Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နည်းနည်းလေးဘဲလျှော့ကြည့်စမ်းပါ

“ နည်းနည်းလေးဘဲ လျှော့ကြည့်စမ်းပါ”

ရီစရာလေးတစ်ခုလို့ပြောရင်ရနို်င်တဲ့အဖြစ်အပျက်လေးကိုကြားလိုက်ရတဲ့အခါ
ကျနော့်ခေါင်းထဲမှာတော့ တွေးစရာတွေအများကြီးရလာခဲ့ပါတယ်။

ကျနော်မိတ်ဆွေကိုအောင်မောင်းက လူသုံးကုန်တွေဖြန့်တဲ့ကုမ္ပဏီကဝန်ထမ်းပေါ့။
ဒါအကြောင်းလေးကလဲ သူပြောပြလို့သိရတာပါ။
ပြောရရင်တော့ မဆုံးနို်င်သောအကြွေးဇာတ်လမ်းလေးပါဘဲ။
ကျနော်တို့မြန်မာနို်င်ငံရဲ့အရောင်းအဝယ်လောကရဲ့ နေ့စဉ်ဖြတ်သန်းမူ့ကအကြွေးစံနစ်ပါဘဲ။
စူပါမက်ကက်တွေနဲ့ စားသောက်ဆိုင်ကြီးတွေကလွဲရင်အားလုံးအကြွေးပါဘဲ။
စားသောက်ဆိုင်ဆိုတာတောင်မှ အရပ်ထဲမှာဖွင့်တဲ့စားသောက်ဆိုင်လေးတွေမှာ
တောင်အကြွေးပေးရတတ်ပါသေးတယ်။
စားသောက်ပြီးခါမှ “ညနေအိမ်ကလူ အလုပ်ပြန်လာရင်ပေးမယ် မှတ်ထားလိုက်တော့”
ဆိုပြန်ရင်လဲအကြွေးပေးလိုက်ရတာပါဘဲ။
ရပ်ကွက်ထဲက ကုန်စုံဆိုင်ကို
“အမေက ဆန်တစ်ပြည်ပေးလိုက်ပါတဲ့ ညနေကျရင်ပေးမယ်တဲ့”လို့
ကလေးလွှတ်ပြီးယူခိုင်းရင်းလဲ ရောင်းချင်နေတော့ပေးလိုက်ရတာပါဘဲ။
“ကုန်ကတော့ တွဲရှိတုံးတင်ချင်တာ အရင်အကြွေးကတော့နောက်လေးငါးရက်နေမှ
ပေးနိုင်မှာ”
လို့ဆိုပြန်ရင်လဲ ကိုယ်က ရောင်းချင်နေတော့ အကြွေးပေးလိုက်ရတာပါဘဲ။
အခုခေတ်မှာတော့ အကြွေးမှ မရောင်းဘူးဆိုရင် ပစ္စည်းများများ မကုန်နိုင်ပါဘူး။
တယ်လီဖုန်းကနေ ကုန်အမှာအော်ဒါတွေတက်ရင်လဲအကြွေးပါဘဲ။
အရောင်းသမားလေးတွေ ပစ္စည်းလိုက်စပ်ရင်လဲအကြွေးပါဘဲ။
သူုတို့လိုချင်တဲ့ ကုန်ကတော့အရင်ချပေးထား နောက်မှ ပိုက်ဆံလိုက်ကောက်ပေါ့။
ဒါကတော့ မြန်မာပြည်ကြီးရဲ့နေ့စဉ်ဖြတ်သန်းနေရတဲ့ကုန်သည်များရဲ့ဘဝပါဘဲ။
***************************************************
တစ်ရက်ကိုအောင်မောင်းအလုပ်ရောက်လို့ မနက် ရှစ်နာရီကျော်ကျော်မှာ ဆိုင်တစ်ဆိုင်ကနေဖုန်းလာပါတယ်တဲ့။
သူတို့လိုချင်တဲ့ ပစ္စည်းတွေ မနက်စောစောချပေးဘို့ပေါ့။
ကုန်ဘိုးငွေက ဘယ်ဆီမှာနေမှန်းမသိတဲ့ ထုံးစံအတိုင်းအကြွေးရောင်းရတာပေါ့၊
အဲဒါနဲ့ ကိုအောင်မောင်းကလဲ ကုန်အမှာကိုလက်ခံပြီး သိပ်အစောကြီးတော့မရနို်င်တဲ့
အကြောင်း ကုန်တင်မှာ ချမှာရယ် ဂိုဒေါင်ကနေသွားရမယ့်အချိန်ရယ်တွက်ပြီး မနက်ဆယ်နာရီကျော်လောက်မှ
ရောက်နိုင်မယ်ဆိုတာပြန်ပြောလိုက်ပါတယ်။
ကိုးနာရီကျော်ကျော်လောက်မှာအဲဒီဆိုင်ကဘဲ မှာထားတာမရောက်လို့ဆိုပြီး
ဒေါကြိးမောကြီးနဲ့ဖုန်းဆက်လာပြန်ပါတယ်။
ကိုအောင်မောင်းက ဆယ်နာရီကျော်မှရောက်မယ်ဆိုတာပြောပြီးသားလို့ပြောတဲ့အခါ
မှ ရောင်းချင်ရင် မြန်မြန်ပို့ဆိုပြီးဖုန်းချသွားပါတယ်။

