဟာ သူတို့နှင့် ထိုက်တန်တဲ့ အစိုးရဘဲ ရတယ် “

ဆိုတာ အဲဒါကို ပြောတာဘဲ ။

 

Web Site သုံးခုပဲ သေသေချာချာ ဖတ်စရာလိုတယ် ။

 

<http://udn.com/NEWS/BREAKINGNEWS/BREAKINGNEWS5/8204554.shtml>

အဲဒီ ထဲက စာကို Google Translator နှင့် ဘာသာ ပြန်ထည့်လိုက်ကြတယ် ။

 

အဲဒီထဲက စာကြောင်း တစ်ကြောင်းက အဲလို ဖြစ်နေတယ် ။

” Yang Xinrong 2009 Golden Phoenix Cup was won Miss China contest runner-up “

 

8204554-3167655

 

အဲဒီ စာကြောင်း ကိုတွေ့တာနှင့် မဟုတ်က ဟုတ်က တွေကို

လျှောက် ချဲ့ကားပြီးတော့ ရေးတော့တာပါပဲ ။

 

ဒီကောင်တွေ မသိတာက ၊ Google Translator က အတိအကျ မှ မမှန်တာရယ် ။

Google Translator က ရှေ့နောက် စာလုံးတွေလဲ လွဲတယ် ၊

Grammar လဲ လွဲတယ် ။ စာလုံး အဓိပ္ပါယ် ပြန်တာတွေလဲ လွဲတတ်တယ် ။

 

တကယ်က မိုးစက်ဝိုင်လေး က Miss Chinese International 2009 မှာမပြိုင်ခဲ့ဘူး ။

အောက်က Web Page မှာ သွားကြည့် ။

<http://en.wikipedia.org/wiki/Miss_Chinese_International_Pageant_2009>

 

Miss Chinese International Pageant 2009
Miss Chinese International Pageant 2009

 

မိုးစက်ဝိုင်လေး ပြိုင်ဖူးတာက ၊ ရန်ကုန်မှာ ၊ ၂၀၀၉ ခုနှစ် က ကျင်းပခဲ့တဲ့ ၊

မြန်မာပြည်တွင်းမှာဘဲထုတ်တဲ့ Gold Phoenix တရုတ် သတင်းစာက organize လုပ်ပေးတဲ့ ၊

Miss Chinese Burma 2009 ( ဗမာပြည်ပေါက် တရုတ်နွယ်ဖွား အလှမယ် ပြိုင်ပွဲ ၂၀၀၉ ) ။

 

သူ့ တရုတ် နာမည်ကတော့ ရှိတယ် Yang Xinrong – (Rangoon) တဲ့ ။

အောက်က Web Page မှာ သွားကြည့် ။

<http://www.chinese-tools.com/china/sexy/2009-01-15-miss-burma.html>

 

2013-10-10_071556

 

2013-10-10_071624

 

ကဲ ၊ ဒီလောက်ဆို ရှင်းလောက်ပါပြီ ။

 

ပြောရမယ် ဆိုရင် ။

ေ–ာက်သုံး မကျတဲ့သူတွေ ရဲ့ ေ–ာက်သုံး မကျတဲ့ အတွေးအခေါ် တွေ ။

ဘာလူမျိုး ဖြစ်ဖြစ်ပေါ့ ။ နိုင်ငံသား ဖြစ်ရင် ပြီးတာပဲ ။

 

တိုင်းပြည် တစ်ခု ကို တည်ဆောက်တဲ့ နေရာမှာ နိုင်ငံသားတွေ နှင့် တည်ဆောက်ရတာ ။

လူမျိုး နှင့် တည်ဆောက်ရတာမှ မဟုတ်တာ ။

အဲဒါဆို ၊ ကချင် နိုင်ငံ ၊ မွန်  နိုင်ငံ ၊ ရှမ်း  နိုင်ငံ ၊ ဝ နိုင်ငံ ဆိုပြီး အကွဲကွဲ အပြားပြား ဖြစ်ကုန်မပေါ့ ။

 

နောက်ဆုံး အနေနှင့်တော့ ၊ အဘ ရဲ့ အရင် Post မှာ

မ ပဒုမ္မာ ပေးခဲ့တဲ့ Comment လေးကိုပဲ ပြန်ရေးပြပါတော့မယ် ။

 

Padonmar says:

” လူမျိုုးရေး ရှေ့တန်းတင်ပြီး အရည်အချင်းရှိ လူတော်တွေကို ပစ်ပယ်ခဲ့တာ ၊

မဆလ တခေတ်လုံးနဲ့ နဝတ တခေတ်လုံးပါပဲ ။ ခုလည်း ဒီဇာတ်ပြန်ကနေကြတာပဲ ။

သူများတိုင်းပြည်က head hunting လုပ်ပြီး ၊ ဘယ်လူမျိုးမဆို တော်တာတွေ ရွေးခေါ်နေတယ် ။

ဒို့ တိုင်းပြည်က လူတော်တွေကို ခါထုတ်နေတယ် ။

 

ဒီလို ပြောကြကြေးဆို ဦးဂိုအင်ကာရဲ့၊ အဖိုး အဖွား အဖေ အမေ တွေလည်း

အိန္ဒိယက ဟိန္ဒူ ကုလား တွေလေ။

 

