၂၀၁၃ စက်တင်ဘာလအတွက် မန်းဂဇက်ချစ်သူများစာပေဆုဘယ်သူရမလဲ… Best Web Awards
`ဟဲလို …ဟယ်လို…တက်စတင်…ဝမ်း..တူး..သရီး´
`ဟဲလို …ဟယ်လို…တက်စတင်…ဝမ်း..တူး..သရီး´
`ဟဲလို …ဟယ်လို…တက်စတင်…ဝမ်း..တူး..သရီး´
`ဟေ့ကောင်..ရွှေတိုက်…မင်းမိုက်က ဘယ်လိုလဲကွ
ဘာအသံမှမထွက်ဘူး…တောက်စ်..´
`အော်…ဦးမိ်ုက်..ခနလေး..ခနလေး..ကျနော်စစ်ကြည့်လိုက်အုံးမယ်´
မန်းဂဇက် ချစ်သူများစာပေဆု ပေးပွဲနဲ့ ရွာသူ ရွာသားများ တွေ့ဆုံပွဲ ကျင်းပနေတာပါ
`အုတ်ကထ´ လို့ အတင်းရော အဓမ္မရော တင်မျှောက်ခံထားရတဲ့ သနားစရာ
ကြီးမိုက်ခမြာ စင်ပေါ်တက်ပြီး ကိုးရိုး ကားရား တွေဖြစ်လို့ ချွေးတလုံးလုံးနဲ့
လူရုပ်မပေါက် ဒေါသတွေထွက်လျှက်ရှိပါတယ်…
`ဟေ့ကောင် ရွှေတိုက်…တော်တော့ကွာ…မင်းရဲ့ မိုက်တွေ အသံချဲ့စက်တွေ
ထားလိုက်တော့…ငါ့အသံက ရိုးရိုးပြောရင်တောင် တစ်ကမ္ဘာလုံးကြားပါတယ်ကွ..´
`မင်း အခမ်းးအနားဖွင့်လှစ်ကြောင်းဖင်ပိတ်ပီးသာ ဒီအတိုင်းအော်ပီး ကြေငြာလိုက်တော့´
တကယ်တော့..ဒီနေ့က ၂၀၁၃ခုနှစ် စက်တင်ဘာလအတွင်း တင်ခဲ့သမျှ ပို့စ်တွေထဲက
မန်းဂဇက်ချစ်သူများစာပေဆု ရွေးချယ်မဲ့ `ဖတ်ရွေး´အဖွဲ့ ရဲ့ အကြိုက်ဆုံး ပို့စ်ကို
`အုတ်ကထ´ဆိုသူ ကြီးမိုက် ငထူငအ က ကြေငြာပေးရမဲ့ပွဲ မို့ အားလုံးကစိတ်ဝင်တစား
စောင့်နေကြရတာပါ…
ရွာသူ ရွာသားတွေက စင်အောက်က တမျှော်မျှော်…
အစားအသောက် အစီအစဉ်ကလည်း `ဆု´ ကြေငြာပြီးမှ ကျွေးမှာလို့
အခမ်းအနား အစီအစဉ်မှာကြေငြာထားတော့…တက်ရောက်လာတဲ့ ရွာသူ ရွာသားများကလည်း ဗိုက်တွေဆာပြီး တော်တော်ကြီး ဒေါသထွက်နေကြပြီ…
အရေးထဲ အာတီဒုံ ခေါ် အငြိမ့် မင်းသမီး အပျိုဂျီးက အညေခအနေ အရိပ်အကဲမကြည့်ပဲ
တက်ရောက်လာတဲ့ ရွာသူားတွေကို အပြာစာအုပ် အတင်းထိုးရောင်းနေပြန်တော့…
အားလုံး…အုတ်အော်သောင်းနင်း ဖြစ်လို့နေပါတယ်….
စင်ပေါ်မှာ ကလည်း ရွှေတိုက်နဲ့ ကြီးမိုက်“ မိုက် ”တစ်လုံးနဲ့ ရွာပတ်နေ…
ဗြုန်းဆို.. မနေနိုင်တဲ့ အမတ်မင်းကတက်လာပြီး…ဦးမိုက်..ခဏ..ခဏ
လို့ပြောပြီး…ဟိုလျှောက်လုပ်..ဒီလျှောက်လုပ်..ကလိလိုက်တာ…
“မိုက်” က ကောင်းသွားပါလေရော….