အဲဒီနေ့ နေ့လည်ပိုင်းရောက်တော့ ကိုအောင်မောင်းဆရာက ခေါ်လို့
သွားတဲ့ အခါ သူ့လက်ကိုင်ဖုန်းကို ထိုးပေးပြီး
“အကျိုးအကြောင်းပြောပေးစမ်းပါကွာ”လို့ပြောပါတယ်။
ကိုအောင်မောင်းတို့ဆိုင်က ဝန်ထမ်းလေးက သူတို့ဆိုင်ကိုမနက်ပိုင်းအကြွေးလာကောက်လို့ လှမ်းတိုင်တဲ့ဖုန်းဖြစ်နေပါတယ်။
အဲတော့ အဲဒီဆိုင်မှာ ငွေခံချိန်ကို တိတိကျကျသတ်မှတ်ထားပါသလားလို့မေးတော့
အဲလိုတော့ သတ်မှတ်မထားဘူး။
ဒါပေမယ့် ငါတို့က မနက်ခင်း အကြွေးလာတောင်းတာ မကြိုက်ဘူး လာဘ်ပိတ်တယ်လို့ပြန်ပြောပါသတဲ့။
ဒါနဲ့ဘဲ နောက်ဆို မနက်ပိုင်း ကို အကြွေးလာမတောင်းခိုင်းတော့ပါဘူးလို့ ဘဲသူတို့ကျေနပ်အောင် ပြန်ပြောလိုက်ရပါတယ်။
အကြွေးမနက်ပိုင်းလာကောက်လို့ဆိုပြီးတို်င်တဲ့ဆိုင်က သူတို့ အကြွေးဝယ်တဲ့ပစ္စည်းကို
လာချတာ နောက်ကျတယ်ဆိုပြိးလှမ်းကွိုင်တဲ့ဆိုင်ပါဘဲ။
တရားကျစရာ။
*********************************************************************

တွေးကြည့်ရည်တကယ့်ကိုရီစရာကြီးပါဘဲ။
မနက်စောစော သူများဆီကတော့ အကြွေးယူပြီး
ကိုယ်က သူ့ဆီက ယူထားလို့ လာတောင်းတာတဲ့အခါမှာတော့
”လာဘ်မရှိဘူး” ဆိုတဲ့စကားလုံးကြီးနဲ့ကိုင်ပေါက်ပြီး ငြင်းပယ်တတ်ကြပြန်ပါသေးတယ်။
ရှိပါသေးသဗျာ နေ့လည်မွန်းမတည့်ခင် ငွေလာတောင်းရင် မကြိုက်ဘူးဆိုတဲ့လူတွေ။
ကျနော်တို့မြန်မာလူမျိုးတွေက အတော်လေးကိုအစွဲအလမ်းကြီးတယ်လို့ဆိုချင်ပါတယ်။
အများအားဖြင့် မိရိုးဖလာကိုးကွယ်မူ့ကနေအမြစ်တွယ်လာတဲ့လွဲမှားတဲ့ယုံကြည်မူ့တွေဘဲလို့
လဲဆိုနိုင်ပါတယ်။
ဥပမာပေးရရင် လေချွန်ရင်လာဘ်တိတ်တယ်လို့ဆိုတာမျိုးပေါ့။
နောက်တစ်ချက်က အကြောင်းအရာတစ်ခုကို မလုပ်စေချင်လို့တားဆီးတဲ့အခါမှာ
ဆီလျော်မှန်ကန်တဲ့အကျိုးအကြောင်းပြပြီးတားမြစ်တာမဟုတ်ဘဲ အကြောက်တရားနဲ့
စီးမိုးပြီးပိတ်ပင်ခဲ့တာတွေကြောင့်လဲဖြစ်ပါတယ်။
“စလောင်းဖုံးနှစ်ချပ်တီးရင်ကျားကိုက်တတ်တယ်”ဆိုတာမျိုးပေါ့။
နောက်တစ်ချက် ဘယ်အယူအဝါဒကနေဆင်းသက်လာမှန်းမသိတဲ့
ကိစ္စတစ်ခုရှိလာပြန်ရင်လဲ” မမေးကောင်းဘူး”ဆိုတဲ့စကားလုံးနဲ့ကိုင်ပေါက်ပြီးဘူးကွယ်တတ်ကြပြန်ပါသေးတယ်။
အဲတော့ကိုယ်မလုပ်ချင်တဲ့ကိစ္စတစ်ခုအတွက်ငြင်းပယ်တဲ့စကားလုံးတွေကို ရေလဲသုံးပြီး ခိုင်မာတဲ့အကြောင်းပြချက်
မရှိဘဲငြင်းပယ်ကြပြန်ပါတော့တယ်.။
အခုလိုတိုးတက်တဲ့ခေတ်ကြီးထဲမှာ မရှိသင့်တော့တဲ့ အတွေးအခေါ်တွေလို့လဲဆိုနို်င်ပါတယ်။
အဲတော့ ဒီလို အတွေးမှားအယူမှားတွေကို အားလုံးမပြင်နိုင်တောင်မှ နည်းနည်းလေးတော့
လျော့သင့်ပြီလို့ ပါးပါးလေး တိုက်တွန်းချင်ပါတယ်။

