Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အသစ်ကလေးအတွက် Ethic????

Swal Taw YwetOctober 17, 20131min64814

မန္တလေးဂဇက်မှာပျော်နေတဲ့ စွယ်တော်ရွက် ကိုခေါင်းကိုက်အောင်လုပ်နေတဲ့ အသစ်ကလေးကြောင့်ပါဗျာ။ကူကြပါဦး။

ပြီးခဲ့တဲ့အပတ်က ကျနော့် သင်တန်းမှာ Model မျိုးစုံနဲ့လေ့ကျင့်နိုင်အောင် လျှပ်စစ်ပစ္စည်းလေးတွေ ထပ်ဝယ်ရင်း အဲဒီ အသစ်ကလေးနဲ့တွေ့ခဲ့တာပါဗျို့။ လှတော့တော်တော်လှတယ်။ ဗီယက်နမ်ကလာတာလို့ပြောတာပါဘဲ၊ သပ်သပ်ရပ်ရပ် ပလပ်စတစ်အိတ်လေးနဲ့ ထုပ်ပိုးထားပါတယ်။

ဗျာ…….ဟာ…….ဟာ.. လူမဟုတ်၊နတ်သမီးမဟုတ်ပါဗျာ၊ မီးခေါင်းအသစ်လေးတွေအကြောင်းပြောနေတာပါ၊ဘာတွေလျှောက်တွေးနေတာတုံး၊၊၊ဟီ   ဟိ၊။

အထဲမှာ အညွှန်းစာရွက်လေးလဲပါတယ်၊ ဖတ်ကြည့်မိတော့ ဗီယက်နမ်လို ၃ ကြောင်း၊ အင်္ဂလိပ်လို ၃ ကြောင်း တွေ့ရပါတယ်၊ အင်္ဂလိပ်လို ရေးပြထားတာလေးတွေကို ကိုယ်နားလည်သလောက် ဘာသာပြန်ကြည့်မိလိုက်တော့ ဒီလိုနားလည်မိပါတယ်ခင်ဗျ။

Plastic Lamp Holder With Impact Resistance.= ထိခိုက်မိတဲ့ဒဏ်ခံနိုင် အောင် ပလပ်စတစ်နဲ့လုပ်ထားတဲ့မီးခေါင်း။ မတော်တဆလွတ်ကျ၊ထုရိုက်မိရင် အလွယ်တကူ မကွဲနိုင်ဘူးပေါ့။

Only Used For Compact Light.= Compact Light များတွင်သာ သုံးစွဲပါရန် တဲ့။

Compact Light ဆိုတာ အခုနောက်ပိုင်း Energy Saving ဆိုပြီးခေတ်စားလာနေတဲ့ မီးချောင်းကွေး၊မီးချောင်းခွေ စသဖြင့် ခေါ်ဝေါ်သုံးစွဲနေကြတဲ့ Compact Fluorescent Lamp (CFL ) ကိုရည်ညွှန်းတာလို့နားလည်မိပါတယ်၊ မီးချောင်းသေးသေးလေးတွေကို အီလက်ထရောနစ်နည်းပညာ သုံးပြီးလင်းအောင်လုပ်ထားတာလေးတွေလေ။ အဟီး တချို့ကများဆို မီးသီးကွေးလို့တောင်ခေါ်သေးဗျ။

အပူဓါတ် သိပ်မထွက်တာရယ်၊ မီးအားမပြည့်လည်းလင်းအားကောင်းတာရယ်၊ သက်တမ်းအာမခံပေးတာလေးတွေလည်းရှိတာရယ်ကြောင့် လူသုံးများလာတာလေးတွေပေါ့။

Not Used for Incandescent Bulb.=( ရှေးရိုး ) တန်စတင်နန်းမျှင်သုံး မီးသီး မီးလုံးများအတွက် အသုံးမပြုပါနှင့်။   တဲ့။

Incandescent Bulb လို့သုံးထားတာခင်ဗျ၊ စာလုံးပေါင်းရှည်ရှည် ခက်ခက် မို့ အင်ဂျင်နီယာကျောင်းသားတွေတောင် သိပ်မှတ်မထားမိမယ့် စကားလုံးပါ၊ အတိုကောက် Bulb လို့ဘဲ ခေါ်နေ သုံးနေလေ့ရှိတာပါ။တန်စတင်နန်းမျှင်သုံး မီးသီး မီးလုံးများ ဟာ လျှပ်စစ်စီးရင် အလင်းရောင်ထုတ်လွှတ်ပေးပါတယ်၊ တပြိုင်နက်တည်း အပူဓါတ်ကိုပါထုတ်လုပ်ပေးနေတာပါခင်ဗျ။

