စုဗူးလေးနဲ ့ကောင်လေး
သားမှာ စုဗူးလေးတစ်လုံးရှိသည်။ “ သားလဲပိုက်ဆံစုချင်တယ် ဖေဖေ” ဟုပြောလာသောကြောင့် သူ ့မေမေက စုဗူးလေးဝယ်ပေးခဲ့သည်။
ကိုယ်ကလည်း ခွင့်ပြုသည်…။ သားရဲ ့မေမေကတော့ သားရဲ ့စုဘူးလေးကို အမြဲထပ်ဖြည့်ပေးနေကြ..။ သားက အမေနဲ ့ အမတွေ ဈေးဝယ်လို ့ပိုတဲ ့ငွေလေးတွေတွေ ့ရင် သူ ့စုဘူးလေးထဲကို ထည့်သည်…။
ဘယ်အခါဘဲဖြစ်ဖြစ် ပိုက်ဆံ ယူလာပြီးလျှင် ကိုယ့်ကို လာပြောသည်…မျက်စိလေးတစ်ဖက်မှိတ်ပြရင်း“ သား မေမေ့ပိုက်ဆံပိုတာ ယူလာတယ်..သားစုဘူးထဲထည့်မယ်နော်” ဟုပြောတတ်သည်…။
ဒါပေမယ့် တန်ဘိုးများများ မယူ..အကြွေလောက်မျှသာ..။ တခါတရံ ပိုက်ဆံများများတွေ ့လျှင်
“ ဒါဘယ်သူ ့ပိုက်ဆံလဲ……ြမန်မြန်လာယူပါ” ဟုအော်ပေးတတ်သည်…။
တစ်ကယ်တမ်းဆို သားအသက်က ၆နှစ်မျှသာ…။
ပိုက်ဆံကို ယူပြီး စုတတ်တာကလွဲလို ့ သားက မခိုးတတ်ပါ..။ကိုယ်က နားလည်ပေးထားသည်..
သားမှာ ဝင်ငွေမရှိ၊ အလုပ်မရှိ..။
ဒီလိုယူမှသာ သူ ့စုဘူးလေးပြည့်နိုင်မည်..။ပြောသာပြောသည်..သူစုဘူးက တခါမှမပြည့်..။ သူ ့အမတွေနှင့်
သူ ့မေမေ ဘတ်စ်ကားစီးဘို ့အကြွေလိုလျှင် သူကဘဲ အမြဲထုတ်ပေးသည်။
သူမသိခင် ယူသုံးထားပြီး နောက်မှပြောရင်လည်း ပြသနာမရှိ..။
ကိုယ်တစ်ခုခု ဝယ်မည်ဆိုလျှင် ..“ဖေဖေ ပိုက်ဆံမလောက်ရင် သားစုဘူးလေး ဖေါက်လိုက်ပါလား”ဟုသားက အမြဲပြောသည်။
ကိုယ်ကိုတော့ သူပိုချစ်သလို ထင်ရသည်..။ ကိုယ့်ဆီက ဘယ်တော့မှ မယူ။
ဒါပေမယ့် ကိုယ်ဝယ်ပေးရတာတွေကလည်းမနည်း..။
ကိုယ်ကကင်မရာကောင်းကောင်းတွေလည်းဝယ်ချင်သည်…ပရိုဂရမ်အသစ်တွေပေါ်လည်းထပ်ဝယ်ချင်သည်…
ရုပ်ရှင်တည်းဖြတ်တဲ ့ပရိုဂရမ်တွေ အားကျသည်..။အင်တာနက်မှာ ကြည့်ပြီး “ ဒါလေးတော့ ဝယ်ထားမယ်ကွာ” လို ့ပြောသံ ကြားရင်……သူပြောမည်..။
“ ဖေဖေပိုက်ဆံလိုရင် သားစုဘူးလေး ဖေါက်လိုက်မယ်နော်” ဟု..။
ဒါသည်ပင်လျှင် ချစ်ခြင်းတရား၊ ဒါသည်ပင်လျှင် မိဘနှင့် သားသမီး၏ နွေးထွေးမှုဖြစ်သည်။
သားရဲ ့စုဘူးလေးနဲ ့ပါတ်သက်ပြီး ကိုယ်ငယ်ငယ်က စုဘူးလေးကို နင့်နင့်နဲနဲ သတိရမိသည်..။ကိုယ့်ဘဝမှာလည်း တစ်ခါဘဲ စုဘူးသည်။
ကိုယ့်အသက် ၁၁ နှစ်သားလောက်ကပေါ့..။ ကိုယ့်အထက်က အကိုက ၁၃ နှစ်အရွယ်ဖြစ်သည်…။
စုဘူးကို သူက အရင်စုသည်…။ကိုယ်က သိတောင်မသိပါ..။
၁၁နှစ်နဲ ့၁၃နှစ်အရွယ်မှာ ဘယ်မှာ ကိုယ်ပိုင်အလုပ်ရှိမှာလည်း…မုန် ့ဘို းလေးတွေစု..၊မိဘတွေ ဆီက တိတ်တိ်တ်လေးခိုးစုပေါ့။