( ဦးဂိုအင်ကာ ဟာ ) ကမာ္ဘပေါ်မှာ ဝိပဿနာ နဲ့ ( ပါတ်သက်လို့ ) ၊

မြန်မာကို ကမာ္ဘက သိအောင်လုပ်ပေးသွားတဲ့ ၊ မြန်မာပြည်ပေါက် ကုလားစစ်စစ်ကြီးပဲ ။

 

မြန်မာပြည်ကို ( ဘယ်လောက် ) ချစ်လဲဆို ၊

( သေတော့ ) သူ့ ( ရဲ့ အရိုး ) ပြာကိုတောင်

ဒီ ( မြန်မာပြည် ) မှာ ( ပြန်လာပြီး ) ရေမျှောပေးခိုင်းတယ်။

 

မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်ကို ချစ်၊

မြန်မာပြည် တိုးတက်ရာတိုးတက်ကြောင်းလုပ်မယ် ဆိုတဲ့ ၊

လူတော်တွေကို မွေးယူရမှာပါ ။ “

 

တော် သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

25 comments

  • Foreign Resident

    October 10, 2013 at 9:03 am

    အခုမှ ပုံကို သေချာကြည့်မိတယ် ။
    Miss Chinese Burma 2009 က ၊ ဝင်ပြိုင်တာ က ဆယ်ယောက် ပဲ ရှိတယ် ။
    ဆု စလွယ် ရ ထားတာကလည်း ဆယ်ယောက် လုံးပါပဲလား ။
    အ ဟီး ဟီး ဟီး ။ ဒီ ပြိုင်ပွဲ က ဆုပေး ကြမ်းပုံရတယ် ။

  • ဖွတ်ပြောင်

    October 10, 2013 at 9:12 am

    အော် ခေး ရယ်

    လမ်ဘဂီးနီး ၃မိနစ် ရိုက်ချက်က တယ်ပြင်းသကိုး

    ငိငိ

  • black chaw

    October 10, 2013 at 9:20 am

    မသွားအပ် မလာအပ်တဲ့ အရပ်တွေကို သင်ပြမပေးထားမိဘူးဗျာ…။
    :mrgreen:

  • TNA

    October 10, 2013 at 11:18 am

    မပေါင်းအပ်တဲ့သူတွေနဲ့သွားပေါင်းမိသကိုးအဘရေ။ လူပေါင်းမှားတယ်ဆိုတာ ဒါမျိုးပြောတာဖြစ်မယ်။ နောင် သင်ခန်းစာယူနိုင်ကြပါစေ။

  • kai

    October 10, 2013 at 11:23 am

    အမေရိကားကတော့.. ဒီမှာမွေးရင်.. ဖြစ်ချင်သည်ဖြစ်စေ..မဖြစ်ချင်သည်ဖြစ်စေ.. အမေရိကန်အော်တိုမစ်တစ်ဖြစ်တာပဲ..။ မွေးတာနဲ့.. အစိုးရဆီက .ထောက်ပံ့တာတွေ…တန်းစီဝင်လာတယ်..။
    တခြားနိုင်ငံမှာမွေးလည်း… ဒီမှာအချိန်ကြာကြာ ဥပဒေထဲကနေရင်.. အမေရိကန်ဖြစ်အောင်လျှောက်ယူလို့ရတာပဲ..
    အိက်စ်ထရာအော်ဒင်နရီဗီဇာဆိုပြီး.. ကမ္ဘာတန်းတော်တဲ့တတ်တဲ့သူအကုန်အတင်းခေါ်တဲ့.. ဗီဇာစနစ်လည်းရှိသေးတယ်.. ။အဲဒါနဲ့.. အမေရိကန်ဖြစ်နိုင်တာပဲ…။

    မြန်မာပြည်ကတော့…
    မြန်မာပြည်ထဲမွေးတဲ့.. သူတွေကိုတောင်.. အတင်းကိုကန်ထုတ်နေလေရဲ့..
    “အ”ချက်ကယ်…နာ…။
    ======
    USCIS – O-1 Individuals with Extraordinary Ability or Achievement
    http://www.uscis.gov/…/menuitem.eb1d4c2a3e5b9ac89243c6a7543f6d1a/?…‎
    Mar 16, 2011 – O-1 Visa: Individuals with Extraordinary Ability or Achievement … to the United States to continue work in the area of extraordinary ability.