အညွှန်းစာရဲ့ အဆိုအရ အဲဒီမီးခေါင်းများသည် အပူဒဏ် ခံနိုင်ရည် လျော့နည်းမယ်လို့ နားလည်လိုက်ပါတယ်။

ပိုပြီးသေချာအောင် ကျနော့်ဆီမှာရှိနေတဲ့ ၄ဝ ဝပ်အား တန်စတင်မီးလုံးလေးထွန်းပြီး စောင့်ကြည့်လိုက်ပါတယ် ။ နာရီဝက်အကြာမှာ ပလပ်စတစ်ပျော့လာပါတယ်၊ တစ်နာရီအကြာမှာ စတင် အရည်ပျော်ကျလာပါတယ်၊ ကျနော် ဆက်မစမ်းသင့်တော့ဘူးလို့ယုံကြည်လို့မီးပိတ်ပြီးမှတ်တမ်းဓါတ်ပုံဘဲ ရိုက်ထားလိုက်ပါတယ်။

အဲဒီ ၄ဝ ဝပ်မီးသီးလေးနဲ့စမ်းသပ်ကြည့်တာပါ။
အဲဒီ ၄ဝ ဝပ်မီးသီးလေးနဲ့စမ်းသပ်ကြည့်တာပါ။
မီးဖွင့်ချိန် ၁နာရီအကြာမှာ ဘဲဥပုံဖြစ်လာတဲ့ ပလပ်စတစ်မီးခေါင်း။
မီးဖွင့်ချိန် ၁နာရီအကြာမှာ ဘဲဥပုံဖြစ်လာတဲ့ ပလပ်စတစ်မီးခေါင်း။

 

ရွာသူားများခင်ဗျာ။

အဲဒီအချိန်ကစပြီး ကျနော် ခေါင်းခဲနေတော့တာမို့ အခု ပို့စ်တင်ပြီး ထင်မြင်ချက်တွေတောင်းခံရတာပါ။ ဝိုင်းဝန်းဆွေးနွေးပေးပါဦးနော။

( ၁ ) အဲဒီလို အားနည်းချက်ရှိနေတဲ့ အကြောင်း အများပြည်သူသိအောင်ဘယ်လိုအသိပေးရမှာပါလည်း??

( ၂ ) Company နာမည်ကိုဖေါ်ပြပေးသင့်ပါသလား??၊ သူ့ ပစ္စည်းအကြောင်း ဆောင်ရန်ရှောင်ရန်တွေ ထည့်သွင်းဖေါ်ပြပေးထားလို့ အတိုင်းအတာတစ်ခုထိ တာဝန်ကျေပြီးသားမို့လို့ပါ။

ပစ္စည်းပေါ်မှာ ဘာ အမှတ်အသား မှ ရိုက်နှိပ်ထားခြင်းမရှိပါဘူး။ လုံးဝပြောင်ချောပါခင်ဗျ။ ပလပ်စတစ်အိတ်ပေါ်မှာဘဲ တံဆိပ်ရိုက်ထားတာပါ။ အကယ်လို့ Company နာမည်ဖေါ်ပြလိုက်လို့ ဝယ်သူမရှိတော့ဘူးဆိုရင် လက်ဝယ်ရှိထားပြီးသားအရောင်းဆိုင်တွေက အပေါ်က ပလပ်စတစ်လေးကို ဖြုတ်ပစ်လိုက်ပြီး ရောင်းမှာပါ၊ တွဲထည့်ပေးလိုက်တဲ့ သတိပေးစာရွက်လေးတောင်ပျောက်သွားတော့မှာပါ။

သတိပေးစာရွက်လေးမှာ မြန်မာလိုလုံးဝမပါပါ၊ ပါနေတဲ့ အင်္ဂလိပ်လိုစာသားကိုလည်း ဖတ်မိသူတွေ အလွယ်တကူ နားလည်နိုင်မယ်မထင်ပါ၊ အဆိုးဆုံးသိနေမိတာက ကျနော်တို့ ပြည်သူားတွေ အညွှန်းဖတ်တာဆိုလို့ တိုင်းရင်းဆေးဝါး အညွှန်းဘဲဖြစ်နေလို့ပါ။ ကျန်တာတွေ လုံးဝနီးပါး ဖတ်လေ့မရှိတာပါခင်ဗျာ။