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
26-9-2013

28 comments

  • kai

    September 27, 2013 at 3:56 am

    ပါးပါးလေးမရဘူးကိုပေါက်ရေ…
    ထူထူမှကိုရမှာ.. အတုံးလိုက်အတစ်လိုက်ပါအောင်ကို.. ကိုက်ဆွဲဖဲ့ထုတ်မှ…

    ဒါတွေဘယ်ကအရင်းခံသလည်းသိလား… :mrgreen:

    စနစ်ကြောင့်မဟုတ်..။

    • ဟုတ်ပါတယ် အရုးိစွဲနေတဲ့ အကျင့်တွေကို မပျောက်ရင်
      နိုင်ငံတကာနဲ့လက်တွဲအလုပ်လုပ်တဲ့အခါ တပန်းရှုံးပါမယ်

  • အရီးခင်

    September 27, 2013 at 4:03 am

    ဒီခေတ်မယ် စလောင်းဖုံးတီး လို့ ကျားခမျာ လဲ လာကိုက်နိုင်မယ် မထင်ဘူး ကပေါက်ကြီးရ။
    ကျားမျိုးတုံးမလိုတောင်ဖြစ်နေတာ။
    😛

    • kai

      September 27, 2013 at 4:11 am

      ကျုပ်ဖတ်ဖူးသလောက်တော့..
      အဲဒါ.. အမျိုးသမီး၂ယောက် lesbian sex မလုပ်ကြနဲ့.. လူကျားဝင်ဆွဲမယ်ပြောတာခင်ဗျ… :mrgreen:

      • TNA

        September 29, 2013 at 4:50 pm

        ဟုတ်ဘူးသဂျီးရဲ့။ ရှေးတုန်းက စလောင်းဖုံးသုံးရင် မြေအိုးနဲ့မြေစလောင်းပဲသုံးတာလေ။ အဲဒါကို ကလေးတွေက လင်းကွင်းလိုလုပ်လုပ်ပြီးတီးတော့ မြေစလောင်းဖုုံးတွေက ခဏခဏကွဲတာပေါ့။ အဲဒါကိုတားချင်လို့လူကြီးတွေက စလောင်းနှစ်ချပ်တီးရင်ကျားကိုက်တယ်လို့ပြောတယ်လု့ိ မှတ်သားဖူးပါတယ်။

        • kai

          September 29, 2013 at 5:09 pm

          တော်တော်တွေးစရာရသွားတာပဲ..
          အိုးရွဲ့ကို စလောင်းရွဲ့နဲ့ဖုံးတယ်ဆိုတာရော.. မြေသားစလောင်းဖြစ်နိုင်သလား..။ ဒါမှမဟုတ်..နောက်ပေါ်(ဒန်ခေတ်)ရောက်မှ သုံးတာလားမသိ…။
          ကျုပ်ဖတ်ထားတာက.. အမျိုးသားစာကြည်တိုက်(အဲဒီတုံးက ၆ထပ်ရုံး) က..စာအုပ်စင်ကပါ..။
          အဲဒီမှာ .. လိင်ကိစ္စနဲ့.. စကားဆိုရိုးအဆက်အသွယ်တွေ..သမိုင်းကြောင်းတွေပါတယ်လို့မှတ်မိဖူးတာပါ..။
          မုန်လာဥလာမလုပ်နဲ့တို့..။ လှေကြီးထိုးရိုးရိုးတို့.. စသဖြင့်ပေါ့..