တစ်နေ ့ကျနော့် အကိုက သူ ့စုဘူးလေးကို ဖေါက်ပြီး အဖေနှင့် အမေကို ပေးတော့ “သိပ်တော်တာဘဲ၊ လိမ်မာလိုက်တဲ ့သား”ဟုချီးမွမ်းကြသည်…။ ပြောမဆုံးပေါင် တောသုံးတောင်ပေါ့..။
ကိုယ့် အကိုကို ချီးမွမ်းတာမြင်တော့ ကလေးပီပီ ကိုယ်ကလည်းချီးမွမ်းခံချင်သည်..မိဘကို တစ်ဖက်တစ်လမ်းက ကူညီသောသား လေးဖြစ်ချင်သည်၊
ဒါနဲ ့ဘဲ အဒေါ်ဖြစ်သူကို ပူဆာပြီး စုဘူးလေးဝယ်ခိုင်းသည်၊ အဒေါ်ကလည်းဝယ်ပေးပါသည်…။
စုဘူးလေးရပြီးကတည်းက ကိုယ်ရသမျှမုန် ့ဘိုးလေးတွေစုသည်..၊ ကလေးချင်း သူတို ့ကြီုက်တတ်သည် ့၊ သူတို ့လိုချင်သည့် ပုံလေးတွေဆွဲပေးပြီး ရသမျှစုသည်..မကွယ်မဝှက်ပြောရလျှင် မိဘတွေ အမှတ်မဲ ့တင်ထားခဲ့သော အကြွေလေးတွေကို ခိုးစုသည်..
အဘွားပေးသည့် ငွေကိုလည်းစုသည်…။
သူများတွေက ပိုက်ဆံစုဘူးလေးဖေါက်မည်ဆိုလျှင် စုထားတဲ ့ပိုက်ဆံ ဘယ်လောက်များမလဲ သိချင်စိတ်ဖြင့် ရင်တုန်ကြ၊ရင်ခုန်ကြသည်..။
ကိုယ်ကတော့ စတင်စု ကတည်းက စာရင်းဇယားလေး လုပ်ထားလို ့..ဒီနေ ့ထည့်တာနဲ ့ဆို ဘယ်လောက်ရှိပြီဆိုတာ ကြိုသိနေလို ့ရင်မခုန်ရပေမယ့် စုဘူးလေးဖေါက်ကာ မိဘတွေလက်ထဲ ပေးမည့် အချိန်လေးကိုတွေးပြီး ရင်ခုန်သည်။
လနှင် ့ချီပြီးစုထားရာမှ သူငယ်ချင်းလိုချင်သော ဆေးရောင်စုံ ပုံလေးကို ညနေပိုင်းအထိ သူ ့အိမ်မှာဘဲ အပြီးဆွဲပြီးသည် ့အချိန်တွင်၁ကျပ်တိတိရသည့် အတွက် ကိုယ့်မှာ အရမ်းပျော်သည်…ဒီနေ ့ စုငွေ ၉ဝကျပ်တိတိပြည့်သည့်နေ ့..။
အစကတည်းက အကို့လောက်မများတောင် ၉ဝ တိတိ ပြည့်တာနဲ ့အဖေ၊အမေတို ့ကို ပေးမည်ဟု ဆုံးဖြတ်ထားတာဖြစ်လို ့ဒီနေ ့ ပိုပျော်ရွှင်မိသည်…။
သူငယ်ချင်း မိသားစုကို နုတ်ဆက်ပြီး ရွှေဘိုမြင်းတစ်ကောင်လို အိမ်ကို ဒုန်းစိုင်းပြေးလာခဲ့သည်…။
ကိုယ့် အိမ်ရောက်တာနဲ ့စုဘူးလေးထားနေကြ တံခါးကြားလေးကို ကြည့် လိုက်တော ့ ကို ယ့်စုဘူးလေး မရှိတော့..။ ကိုယ့်ခေါင်းတွေမူးသွားမိသည်. ရင်ထဲမှာလည်းဆိုနင့်နင့်ဖြင့် ငိုချင်နေသည်..။
အမကိုမေးတော့ မပြောပါ..ညီမလေးကိုမေးတော့ သူမသိပါဘူးလို့ ့ပြောသည်..။ ကိုယ်သိပြီ၊ ကိုယ့်စုဘူးကို တစ်ယောက်ယောက်ယူလိုက်ပြီ…….၊
ကိုယ်ဘယ်သူ ့ကိုမှ မမေးရဲပါ..ကိုယ်ဝမ်းနည်းစွာငိုကြွေးမိသည်..မေးမည် ့သူ ၊ချော့မည် ့သူ မရှိပါ..။
တားဆီးမရ ဖြစ်ပေါ်လာသော အားငယ်မှုဖြင့် အိမ်ဘေးကအုန်းပင်လေးနားမှာ ကိုယ်ကျိတ်ငိုမိသည်..။
တော်တော်ကြာမှ အမေရောက်လာပြီးကိုယ့်ကို တစ်ခုခုနှင့် ပစ်ပေါက်လိုက်ပြီး…