ရွေးချယ်ခွင့်၊လွတ်လပ်စွာရွေးကောက်တင်မြှောက်ခွင့်ကို အသံကျယ်ကျယ်အော်နေတဲ့ ကျနော်တို့ မြန်မာပြည်သူားတွေက တစ်ချို့နေရာကျတော့ ရွေးနေရရင် မကြိုက်ချင်ပြန်ဘူးဗျ၊ အခုမီးခေါင်းလို တွေ့ရာမီးလုံးလည်း လဲတပ်လို့မရဘူး Compact Light တစ်မျိုးတည်းသာတပ်သုံးလို့ရမယ်ဆိုရင် ရွေးတော့မှာမဟုတ်ပြန်ဘူး။ ထားတော့ အခုမီးခေါင်းအသစ်ဝယ်တာ၊ အညွှန်းစာကိုနားလည်လို့ Compact Light တော့ အခုဝယ်တပ်လိုက်ပါမယ်၊ အဲ အညွှန်းစာရွက်လေးကိုလွှင့်ပစ်လိုက်မှာလဲ အသေအချာပါဘဲဟုတ်။ ကာလတစ်ခုကြာလို့ တပ်ထားတဲ့ မီးကွေး ကြွမ်းသွားတဲ့အခါ အလွယ်ရတဲ့ တန်စတင်မီးလုံးပြောင်းတပ်မိလိုက်ရင် မခက်ပါလား။ အပူဒဏ်မခံနိုင်တဲ့ မီးခေါင်းမှာ အပူဓါတ်ထုတ်ပေးတဲ့ မီးသီးတွေ တပ်ပြီးသုံးလိုက်မိရင် မီးဖွင့်ထားတာအချိန်ကြာလာတဲ့အခါ ပထမဆုံး မီးခေါင်းပျော်ကျ သွားပါမယ်၊ မီးခေါင်းမှာ ဆက်သွယ်တပ်ဆင်ထားတဲ့ ဝါယာကြိုးတွေ အချင်းချင်း ထိတွေ့သွားပြီး Short Circuit ဖြစ်တဲ့အခါ ဝါယာကို ကာကွယ်မှုပေးရမယ့် ဖြူးစ် ပြတ်သွားရင်တော်ရဲ့ မပြတ်ပဲ ဝါယာကြိုးတစ်လျှောက်မီးလောင်သွားမှ ဟုတ်ပေ့ဖြစ်မှာပါခင်ဗျ။ အန္တရာယ်ရှိနိုင်ဖြစ်နိုင်မှာတော့ သေချာနေပါတယ်။

အခုစွယ်တော်ရွက်မြင်မိတွေ့မိနေတဲ့ အပူဒဏ်မခံနိုင်သော လျှပ်စစ်မီးခေါင်းအသစ်လေးကနေ နဲနဲလေးရှေ့ဆက်တွေးကြည့်ပေးပါဗျာ။

တင်းကြပ်မှုမရှိတဲ့ ဥပဒေတွေကိုဘဲ လက်ညှိုးထိုးရမှာလား၊

ဖြစ်ကတတ်ဆန်း အလွယ်သုံးတတ်တဲ့အလေ့ကိုဘဲ ပုံချရမှာလား။

Company တွေရဲ့ ကျင့်ဝတ်စောင့်ထိန်းမှု Ethic ကိုဘဲဝေဖန်ကြရမှာလား၊

( မြန်မာလိုအညွှန်းထည့်ခိုင်းရမှာလား။)

အများပြည်သူတွေ အန္တရာယ်နဲ့ကြုံမှာမြင်နေတဲ့ ကျနော်တို့လိုသူတွေ လိုက်နာရမယ့် Ethic က ဘယ်အထိလဲ။ ဘယ်လောက်အထိအော်သင့်ပါသလဲ။

ကူကြပါဦးဗျိုးးးးးးးးး

ပြိုင်တူတွန်းရမယ့် ကိစ္စတစ်ရပ်ဖြစ်နေလို့ပါခင်ဗျ။

With respect,

Swal Taw Ywet.