          ဘာပဲဖြစ်ဖြစ်… ထောက်ပြတာ.. အချက်ကျလှသမို့.. ကျေးကျေး…

  • Ma Ma

    September 27, 2013 at 8:09 am

    မနက်ခင်း အကြွေးလာတောင်းတာ မကြိုက်ဘူး လာဘ်ပိတ်တယ် ဆိုတဲ့အတွေးအခေါ်ကို….
    မနက်ခင်း အကြွေးလာပေးရင်ကောကြိုက်လား လို့ မေးပြီး ကျမတော့ ကြွေးတောင်းတာပဲ။

    ကျမတို့အဖေက ကိုယ်ရစရာရှိရင် စောစောရရင်ကြိုက်တယ်မဟုတ်လား။
    သူများလည်းကိုယ့်လိုပဲပေ့ါ။
    ဒါ့ကြောင့် ကိုယ်ပေးစရာရှိရင်လည်း စောစောပေးလိုက်တော့ တဖက်သား စိတ်ချမ်းသာတာပေ့ါဆိုပြီး သင်ပေးထားတာကို အသုံးချတာ။ :boss:

  • ဦးဦးပါလေရာ

    September 27, 2013 at 10:09 am

    ကျုပ်​က​တော့
    သူငယ်​တန်​းတက်​ကာစက ဆယ်​ပြားတန်​ဆားငံ​စေ့တစ်​ထုပ်​ အ​ကြွေးဆုံးတာကစလို့
    ဒီက​နေ့အထိ မ​ရေမတွက်​နိုင်​​အောင်​ နည်​းမျိုးစုံနဲ့ အ​ကြွေးဆုံးဖူးပါတယ်​
    ​နောင်​လဲ ​နောက်​ထပ်​အများကြီးဆုံးနိုင်​စရာ​တွေ ရှိ​နေပါတယ်​
    အဲဒီရှည်​လျှားလှတဲ့အ​တွေ့အကြုံ​တွေအရ​ပြောရရင်​
    ကိုယ်​​ပေးစရာရှိတာကို
    ​ပေါက်​ကရရှစ်​ဆယ်​ အယူအစွဲအမျိုးမျိုးအ​ကြောင်​းပြသူ​တွေဟါ
    သူတို့ရဲ့စိတ်​ရင်​း အတွင်​းစိတ်​က
    သူများပစ္စည်​းကို ြဖြစ်​နိုင်​သမျှ အလကားလိုချင်​သူ​တွေ
    အလကားမရရင်​လဲ ြကြာနိုင်​သမျှကြာ​အောင်​ ကိုယ်​့လက်​ထဲ ထားချင်​သူ​တွေသာဖြစ်​တယ်​

    လူတစ်​​ယောက်​ကို စာ​မေးပွဲစစ်​ချင်​ရင်​ အလွယ်​ဆုံးနည်​းက​တော့ အ​ကြွေး​ပေးလိုက်​ပါ

    • ဦးပါ ငယ်ငယ်တုန်းက သီချင်းလေးရှိတယ်
      မူရင်းက မမြရင်
      နောက်တော့ ကြွယ်ကြွယ် နဲ့ ရူ့မဝစမ်းစမ်းအေးတို့ဆိုကြတယ်

      အားနာတတ်ရင် အားပါလိမ့်မယ် ………………….. ဆိုတဲ့သီချင်းလေးကို ဆက်ဆိုကြည်ပါ့လား

  • KZ

    September 27, 2013 at 10:20 am

    လေးပေါက် စာ ဖတ်ပြီးးး ပြန်မရခဲ့ တဲ့ အကြွေးတွေ သတိရသွားပြီ။
    ဟိုနေ့က အလင်းဆက်က မေးတယ်။
    ပေးတိုင်း ပြန်မရတာ အချစ်လို့ ခေါ်သလားတဲ့၊။