“အုတ်ကထဂျီး” ကြီးမိုက် ထွက်နေတဲ့ ချွေးတွေကို တစ်သျှူးစနဲ့သုတ်လိုက်ရင်း စကားစပြောပါပြီ…..
ရွာသူ ရွာသားအပေါင်း စိတ်၏ကျန်းမာခြင်း(ခွက်ဒစ်တူ အီးတုံး)၊ ကိုယ်၏ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဗျာ
ကျုပ်နာမည်က ငယ်ငယ်ကလိမ္မာရဲ့ နဲ့ ကြီးမှ မိုက်နေတဲ့ `ကြီးမိုက်´ ပါဗျာ
(အဲဒါ တကယ်ပြောတာပါ)
လူဆိုတာက ခက်သားလားဗျ
ပညာတတ်လာလေ မိုက်မဲလာလေပဲ (ကျုပ်အထင်)
အဲဒီတော့ကာမယ်…ကြီးမိုက် ဘာများပြောချင်လို့အစချီနေပါသလဲ..လို့ စာဖတ်သူများတွေးမိပါလိမ့်မယ်။
ဒီလိုပါဗျာ…..ဒီနေ့ ကြေငြာပေးရမဲ့ ဆုရပို့စ် မကြေငြာခင်…
ကျုပ် မနေ့ညက ဖြစ်ခဲ့တဲ့ အိမ်က မဒမ်မိုက်နဲ့ ရန်ပွဲလေးအကြောင်း
အရင် ရင်ဖွင့်ခွင့်ပြုပါ…အဲဒီအကြောင်းပြောမယ်ဆိုရင်…….
တစ်ချိန်က(နဝတ တစ်ခေတ်လုံး) …အလွန်ရေပန်းစားခဲ့တဲ့…အတိတ်လား၊ တပေါင်လား၊ စနည်းလား…
ဘယ်ထဲအကျုံးဝင်မှန်းမသိတဲ့..ဆိုစကားလေးတစ်ခုက စရလိမ့်မယ်ဗျ..
“စု နိုင်မှ ချမ်းသာမည်” တဲ့
ဟုတ်တယ်ဗျာ..ဘယ်သူတွေ ဘာအဓိပ်ပါယ်နဲ့ ပြောခဲ့ ပြောခဲ့
ကျုပ်တော့ လက်ခံတယ်…
ထားလိုက်ပါတော့လေ….ပြောချင်တာက..ဒီလို..ဒီလို…
ဒီနေ့ညနေဘက်…ရုံးကနေအိမ်ပြန်ရောက်တော့
သားတော်မောင် “ဘေဘီမိုက်”ကပြောလာတယ်
ကျနော့ကို ဟန်းဆက် ပြန်ဝယ်ပေးတော့အဖေ..တဲ့
ကျုပ်နဲနဲ တင်းသွားတယ်…ဟုတ်တယ်လေ..ဒီကောင် သူ့ဟန်းဆက်
ဖျောက်ပစ်လိုက်ပြီးကတဲက ကျုပ်က အပြတ်ပြောထားပြီးသား
“မင်းပူဆာလွန်းလို့ သိန်းကျော်တန် ဟန်းဆက်ငါဝယ်ပေးခဲ့တယ်
အခု မင်းက နမော်နမဲ့နဲ့ ဖျောက်ပစ်တယ်..ကိုယ့်ပစ္စည်းကိုယ်တောင်မထိန်းသိမ်းနိုင်ဘူး
ဒီတော့..မင်းအပြစ်နဲ့မင်းပဲ…ဟန်းဆက် ထပ်မဝယ်ပေးနိုင်ဘူး ဝယ်ချင်ရင်
မင်းမုန့် ဖိုးထဲကမင်းစုပြီးဝယ်” လို့..
ခုတလော အလုပ်ထဲမှာလည်း အလုပ်ကရှုပ် စိတ်ကရှုပ်နဲ့မို့ ကျုပ်အသံက
ဒေါသသံပါနေတယ်….
ဒါပေမဲ့…သားတော်မောင်က လေသံအေးအေးနဲ့..
“အဖေ့ပိုက်ဆံနဲ့ မဟုတ်ပါဘူးဗျာ..ကျနော် စုထားတဲ့ပိုက်ဆံနဲ့ပါ..” တဲ့
ကျုပ်က…“ဒါဆို သွားယူ..မင်းစုဘူး”..ဆိုတော့
သူ့စုဘူးကိုယူလာပြီး ကျုပ်ကိုပေးတယ်..