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 10, 2013 at 12:36 pm

    ဂွတော့အကျသား
    ပြောနေကြတာက တရုတ်မါ့က မြန်မာပြည်ဘါညာကွိကွမယ်မဖြစ်သင့်ဘူး ဆိုပြီး
    ထောင်ပေးလိုက်တော့
    မြန်မာပြည်မှာမွေးတာဘဲဘါညာသာရကာ ပြန်ဆော်ရော
    ဒီတော့
    တရုတ်မါ့ကို အသိမှတ်ပြုရင် ကလားမတွေလည်းအသိမှတ်ပြုရမယ်လို့ ပြန်ပွတ်ကြပါလေရော

    • Foreign Resident

      October 10, 2013 at 1:07 pm

      မိုက်ကယ်ဂျော်နီအောင်ပု says:
      ” ဒီတော့ တရုတ်မကို အသိမှတ်ပြုရင် ၊
      ကလားမတွေလည်းအသိမှတ်ပြုရမယ်လို့ ၊
      ပြန်ပွတ်ကြပါလေရော ”

      အဘ သဘောထားကတော့ ရှင်းရှင်းလေးပဲ ။
      ဟို အရင်ကလည်း ဒီ သဘောထား ဘဲ ။ အခုလည်း ဒီ သဘောထား ဘဲ ။

      အမိ အဘ ရော ၊ ကိုယ်တိုင်ပါ ၊ ဒီ နိုင်ငံမှာမွေးရင် ၊ ဒီ နိုင်ငံသားပဲ ။
      ဒါ့ကြောင့် ၊ ဟိုးအရင်ကတည်းက ဘင်္ဂါလီ ကိုပါ နိုင်ငံသား ပေးသင့်ပါတယ် ပြောတာ ။

      အဟင်း ၊ ရီရတာ တစ်ခု ပြောရဦးမယ် ။
      နိုင်ငံတကာ ဂဒီးဂဒီးသွားနေတဲ့ ခေတ်မှီ ရခိုင် လင်မယားကို အဲဒီ ကိစ္စ မေးဘူးတယ် သိလား ။

      ( သူတို့နှင့်က အရမ်းခင်တာ ယောက်ျား ကပ္ပတိန် နှင့် အဘ နှင့်က စာကျက်ဖက်တွေ ။
      သူတို့အိမ်မှာ ညအိပ်ပြီးကို စာကျက်ခဲ့တာ ၊သူ့မိန်းမ က အထူးကု ဆရာဝန်မ ကြီး ၊
      မ သဲ တို့ဆို သိလောက်တယ် )

      တရုတ်တွေကိုတော့ လက်ခံနိုင်ပြီး ၊ ဘင်္ဂါလီ ကိုတော့ ဘာကြောင့် လက်မခံနိုင်တာလဲ လို့ ။
      အဲဒါ ကို ဘယ်လို ပြန်ဖြေလဲသိလား ။ အရမ်း ရင်းနှီးတဲ့သူတွေမို့ ပွင့်ပွင့်လင်းလင်း ဖြေလိုက်ပုံပဲ ။

      ” ဘင်္ဂါလီ တွေက အသားမဲ လို့တဲ့ ”
      အဘ လည်း ” ဟင် ” ကနဲကို ဖြစ်သွားတာပဲ ။ ဘာဆက်ပြောရမှန်းကို မသိတော့ဘူး ။ ဟီ ဟိ ။

      • TNA

        October 10, 2013 at 2:13 pm

        အဲကပ္ပတိန် သိဒယ်။ ဟီဟိ

      • Foreign Resident

        October 10, 2013 at 3:19 pm

        TNA says:
        ” အဲ ကပ္ပတိန် သိဒယ် ။ ဟီဟိ ”

        မ သဲနုအေး ကလည်း သိတယ်ဆို တော်ရောပေါ့ ။
        အနောက်က ” ဟီ ဟိ ” ထပ်ထည့်လိုက်တော့ ဘာဂလို တိုတို ဖြစ်သွားတာပေါ့ ။

        မ သဲ တို့ ၊ မသိဘဲ ဘယ်နေမလဲ ။
        ကမာ္ဘပေါ်မှာ အကြီးဆုံး ( Emma Maersk Series ) ၊
        Container သင်္ဘော တွေကို မေါင်းလာခဲ့တဲ့ ၊
        တကယ့် နာမည်ကျော် ကပ္ပတိန်တွေပဲ ။

        အင်းယားလမ်းမှာ နေတဲ့ တစ်ယောက်လေ ။
        အဘ ၊ သူ့ အင်းယားလမ်း အိမ်ကြီးမှာ ၊
        ၄ / ၅ လ ညအိပ် နေပြီးကို စာကျက်ခဲ့ရတာ ။

        အ ဟင့် ။ တွေးရင်း တွေးရင်း ဝမ်းနည်းလာပြီ ။
        သူငယ်ချင်းတွေကတော့ နာမည်ကျော်တွေ သူဋ္ဌေးတွေ ကို ဖြစ်လို့ ၊
        အဘ မှာတော့ ကြာလေ ချာလေ ကြီးကို ဖြစ်လို့ ။

        ဒါနှင့် ၊ မွသဲ က ၊ လှယုံတင်မကဘူး ၊ သဘောထားလဲ ကောင်းတယ်နော် ။
        ဟီ ဟိ ။ တားတား ရဲ့ အကြောင်းတွေ တူတို့ကို သွား မပြောရဘူးနော် ။ နော် ။

        • TNA

          October 10, 2013 at 8:18 pm

          အောင်မယ်လေး အဘရယ် မတိဒဲ့ဒူတွေ တကယ်ထင်ပါအုံးမယ်။ အဘအကြောင်းများ မပြောချင်ဘူးနော်။ ဟိုအင်းယားလမ်းက ကပ္ပတိန်တောင်အဘကိုမမှီပါဘူး။ ၁၆ တွေတောင် အဘကိုသိသကော။ အိုက်လောက်ပါဆို။ 😀
          ဟီဟီထည့်တာက အဘပြောတာသဘောကျလို့ ကုလားကမဲလို့ဆိုတာနဲ့ရောသွားလို့ဘာ။ အာဟိ

