Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စဉ်းစားကြစေလိုပါတယ် ( ၆၂ ) ( မိုးစက်ဝိုင် – ၂ )

Foreign ResidentOctober 11, 20134min121430

စဉ်းစားကြစေလိုပါတယ် ( ၆၂ ) ( မိုးစက်ဝိုင် – ၂ )

 

ထုံးစံ အတိုင်းပါပဲ ၊ အဘ ရဲ့ ဒီ Post ကတော့ ၊

အဘ ရဲ့ အရင် Post ” စဉ်းစားကြစေလိုပါတယ် ( ၆၁ ) ( မိုးစက်ဝိုင် ) ” ထဲမှာ ၊

ကို joe wynn ရဲ့ Comment လေး တစ်ခုကို အကြောင်း ပြန်ရင်း ၊

အကြောင်း ပြန်ချက်ဟာ အရမ်း ရှည်လျားသွားတာ နှင့် ၊

Post ကြီး တစ်ပုဒ် သတ်သတ် ရေးတင်လိုက်ရတော့တာပါပဲ ။

 

အဘ ရဲ့ အရင် Post ” စဉ်းစားကြစေလိုပါတယ် ( ၆၁ ) ( မိုးစက်ဝိုင် ) ” ထဲမှာ ၊

ကို joe wynn က အဲဒီလို ပြောခဲ့ပါတယ် ။

 

joe wynn says:

” တိုင်းပြည် ဆိုတာ လူမျိုးရှိမှ တိုင်းပြည် ဖြစ်တာပါ ၊ တိုင်းပြည် ရဲ့ဂုဏ်ကို ဆောင်တာက လူမျိုး ပါ “

 

OK ပထမ အချက် ။

” တိုင်းပြည်ဆိုတာ လူမျိုးရှိမှတိုင်းပြည်ဖြစ်တာပါ “

 

မှားပါတယ် ။

တိုင်းပြည် ရှိဖို့ ဖြစ်ဖို့ ၊ လူမျိုး ရှိစရာ မလိုပါဘူး ။

” လူ ” ရှိဖို့ပဲ လိုတာပါ ။ အဲဒီ လူဟာ ဘာ လူမျိုး မှ ဖြစ်စရာ မလိုပါဘူး ။

 

အဘ အခုနေနေတဲ့ ဩဇီ မှာရော ၊ အမေရိက မှာရော ၊

ဘာ လူမျိုး ဆိုတာ က ၊ အရေးလဲ မကြီး ၊ ဘယ်နေရာမှ လဲ ၊ အသုံးမဝင်ပါ ။

ဘယ်သူ က မှလည်း ၊ အရေးလုပ်ပြီး မမေးပါ ။ မေးခွင့်လဲ မရှိပါ ( မေးခွင့်လဲ မရှိပါ ) ။

 

ဒီဘက် နိုင်ငံတွေမှာ ၊ အရေးလုပ်တဲ့ အချက်က ၊

၁ ။ လူ ဟုတ်မဟုတ်ပါ ။ နောက်ခြေ ၂ ချောင်း နှင့် မတ်မတ် လမ်းလျှောက်နိုင်ရင် ၊ OK လူ ပါ ။

၂ ။ လက်ရှိ ဘယ်နိုင်ငံသားလဲ ။ ဒါပါဘဲ ။

 

ဒုတိယ အချက် ။

” တိုင်းပြည် ရဲ့ ဂုဏ်ကို ဆောင်တာက လူမျိုးပါ “

 

မှားပါတယ် ။

တိုင်းပြည် / နိုင်ငံ ရဲ့ဂုဏ်ကိုဆောင်တာက လူမျိုး မဟုတ်ပါဘူး ။ နိုင်ငံသား ပါ ။

 

၁ ။

အခု အမေရိက ကို ဦးဆောင် နေတဲ့ သမ္မတကြီး ဘာရက် ဟူစိန် ( ဟူစိန် ) အိုဘားမား က ၊

 

၁ – ၁ ။ အာဖရိကတိုက် ကင်ညာ နိုင်ငံ ဘက်က ( Luo ) လူမျိုး / လူမည်း ပါ ။

၁ – ၂ ။ သူ့ အဖေ ဟာ မွတ်ဆလင် ဘာသာဝင် ပါ ။ အိုဘားမား နာမည်မှာ ( ဟူစိန် ) တောင်ပါလိုက်သေး ။

၁ – ၃ ။ သူ့ အဖေ ဟာ အမေရိကန် နိုင်ငံသား ဘယ်တုန်းကမှ မဟုတ်ခဲ့ပါဘူး ။

သူ့ဘဝ တစ်သက်တာလုံး ကင်ညာ နိုင်ငံသား ပါဘဲ ။

အမေရိကန် နိုင်ငံ ကို စာသင်ဖို့ ခဏတာလေး ရောက်လာတုန်းမှာ မွေးခဲ့တာပါ ။

 

Ref ; <http://en.wikipedia.org/wiki/Barack_Obama>

 

အဲဒီလိုပဲ ၊ ဒီနှစ် အမေရိကန် နိုင်ငံ ကို ကိုယ်စားပြုမယ့် ၊ Miss America အဖြစ် ၊

ဒီနှစ် အရွေးခံရတဲ့ Nina Davuluri ရဲ့ မိဘ တွေဟာ ၊

 

၂ – ၁ ။ အိန္ဒိယ နိုင်ငံ မှာ မွေးခဲ့တဲ့ Telugu ( သီလဂူ ) လူမျိုး ပါ ။

၂ – ၂ ။ သူ့ အဖေ ဟာ ဟိန္ဒူ ဘာသာဝင် ပါ ။

၂ – ၃ ။ သူ့ အဖေ ဟာ အမေရိကန် နိုင်ငံကို ၁၉၈၂ ခုနှစ် ကမှ စရောက်လာတာပါ ။

 

Ref ; <http://en.wikipedia.org/wiki/Nina_Davuluri>

 

ပြောရရင် မိုးစက်ဝိုင်လေး နှင့် Miss Universe မှာ ပြိုင်ရမှာ အဲဒီ Nina Davuluri ပါ ။

အိန္ဒိယ နိုင်ငံ သားတွေက ပြောကြပါတယ် ၊ အဲဒီ Nina Davuluri ဟာ ၊

အမေရိကန် နိုင်ငံ မှာပြိုင်တဲ့ ပွဲ မို့လို့သာ နိုင်တာပါတဲ့ ၊

အိန္ဒိယ နိုင်ငံ မှာလုပ်တဲ့ ပြိုင်ပွဲ ဆိုရင် မနိုင်လောက်ဘူး တဲ့ ။

ဘာဖြစ်လို့လည်း ဆိုတော့ ၊ အသား မည်းလွန်းလို့တဲ့ ။ ဟီ ဟိ ။

 

ပြောရမယ်ဆိုရင် ၊ အများကြီး ရှိပါသေးတယ် ။

ဒီ ၂ ချက်ကတော့ လက်ရှိ ဖြစ်နေတာ ဖြစ်ပြီး ၊ ထင်ရှားလွန်းတဲ့ အတွက် တင်ပြလိုက်တာပါ ။

 

O K ၊ ကိုရင်တို့ ပြောနေကြသလို ဆိုရင်တော့ ၊ အမေရိကန် နိုင်ငံ ကြီးဟာ ၊

ဂုဏ်သိက္ခာ တစ်ပြားမှ မရှိသလောက်ကို ဖြစ်သွားပြီပေါ့ ။

 

မဟုတ်ပါဘူး ။ တကယ့် အဖြစ်အပျက်က လုံးဝ ပြောင်းပြန် ပါ ။

အခု ကျနော် အပေါ်မှာ ရေးပြတဲ့ အချက် ( ၂ ) ချက်ကို ဖတ်မိပြီးတဲ့ အခါ ၊

စဉ်းစားဉာဏ် ရင့်သန် တဲ့ ၊ စိတ်သဘောထား ကောင်းမွန်တဲ့ သူတွေ တိုင်းဟာ ၊

အမေရိကန် နိုင်ငံ နှင့် အမေရိကန် နိုင်ငံသားတွေ ကို ၊

လေးစား ကြည်ညို အားကျတဲ့ စိတ်တွေ ၊ တဖွားဖွား ပေါ်လာမှာပါ ။

 

အဲဒါ ကမှ ၊ ပညာရှိတွေ အထင်ကြီး လေးစားတာကို ခံရတဲ့ ၊ တကယ့် ဂုဏ်သိက္ခာ အစစ်ပါ ။

 

အမှန်ကိုပြောရမယ် ဆိုရင်တော့ ၊

တိုးတက် အောင်မြင်နိုင် တဲ့ ၊ စိတ်ထား မြင့်မြတ်တဲ့ ၊ ဂုဏ်သိက္ခာ ကြီးမြတ်တဲ့ ၊

လူ ပုဂ္ဂိုလ် ( သို့ ) မျိုးနွယ်စု ( သို့ ) နိုင်ငံ တစ် နိုင်ငံ ၊ ဖြစ်နိုင် မဖြစ်နိုင် ကို ၊

အခု ၊ ကျနော် အထက်မှာ တင်ပြခဲ့တဲ့ အဲဒီ နိုင်ငံသားတွေ ရဲ့ ၊

အတွေးအခေါ်တွေကို ကြည့်လိုက်တာ နှင့် ၊ မှန်းဆနိုင်ပါတယ် ။

 

ကိုရင် တို့ကို အခုလောက် ရှင်းပြပြီးသွားပြီ ဆိုရင်တော့ ၊ ကိုရင်တို့ ၊

 