တကယ်တော့လည်း..ဒီ စုဘူး ထဲထည့်ဖို့ပေးခဲ့တဲ့ ပိုက်ဆံတွေကလည်း ကျုပ်ပိုက်ဆံတွေပါပဲလေ…ဒါပေမဲ့ ရှိစေတော့
သူ့ကိုပေးခဲ့တဲ့ ပိုက်ဆံတွေ အကုန် သုံးမပစ်ပဲ စုထားတယ်ဆိုကတည်းက
မဆိုးဘူးပဲ..အမှန်အတိုင်းပြောရရင် ကျုပ်စိတ်ထဲကကျေနပ်သွား မိတယ်
ပြဿနာက စုဘူးကို ကျုပ်သေသေချာချာ ကြည့်လိုက်တဲ့ အချိန်မှာ စတာပဲ
စုဘူးက လက်ရာပျက်နေတယ်…ဖေါက်ထားပြီးနေပီ
ပွင့်လက်စ စုဘူးကို လက်နဲ့ ဖြဲပြီး သွန်ချလိုက်တော့….

သားရဲ့ စုဗူးထဲကျုပ်ထည့်ပေးခဲ့တဲ့… ကျုပ်ရဲ့ လုပ်ဖေါ်ကိုင်ဖက် နိုင်ငံခြားသား
တွေပေးတဲ့ “အံပေါင်း”တွေဖြစ်တဲ့ ယူအက်စ်ဒေါ်လာတွေ၊ မလေး ရင်းဂစ်တွေ
တော့တွေ့ပါရဲ့…မြန်မာငွေကတော့ တော်တော်နဲနေတာတွေ့ရတယ်…
နောက်တစ်ခု ထူးခြားတာက ငါးထောင်တန်အသစ်တွေပဲ…လိတ်၊ ခေါက်ထားတဲ့
အရာတွေမတွေ့ရပဲ အသစ်ချက်ချွတ်တွေ….
ကျုပ်သိလိုက်တယ်….တစ်ခုခုတော့ အကြီးအကျယ်မှားနေပြီ..လို့…
ကျုပ် မဒမ်မိုက်ကို တစ်ချက် လှည့် ကြည့်လိုက်တယ်….
ရိုက်မစစ်ရပဲ အဖြေကပေါ်လာတာပဲ
ကျုပ်ရဲ့ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေကိုကြည့်ရင်း…
မဒမ်မိုက်ရဲ့ မျက်လုံးထဲက မျက်ရည်အုတွေ ဘူးသီးလောက် ကျလာတော့တာပဲ
မဒမ်မိုက်က နှစ်လုံးထီထိုးတာဝါသနာပါတယ်…ကျုပ်မသိအောင်ထိုးတယ်
ကျုပ်ရိပ်မိလို့ အတန်တန် ဆက်မလုပ်ဖို့တားတယ်
ကျုပ်ပြောလိုက်ရင်တော့ ..မလုပ်တော့ပါဘူးယောက်ကျားရယ်ပေါ့..
ဒါပေမဲ့ မရဘူးဗျ…အစွဲအလန်း ဆိုတာ ပျောက်ခဲသားကလား….
“ယောက်ကျားရယ်…ပီးခဲ့တဲ့ အပတ်က နှစ်လုံးထီ အကြွေး
ပေးစရာရှိလို့ ကျမ လည်း ကြံရာမရပဲ သားရဲ့ စုဗူးဖေါက်လိုက်မိပါတယ်
အဲဒီစု ဗူးထဲက ငါးသောင်းပဲခဏယူတာပါ…အခုရသလောက် သုံးသောင်း
ပြန်ထည့်ထားပေးပါတယ်”
“တော်”
ကျုပ်အသံ မိုးထက်ဟိန်းသွားတယ်….
