crying

 

 

 

 သားမှာ စုဗူးလေးတစ်လုံးရှိသည်။ “ သားလဲပိုက်ဆံစုချင်တယ် ဖေဖေ” ဟုပြောလာသောကြောင့် သူ ့မေမေက စုဗူးလေးဝယ်ပေးခဲ့သည်။

 

ကိုယ်ကလည်း ခွင့်ပြုသည်…။ သားရဲ ့မေမေကတော့ သားရဲ ့စုဘူးလေးကို အမြဲထပ်ဖြည့်ပေးနေကြ..။ သားက အမေနဲ ့ အမတွေ ဈေးဝယ်လို ့ပိုတဲ ့ငွေလေးတွေတွေ ့ရင် သူ ့စုဘူးလေးထဲကို ထည့်သည်…။
ဘယ်အခါဘဲဖြစ်ဖြစ် ပိုက်ဆံ ယူလာပြီးလျှင် ကိုယ့်ကို လာပြောသည်…မျက်စိလေးတစ်ဖက်မှိတ်ပြရင်း“ သား မေမေ့ပိုက်ဆံပိုတာ ယူလာတယ်..သားစုဘူးထဲထည့်မယ်နော်” ဟုပြောတတ်သည်…။
ဒါပေမယ့် တန်ဘိုးများများ မယူ..အကြွေလောက်မျှသာ..။ တခါတရံ ပိုက်ဆံများများတွေ ့လျှင်

 

“ ဒါဘယ်သူ ့ပိုက်ဆံလဲ……မန်မြန်လာယူပါ” ဟုအော်ပေးတတ်သည်…။
တစ်ကယ်တမ်းဆို သားအသက်က ၆နှစ်မျှသာ…။
ပိုက်ဆံကို ယူပြီး စုတတ်တာကလွဲလို ့ သားက မခိုးတတ်ပါ..။ကိုယ်က နားလည်ပေးထားသည်..

 

သားမှာ ဝင်ငွေမရှိ၊ အလုပ်မရှိ..
ဒီလိုယူမှသာ သူ ့စုဘူးလေးပြည့်နိုင်မည်..။ပြောသာပြောသည်..သူစုဘူးက တခါမှမပြည့်..။ သူ ့အမတွေနှင့်

 

သူ ့မေမေ ဘတ်စ်ကားစီးဘို ့အကြွေလိုလျှင် သူကဘဲ အမြဲထုတ်ပေးသည်။

 

သူမသိခင် ယူသုံးထားပြီး နောက်မှပြောရင်လည်း ပြသနာမရှိ..
ကိုယ်တစ်ခုခု ဝယ်မည်ဆိုလျှင် ..“ဖေဖေ ပိုက်ဆံမလောက်ရင် သားစုဘူးလေး ဖေါက်လိုက်ပါလား”ဟုသားက အမြဲပြောသည်။
ကိုယ်ကိုတော့ သူပိုချစ်သလို ထင်ရသည်..။ ကိုယ့်ဆီက ဘယ်တော့မှ မယူ။

 

ဒါပေမယ့် ကိုယ်ဝယ်ပေးရတာတွေကလည်းမနည်း..
ကိုယ်ကကင်မရာကောင်းကောင်းတွေလည်းဝယ်ချင်သည်…ပရိုဂရမ်အသစ်တွေပေါ်လည်းထပ်ဝယ်ချင်သည်…

 