၁ ။ ဂုဏ်သိက္ခာ အစစ်အမှန် ( အစစ်အမှန် ) ဆိုတာ ဘာလဲ ၊

၂ ။ ငါ ဟာ ဘယ် အတန်းအစားထဲ ရောက်နေတယ် / ရောက်ချင်တယ် ။

၃ ။ ငါ့ နိုင်ငံ ကိုလဲ ဘယ် အတန်းအစားထဲ ရောက်နေတယ် / ရောက်စေချင်တယ် ။

 

ကိုရင်တို့ အနေနှင့် ၊ စဉ်းစားကြပါ ။ ရွေးချယ်ကြပါ ။

နိုင်ငံကြီး ရဲ့ အနာဂါတ်ဟာ ၊ ကိုရင်တို့ ရဲ့ ဆုံးဖြတ်ချက် ပေါ် မူတည်ပြီး ပြောင်းလဲသွားမှာပါ ။

 

ကျနော် ဒီလို အသိတွေကို မျှဝေချင်လို့ကို ၊ စာရေးနေတာပါ ။

 

တော် သေးဘီ ။

 

 

အဘ ဖေါ ( F R ) ။

 

မိုးစက်ဝိုင် မှရယ် မဟုတ်ပါဘူး ၊  သာမီးချောလေးတွေကို ၊ လူမျိုး ဘာသာ မခွဲခြားပဲ ချစ်တတ်တဲ့ အဘ ။
မိုးစက်ဝိုင် မှရယ် မဟုတ်ပါဘူး ၊
သာမီးချောလေးတွေကို ၊ လူမျိုး ဘာသာ မခွဲခြားပဲ ချစ်တတ်တဲ့ အဘ ။

 

မှတ်ချက် ။

 

၁ ။   

အဘ ဟာ မွန် တရုတ်စပ် ဖြစ်သော်ငြားလည်း ၊

မိုးစက်ဝိုင် လေးကို တရုတ်စပ် မို့လို့ ၊ ကာရေးပေးနေတာ မဟုတ်ပါဘူး ။

အဘ ဟာ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ဘက်ကနေပဲ ၊

တောက်လျှောက် ရပ်တည်ပြီး ရေးခဲ့တယ် ဆိုတာ ၊

ရွာသူား ဟောင်းကြီးတွေကတော့ ၊ သတိပြုမိ ပြီးသားပါ ။

 

အမှန်ဆိုရရင် အဘ ရဲ့ ရှေ့ပိုင်း Post တစ်ခုဖြစ်တဲ့ ၊

” စဉ်းစားကြစေလိုပါတယ် ( ၆ဝ ) ( အခွန် ဋ္ဌာန ) ” Post ထဲမှာ ၊

ပြည်သူ့ ချဉ်ဖတ် နေရွှေသွေးအောင် ( ဖိုးလပြည့် ) နှင့် တွဲတဲ့ အတွက် ၊

မိုးစက်ဝိုင် လေး ကိုတောင် နဲနဲ ရှုံ့ချ / ဟားတိုက်တဲ့ သဘောတွေ ပါခဲ့ ပါတယ် ။

 

” Foreign Resident says:

မသိမသာ ဟား ပြီး ၊ အဆင်း ဘီးတွန်း ပေးတဲ့ အထဲ အဘ တောင် ပါမိမယ် ထင်ပါရဲ့ “

 

သို့ပေမယ့် ၊ နောက်ပိုင်းရက်တွေမှာတော့ ၊ မိုးစက်ဝိုင် လေး ကို တိုက်ခိုက်သူတွေဟာ ၊

မမှန်ကန်တဲ့ သတင်းတွေကို အသုံးပြုပြီး ၊ မတရား ဝါဒ ဖြန့်မှု တွေကို ပြုလာတဲ့ အတွက် ၊

အဘ ဆက်ပြီး လက်မခံ / မ ထောက်ခံနိုင်တော့ပဲ ၊ မိုးစက်ဝိုင် Post ( ၂ ) ခုကို ထ ရေးဖြစ်သွားတာပါ ။

 

၂ ။

 

နောက် တစ်ချက် သတိထား မိတာ တစ်ခုကတော့ ၊

ကုလား – ရခိုင် – ဗမာ ( ဗုဒ္ဓဘာသာ – မွတ်ဆလင် ) အရေးအခင်းတွေ မှာ ၊

Face Book ထဲမှာ တစ်ဖက် နှင့် တစ်ဖက် အပြန်အလှန် ဆဲဆိုသံတွေ ၊

မင်းတို့ အားလုံးကို သတ်ဖြတ်ပစ်မယ်လို့ ကြိမ်းမေါင်းသံတွေ ဆူညံနေပေမယ့် ။

 

အခု မိုးစက်ဝိုင် ( တရုတ် မလေး ) ကိစ္စ မှာတော့ ၊

တရုတ် တွေဘက်က ဘာအသံ ကိုမှ ( ဘာအသံ ကိုမှ ) မထွက်သလောက်ပါဘဲ ။

 

အဘ သူငယ်ချင်း တရုတ်စပ် တွေ လည်း အများအပြားရှိတော့ ၊ နဲနဲ တီးခေါက်ကြည့်ပါတယ် ။

 

မြန်မာပြည်ဖွား တရုတ်စပ် အများစု က ၊ တစ်ချို့ သိတောင် မသိတာ ခမျ ။

သိ တဲ့သူ တစ်ချို့ကလည်း ၊ ဘာလူမျိုး ဖြစ်ဖြစ် ၊ စိတ်ကို မဝင်စားတာ ( စိတ်ကို မဝင်စားတာ ) တဲ့ ခမျ ။

စိတ်ကို မဝင်စား ကြမှတော့ ၊ Face Book ပေါ်မှာ တရုတ်စပ် တွေ အသံ မကြားရတော့ဘူးပေါ့ဗျာ ။

 

အင်း ၊ အဲဒီ အချက်လေးက ၊ ဆက်တွေးကြည့်ရင် ၊ တကယ် စိတ်ဝင်စား စရာလေးပါဘဲ ။

အဓိကရုန်းကြီးတွေ ဆက် ဖြစ်နိုင် ၊ ဆက် မဖြစ်နိုင် ဆိုတဲ့ အခြေအနေ အပေါ် ၊

ဒီ အချက်အလက် / အတွေးအခေါ် ကလည်း ၊ တော်တော် လွှမ်းမိုးမယ့် ဆုံးဖြတ်ချက်တွေ ပဲ ။

 

ဆက် တွေးကြည့်လိုက်ဦးမယ် ကွယ် ။

 

တော် သေးဘီ ။

 

ဒါနှင့် ၊ ယုံမလားတော့ မသိဘူး ၊ မိုးစက်ဝိုင် မှရယ် မဟုတ်ပါဘူး ၊

သာမီးချောလေးတွေကို ၊ လူမျိုး ဘာသာ မခွဲခြားပဲ ချစ်တတ်တဲ့ အဘ ။

 

အဘ ဖေါ ( F R ) ။

နောက်ဆက်တွဲ အနေနှင့် ၊

ကျနော် အဲဒီ Miss America ကုလားမ ရဲ့ ပုံ ကို ထပ်တင်ပေးထားတယ် ၊

Miss America မယ်ပြိုင်ပွဲမှာ Bollywood ကုလား က နှင့်ကို ဝင်ပြိုင်ပြီး နိုင်သွားတာ ။

အဲဒီ Miss America ကုလားမ ရဲ့ Bollywood ကုလား က က နေပုံကို ၊

တစိမ့်စိမ့် သေချာကြည့်ပြီး စဉ်းစားပါ ။

 

၁ ။ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ဆိုတာ ဘာလဲ ။

 

၂ ။ ဘာကြောင့် အမေရိကန် ပြည်ကြီးဟာ ရှေ့ဆုံး ရောက်နေပြီး ၊

ငါတို့ မြန်မာ နိုင်ငံဟာ ကမာ္ဘ မှာ နောက်ဆုံး ရောက်နေရသလဲ ။

 

၃ ။ မြန်မာပြည်ကြီး မှာ အတော်ဆုံးလို့ ယူဆလို့ရတဲ့ ၊

Whole of Burma – First တွေ ဘယ်နှစ်ယောက်လောက် ၊

အမေရိကန် ကို ရောက်နေကြပြီလဲ ။

 

Miss America မယ်ပြိုင်ပွဲမှာ Bollywood ကုလားက နှင့်ကို ဝင်ပြိုင်ပြီး နိုင်သွားတာ
Miss America မယ်ပြိုင်ပွဲမှာ Bollywood ကုလားက နှင့်ကို ဝင်ပြိုင်ပြီး နိုင်သွားတာ

30 comments

  • TNA

    October 11, 2013 at 5:32 pm

    “ဒါနှင့် ၊ ယုံမလားတော့ မသိဘူး ၊ မိုးစက်ဝိုင် မှရယ် မဟုတ်ပါဘူး ၊

    သာမီးချောလေးတွေကို ၊ လူမျိုး ဘာသာ မခွဲခြားပဲ ချစ်တတ်တဲ့ အဘ”

    ဒါလေးကိုလေဒီဒေါက်ဒေါက်ကိုပြလိုက်ရမားအဘ။ :mrgreen:

    • Foreign Resident

      October 11, 2013 at 6:55 pm

      တွေ့လား ။
      အဘ Post ရဲ့ အဓိက ပြောလိုရင်း အချက် တွေကိုတော့ မ မန့်ဘဲနှင့် ၊
      အဘ ကို အပြစ် ပဲ လိုက်ရှာနေတယ် ။
      မွ သဲ ၊ လူဆိုးမဂျီး ။ ဟင်း ဟင်း ။

      • TNA

        October 13, 2013 at 10:24 am

        အာဟိအာဟိ မိုးစက်ဝိုင်နဲ့ပါတ်သက်ပြီးငြင်းခုန်စရာမရှိလို့ပါအဘရေ။ သူ့ကိုထောက်ခံချင်စိတ် ကန့်ကွက်ချင်စိတ်မရှိပါဘူး။ သူသွားပါတ်သက်တဲ့သူကိုပဲမုန်းတာပါအဘရေ။ အဲဒါကြောင့်လဲ ကိုယ်စိတ်ဝင်စားတာလေးပဲ ဝင်ချွန်တွားဒါဘားးးးးးးးးးးးးးးးးးးးးးးးးးးးးးးး :mrgreen:

  • u k

    October 11, 2013 at 5:50 pm

    ကိုယ့်တိုင်းပြည်…ကိုယ့်လူမျူ ိးအပေါ် ကောင်းကျူ ိးပြု ရင် သစ္စာရှိရင် ဘာလူမျူ ိးဖြစ်ဖြစ်ဗျ ာ
    .ဘောလုံးသမားတွေတောင်မွေးစားပြီး နိူင်ငံကိုယ်စားပြုကန်ခိုင်းနေတာကမာ္ဘအနှံ့
    ဘာရှက်စရာရှိလို့လဲ….

  • padonmar

    October 11, 2013 at 7:40 pm

    ဟိုတလောက
    ထိုင်ဝမ်မှာ သီချင်းဆိုပြိုင်ပွဲလုပ်တော့ မြန်မာပြည်မှာမွေးသွားတဲ့ကလေးလေးက မျိုးကြီးရဲ့ မလာပါနဲ့ သီချင်းဆိုပြီး ပထမ ရသွားတယ်။
    (ထိုင်ဝမ်မွေး မဟုတ်၊တရုတ်သီချင်းမဟုတ်။)
    …………….
    ကျမတောင် ပို့စ်လေးတခု တင်ခဲ့သေးတယ်။
    မြန်မာပြည်ပေါက် အဖေနဲ့ အမေ ကနေ အမေရိကားမှာ မွေးတဲ့ ဝင်း ဆိုတဲ့ ဆယ်နှစ်သားလေးက အမေရိကန်ရေကူးစံချိန်ချိုးနိုင်လို့ အမေရိကန်တွေက ဂုဏ်ပြုကြတဲ့အကြောင်း။
    ……………
    HTC ရဲ့ CEO ပီတာချူးခေါ် ဦးဝင်းသန်းဟာ မြန်မာပြည်ဖွား တရုတ်ဖြစ်ပါကြောင်း၊
    သူ့ကြောင့်သာ ပထမဆုံးမြန်မာစာ စနစ်သုံး HTC handset တွေ ဖြစ်လာတာ ဖြစ်ပါကြောင်း။
    မှတ်ချက် (ကျမနဲ့ မိုးစက်ဝိုင် ဘာဆိုဘာမှ မပတ်သက်ပါကြောင်း၊အဘလို တရပ်ကွက်ထဲ မနေဖူးပါကြောင်း)

  • မင်းခန့်ကျော်

    October 11, 2013 at 7:40 pm

    မန့်ပါရစေ။
    တချက်ပဲမန့်ချင်တာပါ။
    “ပထမ အချက် ။” တိုင်းပြည်ဆိုတာ လူမျိုးရှိမှတိုင်းပြည်ဖြစ်တာပါ “
    မှားပါတယ် ။
    တိုင်းပြည် ရှိဖို့ ဖြစ်ဖို့ ၊ လူမျိုး ရှိစရာ မလိုပါဘူး ။
    ” လူ ” ရှိဖို့ပဲ လိုတာပါ ။ အဲဒီ လူဟာ ဘာ လူမျိုး မှ ဖြစ်စရာ မလိုပါဘူး ။

    အဘရေ
    မိုင်နိမ်းအစ်ခမ်း ဆိုတဲ့ ရုပ်ရှင်တခေါက်လောက်ပြန်ကြည့်စေချင်တယ်ဗျာ။
    အနောက်နိုင်ငံတွေနဲ့ အာရှ တိုင်းသားတွေရဲ့ နိုင်ငံ ဆိုတဲ့ အဓိပါယ်ဖွင့်ဆိုချက်
    မတူဘူးခင်ဗျ။ ဒါကြောင့်လည်းနိုင်ငံတကာဆက်ဆံရေးမှာ အထူးသတိပြုနေကြတဲ့အချက်
    တချက်ပါ။
    နောက်ပီး အဘတို့ဩဇီး တို့ ယူအက်စ် တို့ ကလွန်ခဲ့တဲ့အတိတ်က ဒေသခံ တွေကောခု
    ရှိသေးလားမသိဘူး။ရှိရင်မေးကြည့်ပေးပါအုံး။ဘယ်လိုခံစားရသလဲလို့။
    နိုင်ငံတနိုင်ငံမှာ လူမျိုးမလိုဘူး။ လူပဲ လိုတာဆိုတော့………
    အဘအနေနဲ့ ပြောတာများ နဲနဲ လွန်သွားသလား စိုးရိမ်မိပါတယ်။
    အဘပဲစဉ်းစားကြည့်လေ။အဘ တိုင်းပြည်တခုတည်ထောင်မယ်ဆိုရင် ကျေးဇူးပြုပြီး
    စဉ်းစားပေးကြည့်ပါ။
    ဘယ်လိုတည်ထောင်မလဲ?
    ဆိုပါစို့။
    အဘက သင်္ဘောလိုက်ရင်း ကျွန်းတကျွန်းရောက်သွားပြီဆိုပါစို့။
    အဘကအဲဒီမှာတိုင်ပြည်တခုတည်မယ်ဆိုပါစို့။
    အဲဒီကျွန်းသူကျွန်းသားတွေ နဲ့ပဲ တိုင်ပြည်ထူထောင်ရမှာမလား အဘ။
    စကားတူမှ ကျွန်းသား ဖြစ်မယ်လေ။ ပြီးတော့အဘကို ကျွန်းရဲ့ သမ္မတ အဖြစ်လက်ခံနိုင်ကောင်း
    ခံလိမ့်မယ်။ဒါပေမဲ့ ကျွန်းသူား တွေရဲ့ အစဉ်အလာ ဓလေ့ထုံးတွေတော့ ထိခွင့်ပေးမှာ
    မဟုတ်ဘူး။
    နောက်……
    ယူအက်မှာ မြန်မာပြည်က ကချင် တိုင်းရင်းသား လက်ဝှေ့ သမား တယောက်ရှိတယ်။
    သူက ယူအက်နိုင်ငံသားခံယူထားတယ်။ ဒါပေမဲ့ သူတပွဲနိုင်တိုင်း ကျတော်တို့ ဂုဏ်ယူ
    မိတယ်။ ဆိုင်သော်လည်းမပိုင်ပေမဲ့ ဂုဏ်ယူတယ်အဘ။
    နောက်ထပ် ပြောမယ်ဆို ဆက်လို့ရပါသေးတယ်။ ဒါပေမဲ့ အဘပြောတဲ့ စကားကို ကြိုက်လို့
    ယူသုံးလိုက်ပါအုံးမည်။

    တော်သေးဘီ။

    ( လူမျိုး ကိုအခြေခံသော အာရှ သားမို့ စကားပြော လွန်မိ၍ တောင်းပန်အပ်ပါသည်။)

    • Foreign Resident

      October 11, 2013 at 8:19 pm

      လိုရင်းကို ဒဲ့ ပဲ ပြောပါမယ် ။

      ဩဇီ က အဘိရီးဂျင်း ရော ၊ အမေရိကန် က ရက်အင်ဒီးယန်း ကော နိုင်ငံသား တွေပါပဲ ။
      နိုင်ငံသား ဖြစ်တာနှင့် / ဖြစ်တဲ့နေ့ကနေ စပြီး အကုန် တန်းတူ အခွင့်အရေး ပေးပါတယ် ။

      ဩဇီ နှင့် အမေရိကန်က လူမျိုး နှင့် တည်ဆောက်တာ မဟုတ်ပါဘူး ။
      နိုင်ငံသား ဆိုတဲ့ စိတ်ဓါတ် နှင့် တည်ဆောက်ထားတာပါ ။

      အဲဒီတော့ ၊ ဘာဖြစ်လာသလဲ ဆိုတော့ ၊
      အဲဒီလို ၊ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ရှိတဲ့ နိုင်ငံတွေကို ၊
      ကမာ္ဘ အရပ်ရပ်က အတော်ဆုံး လူ တွေ စုပြုံပြီး အတင်းလာဖို့ ကြိုးစားကြ ပြီး ၊
      ဩဇီ ၊ အမေရိကန် နိုင်ငံသား ခံကြပါတယ် ။

      ( ချမ်းသာတဲ့ နိုင်ငံတွေ ကို စုပြုံ တိုးနေကြတာ မဟုတ်ဘူး နော် ။
      တရားမျှတမှု ရှိတဲ့ နိုင်ငံတွေကို စုပြုံ တိုးနေကြတာ ပါ ။
      ချမ်းသာတဲ့ နိုင်ငံ ဆို ဘရူနိုင်း ၊ ဆော်ဒီ ၊ ကူဝိတ် ကို စုပြုံ တိုးနေကြမှာပေါ့ )