    အနော့ အတွက်တော့ ပေးတိုင်း ပြန်မရခဲ့က သူ့ကို ချေးခဲ့တဲ့ ပိုက်ဆံတွေပါလေ။

    အဟင့်!
    ရွှတ်!! ငိုချင်လာပြန်ပြီ။
    😥

    • ကိုပေါက်(မန္တလေး)

      September 27, 2013 at 10:04 pm

      အချစ်ဆိုတာ ပြန်တောင်းလို့လဲ ရစကောင်းသောအရာ ဟုတ်ပါသလားတဲ့လို့ မေးခွန်းတွေထုတ်သွားတာဘဲ
      ဒါပေမယ့် အကြွေးကတော့ ပြန်တောင်းမှဖြစ်မယ်အေ့

  • kyeemite

    September 27, 2013 at 11:29 am

    လူတွေရဲ့ တလွဲအယူအဆတွေကိုတော့ တော်တော်ပြုပြင်ရအုံးမယ်ဗျာ….
    ကိုယ့်ကိုကိုယ်တော့ ကြိုးစားပြုပြင်နေတာပဲဗျို့…

  • အကြွေးများ ရမယ်ဆိုလို့ကတော့ ကမ္ဘာကြီးတောင် ဝယ်ချင်ကြတဲ့သူက
    အများသား ….. ပစ္စည်းလေးရောင်းချင်လို့ လိုက်စပ်မယ် မကြံနဲ့
    နောက်တစ်ခေါက် ပစ္စည်းချမှ ငွေချေရမယ်ဆိုမှ ယူချင်သူတွေချည့်..
    ချက်ခြင်းပေးဆိုလို့ကတော့ မနှင်ထုတ်ရုံတမယ်….

    • ကိုပေါက်(မန္တလေး)

      September 27, 2013 at 10:23 pm

      အကြွေးရရင် လေယာဉ်ပျံတောင် ဝယ်စီးအုံးမယ် တဲ့
      မြို့မငြိမ်းရေးပြီး ဝင်းဦးဆိုခဲ့တာလေ
      မြန်မာ့ ဝါဒ

  • surmi

    September 27, 2013 at 2:03 pm

    အဟမ်​းး ….
    ​နောက်​​တစ်​ခါ န​စ်​​ယောက်​ တွဲပြီး
    တိုက်​​ဖျက်​​ရေးတစ်​ပုဒ်​လုပ်​ချင်​​သေးလား…. ဟဲဟဲ
    ဟိုတစ်​ခါက​တော့ ပဲခူးသူခဲနဲ့မထု​အောင်​မနဲ​ချော့လိုက်​ရ​သေး ..​ဟေး​ဟေး …

  • ကိုပေါက်(မန္တလေး)

    September 27, 2013 at 10:29 pm

    ိုကဆာမိ ကြောင်းလိုက်တော့
    နှစ်ယောက်တွဲ ဆော်မယ်။
    ပဲခူးသူက အခုကျုပ်ဆီတောင်အလည်မလာတော့ဘူးဗျို့

  • Mr. MarGa

    September 27, 2013 at 10:31 pm

    ကြွေးယူပြုံးပြုံး တောင်းတော့ မုန်း တဲ့
    ဘယ်သူ ဘယ်လို တီထွင်လိုက်တဲ့ စကားလဲတော့ မသိ
    အခုခေတ် စီးပွားရေးမှာ ကြွေးနဲ့တော့ ဘယ်မှာမှ မကင်းဘူး ထင်ပါတယ်။
    ဒါပေမင့် ဒီ အကြွေးကို အသေအချာ မကိုင်တွယ်နိုင်ရင်တော့
    နှစ်ဦးနှစ်ဖက် မျက်နှာပျက်စရာအထိ ဖြစ်သွားတတ်သပေါ့ဗျာ

  • Ko chogyi

    September 28, 2013 at 1:14 am

    နိုင်ငံတော်အဆင့် အကြွေးခေတ်စားနေချိန်မှာ
    လျော့ခိုင်းနဲ့
    လျော့နိုင်ဘူးတော်ရေ့