ရုပ်ရှင်တည်းဖြတ်တဲ ့ပရိုဂရမ်တွေ အားကျသည်..။အင်တာနက်မှာ ကြည့်ပြီး “ ဒါလေးတော့ ဝယ်ထားမယ်ကွာ” လို ့ပြောသံ ကြားရင်……သူပြောမည်..
“ 
ဖေဖေပိုက်ဆံလိုရင် သားစုဘူးလေး ဖေါက်လိုက်မယ်နော်” ဟု..
ဒါသည်ပင်လျှင် ချစ်ခြင်းတရား၊ ဒါသည်ပင်လျှင် မိဘနှင့် သားသမီး၏ နွေးထွေးမှုဖြစ်သည်။
သားရဲ ့စုဘူးလေးနဲ ့ပါတ်သက်ပြီး ကိုယ်ငယ်ငယ်က စုဘူးလေးကို နင့်နင့်နဲနဲ သတိရမိသည်..။ကိုယ့်ဘဝမှာလည်း တစ်ခါဘဲ စုဘူးသည်။
ကိုယ့်အသက် ၁၁ နှစ်သားလောက်ကပေါ့..။ ကိုယ့်အထက်က အကိုက ၁၃ နှစ်အရွယ်ဖြစ်သည်…။
စုဘူးကို သူက အရင်စုသည်…။ကိုယ်က သိတောင်မသိပါ..
၁၁နှစ်နဲ ့၁၃နှစ်အရွယ်မှာ ဘယ်မှာ ကိုယ်ပိုင်အလုပ်ရှိမှာလည်း…မုန် ့ဘို းလေးတွေစု..၊မိဘတွေ ဆီက တိတ်တိ်တ်လေးခိုးစုပေါ့။
တစ်နေ ့ကျနော့် အကိုက သူ ့စုဘူးလေးကို ဖေါက်ပြီး အဖေနှင့် အမေကို ပေးတော့ “သိပ်တော်တာဘဲ၊ လိမ်မာလိုက်တဲ ့သား”ဟုချီးမွမ်းကြသည်…။ ပြောမဆုံးပေါင် တောသုံးတောင်ပေါ့..
ကိုယ့် အကိုကို ချီးမွမ်းတာမြင်တော့ ကလေးပီပီ ကိုယ်ကလည်းချီးမွမ်းခံချင်သည်..မိဘကို တစ်ဖက်တစ်လမ်းက ကူညီသောသား လေးဖြစ်ချင်သည်၊

 

ဒါနဲ ့ဘဲ အဒေါ်ဖြစ်သူကို ပူဆာပြီး စုဘူးလေးဝယ်ခိုင်းသည်၊ အဒေါ်ကလည်းဝယ်ပေးပါသည်…။
စုဘူးလေးရပြီးကတည်းက ကိုယ်ရသမျှမုန် ့ဘိုးလေးတွေစုသည်..၊ ကလေးချင်း သူတို ့ကြီုက်တတ်သည် ့၊ သူတို ့လိုချင်သည့် ပုံလေးတွေဆွဲပေးပြီး ရသမျှစုသည်..မကွယ်မဝှက်ပြောရလျှင် မိဘတွေ အမှတ်မဲ ့တင်ထားခဲ့သော အကြွေလေးတွေကို ခိုးစုသည်..
အဘွားပေးသည့် ငွေကိုလည်းစုသည်…။
သူများတွေက ပိုက်ဆံစုဘူးလေးဖေါက်မည်ဆိုလျှင် စုထားတဲ ့ပိုက်ဆံ ဘယ်လောက်များမလဲ သိချင်စိတ်ဖြင့် ရင်တုန်ကြ၊ရင်ခုန်ကြသည်..

 

ကိုယ်ကတော့ စတင်စု ကတည်းက စာရင်းဇယားလေး လုပ်ထားလို ့..ဒီနေ ့ထည့်တာနဲ ့ဆို ဘယ်လောက်ရှိပြီဆိုတာ ကြိုသိနေလို ့ရင်မခုန်ရပေမယ့် စုဘူးလေးဖေါက်ကာ မိဘတွေလက်ထဲ ပေးမည့် အချိန်လေးကိုတွေးပြီး ရင်ခုန်သည်။
လနှင် ့ချီပြီးစုထားရာမှ သူငယ်ချင်းလိုချင်သော ဆေးရောင်စုံ ပုံလေးကို ညနေပိုင်းအထိ သူ ့အိမ်မှာဘဲ အပြီးဆွဲပြီးသည် ့အချိန်တွင်၁ကျပ်တိတိရသည့် အတွက် ကိုယ့်မှာ အရမ်းပျော်သည်…ဒီနေ ့ စုငွေ ၉ဝကျပ်တိတိပြည့်သည့်နေ ့..
အစကတည်းက အကို့လောက်မများတောင် ၉ဝ တိတိ ပြည့်တာနဲ ့အဖေ၊အမေတို ့ကို ပေးမည်ဟု ဆုံးဖြတ်ထားတာဖြစ်လို ့ဒီနေ ့ ပိုပျော်ရွှင်မိသည်…။
သူငယ်ချင်း မိသားစုကို နုတ်ဆက်ပြီး ရွှေဘိုမြင်းတစ်ကောင်လို အိမ်ကို ဒုန်းစိုင်းပြေးလာခဲ့သည်…။
ကိုယ့် အိမ်ရောက်တာနဲ ့စုဘူးလေးထားနေကြ တံခါးကြားလေးကို ကြည့် လိုက်တော ့ ကို ယ့်စုဘူးလေး မရှိတော့..။ ကိုယ့်ခေါင်းတွေမူးသွားမိသည်ရင်ထဲမှာလည်းဆိုနင့်နင့်ဖြင့် ငိုချင်နေသည်..