      ( အာရှသားတွေ ( ဂျပန် အပါအဝင် ) ရဲ့ အိပ်မက် ကြီးလေးကြီး နိုင်ငံ ၊
      ဩဇီ ၊ အမေရိကန် ၊ အင်္ဂလန် ၊ ကနေဒါ ဆိုတဲ့ စကားဟာ ၊
      အလကား ဖြစ်လာတာ မဟုတ်ပါဘူး )

      အတော်ဆုံး လူတွေ အားလုံး နီးနီး လောက်က စုပြုံတိုးနေကြတဲ့ နိုင်ငံ နှင့် ၊
      ရွေးကျ / ရွေးကျန် အပယ်ခံ ဖွတ်ကျား တွေနှင့် တည်ဆောက်ထားတဲ့ နိုင်ငံ ၊
      ရေရှည်မှာ ဘယ်နိုင်ငံ က ရှေ့ရောက် တိုးတက် လာမယ် ဆိုတာကတော့ ၊
      ဗေဒင် သွားမေးမနေပါနှင့် ။ ငွေ ကုန်ပါလိမ့်မယ် ။
      ( မြန်မာ နိုင်ငံ အခြေအနေ နှင့် အမေရိကန် နိုင်ငံ အခြေအနေသာ ယှဉ်ကြည့်ကြပေတော့ )

      ကြုံလို့ ပြောရအုံးမယ် ၊ မြန်မာပြည် ရဲ့ နှစ်စဉ် ၊
      ဆယ်တန်းအောင်မှတ် Top Ten အတော်ဆုံး ၁ဝ ယောက်တွေ ၊
      နောက် နှစ် ၂ဝ အကြာမှာ ဘယ်တွေ ရောက်ကုန်သလဲ ၊
      စာရင်း ပြုစုသင့်ပါတယ် ။

      • မင်းခန့်ကျော်

        October 12, 2013 at 9:37 am

        နိင် ငံ တစ်နိုင်ငံ တည်ဆောက်ဖို့ဟာက

        လူမျိုးနွယ်စုတွေကိုစုစည်းပြီးမှ တည်ရတာပါ။

        ခေတ်အဆက်ဆက်ကိုပြန်ကြည့်ရင်တွေ့နိုင်ပါတယ်။

        ဒီမိုကရေစီဆိုတာကို ပြင်းပြင်းထန်ထန် ဝေဖန်ရ ရင်

        ” ကိုလိုနီနယ်ချဲ့ စနစ်ပျက်သုံန်းပြီးပေါက်ပွားလာတာပါ”

        ဆိုရှယ်လစ် ကွန်မြူနစ်ဆိုတာကလည်း

        ” ကိုလိုနီ အဖြစ်ကနေ ရုန်းထွက် တဲ့ ဝါဒ”

        လို့ပြောလို့ရပါတယ်။

        တိုင်ပြည်တိုးတတ်ခြင်း မတိုးတက်ခြင်းကို

        မြန်မာတွေ (အများစုပါ) သိပ် မတပ်မက်လှဘူး။

        ဩဇီးတို့ ယူအက်စ်တို့ ယူကေတို့ ကနေဒါတို့

        ကျနော်အထင်ကြီးသလို လေးစားပါတယ် ။ အားကျပါတယ်။

        ဒါပေမဲ့ လူမျိုးဓလေ့ ရိုးရာမတူတဲ့အဲဒီလိုနိုင်ငံမျိုးကိုအပြီးနေထိုင်

        ဖို့ တွေးတောင်မတွေးဘူးခင်ဗျ။ အဲအလည်အပတ် တိရိစ္စာန်ရုံတို့

        ပန်းခြံတို့သွားလည်သလိုတော့ သွားချင်ပါတယ်။

        ဒီတော့ တိုးတတ်မူ့မြင့်မားလာအောင်စာရင်းဇယားတွေကို

        ပြုစုဖို့လိုပါတယ်။မှန်ပါတယ်တကယ်ကိုလိုပါတယ်။

        ဒါပေမဲ့ တိုးတက်ကြီးပွားရေး အတွက် ပညာမစည်းပူးပဲ

        အပြီးထွက်သွားတဲ့သူတွေ။ ရေကြည်ရာမြက်နုရာအကြောင်း

        ပြုထွက်သွားသူတွေ။ ပညာတွေ ကြွယ်ဝမူ့တွေတပုံကြီးနဲ့

        တိုးတတ်သောကမ္ဘာကို အပြီးထွက်သွားသူတွေ။ ဒါတွေ

        ဒီလူတန်းစားတွေ အားလုံးဟာ သက်ဆိုင်ရာတိုင်းပြည်တွေရဲ့

        သစ္စာဖောက်တွေပါပဲ။

        နိုင်ငံတိုးတတ်ရေးအတွက်ဆောင်ရွက်ရင်း မိမိအသက်အိုးအိမ်

        မထိပါးနိုင်စေရေးအတွက်စွန့်ခွာရသူတွေ။ နိုင်ငံခြားဝင်ငွေရှိရေး

        အတတ်ပညာရှိရေး အတွက် တနည်း မိခင်နိုင်ငံအပေါ်အထိုက်

        အလျောက်ပြန်လည်အကျိုးပြုနေသူများကတော့ နိုင်ငံ သားကောင်း

        ရတနာလေးတွေပါပဲ။ အဲသလိုလူတွေကိုကျတော် အထင်ကြီးတယ်

        လေးစားတယ်။အားကျတယ် ဂုဏ်ယူပါတယ် အဘရေ ။

        တိုးတတ်သောနိုင်ငံကိုရောက်ရှိသွားတဲ့ပညာရှင်တွေ ရဲ့ မိခင်နိုင်ငံ

        မိခင်လူမျိုး အတွက်အကျိုးမပြုပဲ ဖြစ်နေတာတွေကို စာရင်းပြုစုကြည့်

        ရင် ? အကျိုးမျော်ကိုး ပြီး ပြည်ဝင်ခွင့်ပြု တဲ့ သဘော ပေါ်လွင်သွားမယ်

        ထင်ပါတယ်။

        ဥပမာပြရရင် ။ ။ ဒေါ်အောင်ဆန်းစုကြည် ။

        မြန်မာနိုင်ငံသား။

        ဗမာလူမျိုး။

        ဘဝတလျောက်လုံး အနောက် တိုးတတ်တဲ့နိုင်ငံတွေမှာ အခန့်သား

        နေခွင့်ရပါလျက်နဲ့ တိုးတတ်တဲ့နိုင်ငံတွေကရတဲ့ စည်းစိမ် ပညာ တွေ

        အားလုံးကို မိခင် မြန်မာအတွက်ပြန်လည် အသုံးချနေတာ အဲဒါ လူမျိုး

        နဲ့တိုင်းပြည်ဆက်စပ်မူ့ ထင်သာမြင်သာရှိတဲ့ဥပမာလေးပါ။

        ကျေးဇူးတင်ပါတယ်။
        (

  • lele kyi

    October 11, 2013 at 8:17 pm

    အနောက်နိုင်ငံတွေမှာ လူမျိုးခွဲခြားဆက်ဆံမှုကနည်းနည်းတော့ရှိကောင်းရှိလိမ့်မယ်။ ဒီမှာလည်းရှိပါတယ်။ ဒါပေမဲ့ နိုင်ငံသား အနေနှင့်တန်းတူ အခွင့်အရေးတော့ရသင့်ပါတယ်။ ပါဆင်နယ် အနေနှင့် သူ့မကြိုက်လို့ သူငယ်ချင်းမိတ်ဆွေမဖြစ်ချင်ဘူး။ ရပါတယ်။ အများနဲ့သက်ဆိုင်တဲ့ နေရာတွေမှာတော့ အမြင်ကျယ်ကျယ်နဲ့ သဘောထားကြီးသင့်ပါတယ်။ လူမျိုးရေးခွဲခြားလွန်းလို့ အချင်းချင်းတိုက်နေတဲ့စစ်ပွဲတွေတောင်မရပ်နိုင်သေးဘူး။ လူမျိုးတူ။ဘာသာတူလို့ ဘယ်နိုင်မှ အစစ်အဆေး အမေးအမြန်း မရှိပဲ နေထိုင်ခွင့် စပါယ်ရှယ်ပါမစ်ပေးမထားဘူး သိရသလောက်။ နိုင်ငံတစ်နိုင်ငံမှာ လူမျိုးစု တစ်စုကိုအခြေပြုတဲ့ ဥပဒေ ထက် အားလုံးအတွက် တန်းတူ နိုင်ငံသား ဥပဒေ ကိုလက်ခံကြိုဆိုသင့်တာပါ။

  • pazflor

    October 11, 2013 at 9:50 pm

    နေတိုင်း ရှစ်ခိုးနေကျတဲ ့အိန္ဒိယနွယ်ဖွား ဂေါတမဗုဒ္ဒတောင် မြန်မာနိုင်ငံသား မဟုတ်တာဗျာ၊
    မိုးစက်ဝိုင်လေးလည်း တရုတ်ဖြစ်ဖြစ်၊ ဘင်္ဂါလီ ဖြစ်ဖြစ် မြန်မာနိုင်ငံသားဖြစ်တဲ့ အတွက် သားတို့ကတော့ အားပေးမှာဘဲ။ တာကီမြိုးဟေ့ ဒို့ဘမာ :kwi:

  • joe wynn

    October 11, 2013 at 10:02 pm

    ကျပ်ကိုလူမျိုးရေး ခွဲခြားသူလို့ မြင်နေတယ်ထင်တယ် ကျုပ်ဆိုလိုတာက ကမ္ဘာ့တန်းကို
    ချပြရတဲ့အခါမှာ မြန်မာနိုင်ငံကိုယ်စားပြုသူအနေနဲ့ ပြည်ထောင်စု တိုင်းရင်းသားစစ်စစ်ကို
    ဖြစ်စေချင်တာ ဆုရ၏မရ၏က တပိုင်း ပြည်ထောင်စုမြန်မာ နိုင်ငံသားစစ်စစ်ကိုမြင်စေချင်တာ
    အဓိကပါ။
    “တိုင်းပြည်ရှိဘို့ လူမျိုးမလိုအပ်ဘူး”…….တိုင်းပြည်တစ်ခု တည်ထောင်ပြီးရင်
    အဲ့ဒီတိုင်းပြည်မှာရှိတဲ့ လူမျိုးနေရာမှာဘာနာမည် ရေးမှာလဲဗျ၊ များသောအားဖြင့်လူမျိုးရဲ့ဝိသေသကိုယူပြီး
    တိုင်းပြည်တည်ထောင်ကြတာ မဟုတ်ဘူးလား လူမျိုးမရှိတဲ့ တိုင်းပြည်ရယ်လို့ ကျုပ်တော့မကြာဖူးဘူး
    (ကျုပ်ဗဟုသုတ နည်းတာလဲပါမှာပေါ့)…….စင်္ကာပူမှာတောင် မလေး၊တရုတ်လူမျိုးတွေရှိတာပဲ၊
    အင်း………..လူမျိုးဟာအရေးမကြီးဘူး နိုင်ငံသားပဲ အရေးကြီးတယ် ဆိုရင်တော့
    ဂျပန်၊ကိုရီးယား၊တရုတ်နိုင်ငံတွေဟာ ကမ္ဘာ့တန်းမဝင်သေးဖူးလို့ပြောရမှာပဲ။

    • Foreign Resident

      October 12, 2013 at 6:01 am

      ကို joe wynn ရေ ။

      လိုရင်း ကတော့ ၊
      အခု Miss Universe ပြိုင်ပွဲ က ၊ နိုင်ငံ အချင်းချင်း ပြိုင်ပွဲပါ ။
      ဒါကြောင့် နိုင်ငံသား ဖြစ်ရင် အကြုံးဝင်ပါတယ် / အဆင်ပြေပါတယ် ။

      ဒါကြောင့် အမေရိကန် နိုင်ငံ ကို ကိုယ်စားပြုပြီး ကုလားမ ( အိန္ဒိယ ) က ဝင်ပြိုင်နိုင်တာပေါ့ ။

      လူမျိုး ခွဲပြီး ပြိုင်ချင်ရင် ၊ ကို joe wynn တို့ ၊ လူမျိုး ပြိုင်ပွဲ သတ်သတ် လုပ်ပေါ့ ။
      အဘ မတားပါဘူး ။ ဒါပေမယ့် လူမျိုး စစ် မစစ်ကတော့ စစ်ဖို့ မလွယ်ပါဘူး ။

      ဘာဖြစ်လို့လဲ ဆိုတော့ DNA နှင့် ပြန်လိုက်လိုက် ရင် ၊
      7 Generations အတွင်းမှာ လူတွေအားလုံးဟာ တစ်ယောက် နှင့် တစ်ယောက် ၊
      တနည်းမဟုတ် တနည်း အမျိုးတော်စပ်နေကြတယ် လို့ကြားဖူးတယ် ။

      နောက်ဆက်တွဲ အနေနှင့် ၊
      ကျနော် အဲဒီ Miss America ကုလားမ ရဲ့ ပုံ ကို ထပ်တင်ပေးထားတယ် ၊
      Miss America မယ်ပြိုင်ပွဲမှာ Bollywood ကုလားက နှင့်ကို ဝင်ပြိုင်ပြီး နိုင်သွားတာ ။
      အဲဒီ Miss America ကုလားမ ရဲ့ Bollywood ကုလားက က နေပုံကို ၊
      တစိမ့်စိမ့် သေချာကြည့်ပြီး စဉ်းစားပါ ။

      ၁ ။ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ဆိုတာ ဘာလဲ ။

      ၂ ။ ဘာကြောင့် အမေရိကန် ပြည်ကြီးဟာ ရှေ့ဆုံး ရောက်နေပြီး ၊
      ငါတို့ မြန်မာ နိုင်ငံဟာ ကမာ္ဘ မှာ နောက်ဆုံး ရောက်နေရသလဲ ။

      ၃ ။ မြန်မာပြည်ကြီး မှာ အတော်ဆုံးလို့ ယူဆလို့ရတဲ့ ၊
      Whole of Burma First တွေ ဘယ်နှစ်ယောက်လောက် ၊
      အမေရိကန် ကို ရောက်နေကြပြီလဲ ။

  • kyeemite

    October 12, 2013 at 8:45 am

    ဒီကိစ္စမှာ….
    ကိုရင်ဖေါနဲ့ တစ်သဘောတည်းမို့ ထူးပြီးမမန့်တော့ဘူးဗျာ..
    အမြင်မတူသူတွေ မန့်တဲ့ ကွန်မန့်တွေပဲစောင့်ဖတ်တော့မယ်
    😀

    • ကျွန်မလည်း ထိုကဲ့သို့ပဲမြင်ပါသည်။
      အရမ်းကို ကျိတ်မနိုင်ခဲမရဖြစ်နေကြရအောင်လည်း မိုးစက်ဝိုင်က တရုတ်သွေးလုံးလုံးကြီးပဲမှမဟုတ်တာ။
      ရှမ်း၊မြန်မာ၊တရုတ်ဆိုတာကတော့ မလွန်လှဘူးထင်ပါတယ်

  • Mr. MarGa

    October 12, 2013 at 9:41 am

    ဥပဒေ ထုတ်တဲ့သူက ထုတ်
    လုပ်ချင်သလို လုပ်တဲ့သူက လုပ်
    လက်တစ်လုံးခြား ပွားတဲ့သူက ပွား
    ပြီးတော့မှ ဘာဖြစ် ညာဖြစ် လာအော်နေတယ်
    ပြောရင်လဲ မကောင်းဘူး…
    လူမျိုးနဲ့ နိုင်ငံသားကို ခွဲကြပါဦး
    နိုင်ငံသား တစ်ယောက်မို့ နိုင်ငံ ကိုယ်စားပြု သွားတယ်လေ
    ဒါကို ဘာလူမျိုးမို့ ဘာမို့ ညာမို့နဲ့ ပြောနေကြဦးမှာလား
    အဲလောက် ပြောချင်ကြရင်
    ဒီလူမျိုးတွေကို နိုင်ငံသားဖြစ်ခွင့် မပေးနဲ့
    နိုင်ငံသား ဥပဒေကို သွားပြီးတော့ ပြင်လိုက်ကြပေါ့
    ဘယ်လူမျိုးမှ ဒီနိုင်ငံသားအဖြစ် ခံယူခွင့် ရှိတယ် ဆိုပြီး လုပ်လိုက်ကြ
    တကယ်… တကယ်.. ပြောရင်လဲ မကောင်းဘူး ဗျ

  • မင်းခန့်ကျော်

    October 12, 2013 at 9:52 am

    ဒီ အလှမယ်ယှဉ်ပြိုင်တဲ့အပေါ်မှာ ကျတော့်သဘောထား

    ကတော့

    မြန်မာနိုင်ငံသားဖြစ်နေရင် ဘောင်ဝင်တယ်။

    မြန်မာတိုင်းရင်းသား လို့ သတ်မှတ်ခြင်းခံရသူ

    ဆိုရင် ပြီးပြည့်စုံသော ဘောင်ဝင်ခြင်းဖြစ်မှာပါ။

    အကယ်၍ဆုရခဲ့ရင် မြန်မာတွေပဲပျော်စေချင်ပါတယ်။

    မြန်မာတွေပြည်ပကို ပြိုင်ပွဲတရပ်ယှဉ်ပြိုင်လို့ဆုတံဆိပ်

    ရလာခဲ့ရင် ပြောလေ့ရှိတဲ့စကားတခွန်းရှိပါတယ်။

    ” တိုင်းပြည်နဲ့ လူမျိုးရဲ့ ဂုဏ်ဆောင်သူ ” တဲ့။

    ဆိုလိုတာက

    မြန်မာနိုင်ငံ (တိုင်းပြည်)

    ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း ( လူမျိုူးး)

    ဒီတော့ အများနည်းတူဘောင်ဝင်ပြီးရောလုပ်မလား?

    လုံဝ အော်ရီဂျင်နယ် စစ်စစ် လုပ်မလား?