14 comments

  • Mr. MarGa

    October 17, 2013 at 3:23 pm

    အပြစ်တင်၊ အပြစ်ရှာနေရင်
    အမယ်ဘုတ်ရဲ့ သူ့ချည်ခင် ဖြစ်နေမယ်ဗျ
    ဟိုဘက်ကလည်း ဒီဘက်က အားနည်းချက်ပါ လို့ ထောက်ပြ၊ ဒီဘက်ကလည်း ဟိုဘက်က တာဝန်မကျေတာပါလို့ ပြန်ပြော နဲ့
    ဆုံးမယ်မထင်။
    ကုမ္ပဏီဘက်ကတော့ အညွှန်းနဲ့ အတိအကျ ပြောထားတာမို့ ရှင်းပြရမယ့် တာဝန်က ဆိုင်တွေဘက်ကို လှည့်လာတယ်လို့ ထင်ပါတယ်။
    အော်တော့ အော်ရမှာပေါ့ဗျာ
    လုပ်နိုင်တဲ့ အတိုင်းအတာကို ပြောရရင်
    ဝယ်သူတွေကို သေချာ အကျိုးအကြောင်း ပြောရောင်းဖို့ ဆိုင်တွေကို တိုက်တွန်းပေးလို့ ရတယ်
    ဒါတွေက ဒီလိုရှိပါတယ်ဆိုတာ မီဒီယာကနေ ပြောနိုင်တယ်
    အဲလို အဲလိုလေးတွေတော့ တွေးမိသွားတယ်ဗျာ

  • alinsett

    October 17, 2013 at 3:48 pm

    လားးးပေါင်းများးးစွာ

    အတွေးများနဲ့ ချာချာလည်. . . .

    🙂

  • TNA

    October 17, 2013 at 3:58 pm

    အင်း သဂျီးစကားငှားပြောရရင်တော့ စနစ်ကြောင့်မဟုတ် တဲ့။ ကျွန်မတို့တောင်အညွန်းကိုဖတ်မိမယ်မထင် ဘူး။ ဖြစ်တော့မှပဲသိတော့မှာ။ ခက်တော့ခက်တယ်။ ရောင်းတဲ့သူတွေကလဲသိချင်မှသိမှာ။ အင်း ဒုတ်ခဒုတ်ခ

  • kyeemite

    October 17, 2013 at 4:18 pm

    ကိုစွယ်တော်ရေ..အရေးကြီးတယ်ဗျို့

    အကျိုးပြုပို့စ်ပဲဗျာ..Company ကိုဆော်တာမှမဟုတ်တာ
    Only Used For Compact Light.
    Not Used for Incandescent Bulb.
    အဲဒါတွေရေးထားတော့ Companyကတာဝန်ကြေတယ်
    ခက်တာက ဝယ်သုံးတဲ့ လူအမျာစု နားမလည်နိုင်တာက ပြဿ
    နာ ..ဆိုတော့..ခင်ဗျား ဆောင်းပါးကောင်းကောင်းလေးတစ်ပုဒ်နဲ့
    အထောက်အထားဓါတ်ပုံ နဲ့ မီဒီယာကိုရေးပို့ဗျာ
    အဓိကကတော့ ဖတ်မိသူပြည်သူတော်တော်များများ
    အန္တရာယ်မဖြစ်အောင် ကရုစိုက်နိုင်တာပေါ့

  • ဦးဦးပါလေရာ

    October 17, 2013 at 4:59 pm

    ကျုပ်ကတော့ ဒီထုတ်ကုန်ကို အများပြည်သူသုံးသင့်တယ်လို့ လက်မခံနိုင်ပါ..
    မီးထွန်းရင် အပူထွက်မှာက တန်စတင် မီးလုံးမှ ဖြစ်နိုင်တာမဟုတ်ပါ..
    အကယ်၍ မီးခေါင်းထဲက မီးသီးနဲ့ ထိတွေ့မယ့် contact point နေရာတွေမှာ မထိတထိဖြစ်လို့ spark ထွက်ရင်လဲ အပူထွက်နိုင်တာပဲ..
    မီးခေါင်းကို ဝါယာကြိုးနဲ့ တပ်ဆင်တဲ့နေရာမှာ ပစ်စလက်ခတ် မမိတမိလုပ်ထားရင်လဲ အပူထွက်နိုင်တာပဲ
    (ဒီခေတ်မီးဆင်တဲ့ကိုယ်တော်တွေ ဝါယာကြိုးစထိပ်ကို ပါးစပ်နဲ့ကိုက်ဖြတ်၊ ပြတ်ပါမသွားပဲကျန်နေတဲ့ ကြေးဝါယာမျှင်တစ်ချို့ကို ဖြစ်ကတတ်ဆန်း လက်နဲ့ရစ်ပြီး တုပ်ထည့်လိုက်တာတွေ များမှများ…)
    ဘယ်နည်းနဲ့ပူပူ ပူလာရင် ပလပ်စတစ်အပျော့က အရည်ပျော်မှာပဲ…