  • Mလုလင်

    October 10, 2013 at 1:36 pm

    ဖြစ်ပုံက . . သန်း ၆ဝ ထဲကမှ အင်တာနက် သုံးနေတဲ့ active person က ၁၂ သိန်းလောက် ထဲမှာ ပွ တဲ့သတင်းပါ။ ဂျာနယ် တွေမှာ ပါလာမှ ဝက်ဝက်ကွဲ တော့တာပါ။ ကောလဟာက ထွက်တဲ့အခါ ရယ် ဘာသာစကား ဘာသာပြန်ရယ်ကြောင့် . . နိုင်ငံတကာ သွားမယ့် မြန်မာ့ မယ် ဟာ . .တရုတ်က မယ် ဖြစ်နေမယ် ဆိုရင် . .မြန်မာက မယ် တွေ အရည်အချင်း မရှိလို့ တရုတ် က မယ် ကို ငှားရတယ် လို့ နိုင်ငံတကာ ကထင်ကုန်ကြမှာ စိုးလို့ ကန့်ကွက် ကြတာပါလို့ သိထားပါတယ်။ အဘ ပြောသလို ဆိုတာ သိကြရင်တော့ အဲ့လောက် ကန့်ကွက် ကြမှာ မဟုတ်ပါဘူး။ ဒီနေ့ ၁ဝ ရက်နေ့ တောင် အဲ့ဒီ့ ကိစ္စ ဆန္ဒပြကြမယ် သတင်းသဲ့သဲ့ ကြားပါတယ်။ သဘောက တော့ ကိုယ်ပြုတဲ့ ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာတတ်တဲ့ သဘာဝ ပါ။ ကမ္ဘာ ပေါ်မှာ အများစု (ခန့်မှန်း) က ဆိုပါတော့ ကုလား ကို မုန်းတယ် ဆိုရင် . . ဘာလို့ မုန်းကြသလဲ . . အကြောင်းပြချက် . . ရှိမှာပါ။ အဲ့ဒီလို ပဲ . . တရုတ် နဲ့ကလဲ . . အကြောင်းပြချက် တွေ ရှိကြမှာပါ။ ကိုယ်ပြုခဲ့တဲ့ ကံ၊ အလုပ် ကိုး ဗျ . . . . . ။ မြန်မာ နိုင်ငံ ရဲ့ အနာဂတ်လဲ . . အခု လက်ရှိလုပ် နေတဲ့ ကံ၊ အလုပ် အရ . . ပဲ့တင်သံ ခံရမှာပါ။ ဆိုတော့ . . . ကျွန်တော့ အယူကတော့ – – – အလှည့်ကျ . မနွဲ ့စတမ်း . . ပဲ . .။ မှတ်ချက်။ ။အဘ ရဲ့ ပိုစ့် ကိုတောင် တစ်ချို ့ facebook status တွေမှာ ရှဲကြ ကူးကြ ဖြစ်နေပါပြီ။ (အဲ့လို ပေါက်တာ)

    • Foreign Resident

      October 10, 2013 at 1:48 pm

      M လုလင် says:
      ” မှတ်ချက် ။ ။ အဘ ရဲ့ ပိုစ့် ကိုတောင် တစ်ချို ့ facebook status တွေမှာ ၊
      ရှဲကြ ကူးကြ ဖြစ်နေပါပြီ။ ( အဲ့လို ပေါက်တာ ) ”

      ဟင် ၊ တကယ်လား ။ ဒုက္ခ ပါပဲကွယ် ။ ပြဿနာ ပါပဲ ။
      ဘာပဲ ပြောပြော ၊ Information အတွက် ကျေးဇူးပါ ၊ M လုလင် ရေ ။

      • sorrow weaver

        October 10, 2013 at 2:01 pm

        ဘဖော ..အဲ့တာဂုဏ်ယူစရာပါဗျ ။ ဘဖောရဲ့ စေတနာစကားတွေက တချို့ခါးမှာပဲဗျ ။ ကျွန်တော်တော့ ဘဖောအတွက်ဂုဏ်ယူပါတယ်ဗျာ ။

      • TNA

        October 10, 2013 at 2:48 pm

        အာဟိ ရခိုင်ပိုစ့်တုန်းက အရှဲကောင်းလိုက်တာ ပတ်တနာဒွေတက်တွားလို့ နောက်မှ ပြန်ရှင်း ယူရတယ်။ အဘဖောက အဘအဘနဲ့ရေးတာကို ( အိုက်ဒုန်းကလဲ သမဒဂျီးကို အဘအဘခေါ်နေ ကြတဲ့အချိန်ဆိုတော့ ) သမဒပုံစံနဲ့ပြောတယ်ထင်ပြီးဆဲခံရလို့ နောက်မှမနဲရှင်းရတယ်။ 😥