ကျုပ် သိလိုက်ပါပြီ…လူတစ်ယောက်ကို နောက်တစ်ယောက်က ပြုပြင်ဖို့ဆိုတာ
ဘုရားမှ လွဲလို့ မဖြစ်နိုင်ပါဘူး……ကံ ကံ၏အကျိုးပေပဲ
ကိုယ့် ဘဝ ခရီးလမ်း ကိုယ် ကြိုက်သလို လျှောက်ကြပေါ့………
ကျုပ်လည်း..သားကိုပေးထားတဲ့ ကတိအတိုင်း လိုတာစိုက်ပြီး
ဟန်းဆက်တစ်လုံး ဝယ်ပေးလိုက်ပါတော့တယ်…
ကိုင်း…ကိုင်း….ဒီလောက်ဆိုရင် ပရိတ်သတ်ကြီး ရိပ်မိသွားလောက်ပြီထင်ရဲ့…
–
–
–
–
–
–
–
–
–
–
၁။ စုဗူးနဲ့ ကောင်လေး – by ကျော်စွာခေါင်
https://myanmargazette.net/186019
၂။ ဒေါ်ကြီးလုံ နဲ့ ရွှေဧည့်သည် – by လုံမလေး မွန်မွန်
https://myanmargazette.net/185299
၃။ နိုင်ငံရေးဆိုတာ………………..တာတဲ့လား? – by စံလှကြီး
https://myanmargazette.net/184937
၄။ အချိန်ငတ်နေသော လူ့စွမ်းအားအရင်းမြစ်များ – by လုံမလေးမွန်မွန်
( https://myanmargazette.net/185225 )
၅။ အရောင်ဝင်္ကဘာ – by ကျော်စွာခေါင်
( https://myanmargazette.net/185952 )
၆။ မွန်းကျပ်နေတဲ့ မြို့ – by မနှင်းဖြူ မှန်မှန်ပြော
( https://myanmargazette.net/184784 )
၇။ မျောက်ကျွန်း – by မောင်ဘလိူင်
https://myanmargazette.net/185931
၈။ မြန်မာစံတော်ချိန် –by ကိုပေါက်(မန္တလေး)
https://myanmargazette.net/185601
၉။ ကြိုးတစ်ချောင်းရဲ့ ဆက်ထုံးတစ်နေရာ-by သော်ဇင်(လွိုင်ကော်)
https://myanmargazette.net/186069
၁၀။ တောင်တန်းတွေနဲ့ ယဉ်တဲ့မြို့- by သျှားသက်မာန်
https://myanmargazette.net/184991
၁၁။ လူတစ်ယောက်ချင်းစီဟာ အမှောင်တစ်ခြမ်းစီရှိနေတဲ့ လမင်းတစ်စင်းစီပါပ– by အလင်းဆက်
https://myanmargazette.net/186313
၁၂။ ရွာကိုပြန်ခဲ့ကြပါဗျာ – By kyeemite
https://myanmargazette.net/185875
၁၃။ နဲနဲလေးပဲလျော့ကြည့်ပါ – by ကိုပေါက်(မန္တလေး)
https://myanmargazette.net/186015
၁၄။ ကေဇီ ထမင်းဆိုင် ရဲ့ အပါတ်စဉ် ဟင်းချက် စီးရီး – by KZ
တစ်လလုံးကေဇီတင်ခဲ့ သမျှ `ထမင်းဆိုင်´ပို့စ်များ
https://myanmargazette.net/185196
အဲဒီ ၂၀၁၃ခုနှစ် စက်တင်ဘာလအတွက် ဇကာတင်ပို့စ်တွေထဲကမှ…..
အမှတ်အများဆုံးနဲ့ ဆုဆွတ်ခူးရရှိသွားသူကတော့……..
ပြောမပြတော့ဘူးနော်…သိကြတယ်မဟုတ်လား ❓ ❓ ❓ ❓ ❓ ❓ ❓ ❓ ❓
(ရုံးမှာအင်တာနက်ပျက်နေတာသုံးလေးရက်ရှိသွားပြီ၊ အခုလေးမှပြန်ကောင်းသွားလို့ အမြန်တင်လိုက်ရပါတယ်၊
နောက်ကျနေတာခွင့်လွှတ်ကြပါကုန်)
အားလုံးကိုလေးစားခင်မင်လျှက်
ထာဝရလမ်းဆက်လျှောက်နေတဲ့
ကြီးမိုက်။
35 comments
surmi
October 17, 2013 at 3:23 pm
ဆရာခေါင်ရေ…
ကွန်ဂရက်ကျူရေးရှင်းပါဗျို့….
လုံမလေးမွန်မွန်
October 17, 2013 at 3:36 pm
ပန်းချီလည်းလှ…
ကဗျာလည်းလှ..