    အင်း..
    စကားစပ်လို့ပြောရရင်
    အဲသည် ဗီယက်နမ်မီးပစ္စည်းတွေကို ကျုပ်လဲ တော်တော်သုံးထားပါကြောင်း…
    သူ့ထဲက ကြေးသားက တရုတ်အပေါစားထက်လဲကောင်း
    ပစ္စည်းတန်ဖိုးက တံဆိပ်ကောင်းကောင်းတွေထက်လဲ တဝက်လောက်သက်သာနေလို့ ဖြစ်ကြောင်း….

    🙁

    • Swal Taw Ywet

      October 25, 2013 at 4:05 pm

      တန်ဘိုးက ပို ကြီးနေတာလားလို့ပါ ဦးပါရေ။
      ကျနော် Junction Square City Mart ကဝယ်တာ ကပ်ခေါင်း ( အသားတံဆိပ်ပါ ) ၃၅ဝ ကျပ်၊
      ဗားကရာ မီးပွီုင့်နားက ဝယ်တာ တွဲလွဲခေါင်း ( ပုံထဲက ပစ္စည်း ) ၄၀ဝ ကျပ် ခင်ဗျ။ တရုပ် က ၃၀ဝ ကျပ်နဲ့ ရ တယ်နော်။
      ရွှင်လန်းချမ်းမြေ့ပါစေ။
      With respect,
      Swal Taw Ywet.

  • black chaw

    October 17, 2013 at 5:11 pm

    သတိပေးစာရွက်လေးမှာ မြန်မာလိုလုံးဝမပါပါ၊
    ပါနေတဲ့ အင်္ဂလိပ်လိုစာသားကိုလည်း
    ဖတ်မိသူတွေ အလွယ်တကူ နားလည်နိုင်မယ်မထင်ပါ၊

    အန္တရယ်ရှိတဲ့ သတိပေးချက်တွေကို
    မြန်မာစာနဲ့ ထင်သာမြင်သာအောင်
    ထည့်ပေးသင့်တယ်လို့ ထင်မြင်ယူဆမိပါတယ် ကိုစွယ်တော်ကြီးရေ…။

  • surmi

    October 18, 2013 at 9:16 am

    မီဒီယာအကူအညီနဲ့ ကျယ်​ကျယ်​ပြန်​့ပြန်​့ ​အော်​သင်​့ပြီအစ်​ကို​ရေ..
    ပညာရပ်​ဆိုင်​ရာ စကားလုံး​တွေကို သာမန်​လူ​တွေမသိနိုင်​ပါဘူး… ဗမာလို​ရေးထားလည်​း ဖတ်​မှာမဟုတ်​..ဆို​တော့..
    အ​ကောင်​းဆုံးက ဒီနိုင်​ငံအတွက်​ ဒီ​လောက်​ကန်​့သတ်​ချက်​များတဲ့ပစ္စည်​းမျိုးမသုံးတာ​ကောင်​းပါတယ်​။
    တရုပ်​ပစ္စည်​းထက်​​တောင်​အ​ခြေအ​နေဆိုး​နေပုံဘဲ…

  • surmi

    October 18, 2013 at 9:22 am

    ရှယ်လိုက်​ပြီအစ်​ကို​ရေ..