  • ရာမည

    October 10, 2013 at 2:35 pm


    Myo Han Htun
    2 hours ago near Bangkok, Krung Thep, Thailand · Edited
    ရိုက်ပေါက်လုပ်တာ မဟုတ်ဘူး .. ကျုပ်တို့ ဗမာ လူမျိုးရဲ့ အရင်းခံဟာ ဘာလဲ .. တရုတ်နဲ့ ကုလားဟာ ကြေးကြီးကြလို့ .. သူတို့ အချင်းချင်း ယူကြတယ်။ ယူနန်ဆို ယူနန် .. ကွမ်းတုံ နဲ့ ဖူးကျင့်နဲ့ မရောဘူး။ အခုတော့ မသိဘူး။

    ခေတ်အဆက်ဆက် .. မြန်မာပြည်ရဲ့ Migration ရာဇဝင်နဲ့ စစ်ဖြစ်တာတွေကို ပြန်ပြောင်းကြည့်ရင် .. ဒါတွေ သိရမယ်။ တောင်ပေါ် တိုင်းရင်းသားတွေကို တိုင်းရင်းသားလူမျိုးအဖြစ်ထားလိုက်ပါ။ ဒေသခံ အရိုးခံ လူတွေကို ဗမာလူမျိုးဆိုပြီး သတ်မှတ်လိုက်ရင် .. မြေပြန့် ဟိုး အညာကနေ မြစ်ဝကျွန်းပေါ်အထိ .. ဗမာလူမျိုးများ နေထိုင်ရာဆိုပြီး ထားလိုက် .. ကျွန်တော်တို့ ဘာတွေ တွေ့ရမလဲဆို ..

    မြန်မာပြည်မှာ အနော်ရထာခေတ်က Migrant တွေဝင်လာတယ်။ ရာဇကုမာရ်ဆိုတာ ကုလားလူမျိုး .. Raj Kumar (or) Raaj Kumar (ရှပ်ကူးမာရ်း) ပဲ။ အနော်ရထာ အနန္ဒာ .. အဲဒါတွေဟာ အန္ဒိယနွယ်ဖွား .. ဟိုးခေတ် အန္ဒိယကို မွတ်စလင် အင်ပါယာချဲ့တော့ .. အန္ဒိယမှာ ဗုဒ္ဓဘာသာတော့ ပြုန်းတီးတော့မှာပါပဲ ဆိုတဲ့ စိတ်နဲ့ .. ဒေသခံတွေ Migrant လုပ်လာကြတယ်။ အဲဒီတော့ မူရင်း ဗမာ ဒေသခံတွေနဲ့ ချစ်တင်းနှောမှာပဲ။

    နောက် မွန်ဂို တာတာတွေ ဝင်တယ်။ သူတို့လည်း ဒေသခံ မိန်းကလေးတွေကို အနုအရွ ကဗျာလေးစပ်ပြီး အလှကြည့်ပြန်မှာ မဟုတ်ဘူး။ မြန်မာပြည်အလယ်ပိုင်းက မွန်ဂို စစ်တပ် စစ်ကြောင်းသွားရာ .. မိတီ္တလာနယ်တစ်ဝိုက်က မလိုင်တို့ အင်းကုန်းတို့ ဟိုးခေတ်မှီတဲ့ သူတွေဆို .. အညာကသာပြောတယ် .. ဖြူချက်က တရုတ်မပေါင် ခရုသင်းစွဲသလား အောင်းမေ့ရတယ်။

    နောက်ပိုင်း တရုတ်ဖြူတွေဝင်လာတယ်။ တရုတ်ဆိုတာကလည်း အတော်ဘူးတယ် .. သန်မှသန်။ ဒေသခံမိန်းကလေးတွေနဲ့ ချစ်တင်းနှောကြမှာပဲ။ မန္တလေး၊ မြင်းခြံ၊ မုံရွာ မှာ ရှေးခေတ်အဆက်ဆက်က ဆင်းသက်လာတဲ့ တရုတ်တွေ အများကြီး။ တရုတ်ဗမာ သွေးနှောထားတာလည်း အများကြီး။

    အာရပ်ကုန်သည်၊ အန္ဒိယက migrant တွေဝင်တယ်။ သူတို့က သူတို့ဆော်တွေ၊ ချစ်သူတွေ၊ မိန်းမတွေတော့ ခေါ်လာမှာတော့ မဟုတ်ဘူး။ အနည်းနဲ့ အများတော့ ဒေသခံမလေးတွေနဲ့ ဘူးကြမလား။

    ဒါတောင် ဟို မွတ်စလင် ညီအစ်ကို ဗျတ်ဝိ ဗျတ်တ နဲ့ သူ့သား နှစ်ယောက် မြန်မာပြည် အလယ်ပိုင်းမှာ သောင်းကျန်းသွားတာ မပါသေးဘူး။ အဲဒါကို ချစ်ကြလွန်းလို့ ယနေ့ထက်ထိအောင် ပွဲဆက်ကြတယ်လေ ဗျာ။