စာလည်းလှ..
လူလည်းလှ…
အူးလေးခေါင်ရေ… ဂုဏ်ယူပါတယ်ဗျို့…
ဦးကျောက်ခဲ
October 17, 2013 at 3:36 pm
ကွန်ဂရက်ကျူရေးရှင်းပါ အကိုကြီးရေ… ဂုဏ်ယူပါတယ်ဗျာ…
နောင်များလည်း ရေးနိုင်ပါစေလို့…
P.S
ဆြာမိုက်လည်း စိတ်လျှော့ပါလို့…
KZ
October 17, 2013 at 3:38 pm
အွန်။
စုဘူးလေး ပြည့်သွားပြီ။
မုန့်ဝယ်ကျွေးတော့။
:chit:
alinsett
October 17, 2013 at 3:39 pm
စုဗူးနဲ့ ကောင်လေးးးးး
ဦးခေါင်ရည် ဂုဏ်ယူ ဝမ်းသာမိပါတယ်ဗျို့
စာရေးကောင်းတဲ့ဦးခေါင်ရည်
စာကောင်းတွေများများ ရေးပါဦးနော်
kyeemite
October 17, 2013 at 4:02 pm
ဆရာခေါင်ရေ…
ကွန်ဂရက်ကျူရေးရှင်းပါဗျို့….
အစထဲကတော့ထင်သားဗျ..ဒီလူဒီလိုစာရေးကောင်းပုံနဲ့
ဖတ်ရွေးနဲ့တော့ တွေ့တော့မယ်လို့ 😀
TNA
October 17, 2013 at 4:07 pm
ရေးလဲရေးတတ်ပါ့ မိုက်ခ်ရယ်။ ဆြာခေါင်ကိုအတိတ်ပေးချင်ဒါနဲ့ နေရင်းထိုင်ရင်းကြားထဲကမဒမ်မိုက် ခမျာ နှစ်လုံးကြွေးတင်သွားရရှာသေး။
ဂုဏ်ယူပါတယ် ဆြာခေါင်ရေ။ အရေးအသားတွေ က တော့တကယ့်ကိုရှယ်ပါပဲ။
ဦးကျောက်ခဲ
October 18, 2013 at 8:45 am
ဝုတ်ပါ့ဗျာ… ရုတ်တရက် ဂယ်ဂျီးမှတ်လို့….
အတော် တတ်လည်းတတ်နိုင်တဲ့ ဆြာမိုက်ခ်…
😀
Myo Thant
October 17, 2013 at 4:08 pm
၁။ စုဗူးနဲ့ ကောင်လေး – by ကျော်စွာခေါင်
http://myanmargazette.net/186019
၂။ ဒေါ်ကြီးလုံ နဲ့ ရွှေဧည့်သည် – by လုံမလေး မွန်မွန်
http://myanmargazette.net/186019
လင့်ခ်နံပါတ် တူနေလို့ ၊
မွန်မွန့် လင့်ခ်က မှားနေတယ်နော် ၊
ဆရာခေါင်ရေ ဘရာဗိုဗျို့ ၊ 🙂
မဟာရာဇာ အံစာတုံး
October 17, 2013 at 4:23 pm
အွမ် …
အချို့ဂ ဆြာခေါင် တဲ့ …
အချို့က စုဗူးလေးနဲ့တဲ့ ….
ဘူ့ကို ယုန်လိုက်ရမှာဒုန်းငင်င်င် … 🙄 🙄
kyeemite
October 17, 2013 at 4:24 pm
အံစာရေ..ပြင်ပေးကွာ..လင့်အမှန်ကို
ရှဲရှဲ ကိုမျိုးသန့်ရေ
မဟာရာဇာ အံစာတုံး
October 17, 2013 at 4:31 pm
ဟွန်းးး

မပေါလိုက်ဂျင်ဝူးနော် …
ဂယ်ဗျဲစ် …
မှားချင်းမှားး ကျန်ဒဲ့လူဒွေနဲ့ မှားဘာ့လားလို့ …
နောက်ခါဆို လွယ်ဝူးးးး
Myo Thant
October 17, 2013 at 4:44 pm
အံစာရယ်
သိပ်မပြောချင်ဘူးနော် 🙂
Mr. MarGa
October 17, 2013 at 4:44 pm
ဟီးဟီး
စုဗူး ကွဲပြီ
စုဗူး ကွဲပြီ ဗျ
ကိုကြီးကျော်ရေ
ဒမှာ လာကြည့်ဦး
လုံးဝ လုံးဝ
ဗရာဗိုပါဗျာ…..