  • KZ

    October 18, 2013 at 9:30 am

    အို။
    တစ်ယောက်ရဲ့ အမှားနဲ့ လူအများ ထိခိုက်မဲ့ ကိစ္စကတော့ အသိပေးသင့်ပါတယ်။
    ကျနော် လို လူမျိုးဆို ဒီလောက် ရှင်းပြမှပဲ သိတာ၊။
    အညွှန်းတို့ ဘာတို့ဆိုတာ ဖတ်တာဟုတ်ဘူးးးး
    ကောင်းကျိုးနဲ့ ယှဉ်တဲ့ လုပ်ရပ်၊ ကောင်းမှု နဲ့ ယှဉ် တဲ့ စိတ်ဓာတ်မျိုးတော့ အားပေးတယ်။
    ရှယ်လိုက်ပြီ။

  • padonmar

    October 18, 2013 at 8:42 pm

    လူအများမြင်နိုင်ဖတ်နိုင်မယ့် သတင်းစာ၊ဂျာနယ်တွေကို ဒီအကြောင်း ဓာတ်ပုံနဲ့တကွ ဆောင်းပါးလေး ရေးပို့သင့်ပါတယ်။
    ကုမ္ပဏီကို တိုက်ခိုက်တာမဟုတ်တဲ့အတွက် အားမနာပါနဲ့။
    စွယ်တော်ရွက် ရည်ရွယ်ချက်သန့်တာသိသာပါတယ်။
    ဒီပို့စ်အတွက် အများပြည်သူကိုယ်စား ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

    • Swal Taw Ywet

      October 25, 2013 at 4:10 pm

      ကမာရွတ်တိုင်းမ် ကိုတော့ စာမူပို့ပေးထားပါတယ်ခင်ဗျ။
      ကုမ်ပဏီ နာမည်တော့ ထည့်မပေးဖြစ်လိုက်သေးဘူး။
      စောင့်ကြည့်နေရတုံးပါ။
      With respect,
      Swal Taw Ywet.

  • Ma Ma

    October 20, 2013 at 1:48 pm

    ကုမ္ပဏီအနေနဲ့ သူ့ ပစ္စည်းအကြောင်း ဆောင်ရန်ရှောင်ရန်တွေ ထည့်သွင်းဖေါ်ပြပေးထားလို့ အတိုင်းအတာတစ်ခုထိ တာဝန်ကျေပြီးသားမို့လို့ အပြစ်ပြောလို့တော့ မရနိုင်ဘူး။
    သုံးစွဲသူတွေဘက်က အညွှန်းမဖတ်ပေမယ့် သုံးစွဲဖို့ တပ်ဆင်ပေးမယ့် လျှပ်စစ်ပညာရှင်တွေကတော့ သိနိုင်ကောင်းပါရဲ့။
    ကိုယ်နားမလည်တဲ့ပစ္စည်းဝယ်မယ်ဆိုရင် ရောင်းချသူတွေကို အကြံဉာဏ်တောင်းတာလည်း မဆိုးဘူး။
    အကောင်းဆုံးကတော့ မြန်မာလိုအညွှန်းလေး ထည့်ပေးလိုက်ရင် အဆင်ပြေလောက်ပြီထင်တယ်။ 🙂

  • kolumbus

    October 20, 2013 at 8:04 pm

    ဥပဒေနဲ့လုပ်ပေးရမှာပါ။
    မြန်မာနိုင်ငံကို သွင်းတဲ့ ပစ္စည်းတွေမှာ အန္တရာယ်ရှိနိုင်တဲ့ ပစ္စည်းတွေ အားလုံးကို မြန်မာစာနဲ့ အညွှန်းတွေကို ထင်သာမြင်သာတဲ့ နေရာတွေမှာ သေချာစွာရေးထားမှ သွင်းခွင့်ပြုမယ်ဆိုတဲ့ ဥပဒေကို ပြဌာန်းပြီး၊ တိတိကျကျ လုပ်ရမယ်။ ဒါအမျိုးသားရေးပါ။

    မြို့တွေမှာ မီးလောင်ရင် အများစုက ဝါယာရှော့ကြောင့်ဖြစ်တာပါ။ တစ်နေ့က ပန်းဆိုးတန်းမှာ လောင်တဲ့မီးကလည်း ဝါယာရှော့ကြောင့်ဖြစ်တာပဲ။

    နောက်တစ်ခုက လျှပ်စစ်အန္တရာယ်ကို အထက်ကျောင်းတွေမှာ သင်ခန်းစာတစ်ခုအနေနဲ့ မဖြစ်မနေသင်ပေးသင့်တယ်။

Leave a Reply