    မြန်မာကိုကိုယ်စားပြုမယ်ဆိုရင် မြန်မာ့သဘောကိုတော့

    ဖော်ဆောင်သင့်ပါတယ်။

  • kyeemite

    October 12, 2013 at 11:07 am

    The Irrawaddy (Burmese Version)
    မိုးစက်ဝိုင် ကိစ္စ အာဆီယံ မယ် အိရူပါဝင်း စာထုတ်

    ကျွန်မ အာဆီယံမှာ နိုင်ငံကို ကိုယ်စားပြုခဲ့တုန်းကလည်း ကိုယ့်ကိုယ်ကို တရုတ်လို့ မခံယူပဲ မြန်မာ စိတ်ဓာတ်နဲ့ ကိုယ်စားပြုခဲ့တာပါ။ အခု မြန်မာပြည်က ကမ္ဘာ့အလယ်မှာ မြန်မာကို ကိုယ်စားပြုဦးမယ့် မယ်တစ်ယောက် ရွေးချယ်ထားပြီးပါပြီ။ သူ တရုတ်ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပဲဖြစ်ဖြစ် ၊ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာကြီးတာပါ။
    သူ့ရဲ့ရင်ထဲမှာ မြန်မာပြည်အတွက်ဆိုတဲ့ အမျိုးသားရေးစိတ်ဓါတ်ကို ထည့်ထားပြီး အကောင်းဆုံး ယှဉ်ပြိုင်နိုင် ဖို့ပဲ လိုပါတယ်။ http://blog.irrawaddy.org/2013/10/blog-post_990.html

  • alinsett

    October 12, 2013 at 1:17 pm

    ကျွန်တော်တို့တိုင်းပြည် ရဲ့ အနာဂတ်ဆိုတာ
    ကျွန်တော်တို့ ရဲ့ သင့်တင့်မျှတ သေချာ သော ဆုံးဖြတ်ချက်တွေဆီကနေ
    ဖြစ်လာမယ့် ကာလ တစ်ခု

    အဟွတ် အဟွတ်

    စကားလုံးကြီးကြီးပြောပြီဆို
    ချောင်းက ဆိုးဘီ

    :kwi:

    အဘဖော ရေ

    အတွေးအမြင်တွေကို
    စားသုံးသွားပါတယ်ဗျ

  • myanmarcitizen

    October 12, 2013 at 3:36 pm

    လူမျိုး … လူမျိုး ဆိုပြီ ခေါင်းစဉ်တွေ ခွဲပြီး ပြောနေမယ်၊ ခံယူချက်တွေထားပြီးလုပ်နေမယ်ဆိုရင်တော့
    ငြိမ်းချမ်းမှု့ရဖို့၊ အမြဲငြိမ်းချမ်းဖို့ရာခက်ခဲသွားလိမ့်မယ်။ မင်းလဲမြန်မာနိုင်ငံသား၊ ငါလဲမြန်မာနိုင်ငံသား အတူတူပဲဆိုရင်၊ အဲ့ဒီလိုစိတ်လေးထားရင် ပိုမကောင်းကြဘူးလား၊ ပိုပြီးစည်းလုံးမှုရှိမသွားဘူးလား။
    အားလုံးအဲ့စိတ်ထားနိုင်ရင်ပွဲကပြီးသွားပြီ။

    အရိုးတွေလဲတောင်လိုပုံ၊ ကျခဲ့ရတဲ့မျက်ရည်တွေကလဲ သမုဒယာရေထက်များဆိုပြီး သံသရာရှည်ပုံကိုပြော
    ကြတော့ာ။ ပြောရရင် အဲ့ဒီကလေးမ မိုးစက်ဝိုင်လေးနဲ့တောင် ကျော် နဲ့ …တစ်ချိန်ချိန်(ဘဝတစ်ခုခု) က လင်မယားမဖြစ်ခဲ့ဘူးလို့ ဘယ်သူပြောနိုင်မလဲ 🙂 အဟေး ဟေး …..

    ပြိုင်ပွဲဆိုတော့ အနိုင်ရနိုင်မယ့်သူကို လွှတ်ရတာပေါ့။ လက်ရှိမြန်မာနိုင်ငံသားသာဖြစ်။ မြန်မာစကား
    ကောင်းကောင်းပြောတတ် လက်ခံပါတယ်။ myanmarcitizen ကြီးကိုရွေးခိုင်းကြည့်ပါလား ချောတာ၊ လှတာ၊ တောင့်တာ၊ ဖြောင့်တာ၊ မြင်တာနဲ့ မငမ်းရမနေနိုင်အောင် တောင့်တဲ့ဖြောင့်တဲ့သူကိုပဲ ရွေးမှာပေါ့
    ကျန်တာနဲ့တော့ မရွေးနိုင်ပေါင်ဗျာ

  • joe wynn

    October 12, 2013 at 4:14 pm

    အရှင်းဆုံးပြောရရင် ကျုပ်ဒီပို့စ်၆၂ရော အရင်ပို့စ်၆၁ကိုရော စိတ်မဝင်စားဘူးဗျ၊
    အရင်၆၁ပို့စ်မှာမန့်မိတာက ပို့စ်ကြောင့်မဟုတ်ဘူး အဲ့ဒီထဲကကော်မန့်တစ်ခုကြောင့်
    ဝင်ရေးလိုက်မိတာ (သူများခြံထဲသွားအော်တော့ ခြံရှင်ထွက်လိုက်တာ သဘာဝကြပါတယ်)
    ကျုပ်ရေးလိုက်တဲ့ ကော်မန့်ကြောင့်နောက်ပို့စ် တစ်ခုဖြစ်လာတယ် ဆိုရင်တော့
    ဝမ်းသာပေးရမလား ဝမ်းနည်းပေးရမလား။
    ဒီပို့စ်နှစ်ခုရဲ့ အဓိကဇာတ်ကောင်ဖြစ်နေတဲ့ မိုးစက်ဝိုင်လား၊
    မိုးစက်ဝီစကီလား၊မိုးစက်ဘရန်ဒီလား ဒါကိုလည်းကျုပ် သိပ်စိတ်မဝင်စားဘူး
    ၆၁ပို့စ်မှာကျုပ်ရဲ့ ပုဂ္ဂလခံစားချက်ကိုပဲ ရေးလိုက်တာ ဒီလိုမျိုးမြန်မာတွေအကုန်လုံး
    လိုက်လုပ်ရမယ်လို့မဆိုလိုဘူး
    နောက်တစ်ခုက အရာရာတိုင်းကို ထပ်တူပြုလို့မရနိူင်ဘူးဗျ၊
    ကျုပ်ပြောနေတာက မြန်မာနိုင်ငံနဲ့ မြန်မာပြည်ထောင်စုသားတွေအကြောင်း
    ခင်ဗျားသက်သေပြနေတာက အမေရီကားနဲ့အော်ဇီအကြောင်း အမေရီကားရဲ့
    လူ့အခွင့်အရေးနဲ့ ဥပဒေတွေက…..ဒီလို……ဒီလိုရှိပါတယ်၊
    ဒီပုံစံအတိုင်း မြန်မာပြည်မှာကျင့်သုံးရင် မြန်မာပြည်ဟာ ချက်ချင်လက်ငင်း
    ချမ်းသာပြီ ကမ္ဘာထိပ်တန်းဝင်သွာမယ်လို့ ဘယ်သူက တထစ်ချအာမခံပြီ
    ပြောနိုင်မှာလဲဗျ၊
    ကမ္ဘာကြီးရဲ့အခြားနေရာက လူမျိုးတွေနဲ့ အာရှသားတွေဟာ
    လူမျိုးအပေါ်ခံယူချက်ခြင်း မတူတာကတော့ကြိမ်းသေလောက်တယ်
    ဥပမာ….(တရုတ်နိုင်ငံဆိုရင် နိုင်ငံရပ်ခြားတရုတ်လူမျိုးများအတွက် သီးသန့်ပြိုင်ပွဲ
    တွေတောင်လုပ်ပေးနေတာကိုကြည့်လိုက်ရင်) လူမျိုးဆိုတာ ဘယ်လောက်အရေး
    ကြီးသလဲဆိုတာ သိသာနိုင်တာဘဲ၊
    ကျုပ်ကလူမျိုးရေးခွဲခြားသူ တစ်ယောက်မဟုတ်ပါဘူး
    ဒါပေမဲ့ မြန်မာနိုင်ငံသား ပြည်ထောင်စုတိုင်းရင်းသားဆိုတဲ့ အသိကတော့ကျုပ်ရင်ထဲမှာ
    အမြဲရှိတယ်။
    ဒီအချိန်မှာ လူမျိုးရေးအကြောင်တွေ မရေးချင် မငြင်းချင်ဘူး
    အဲ့ဒီအရေးမပါဘူးဆိုတဲ့ လူမျိုးရေးတွေကြောင့် ကျုပ်တို့တိုင်းပြည်လည်း မီးဟုန်းဟုန်း
    တောက်နေပြီ
    မှတ်ချက်———(ပြဿနာဖြစ်လာပြီဆိုရင် လူမျိုးတစ်ခုထဲနဲ့မပြီ
    ဘာသာ၊သာသနာဆိုတဲ့ နောက်ဆက်တွဲလှိုင်းတွေပါလာတတ်လို့)

  • kai

    October 12, 2013 at 4:54 pm

    လူဆိုတာ.. အုပ်စုဖွဲ့တတ်တဲ့သဘောရှိပါတယ်..
    ဒါကြောင့်..
    ငါ့အိမ်..ငါ့မိသားစု.. ငါ့ရပ်ကွက်..ငါ့ရွာ..ငါ့မြို့.. ငါ့ပြည်နယ်..။ ငါ့တိုင်းပြည်… ဖြစ်ကြသပေါ့…
    ဆိုတော့..
    တခြားကမ္ဘာက..ဂြိုလ်သားတွေလာရင်… ငါ့ကမ္ဘာလုပ်ကြဦးမှာပါ…
    အဲဒီနေ့စောင့်နေကြောင်း.. သိပ်မလိုတော့ထင်ကြောင်း….