ဦးဦးပါလေရာ
October 17, 2013 at 4:45 pm
ဆုရသွားတဲ့ ကိုကျော်စွာခေါင်ကိုရော
အခြား စကာတင် ပိုစ့်ကောင်းလေးတွေကိုရော
ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုပါ်ကြောင်း….
black chaw
October 17, 2013 at 4:50 pm
ကွန်ဂရက်ကျူရေးရှင်းပါ ကိုကျော်စွာခေါင်ရေ…။
ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုသွားပါတယ်ဗျာ…။
အရီးခင်
October 17, 2013 at 5:00 pm
အင်မတန် မနာလိုကြောင်း ကို လူကြီးလူကောင်း ပုံစံ ဘယ်လို ပြရလဲ။
ပြောကြပါဦး။
BIG Congratulations! ပါ ပန်းချီဆရာ ရေ့။
ကကြီးမိုက် ရဲ့ စုဗူး ဇာတ်လမ်း လေးကတော့ Happy Ending ဖြစ်သွားလို့ တော်သေး။
Nyein Nyein
October 17, 2013 at 6:57 pm
congratulations!!! ပါဆရာခေါင်ရေ……..
ဦးမိုက်ရဲ့ စုဘူးဇာတ်လမ်းလေးကိုလည်း ဖတ်ပြီးသဘောကျမိပါကြောင်း………. 🙂
padonmar
October 17, 2013 at 8:51 pm
ဦးမိုက်လူဇိုး..
သူဆုကြေငြာချင်တာနဲ့
အင်မတန်လိမ္မာတဲ့ မီးခမျာ နှစ်လုံးထီစွဲတဲ့ မိန်းမဘဝကို ရောက်အောင် တွန်းပို့ခံလိုက်ရတာပါ။
……….
ဝမ်းသာပါတယ် ခေါင်ရေ။
ပြောင်းဖူးပြုတ်ကျွေးပါ။
Ma Ma
October 18, 2013 at 7:55 am
ဘရာဗိုပါ ခေါင်ရည် ………. အဲ- ခေါင်ရေ…. 😀
ဆုရပိုစ့်ကို ဖတ်ပြီးကတည်းက အတွေးတစ်ခုရှိနေတာ။
အရင်ခေတ်က မိဘတွေက အမြင်မကျယ်လို့ သားသမီးကို ဆရာဝန် အင်ဂျင်နီယာပဲ ဖြစ်စေချင်ကြတာကလွဲရင်
(“ မင်း ဒီအနုပညာအလုပ်ကိုဘဲလုပ်နေမှာလား၊ မင်းအကိုဆို အင်ဂျင်နီယာ၊ အရမ်းချမ်းသာနေပြီ၊မင်း လုပ်မယ်ဆို မင်းအကိုကို အလုပ်တစ်နေရာ ရအောင်ပြောပေးမယ်”) ဆိုတာကိုကြည့်ရင် ကောင်းစားစေချင်တဲ့စိတ်စေတနာ ရှိတယ်ဆိုတာ သိသာပါတယ်။
ဒါ့ထက် အနုပညာကို မခံစားတတ်တဲ့ မိဘကနေ အနုပညာစိတ်ပြင်းပြတဲ့ ထက်မြက်တဲ့ သား မွေးဖွားလာတာ အံ့ဩစရာ။
စိတ်မဆိုးနဲ့နော်။
မတူသောအတွေးနဲ့ မန့်ပါလို့ သဂျီးကပြောထားလို့ ။
ရွှေတိုက်စိုး
October 18, 2013 at 9:23 am
ဝမ်းသာပါတယ် ဆုရသူရော စကာတင်ခံရသူတွေရော အတွက်..
ကိုရင်ခေါင် ကွန်ကရက်ကျူလေးရှင်းဗျာ….