  • ကျော်စွာခေါင်

    September 28, 2013 at 2:09 am

    ကိုပေါက်ရေ..
    အဲဒီလို လူတွေက ငွေကြေးဆိုတာ…
    ပူဇော်ပသ မျက်မာန်ရှမှာ စိုးရိမ်ရတဲ့ အရာလား
    စနစ်တကျလည်ပါတ်ပြီး ကိုင်တွယ်သုံးစွဲရမယ့်အရာလား…ခွဲခြားမသိနိုင်သူတွေပေါ့..
    တခါတခါ…
    ပါးစပ်ကပြောတော့ ထေရဝါဒ… လူတွေက ဗြဟ္မဏထဲက ကို မထွက်နိုင်ကြဘူး….လို ့
    ကျနော်ပြောရင် နာကြသေးသဗျ…။
    စလောင်းဖုံးကလဲ ၆နှစ် ရနှစ်သားကတည်းက ခဏခဏ သမပြီး ရိုက်ခွဲတာ အလကား…ဘာကျားမှ မလာပါဘူး…
    အဘွားကို အိမ်ရှေ့ခြ့တံခါးမှာ ကင်းစောင့်ခိုင်းပြိီးတော့ကို တီးတာ..။
    သိတာပေါ့…
    ကိုယ့်မြို ့နယ် ပါတ်လည် ကျားမှ မရှိတာ။

  • မဟာရာဇာ အံစာတုံး

    September 28, 2013 at 9:35 am

    ယူတဲ့ လက်မှာ အစွဲ မရှိဘူးဗျ
    ပေးတဲ့ လက်မှာသာ အစွဲ ရှိတာ
    ဒါကြောင့်ပဲ
    ပေးမယ့်လက်က စွဲစွဲထားလို့
    အပေးခက်နေတော့တာပေါ့ဗျာ ….။

  • ကျနော်ဆရာပြောပြတဲ့ ငွေကြေးစီမံခန့်ခွဲမူ့အကြောင်းရေးအုံးမယ်ဗျာ
    လူတွေက လုပ်ငန်းထူထောင်ရင် လုပ်ငန်းခွင်စည်းကမ်းနဲ့ ဝန်ထမ်းအုပ်ချုပ်မူ့လောက်သာ ဇောင်းပေးကြတာ
    ပိုင်ရှင်ကိုယ်တိုင်လိုက်နာရမယ့် ငွေကြေးစီမံခန့်ခွဲ့မူ့ကိုတော့ မေ့ထားကြတယ်

  • အလင်းဆက်

    September 28, 2013 at 8:52 pm

    ဒီလို အတွေးမှားအယူမှားတွေကို ခပ်ညံ့ညံ့ လူတွေ..တွေးကြ ပြောကြတယ်..။

    ဒါတော့… သူဂျီးပြောတာ.. မှန်သလိုလို..ပဲ။။

    စနစ်ကြောင့်မဟုတ်ဘူးဆိုတာ…။

    ===========
    ဒါပေမယ့်……

    မကောင်းတဲ့ စနစ်တွေက စခဲ့လို ့…
    မကောင်းတဲ ့ အတွေးအခေါ်တွေ…နဲ ့..နှစ်ပါးသွားခဲ့ရတာလို ့ပြောလည်း ရတယ် ..။

    အဟိ

    :kwi:

  • TNA

    September 29, 2013 at 4:52 pm

    အောင်မယ်လေး စူပါမတ်ကက်တွေလဲအကြွေးနဲ့ပါလေးပေါက်ရယ်။ ကျွန်မတို့ကုန်တွေကို အရင်ချရတာ။ တလနေမှသူက တလရောင်းသလောက်ကုန်ဖိုးပြန်ရှင်းတာရယ်။ ကိုယ်က နှစ်လစာလောက်အရင်းရှိထား မှ ကောင်းကောင်းလည်ပါတ်နိုင်တာရယ်။ သူတို့က လဆန်း ၁ဝ ရက်ကျော်မှငွေရှင်းပေမဲ့ လမကုန်ခင် ၂၅ ရက်အထိကုန်ဖိုးပဲရှင်းတယ်ရယ်။ ကြားထဲနှစ်ပါတ်လောက်က ဟထားသေးတယ်။ တကယ်ကိုမလွယ်ပါဘူးလေးပေါက်ရေ။

  • မယ်သဲရေ စူပါမက်ကက်တွေ လက်ငင်းရတယ်ဆိုတာ သူတို့ရောင်းတဲ့ အခါမှာ လက်ငင်းရတာကို ပြောတာပါဗျာ ။
    သူတို့ကိုကျနော်တို့ရောင်းရင် ခရက်ဒစ်ဆိုရင် တစ်လဆိုင်း
    ကွန်ဆိုင်းမင်န့်ဆိုရင် ကုန်သလောက်ရှင်း လိုက်ပြန်သိမ်းလိုက်နဲ့ ပါဘဲ။

Leave a Reply