    ဘယ်ခေတ်က ဘယ်လူမျိုးတွေ Migrant လုပ်လားသလဲ ဆိုတာထက် .. ဥပမာ သူ့ Origin လူမျိုးတွေ အစုစု နေထိုင်တဲ့ နေရာ ဥပမာ ဇေယျဝတီ ဆို .. ကုလားပြည်ရောက်သွားသလား အောင်းမေ့ရတယ်။ ကုလားပြည်က ရွာလေးတွေထဲ လုံးလုံးရောက်သွားသလား ထင်ရတယ်။ ဒါပေမယ့် အဲဒီ နဲ့ မိုင်အနည်းငယ် ဝန်းကျင်မှာတော့ မူရင်း ဒေသခံ နဲ့ ထို Migrant လုပ်လာတဲ့ လူမျိုးတွေ စပ်ပြီး မွေးလာကြတဲ့ သူတွေ တစ်ပုံကြီး။

    ကသည်း၊ ရှမ်းမျိုးစုံ၊ မွန် ကုန်သည်တွေ ထွက်လိုက်ဝင်လိုက်လုပ်ကြတယ်။ နောက် ထိုင်းနဲ့ စစ်ဖြစ်လို့ ထိုင်း ၁ သိန်းကျော် သူတို့ ဘုရင်ပါတော်မူရာ မြန်မာပြည်ကို လိုက်လာကြတယ်။ အဲဒီ နှစ်ပေါင်း ၂၅ဝ ကျော်က မြန်မာပြည်လူဦးရေး စုစုပေါင်းဟာ ၁ သန်း မပြည့်ဘူး။ အဲဒီတော့ မြန်မာပြည်အလယ်ပိုင်းဟာ လူဦးရေ ၂ သိန်းလောက်ပဲ ရှိမယ်။ အဲဒီ ၂ သိန်း နဲ့ အင်းဝ နဲ့ အမရပူရရောက် ထိုင်း ၁ သိန်းပေါင်းရင် (သမိုင်းမှာတော့ ၁ သိန်းနီးပါးဆိုပြီးရေးထားတယ်) .. အစပ်တွေထွက်လာမယ်။ အဲဒါတွေက ထိုးမုန့်တန်း၊ ရွှေချည်ထိုး၊ ရွှေဆိုင်း၊ ပန်းပု၊ ပန်းချီ၊ ဇာတ်သဘင် နဲ့ မှန်စီရွှေချတွေကို အမွေဆက်ခံသတဲ့။

    နောက် ပေါ်တူဂီတွေဝင်လာလို့ သောင်းကျန်းချက်များ .. မြန်မာပြည်အလယ်ပိုင်းမှာ မျက်လုံးကြောင်တွေနဲ့ ဗမာပြည်ဖြစ် အညာသားတွေက အများကြီး။

    နောက် အင်္ဂလိပ်တွေဝင်တယ်။ သူတို့က အဖြူဆိုတော့ အညိုတွေ ကြိုက်မှကြိုက်။ မြန်မာတွေ နှာခေါင်းချွန်းရင် သူတို့လက်ချက်ထင်တာပဲ။

    သူတို့နဲ့ ကုလားစစ်တပ်လိုက်လာတယ်။ ဂေါ်ရခါး ဂေါ်ရချို မှ ချစ်တီး ပန်ချာပီ .. စုံစုံပဲ .. ပြောရမှာ .. စိတ်လေးလာပြီ။

    နောက် .. Tokyo Hot တို့ ထုတ်လုပ်ရာ .. မိန်းမမြင်ရင်ပြီးရော .. ကြီးကြီးငယ်ငယ် ဆိုပြီး ငတ်ပြတ်နေတဲ့ .. ဂျပန်တွေ ဝင်လာတယ်။ အိုကွယ် .. စစ်ပြေးတဲ့ .. မြန်မာမတွေ ရုပ်ဆိုးအောင် အနံ့တွေ နံ့ထောင်းအောင် ရွံတွေလိမ်းလို့ ရေမချိုးပဲ နေရတယ်ဆိုပဲ။ အလှများပြင်မိလို့ကတော့ .. ဟင်း ဟင်း

    ကျုပ်တို့ဆီမှာ မိန်းမ ငတ်ပြတ်နေတဲ့ .. နှာဘူး ဂျပန်စစ်တပ် ဒုတိယ ကမာ္ဘစစ်အတွင်းက ၃ နှစ်ကျော်နေတယ်။ သူတို့ ဂျပန်မတွေ လိုက်မလာဘူး။ ဂျပန်တွေ ဘယ်လောက်သောင်းကျန်းလဲဆို .. “အောင်ဆန်း မင်း ခေါ်လာတဲ့ ဂျပန်ပုတွေ မင်းဘာသာ မင်း ကြည့်ပြီး ပြန်ပို့တော့ဆိုပြီး” သောင်းကျန်းလွန်းလို့ ဗိုလ်ချုပ်မှာ နေ့စဉ် အပြောခံရတဲ့ အဆင့်ထိရောက်လာတာကြည့်

    နောက် ရှေးရေစက်အလား .. ကျုပ်တို့ ဒေသခံ အရိုးခံ ဗမာတွေ လူမျိုးခြားတွေနဲ့ ချစ်တင်းနှောလိုက်တာ .. တရုတ်ကပြား၊ ကုလားကပြား၊ ရှမ်းဗမာ၊ မွန်ဗမာ .. စုံစုံနဲ့ တောက်တဲ့ နဲ့ ဇီးကွက်စပ်တဲ့ အလား .. တောက်ကွက်လူမျိုးတွေထွက်လာပါရဲ့။