ဦးမိုက် အပြာစာအုပ် လိုက်ရောင်းနေတယ်ဆိုတာလေး……………. အဲဒါ ဥပဒေနဲ. မညီဘူးနော်.. အန်တီဒုံ တော့ အဖမ်းခံရတော့မယ်…….ဟိဟိဟိ
sorrow weaver
October 18, 2013 at 11:24 am
ဆြာခေါင် .ဘာလုပ်လုပ်ဖြစ်တဲ့လူကြီး ….. ကွန်ကရက်ကျူလေးရှင်းပါဂျာ…အဟိဟိ
မဟာရာဇာ အံစာတုံး
October 18, 2013 at 1:30 pm
ဟေ့ .. ဟေ့ …

ချီးပန်းတာ ကျိပီး ချီးပန်းကွ ….
ဟိုက လပိုဂျီးနဲ့ တူဒယ် ….
မနှင်းဖြူ မှန်မှန်ပြော
October 18, 2013 at 1:04 pm
မန်းလေးဂေဇက်ရောက်ခါစတုန်းက အခြားဟာတွေကျော်ဖတ်ဖြစ်ပေမယ့်
အမြဲဖတ်ဖြစ်ခဲ့တာ ဦးကျော်စွာခေါင်ရဲ့ ပန်းချီလက်ရာလေးတွေ၊ ရသ စာပေလေးတွေပါ..
ဖတ်ကာစကထဲ အတော်ပါရမီထူးတဲ့သူမှန်း သတိပြုမိပါတယ်…
ကဗျာ ၊ စာပေ၊ ပန်းချီ .. ဘက်စုံထူးချွန်တာကိုလည်း သဘောကျ အားကျမိနေပါကြောင်း…
နောက် ဖတ်ရွေး လင့်ခ် ထွက်လာကထဲက ..စုဗူးလေးကို ကြိတ်ပြီး ပထမ မှန်းထားပေးထားပါတယ်.. ထင်တဲ့အတိုင်းပဲ ရသွားတာ အများကြီး ဝမ်းသာပါတယ်
နောင်လည်းအဲဒီလို ပြောင်းဖူးပြုတ်လို ၊ စုဗူးလို စာလေးတွေ ထပ်ဖတ်ဖို့ မျှော်လင့်နေပါကြောင်း ..
ကွန်ကရက်ကျူလေးရှင်း ပါ…………….
lele kyi
October 18, 2013 at 5:08 pm
ဂုဏ်ယူပါတယ်ဆြာခေါင်။ ကျမလည်းတွေဆုံပွဲမှာ ဆုတတ်ယူရမယ်။ မနှင်းဖြူက ယူဘူးတဲ့ နည်းလို့တဲ့။ ဟီးးး (ပိုင်ရှင်မဲ့ သွားရင် ဆု မျက်နှာငယ်မှာစိုးလို့)
ကိုပေါက်(မန္တလေး)
October 18, 2013 at 5:01 pm
အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဘယ်လိုပြောရမလဲ
ဘယ်လိုပြောရမလဲ
အားကျသည်
ဂုဏ်ပြုပါ၏
ကိုရင်စည်သူ
October 18, 2013 at 8:46 pm
ကွန်ဂရက်ကျူးလေးရှင်းပါ… ကိုစွာရေ… ခုမှ ဆုရပို့စ်လို့ ဖတ်ဖြစ်တယ်… ရသစာပေတစ်ခုပေါ့..
ဆုပေးပွဲ တက်ရောက်အားပေးပါ့မည်…
နောက်လများတွင် ဆုရ လက်တန်းဝင် ဆြာများအတွက်လည်း ကြိုပီးအားးပေးနေပါသည်။
ကိုရင် အလုပ်ကိတ်စ ခရီးတွေသွားနေလို့ စာမရေးဖြစ်တဲ့အတွက် အားနာမိလှသည်..
ဒီသုံးလေးရက်ထဲ ခရီးသွားဆောင်းပါးများ ပြန်လည်ရေးသားပါ့မည်..
အားလုံးကိုလေးစားလျက်…
ကိုရင်စည်..
Crystalline
October 19, 2013 at 9:30 am
Congratulations!
ဆရာခေါင်အတွက်ဂုဏ်ယူပါတယ်.. ဆရာခေါင်ရဲ့ပိုကောင်းတဲ့ လက်ရာစုံကိုလည်းမျှော်နေပါတယ်. :))
ကိုရင်စည်သူ
October 19, 2013 at 11:13 am
ခရစ်စလေး အတွက်ကော ဘယ်ဒေါ့ ကွန်ဂရက်ကျူလေးရှင်းရမှာ…လဲ..
