ပြာလွင်လွင် (ဓါတ်ပုံပိုစ်)
“ပြာလွင်လွင်”
ပြီးခဲ့တဲ့ရက်က မိတ်ဆွေများနဲ့ဓါတ်ပုံရိုက်ထွက်ခဲ့ကြပါတယ်။
အားလုံးသုံးယောက်။
ရဲရွာဘက်ကအပြန်နေဝင်ချိန်ကိုေ ရတံခွန်တောင်အသွားလမ်း
အောင်ပင်လယ်မှာ ရိုက်မယ်ဆိုပြီး ဆည်တော်ကြီးမြောင်းဘောင်
အတိုင်းလာခဲ့ကြတာပါ။
အဲလိုလာနေရင်း တစ်ခါက ရွှေမင်းသားပြောတာကိုသတိရသွားပါတယ်။
ဒီမြောင်းဘောင်လမ်းတစ်နေရာမှာတောင်အရိပ်တွေက ရေထဲကိုကျ
နေတာရှိတယ်ဆိုတာကိုပါ။
အဲလိုသွားနေရင်းက ရေကြည်ပေါက်မရောက်ခင်တစ်နေရာ
မြောင်းဘောင်လေး နံဘေးကိုကြည့်လိုက်တော့ တောင်တန်းတွေရဲ့
အရိပ်က ရေထဲမှာကျနေတာကို မြင်တော့
မိူရသလို ဝမ်းသာသွားကြပါတယ်။
ဒါနဲ့ဘဲဆင်းပြိး ဓါတ်ပုံတွေရိုက်ကြပါတယ်။
ဒါပေမယ့်လုံလောက်တဲ့အလင်းရောင်က မရ။
ပုံကစိတ်ထင်သလောက်ပြတ်သားမှူမရှိ။
ဒါပေမယ့် ပြာလွင်သော ရှမ်းတောင်များရဲ့
ပုံရိပ်ကို ကင်မရာထဲမှာမြင်ရတော့ ကြည့်မဝ။
တကယ့်သဘာဝအလှတရားများ။
ကျနော်က အပြာနုရောင်နှစ်သက်သူ။
ပြာလွင်လွင်တောင်တန်းမျာက ကျနော်ကို့ဖမ်းစားထားလိုက်ပါတယ်။
နောက်တစ်ချိန်ထပ်၍ လက်ဆော့မယ်လို့ ဆုံးဖြတ်မိပါတယ်။
ကဲ ပြာလွင်လွင်လေး လှမ လှ။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
16-10-2013
29 comments
မဟာရာဇာ အံစာတုံး
October 17, 2013 at 10:08 am
ပြာလွင်လွင် ပေါပီး
ဘဇာဂျောင့် ဟိုမဲမဲဂျီးက ပါလာရဒါဒုန်း
ဟွန့်နော် …
ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး မလုပ်နဲ့ ..
လူဇိုးး မချစ်ဒေါ့ဘဲ နေပလိုက်မယ် …
ကိုပေါက်(မန္တလေး)
October 17, 2013 at 9:46 pm
အမဲဆိုတာအရောင်အားလုံးရဲ့ဆရာလေ
စိန်ဗိုက်ဗိုက်
October 17, 2013 at 10:22 am
ကြိုက်တယ်ဗျို ့
အဲလိုရှုခင်းဘေး..ပဲဂျီးလှော်ဝါးပြီး ဘီအီးထိုင်သောက်ချင်တာ..