    ပေးပေး…မပေးပေး… ငါ့ကမ္ဘာကြီး.. ငါ့ကမ္ဘာကြီး.. ပေး.. :mrgreen:

  • မင်းခန့်ကျော်

    October 12, 2013 at 7:10 pm

    ၁ ။ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ဆိုတာ ဘာလဲ ။

    အဘရဲ့ဒီစာသားလေး အဲ မေးခွန်းလေးကလန်းသဗျာ။ like like like ………………………….

    အဲဒါတွေ ကို ကျတော်လည်းသိချင်ပါရဲ့။

    ဖေ့ဘုတ်ကသူငယ်ချင်းတွေ

    ကျတော့်ကိုလာလာမိတ်ဖွဲ့လို့ဘယ်ကလဲ မေးရင်ကျတော်အဖြေရကျပ်တယ်ဗျ။

    မန်းလေးကပါလို့ဖြေလိုက်ရင်ကိုပဲ တရုပ် တွေများတယ်နော် ဆိုတဲ့မှတ်ချက်စကားလေးကြား

    ကြားနေရတယ်ဗျာ။

    လုပ်ငန်းရှင် တော်တော်များများကလည်း တရုတ်တွေ ဖြစ်နေတယ်လေ။

    ကျတော်တရုတ်မှမဟုတ် ကုလားလဲမမုန်းဘူး။ လူမျိုးစွဲ တော့ရှိပေမဲ့ အစွန်းမရောက်ဘူး။

    နိုင်ငံ တဝှမ်းကြည့်လိုက်ပါအုံးအဘ။ စီးပွားရေးမှာ ဘယ်သူတွေလွှမ်းမိုးထားသလဲ?????

    တရုပ်ရဲ့စီးပွားရေးမူဝါဒ စနစ်ကြောင့် မြန်မာကတရုပ်တွေ ဘာသံမှမထွက်ဘူး။ အရှုပ်အထွေး

    အဖြစ်မခံဘူး။ တရုပ်- ဗမာ အရေးအခင်း ဖြစ်ခဲ့ဘူးတယ်နော်။

    အဲဒါ တရုပ်တွေ အဘပြောတဲ့

    ” ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ဆိုတာ ” မရခင်ကလေ။

    မှတ်မိတယ်မဟုတ်လားအဘ။ အဘက အသက်သိပ်မကြီးသေးလို့ မှတ်မိအုံးမှာပါ။

    ခု တရုပ်တွေ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ဆိုတာ တွေ အနှစ်သုံးဆယ်အတွင်း

    ရနေကြပြီလေ။ တော တွေ တောင်တွေ မြစ်တွေ ချောင်းတွေ ပင်လယ်တွေ နောက်ဆုံး

    သတို့သမီး တွေပါ ရကုန်ပြီ အဘ။

    ခုအဘရဲ့ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ဆိုတာ ကြီးကိုကမ္ဘာသိအောင်

    ပြခွင့်ရတော့မယ်အဘ။ ဒီလိုပြလိုက်ပါမှ အနောက်နိုင်ငံများက

    ” ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ဆိုတာ” မြန်မာမှာထွန်းကားနေပြီ

    လို့ စိတ်ချနိုင်တော့မှာပါ။

    ခုနကတော့ သတင်းတပုဒ်နားထောင်လိုက်ရတယ်အဘ။

    အင်္ဂလန်ဘောလုံးသမား ဆိုးဂမ်းဘဲလ်က လက်ရွေးစင်အသင်းကို

    လူမဲ ကစားသမားတွေကိုမရွေးလို့ အက်ဖ်အေ ကိုဝေဖန်တယ်ဆိုလား။

    နောက်အလယ်တန်းကစားသမား ဝီးရှိုင်းယားကလည်း အင်္ဂလန်မှာမွေးတဲ့

    သူကိုပဲ ရွေးချယ်သင့်တယ်ဆိုလား။

    အက်ဖ်အေကလည်း နိုင်ငံလက်ရွေးစင်အသင်းမှာ နိုင်ငံခြားသား ကစားသမားတွေကို

    ရှော့ချဖို့စီစဉ်နေတယ်ဆိုလား။

    ကျနော်ဖြင့် အဲသည်လူတွေကိုပြောချင်လိုက်တာဗျားးးးး

    “နိုင်ငံတည်ထောင်ဖို့ လူမျိုးမလိုဘူး လူပဲလိုတယ် ” လို့ ။

    မတော်သေးဘီ :mrgreen:

  • ကိုရင်စည်သူ

    October 12, 2013 at 10:02 pm

    အဘ… တားအမြင် ဝိုင်ဂလေး ရဲ့ အမှားအယွင်းကဒေါ့ ဟို ပြည်သူ့ချဉ်ဖတ် နဲ့ ပွဲထွက်လိုက်တာမှာ..
    မြန်မာနိုင်ငံသားတွေရဲ့ ကာလရှည်ကြာ အမြင်ချုံ့ခံရတဲ့ အတွက်ကုလား၊ တရုတ် ခွဲခြား ဆိုးကွက်ကို မြင်တတ်ဒဲ့ အလေ့အထုံကြောင့် ဝိုင်လေး အဆင်းဘီးတပ်ခံလိုက်ရဒါပါ… 😥
    ဒါဟာ ဝိုင်လေးအတွက် သင်ခန်းစာ ဘာ.. ကိုယ့် အင်မေ့ချ် ထွက်ဖို့ လူထုထဲ အမြင်ကြည်ဖို့ ဘာလို ပွဲထွက်ရမယ်ဆိုဒါ
    သင်ခန်းစာဘော့ဗျာ.. ဒါနဲ့ စကားမစပ်လေ.. လူမျိုးရေး၊ အမျိုးသားနိုင်ငံရေးနဲ့ ထူထောင်ထားတဲ့ နိုင်ငံတွေကတော့
    လူမျိုးကို ကြည့်ပီး နည်းနည်း အလေးပေးဆက်ဆံတတ်တာ တွေ့ရတယ်..။ ဟိုတစ်ပတ်
    ကိုရင် ရှန်ဟိုင်း ပူဒေါင်းလေဆိပ်အဝင် ကာစတမ်က ကိုရင် မြန်မာနိုင်ငံသား ပတ်စပို့ကြီး ထိုးပေးတာတောင်
    တရုတ်လားမေးပြီး တရုတ်စကားတွေ ပြောတဲ့အထိပါ။ ကျနော်က တရုတ်စကား ဘုံးကျောင်း ၂ တန်း ၃တန်းထိ
    အောင်ဘူးတော့ အိရှောင်ကွရှောင် တုံးမြင့်ခုန်ရှောင်နဲ့ အဖိုးက ပေကျင်းက ပါလို့ပြောလိုက်တာ.. ကာစတန်က အရာရှိက
    ပျော်ပျော်နေတဲ့ အမျိုးတွေဆီ လျှောက်သွားဒဲ့လေ..။ အပြန်ကျတော့လည်း အဲ့လိုဘာဘဲ.. ကိုရင်ကတော့ မင်းဘယ်လူမျိုးလဲက အရေးမကြီးဘူး မင်းခံယူထားတဲ့ နိုင်ငံအပေါ်
    ဘယ်လောက်ချစ်လဲ သစ္စာရှိလဲ က ပိုအရေးကြီးမယ်ထင်ပါတယ်…။ ချကားမဇက်…. တရုတ်မလေးတွေကလည်း
    အသားလေးဖြူပြီး နိုင်ငံချမ်းသာနေတော့ ကောင်းကောင်းလှလှဝတ်တတ်စားတတ်တာကလွဲရင် ကိုရင်တို့ မြန်မာမလေး သာမီးလေးတွေလောက် လှလှပပကျစ်ကျစ်စည်းစည်း မရှိလှပါဘူးဗျာ… အဘခေါင်းစဉ်က မိုးစက်ဝိုင်လို့ တည်ထားတော့…
    မိုးစက်ဝိုင်နေရာမှာ မြန်မာနိုင်ငံသား ကျွဲမလေးတစ်ယောက်ဖြစ်နေလဲ… ဂျစ်မှာဘဲ.. အားပေးမှာပဲ… :mrgreen:

    • ဖွတ်ပြောင်

      October 13, 2013 at 9:31 pm

      ဒီနာမည်မျိုးကြားရင် အရင်နေရာက အောင့်အောင့်လာတယ် ဆြာမ ရယ်…
      ငိငိ

      တကယ်ကျောလာပါ အလကားကျောလာပါ နောက်တာပါညော်

      :harr:

  • Ko chogyi

    October 13, 2013 at 9:21 pm

    အလှမယ်ကိစ္စတော့ ဘာမှမပြောလိုဘူး(ကိုယ်နဲ့လဲ မဆိုင်ပါဘူး)
    မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံတော့ ရေ၊ မြေ၊ ဒေသ၊ နိုင်ငံအခြေအနေအရ
    တူနိုင်စရာမရှိပါဘူး(အလားတူ အခြား ကမ္ဘာနိုင်ငံကြီးအချိုု့အပါပေါ့လေ)
    ရွှေဈေးနှုန်းနဲ့ မီးသွေးဈေးတော့ ယှဉ်ပြီးပြောလို့ရမှာမဟုတ်ပါဘူး။
    ရွှေကရွှေစစ်ဖို့လိုပြီး၊ မီးသွေးလဲမီးသွေးစစ်ဖို့ပဲလိုပါတယ်။
    မြန်မာနိုင်ငံက top ten စာရင်းဝင် အမေရိကန်မှာ အလုပ်ကြမ်းလုပ်နေလဲ မလွမ်းပါဘူး။
    မြန်မာနိုင်ငံအတွက် အကောင်းဆုံးပြည်သူဖြစ်ဖို့ပဲ လိုပါတယ်။
    (လွတ်လပ်စွာ ကွဲလွဲကြတာပေါ့)