ဒီက သူ ဆုရင်ရင် အားပေးဖို့ လက်ဝါးတွေကို ယားနေတာ… လက်ကြီးနဲ့ လက်ကြီးနဲ့..
ကိုင်ပီး လက်ခုပ်တီးပလိုက်မွှာ..။ သူ ဆုရရင် အူးကြောင်နဲ့ တိုင်ပင်ပီး ရှာခဲ့သမျှ
စည်းစိမ်တစ်ဝက်ကို ခရစ်ဆီလေးရတဲ့ ဆုထဲ ထည့်ပေးပီး လူဒွေပါ.. အပိုဆုပေးဖြစ်ဖို့..
စဉ်းစားထားပီးသား.. စာများများရေးနော်… အွှအွှ..
Crystalline
October 19, 2013 at 1:56 pm
ရှာသမျှစည်းစိမ်တွေလား.. ချေးထားသမျှအကြွေးတွေလားဟင် :mrgreenn:
padonmar
October 20, 2013 at 6:18 pm
သူကြီးရေ
ဒီပို့စ်ကို စတစ်လုပ်ပြီး
ဦးမိုက်ရဲ့ အရင်ပို့စ်ကို ဖြုတ်ရင် ကောင်းမယ်ထင်တယ်။
ကျော်စွာခေါင်
October 23, 2013 at 9:24 pm
ပထမဆုံးကတော့ ကိုမိုက်နဲ ့ ဖတ်ရွေးအဖွဲ ့ဝင်တွေရယ်… ခင်မင်စရာကောင်းတဲ့ ရွာသူရွာသားတွေကို ကျနော် တောင်းပန် ချင်ပါတယ်..။ ကျနော့် စူဘူးလေးကို ဆုပေးထားတာ ကျနော် တစ်ကယ်ကို မသိတာပါ.. ။
ဈေး…ပို ့စ်မှာ ကိုမိုက်လာပြောတော့ “ ဟုတ်တာဘဲ…ငါ ..တချို ့ ပို ့စ်တွေ မျက်စိလျှမ်းနေတယ်..သွားဖတ်ရဦးမယ်” လို ့ တွေးပြီး
ရောက်လာမှ နည်းနည်းရိပ်မိတာ..
စာဆုံးအောင် မဖတ်ဖြစ်သေးဘူး…မဒမ်မိုက်ကို တွေးပြီး သနားနေတာ..ကိုမိုက်က ယတိပြတ်ကြီး တွေးရေးလိုက်တာကိုးးး။
နောက်…ဆက်ဖတ်မှ တဖြည်းဖြည်း..သဘောပေါက်တာ…။
“ အားလုံးကို ကျေးဇူးတင်ပါတယ်”…
kyeemite
October 25, 2013 at 11:35 am
တော်ပါသေးရဲ့ဗျာ…ဆု ရသူ ကာယကံရှင်ရောက်လာပေလို့…
ဒီမှာတော့ တစ်ရွာလုံးက Congratulations! သံသောသောညံနေတာ..
အဲဒီတော့ ကာမယ်…ဆုကို ဘယ်လိုပို့ပေးရမယ်ဆိုတာ ခေါင်းစားလိုက်အုံးမယ်…
ပွဲမတက်နိုင်လည်း သိမ်းထားပေးပါ့မယ်..ရန်ကုန်ပြန်ဖြစ်တော့ယူပေါ့နော…
ခင်မင်လေးစားစွာဖြင့်
ကြီးမိုက်။ 🙂
ကျော်စွာခေါင်
October 25, 2013 at 2:38 pm
ကိုမိုက်..
ဆု…ဆိုတဲ့ စာလေး တစ်လုံးနဲ ့တင် ကြည်နူးပျော်ရွှင်ရပါတယ်..
ကျနော်လာဘို ့ မလွယ်ဘူး အကို..
ကိုယ်စားယူပြီး သိမ်းထားပေးပါ..
ကျနော် ပြန်လာတဲ ့အခါ ညီအကိုတွေ မောင်နှမတွေနဲ ့တွေ ့ချင်ပါတယ်..ကိုမိုက်..။
အားလုံးကို ခင်မင် ကျေးဇူးတင်စွာဖြင့်
ကျော်စွာခေါင်
attach ment
October 29, 2013 at 5:55 pm
ဂုဏ်ပြုပါ၏။