ရေထဲတော့ တွန်းမချနဲ ့ ..ကျော် ရေမကူးတတ်ဝူးရယ်
ကိုပေါက်(မန္တလေး)
October 17, 2013 at 10:09 pm
ချစ်သူကြီး ပြန်လာပြီဟေ့
Ma Ma
October 18, 2013 at 8:45 am
ပြန်ပေါ်လာတဲ့ ကျော် လေသံပြောင်းသွားသလိုပဲ။
ပြာလွင်လွင်ကောင်းကင်ကလည်း ပန်းချီဆရာ အပြာရောင်ဆေးအိုးမှောက်သွားသလားထင်ရလောက်အောင်ပါပဲ……. 🙂
alinsett
October 17, 2013 at 10:52 am
ဝိုးးးးးးး
အသက်ရှုဖို့တောင်မေ့သွားစေလောက်သော အလှတရားတွေပါလားးး
ဒီလိုပုံလေးတွေ နဲ့ ကဗျာလေးတွေ တွဲစပ်ကြည့်ရင်တော်တော်လှမလားပဲ
တွေးမိတာပါ
မင်းခန့်ကျော်
October 17, 2013 at 11:22 am
ဆရာရေ စကားအတင်းဆက်လို့ ဖြင့်
မြန်အောင် ဟောပြောပွဲ က မှတ်တမ်းခွေ ထွက်ခဲ့ရင်
ကျတော်လဲလိုချင်ပါတယ်။
ကိုပေါက်(မန္တလေး)
October 17, 2013 at 10:15 pm
အလက်ဆင်း တို့ကဗျာ ပြခန်းကို ကျနော့် ဓါတ်ပုံများဖြင့်တစ်ခါလောက် အလှဆင်ချင်ပါသည်
ဒီဇင်ဘာနောက်ဆုံးအပါတ်ကို ထူးထူးခြားခြားဖြစ်အောင် ဓါတ်ပုံဖြင့် အလှဆင်ကြရအောင်
alinsett
October 18, 2013 at 7:47 am
ဟုတ်ကဲ့ လေးပေါါက်ရေ
ကဗျာ နဲ့ လေးပေါက် ပုံလေးတွေ တွဲစပ်ပြီး
ပြခန်းတစ်ခန်းဖွင့်လိုက်ရင်တော့
သိပ်လှသွားမှာပဲ။
စီစဉ်ကြပါစို့
Ma Ei
October 17, 2013 at 11:12 am
အပြာရောင် အနု အရင့် တောင်တန်းတွေ အထပ်ထပ် နဲ့ ရေပြာပြာ…
ဒါ ဓာတ်ပုံလား…ပန်းချီလား…ဆရာရေ…
ကိုပေါက်(မန္တလေး)
October 17, 2013 at 10:28 pm
မအိရေ
ဓါတ်ပုံအစစ်ပါခင်ဗျာ
မင်းခန့်ကျော်
October 17, 2013 at 11:15 am
အပြာရောင် + တောင်တန်း = ကျတော်အလွန်ကြိုက်သောပုံများဖြစ်လာ။
ပန်ချီ ဆိုရင်တော့…..
အပြာနုနု + တောင်တန်း+ ကျေးလက် အငွေ့အသက် = ကျတော်ကြိုက်သောပန်းချီကားဖြစ်လာ။
ဒီပုံတွေတော့ကျတော်သိမ်းထားမယ်။ သူဂျီး ဆာဗာကိုစိတ်မချလို့
ကိုပေါက်(မန္တလေး)
October 18, 2013 at 9:09 am
ကိုခန့် မြန်အောင် ပွဲ ရလျင် ပို့ပေးပါမည်
အပြာရောင်သည်လူစိတ်ကိုပျော့ပြောင်းနူးညံ့စေပါ၏လို့ ရုပ်ကြမ်းကြီးကိုပေါက်က ခံယူထားပါ၏
ဗုံဗုံ
October 17, 2013 at 1:53 pm
ပြာလွင်လွင်ဝေဟင်ထဲ…….ဝဲလာတဲ့ငှက်ငယ်ရယ်……..
အပြာရောင်အချစ်ည မင်းလှမ်းကြည့်လိုက်စမ်း……..
တိဝူး….တိဝူး…..ဒါ့ပုံတွေကြည့်ပြီး ငိုချင်တာဘဲတိဒယ်… 😥
နာ ရေထဲခုန်ချလိုက်မှာတော့…..ဟွန်း..