 

အမကိုမေးတော့ မပြောပါ..ညီမလေးကိုမေးတော့ သူမသိပါဘူးလို့ ့ပြောသည်..။ ကိုယ်သိပြီ၊ ကိုယ့်စုဘူးကို တစ်ယောက်ယောက်ယူလိုက်ပြီ…….
ကိုယ်ဘယ်သူ ့ကိုမှ မမေးရဲပါ..ကိုယ်ဝမ်းနည်းစွာငိုကြွေးမိသည်..မေးမည် ့သူ ၊ချော့မည် ့သူ မရှိပါ..
တားဆီးမရ ဖြစ်ပေါ်လာသော အားငယ်မှုဖြင့် အိမ်ဘေးကအုန်းပင်လေးနားမှာ ကိုယ်ကျိတ်ငိုမိသည်..
တော်တော်ကြာမှ အမေရောက်လာပြီးကိုယ့်ကို တစ်ခုခုနှင့် ပစ်ပေါက်လိုက်ပြီး…
“ 
ဟဲ ့သူခိုး ငိုမနေနဲ ့ကျက်သရေမရှိဘူး” ဟု ပြောကာ အနားမှထွက်သွားသည်..

 

အမေပစ်လိုက်လို ့ခေါင်းကိုမှန်ပြီးနံဘေးမှာ ကျနေသော အရာကို မျက်ရည်များကြားက ကောက်ယူကြည့်တော့ ဓါးဖြင့် ထိုးခွဲထားသော၊ပိန်လိန်နေသော ကိုယ့်စုဘူးလေးပါ…။
“ 
အမေရယ်…ကျနော့်ကို မမေးတော့ဘူးလား”
“ 
ကျနော့်ကိုရှင်းပြခွင် ့ မပြုတော့ဘူလား”
ဒီ တစ်ညနေလေးတောင် မစောင့်ကြတော့ဘူးလား အမေ….ဒီတစ်ညနေလေးပါ”
အမေ ဘာကြောင့် သူခိုးဆိုတဲ ့ဝေါဟာရကို သုံးပစ်လိုက်တာလည်း အမေ”
ကျနော်လည်း အမေ့သားပါ အမေရယ်”
“ 
ကိုယ်ပိုင်အလုပ်မရှိ ၊ဝင်ငွေမရှိတာချင်းအတူတူ အကို ့ကိုတော့ အမေတို ့ချီးမွမ်းခဲ ့တာ ဘာလို ့လဲ”
မမေးရဲပါဘူး မေမေ။ ကျနော်ဘာမှ မပြောရဲပါဘူး…။ ကျနော် အကျယ်ကြီးတောင် မငိုရဲပါဘူး….
ကျနော့် ဘဝမှာ ဒါပထမဆုံးနဲ ့နောက်ဆုံး စုဘူးပါ မေမေ။
………..
………..
သားရဲ ့စုဘူးလေးကို ကိုယ်က နားလည်ပေးပါတယ်..သူက ကိုယ့်သားလေးပါ…။
ကိုယ့်အဖြစ်အပျက်နဲ ့စာနာပြီး စုဘူးလေးကို မကြည့်ပါ…

 

စုဘူးလေးကိုကျော်ပြီး သားရဲ ့စိတ်ဓါတ်ကိုဘဲကြည့်သည်။
တိတ်တိတ်လေး ယူသည့် အကျင့်ကို မလေ့ကျင့်ဘဲ.. ခွင့်တောင်းပြီးမှယူကာစုဘို ့ပြောပြသည်….
သားစုသမျှကလည်း အကုန်လုံးဘတ်စ်ကား စီးဘို ့ပါလို ့သားပြောတော ့ ကိုယ့်မှာမျက်ရည်ကျမိသေးသည်…
ကိုယ့်ရဲ ့အဖြစ်လို ကလေးတွေကို မဖြစ်စေချင်ပါ…ကမ္ဘာမှာ ကလေးဦးရေ တော်တော်များပါသည်၊