  • ရာမည

    October 10, 2013 at 2:36 pm

    စ​တေးတပ်​ ကို ကူးတင်​​ပေးတာပါခင်​ဗျာ
    ဆန္ဒ မရှိရင်​ဖျက်​နိုင်​ပါတယ်​

  • ကထူးဆန်း

    October 10, 2013 at 2:56 pm

    ခွိ ခွိ …ဘာဘဲ ပြောပြော ဦးကြီးမိုက်တစ်ယောက် ကြိမ်စကြာရိုက်ချိန်မှာဘဲ မိုးစက် လေးကြောင့် ရွာလည်း နဲနဲ ပြန်စည်လာသလိုဘဲ ..
    ကျေးဇူးပါ ဘဖော ..

    • ဖွတ်ပြောင်

      October 10, 2013 at 3:03 pm

      အိုက် နာမယ် မကျောဘာနဲ့ဗျာ

      ဟင့်

      ဗျဲ

      :byae:

    • Ma Ma

      October 11, 2013 at 9:16 am

      ကိုယ်အပါအဝင် ဒီကလူတွေရဲ့ အားနည်းချက်က သတင်းတစ်ခုခုကြားလိုက်ပြီဆိုရင်………
      မှန်မမှန်စိစစ်ဖို့ထက် အဲဒီအပေါ်ကို ဝေဖန်ဖို့ပဲ အားသန်ကြတယ်။ 🙁

  • တိမ်မည်း

    October 10, 2013 at 4:25 pm

    ပထမ ပြောချင်တာကတော့ ဘဖောကို ရှဲရှဲဂျာ…..

    ဇာတ်လမ်းက မပီးသေးဖူး ခင်ဗျ…
    မိုးစက်ဝိုင်များ အကုသိုလ်ဝင်ပုံက…..
    ဟို ေ-ာက်ဂန်းမသားလေး နဲ ့ ပေါင်းပီး မလှိမ့်တပတ်နဲ ့ ဆုကို ရယူတယ်လို ့ နာမည် ထွက်နေတယ်ခီည….
    ဒုတိယ ရထားတဲ့ သူလေးနဲ ့ အမှတ်ကွာတယ်တဲ့…… အဲ့ဒါကို ထုတ်ပြခိုင်းတာလည်း ထုတ်မပြပေးဖူးတဲ့…
    ကြားမိတာလေး ပြောပြတာပါဂျာ…..

    ပွင့်ပွင့်လင်းလင်း ဝန်ခံရရင်တော့…..
    ကျုပ်တော့ ဒုတိယ ဆေးကျောင်းသူလေးကို သဘောကျသဗျ……..
    အဲ့နေ ့တုန်းကလည်း မြန်မာ့အသံကလာတာကို သူငယ်ချင်း တစု ဝိုင်းကြည့်ကြတာ…….
    ဒုတိယသမားကိုပဲ သဘောကျသဗျ……
    တရုတ်တွေ မတရုတ်တွေ မသိရပါဖူးဗျာ…….
    ပြောရရင် ဒုတိယတယောက်ကို တရုတ်လို ့တောင် ပိုထင်သေး….
    ဒါပေမယ့် ဆေးကျောင်းသူ… သူကလေးက ပိုချောတာကိုဗျ……. မိုးစက်ဝိုင်က အရပ်ကောင်းတာကလွဲရင် မကြိုက်ဖူးရယ်….

  • ဦးကြောင်ကြီး

    October 11, 2013 at 9:28 am

    နှစ်ငါးဆယ်အတွင်း တကျော့ပြန် ကျင်းပတဲ့ ကမာ္ဘရွာထဲ ပြန်ဝင်ဆန့်တဲ့ပွဲမို့ မြန်မာသွေး စစ်စစ် သို့မဟုတ် အများစု သို့မဟုတ် အနည်းဆုံးတော့ တဝက်ပါစေချင်တာ အမှန်ပဲ..။ မိုးစက်ဝိုင် မြန်မာသွေး ဘယ်လောက် ပါသလဲ အမှန် သိချင်တယ်။ နောက်ပွဲတွေတော့ သိပ်အရေး မကြီးဘူး…. ကာစင်ဘိုင်သမီး ဘာနူးဖြစ်ဖြစ် ဦးအင်ဟုတ်သာမီး အီတွန့်ဗွမ်ဖြစ်ဖြစ် မိုက်ကယ်အောင်ပုညီမ ရှင်ဂွမ်းဂွိဖြစ်ဖြစ် မြန်မာနိုင်ငံသား စစ်ရင် ပီသရင် အရည်အချင်းပြည့်မှီရင် အိုကေ…။ ပွင့်ပွင့်လင်းလင်းပြောရင် သွားပြိုင်လည်း နိုင်မည်မဟုတ်… ဆန်ကာတင်စာရင်းပေါက်ရင် ကံကောင်းဆိုဒေါ့ သိပ်ပြူးပြူပြဲပြဲ မဖြစ်တာကောင်းတယ်… ဒါပေသိ အဦးဆုံး ပွဲတွေမှာတော့ မြန်မာလူမျုိုးသည် ဒါမျိုးလို့ သတ်သတ်မှတ်မှတ်လေး ပြချင်ဒယ်….။ မိုးစက်ဝိုင်က အိုင်ကျူ အီးကျူ ရုပ်ရူပကာ ပြိုင်ဖက်ကင်းနေရင်တော့ မလွှဲမရှောင်သာ ရွေးရပါမယ်… နို့မို့ရင်ဒေ့ါ အပြောဓာတ်ဗူး…