ကိုပေါက်(မန္တလေး)
October 18, 2013 at 9:30 am
သီတင်းကျွတ်ခါနီးပါပြီ လူရိုသေ ရှင်ရိုသေအောင် အတွဲလေးရပြီးမှ ခုန်ချပါ မိဗုန်
TNA
October 17, 2013 at 2:02 pm
လှလိုက်တာ လေးပေါက်ရေ။ ပြာအောင်ဘယ်လိုလုပ်ရိုက်တာလဲဟင်။ ဆန်းလိုက်တာ
ကိုပေါက်(မန္တလေး)
October 18, 2013 at 11:16 am
မယ်သဲရေ
ကင်မရာမှာပါတဲ့ super vivid function ကို အသုံးပြုပြီးရိုက်တာရယ် သဘာဝအတိုင်းကို က ပြာလွင်နေတာရယ်ကြောင့်ပါ
Mr. MarGa
October 17, 2013 at 2:37 pm
တောင်တန်းပြာပြာ
ဝေဝေဆာ
ကာလာ ဘလိုင်း
ဒေါင်ချာစိုင်း………….
အဲဒီ အဲဒီ ပုံတွေကြည့်ပြီး
blue hills ဆိုတဲ့ ပုံလေးတွေကို သတိရမိတယ်
နင်လားငါလားပဲ လေးပေါက်ရ
ကိုပေါက်(မန္တလေး)
October 18, 2013 at 11:26 am
တောင်ပြာတန်းက ငိုမယ်
KZ
October 17, 2013 at 2:49 pm
လှတာဗျာ။
ပန်းချီအတိုင်းပဲ။
🙂
Swal Taw Ywet
October 17, 2013 at 4:13 pm
ကူးထားလိုက်ပြီ ကိုပေါက်ရေ။
လှလိုက်တာဗျာ။
စကားအတင်းစပ်– နာမည်ထိုးတဲ့နေရာ p ကို P အကြီးပြင်ပေးပါလားဟင်။
With respect,
Swal Taw Ywet.
ကိုပေါက်(မန္တလေး)
October 18, 2013 at 11:28 am
ကေဇက် သီချင်းနဲ့ခေါ်လိုက်မယ် ပြန်လာပါတော့…………………….
ကိုစွယ်တော်ပြောတဲ့အတိုင်း မနေ့ကစပြီးပြောင်းလို်က်ပါပြီ
nicolus agral
October 18, 2013 at 7:17 pm
ဂွတ်တယ်ဗျာ
Peace and Quiet
ကိုပေါက်(မန္တလေး)
October 21, 2013 at 11:20 am
ကျေးကျေး ပါ နီကိုလပ်စ်ရေ
ဇွဲမာန်(အင်းဝ)
October 20, 2013 at 11:10 pm
ဗျို့လေးပေါက် မတွေ့တာတောင်ကြာပြီနော်၊ နေရောကောင်းရဲ့လား၊အဆင်ရောပြေလား၊ အေးဗျာ ဓာတ်ပုံတွေမကြည့်ရတာလဲကြာပြီ….သတိရတယ်လေးပေါက်ရေ..။
ကိုပေါက်(မန္တလေး)
October 21, 2013 at 11:33 am
ထိုင်နေကျဆိုင်က ပိတ်သွားတော့ မတွေ့ရတော့ ဘူးပေါ့ ကိိုဇွဲရေ
ဦးကျောက်ခဲ
October 21, 2013 at 8:22 am
မှန်တာပြောတာမို့ သစ္စာပါ အကိုပေါက်ရေ…
မောင်ကျောက် ဓာတ်သေလည်းမရိုက်တတ် သိပ်လည်းစိတ်မဝင်စားပါဘူး…
အဲ… မနေ့ညက အိပ်ရာမဝင်ခင် ဘာရယ်မဟုတ် ဒီပို့စ်ကို ကြည့်မိတာ…
အိပ်မက်ထဲမှာ အပြာရောင်တွေ ထုံမွှန်းသွားလို့…
🙂
ကိုပေါက်(မန္တလေး)
October 21, 2013 at 11:42 am
အပြာရောင်လေး ချစ်မျက်ရည် လား ကိုကိုကျောက်
Nyein Nyein
October 21, 2013 at 12:50 pm
လေးပေါက်ရေ….. အပြာရောင်တွေကို မြင်ရတာ အေးချမ်းသွားတာပဲ။
2, 4, 6 ရယ်ကိုတော့ ကြိုက်လို့ ကူးထားလိုက်ပါတယ်ဗျို့။ 🙂