 

ကလေးတို ့သဘာဝကတစ်ယောက်ကစုဘူးလေးရှိတယ်ပြောလျှင် ကြားရသော ကလေးများလည်း ကိုယ်ပိုင်စုဘူးလေးတွေ လိုချင်ကြမှာ၊ စုချင်ကြမှာပင်..
ကစားစရာလေးတွေဝယ်ဘို ့၊ အဘွားကိုကန်တော့ဘို ့၊အဘိုးကို ကန်တော့ဘို ့ရည်ရွယ်ချက် အမျိုးမျိုးပင်…။
စုဘူးစုတတ်သော ကလေးများတို ့သည် ကိုယ်တို ့၏ရင်သွေး၊ ကိုယ့်သားသမီးသာဖြစ်သည်..
အနည်းငယ်မျှသော အကြွေလေးများကို ယူစုလို ့မိဘများ စီးပွားပျက်မသွားနိုင်ပါ။
သူတို ့ကို နားလည်မှုလေး ပေးထားရန်တော့ လိုအပ်ပါသည်..
……….
ကိုယ့် မိသားစုမှာ ကိုယ်ကအရာရာ အပြင်ဘက်က ဖြစ်နေတာကြောင့် ကိုယ့်အသက် ၁၆ နှစ် မပြည့်ခင်လေးမှာပင်အိမ်ကနေ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်..။ ကိုယ့်ဘဝကိုယ် ဇာတ်မြှုပ်ပစ်ခဲ ့သည်..

 

………..

 

………..
ကိုယ့်အသက် ၃၃နှစ် အရွယ်မှာတော ့ ဘယ်လိုစုံစမ်းပြီး မသိ ၊ဆက်သွယ်ကာ အတင်းခေါ်သောကြောင့် ကိုယ့်မိသားစု တခေါက်တော့မိဘတွေဆီ သွားလည်ခဲ့ပါသည်…။အဲဒီအချိန်မှာ ကိုယ်ကလည်း အိမ်ပိုင်၊ခြံပိုင်၊ ရွှေနှင့်ငွေနှင့် ပြည့်ပြည့်စုံစုံပါ။
ကိုယ့်အမေက“ မင်း ဒီအနုပညာအလုပ်ကိုဘဲလုပ်နေမှာလား၊ မင်းအကိုဆို အင်ဂျင်နီယာ၊ အရမ်းချမ်းသာနေပြီ၊မင်း လုပ်မယ်ဆို မင်းအကိုကို အလုပ်တစ်နေရာ ရအောင်ပြောပေးမယ်”ဟု အမေကပြောသည်….

 

အမေ ပြောနေချိန်မှာ စုဘူးလေးကို ကိုယ်ပြန်မြင်ယောင်မိသည်။
ကိုယ်ကလည်း နည်းနည်းရင့်ကျက်နေချိန်မို ့အမေ့ကို စကားတစ်ခွန်းပြန်ပြောခဲ့ပါသည်…

 

ထိုစကားလေးကြောင့်ပင်နောက်တစ်ကြိမ် ဇာတ်မြှုပ်ခဲ ့ရပြန်ပါပြီ…..
ကိုယ်အမေ့ကိုပြောခဲ့ပါသည်…..

 

………….

 

………….
“ 
ကျနော်မခိုးတတ်ဘူး အမေ”

 

ကျော်စွာခေါင်

မှတ်ချက်။   ။ ရိုးသားကြိုးစားသော အင်ဂျင်နီယာများကို  မဆိုလို။

 

About ကျော်စွာခေါင်

kyaw swar kaung has written 80 post in this Website..

ပန်းချီကို လူမှန်းသိတတ်စကတည်းက အရိုက်နှက်ခံပြီး သင်ယူဆည်းပူးခဲ့ပါတယ်.. 3D Animation အတွက် ပန်းပုရုပ်လေးတွေ ဖန်တီးပါတယ်..။ ကဗျာရေးတယ်..စာရေးပါတယ်..။ ထမင်းမေ့ ဟင်းမေ့ စာကို အသည်းအသန်ဖတ်ပါတယ်..။