  • ကျော်စွာခေါင်

    October 13, 2013 at 11:52 pm

    အဘဖော..
    ကျနော်တွေးမိတာလေးဘဲ ကျနော် ပြောချင်တယ်..
    ဒေါ်စု ပြင်သစ်ကို လာတုန်းက ကျနော် ပြင်သစ်မှာ ရှိနေခဲ့တာပါ…အခန်းအနားပြီးတော့ ဘေးနားက စားသောက်ဆိုင်မှာ ကော်ဖီသောက်ရင်း မြန်မာဝတ်စုံတွေ ဝတ်ပြီးပဝါတွေ ခြုံထားတဲ့ အသက် ၆ဝကျော် ပြင်သစ်အဘွားကြီး ၄ယောက်နဲ ့ စကားပြောရတယ်..
    “ ငါက မြန်မာပြည်မှာမွေးတာတဲ ့…ငယ်ငယ်ကဆို အိမ်ရှေ ့မှာ လာရောင်းတဲ့ မုန် ့ အမြဲတမ်းဝယ်စားတယ်တဲ့…”
    မုန် ့နာမည်ကို သူ ခဏစဉ်းစားပြီးမှ…
    “ ငါလေ မုန် ့စိမ်းပေါင်းကို အရမ်းကြိုက်တာ..မုန် ့စိမ်းပေါင်းကို လွမ်းတယ် ”တဲ့..။
    မြန်မာစကားကို ပီပီသသကြီး ပြောသွားခဲ့တာ..။
    ကျနော်လေ.. မျက်ရည်တောင် ဝဲမိတယ်..
    နိုင်ငံခြားရောက်မှ မြန်မာစကားမတတ်တာကို ဂုဏ်ယူပြောနေတဲ့ လူတွေ …
    မြန်မာလိုု ့ မထင်အောင် အတင်းလိုက်တုဝတ်နေတဲ့ မြန်မာတွေကြားမှာ…
    ပြင်သစ်အဘွားကြီး တစ်ယောက်ရဲ ့ ရင်ထဲက မြန်မာမြေကို လွမ်းနေတဲ့ နှလုံးသားကို ကျနော်တွေ ့ခဲ့ရတယ်..

    ကျနော်တွေးမိတယ်…
    မိုးစက်ဝိုင်ဆိုတဲ့ မိန်းကလေး ရင်ထဲကို ဘယ်သူဖောက်မြင်နိုင်လို ့လဲ…
    မိုးစက်ဝိုင်ရော… မြန်မာပြည်ကို ချစ်တဲ့ စိတ်လေး မရှိဘူးလို ့ ဘယ်သူပြောနိုင်လို ့လဲ…
    အမှန်ဆိုရင်ဗျာ..
    မိန်းကလေး သဘာဝက ကိုယ့်အလှကို လူအသိအမှတ်ပြုစေချင်တဲ့ အငုံစိတ်ကလေး ရှိကြတယ်ဗျ..
    ဒီအချိန်မှာ ဒီ ကလေးမလေး အရမ်းပျော်နေရမယ့် အချိန်ပါ…
    ဒါပေမယ့် သူ ပျော်နိုင်မှာ မဟုတ်ပါဘူး…

    ကျနော်တို ့အမြဲရွတ်နေတဲ့….
    မုဒိတာ တရားဆိုတာ…
    တရုပ်စပ်မလေးထက် ကျနော်တို ့က ပိုပြီး နားလည်သင့်တာလေ….
    ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေ မဟုတ်လား…။

  • kai

    October 14, 2013 at 4:11 am

    တိုင်းရင်းသားလူမျိုး၁၃၅ခုနဲ့တည်ဆောက်ထားတဲ့.. ပြည်ထောင်စုမြန်မာနိုင်ငံမှာ.. လူမျိုးရေးခွဲပြောတာတွေကြားရဖတ်ရတိုင်း… ရင်ဘတ်ထဲကအောင့်အောင့်လာတယ်… ကွယ်..။
    ကချင်ပြည်နယ်တွင်းရေကာတာကိစ္စ… ရခိုင်ပြည်နယ်တွင်းကိစ္စ.. ထားဝယ်တနင်္သာရီမွန်နယ်ကိစ္စတွေမှာ.. မဟာဗမာတွေကိုယ့်ပြည်နယ်အလားဝင်စွက်ဖက်တာတွေဖတ်ရကြားရလည်း.. ရင်ထဲအောင့်တောင့်တောင့်ပါပဲ..


    လူမျိုးအသားအရောင်ဘာသာရေးခွဲခြားသူကိုအရေးယူရေး.. ခွဲခြားနှိမ့်ချရေးတိုက်ဖျက်မှုဥပဒေတွေအမြန်ပြဌာန်းဖို့လိုနေပြီထင်မိပါကြောင်း…
    ဥပဒေပြုသူတွေ..လွှတ်တော်ထဲဘာလုပ်နေကြသလည်းမသိ..
    ဒီလိုဆက်သွားရင်.. မကြာခင်မြန်မာပြည်ပြိုကွဲတော့မယ်ထင်မိပါကြောင်း…

  • ဦးကြောင်ကြီး

    October 14, 2013 at 10:07 am

    အမှတ်၁မှာ ဂျုးိဝင်း မန့်သွာတာကို ထပ်ဖြည့်လိုက်မယ်.. ဦးနေဝင်း တင်မကဘူး သူ့နောက် ကာချုပ်ဖြစ်၊ အဲဒီကနေ သမဒလုပ်သွားတဲ့ ဦးစန်းယုလည်း တီလုပ်ပဲ…. ဟာ့ကတရုတ်တွေဆိုလား..။ ပြောချင်တာ မြန်မာတွေ အဲလောက် တယူမသန်ပါဘူး….။ ဘယ်ဖက်က ကြည့်သလဲအပေါ် အများဂျီး မူတည်ပါတယ်…။

  • ငဂျစ်

    October 14, 2013 at 11:34 pm

    ဝင်ရောက်ဖတ်ရှု့ပြီးသကာလ မည်သူပြောတာက မည်သိုသဘောရှိ၏
    မည်သူပြောတာက မည်ကဲ့သို့ဖြစ်၏ ဟူသော အကြောင်းအရာများကို
    ဉာဏ်မှီသလောက် စဉ်းစားလိုက်ပါအုံးမည်…………………..

  • ဝင့်ပြုံးမြင့်

    October 17, 2013 at 2:37 am

    ဒီပို့စ်ထဲကို ဝင်မန့်ချင်နေတာ ကြာပါပြီ။ ဘယ်လိုမှ လော့အင်ဝင်မရလို့။
    ပြီးတော့ ဘယ်သူများပြောမလဲလို့ စောင့်နေတာ ပြောမယ့်လူမရှိလို့ မျှစ်ကြော်ပဲပြောတော့မယ်။

    ဝိုင်လေး ကွိုင်တက်တာ အခု ဘဖောပြောတဲ့ အကြောင်းတွေလည်း ပါမယ်။ တခြား အရေးကြီးတဲ့ အကြောင်းကရှိသေးတယ်။ အဲဒါကတော့ — ဝိုင်လေးဟာ မြန်မာကြိုက်မဟုတ်ဘူးရယ်။ နန်းခင်ဇေယျာ မျက်နှာလေး ဘယ်လောက်ချစ်ဖို့ကောင်းလဲ။ ခင်ဝင့်ဝါ ခါးထောက်ပြီး ပို့စ်ပေးနေတဲ့ပုံ ဘယ်လောက်ရေပန်းစားသလဲ။ ဘဖောတို့လည်း အဲဒီပုံလေးကို အနုလုံ ပဋိလုံ ရှုစားပြီးလောက်ပြီမို့ အထူးမပြောလိုတော့ပါဘူး။ ဝိုင်လေးကျတော့ သူတို့ကို မမီဘူးရယ်။ လူကြီးတွေက နိုင်ငံတကာစံချိန်အရပ်အမောင်းကို ရွေးလိုက်တော့ မြန်မာမျက်စိထဲမှာ လှတပတလေး မဖြစ်ဘူး။ အရပ်ထဲမှာ ဝိုင်လေးကို လံဘားမယ် လို့ခေါ်ကြတယ်။

    မျှစ်ကြော်ကတော့ ဝိုင်လေးကိုမှ တကယ့်ကို သရဖူ ရစေချင်တယ်။ မြန်မာမလေးတွေ အရပ်အမောင်းတက်အောင် ကြိုးစားကြဖို့ သူ့ကို စံပြဖြစ်သွားစေချင်တာပါ။ မြန်မာမလေးတွေ အရပ်မြင့်အောင် မကြိုးစားချင်ကြဘူး။ ပုတက်တက်လေးတွေချည်းပဲ။ အလှအပနောက်ပဲ လိုက်ကြတယ်။ အသက် ၃ဝကျော် ၄ဝလောက်ဆိုရင် ဗိုက်မှာ အဆီရစ်ပြီး မြန်မာမတွေ အင်မတန်ရုပ်ဆိုးကြတယ်။
    —-
    ကွန်မင့်နောက်ကျတဲ့အတွက် သီးခံပါ ဘဖောရေ။ ဒါပေမယ့် ပြောချင်တာ ပြောလိုက်ရလို့ ဝမ်းသာပါတယ်။

Leave a Reply