  • ဦးဦးပါလေရာ

    October 11, 2013 at 9:46 am

    အဲဒီတော့-
    ကျုပ်ကတော့ ဒီကလေးမ ဘာလူမျိုးလဲဆိုတာစိတ်မဝင်စားပါဘူး
    ဒီကလေးမ လှ တာပဲ စိတ်ဝင်စားပါတယ်။
    အဲ.. အဲ.. စကားက ဗလုံးဗထွေးဖြစ်သွားတယ်။
    ပြောချင်တာက ဒီကလေးမ ပြိုင်ပွဲမှာတန်းဝင်အောင်လှတယ် ဆိုတဲ့ အရည်အချင်းကိုပဲ စိတ်ဝင်စားပါတယ်။
    နေပါဦး-
    ကမ္ဘာ့အဆင့်မှာသွားပြိုင်ရင်
    လူမျိုးကို ကိုယ်စားပြုပြီးပြိုင်မှာလား…
    တိုင်းပြည်ကို ကိုယ်စားပြုပြီး ပြိုင်မှာလား….
    ကမ္ဘာ့အဆင့်မှာ အဆင့်အတန်းတစ်ခုခု ဆုတစ်ခုခု ရခဲ့ရင်
    လူမျိုးက ဂုဏ်ရှိမှာလား……
    တိုင်းပြည်က ဂုဏ်ရှိမှာလား……..

  • joe wynn

    October 11, 2013 at 2:18 pm

    တိုင်းပြည်ဆိုတာ လူမျိုးရှိမှတိုင်းပြည်ဖြစ်တာပါ တိုင်းပြည်ရဲ့ဂုဏ်ကိုဆောင်တာကလူမျိုးပါ၊
    အဖိုး၊အဖွား၊တရုတ် အဖေ၊အမေ၊တရုတ်ကနေ ဆင်းသက်လာတဲ့ မြန်မာနိုင်ငံသား
    တရုတ်လူမျိုးအဲ့ဒီလိုဘဲကုလားတွေရှိတယ် ဒါပေမဲ့ကမ္ဘာ့တန်းကိုချပြရမယ် ဆိုရင်တော့
    ကျုပ်တစ်ဦးတည်းသဘောကတော့….မြန်မာနိုင်ငံသား ပြည်ထောင်စုတိုင်ရင်းသာစစ်စစ်
    ကိုဘဲဝင်ပြိုင်စေချင်တယ် တော်တော်ကြာဟိုတစ်ခါ ဘော်လီဘောပွဲလို လူငှါးပြီးဝင်ပြိုင်ပါတယ်လို့
    စွပ်စွဲနေဦးမယ် နဂိုတည်းက ကမ္ဘာက မြန်မာကိုသိပ်ယုံတာမဟုတ်။

    • Foreign Resident

      October 11, 2013 at 4:55 pm

      ကို joe wynn ရေ ။

      အဘ ” စဉ်းစားကြစေလိုပါတယ် ( ၆၂ ) ( မိုးစက်ဝိုင် – ၂ ) ” ဆိုပြီး ၊
      Post အသစ် ခွဲပြီးကို အကြောင်းပြန်ထားပါတယ် ။ အားပေးပါအုန်း ။

  • zaw min

    October 11, 2013 at 6:16 pm

    ေဩာ်….ဒွတ်ခ…ဒွတ်ခ….ဒီကောင်မလေးလဲ…ဒီဆုလေးရပြီးကတည်းက ပွတ်လော်ရိုက်ခံနေရတာ…
    ဟိုသကောင့်သားပွဲတက်ပြီးကတည်းက ယနေ့ထိကိုမပြီးနိုင်သေးလို့ မြန်မာနိုင်ငံသားဖြစ်ကြာင်း သူမွေးခဲ့တဲ့ဆေးရုံက ထောက်ခံစာပါယူပြီးရှင်းပါအုံးမည်တဲ့….
    ကျနော်တို့ သွေးသောက်မျိုးချစ်ကြီးတွေကလည်း ငါတို့အမျိုးမှငါတို့အမျိုး ဟစ်ကြွေးနေလေရဲ့….
    ဗမာ့လွတ်လပ်ရေးရယူစဉ်က လူမျိုးခွဲတိုက်ပွဲဝင်ခဲ့ကြလေရော့လား….
    နောက်ထပ်တစ်ကြိမ် လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ဖို့ ဗမာစစ်စစ်တွေကိုရွေးခေါ်ရန်အခုအချိန်ထဲက လွှတ်တော်မှာအဆိုပြုထားဖို့အကြံပေးလိုက်ချင်ပါရဲ့….

Leave a Reply