“ ဟဲ ့သူခိုး ငိုမနေနဲ ့ကျက်သရေမရှိဘူး” ဟု ပြောကာ အနားမှထွက်သွားသည်..။
အမေပစ်လိုက်လို ့ခေါင်းကိုမှန်ပြီးနံဘေးမှာ ကျနေသော အရာကို မျက်ရည်များကြားက ကောက်ယူကြည့်တော့ ဓါးဖြင့် ထိုးခွဲထားသော၊ပိန်လိန်နေသော ကိုယ့်စုဘူးလေးပါ…။
“ အမေရယ်…ကျနော့်ကို မမေးတော့ဘူးလား”
“ ကျနော့်ကိုရှင်းပြခွင် ့ မပြုတော့ဘူလား”
“ဒီ တစ်ညနေလေးတောင် မစောင့်ကြတော့ဘူးလား အမေ….ဒီတစ်ညနေလေးပါ”
“အမေ ဘာကြောင့် သူခိုးဆိုတဲ ့ဝေါဟာရကို သုံးပစ်လိုက်တာလည်း အမေ”
“ကျနော်လည်း အမေ့သားပါ အမေရယ်”
“ ကိုယ်ပိုင်အလုပ်မရှိ ၊ဝင်ငွေမရှိတာချင်းအတူတူ အကို ့ကိုတော့ အမေတို ့ချီးမွမ်းခဲ ့တာ ဘာလို ့လဲ”
မမေးရဲပါဘူး မေမေ။ ကျနော်ဘာမှ မပြောရဲပါဘူး…။ ကျနော် အကျယ်ကြီးတောင် မငိုရဲပါဘူး….။
ကျနော့် ဘဝမှာ ဒါပထမဆုံးနဲ ့နောက်ဆုံး စုဘူးပါ မေမေ။
………..
………..
သားရဲ ့စုဘူးလေးကို ကိုယ်က နားလည်ပေးပါတယ်..သူက ကိုယ့်သားလေးပါ…။
ကိုယ့်အဖြစ်အပျက်နဲ ့စာနာပြီး စုဘူးလေးကို မကြည့်ပါ…
စုဘူးလေးကိုကျော်ပြီး သားရဲ ့စိတ်ဓါတ်ကိုဘဲကြည့်သည်။
တိတ်တိတ်လေး ယူသည့် အကျင့်ကို မလေ့ကျင့်ဘဲ.. ခွင့်တောင်းပြီးမှယူကာစုဘို ့ပြောပြသည်….။
သားစုသမျှကလည်း အကုန်လုံးဘတ်စ်ကား စီးဘို ့ပါလို ့သားပြောတော ့ ကိုယ့်မှာမျက်ရည်ကျမိသေးသည်…
ကိုယ့်ရဲ ့အဖြစ်လို ကလေးတွေကို မဖြစ်စေချင်ပါ…ကမ္ဘာမှာ ကလေးဦးရေ တော်တော်များပါသည်၊
ကလေးတို ့သဘာဝကတစ်ယောက်ကစုဘူးလေးရှိတယ်ပြောလျှင် ကြားရသော ကလေးများလည်း ကိုယ်ပိုင်စုဘူးလေးတွေ လိုချင်ကြမှာ၊ စုချင်ကြမှာပင်..။
ကစားစရာလေးတွေဝယ်ဘို ့၊ အဘွားကိုကန်တော့ဘို ့၊အဘိုးကို ကန်တော့ဘို ့ရည်ရွယ်ချက် အမျိုးမျိုးပင်…။
စုဘူးစုတတ်သော ကလေးများတို ့သည် ကိုယ်တို ့၏ရင်သွေး၊ ကိုယ့်သားသမီးသာဖြစ်သည်..။
အနည်းငယ်မျှသော အကြွေလေးများကို ယူစုလို ့မိဘများ စီးပွားပျက်မသွားနိုင်ပါ။
သူတို ့ကို နားလည်မှုလေး ပေးထားရန်တော့ လိုအပ်ပါသည်..။
……….
ကိုယ့် မိသားစုမှာ ကိုယ်ကအရာရာ အပြင်ဘက်က ဖြစ်နေတာကြောင့် ကိုယ့်အသက် ၁၆ နှစ် မပြည့်ခင်လေးမှာပင်အိမ်ကနေ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်..။ ကိုယ့်ဘဝကိုယ် ဇာတ်မြှုပ်ပစ်ခဲ ့သည်..။
………..
………..
ကိုယ့်အသက် ၃၃နှစ် အရွယ်မှာတော ့ ဘယ်လိုစုံစမ်းပြီး မသိ ၊ဆက်သွယ်ကာ အတင်းခေါ်သောကြောင့် ကိုယ့်မိသားစု တခေါက်တော့မိဘတွေဆီ သွားလည်ခဲ့ပါသည်…။အဲဒီအချိန်မှာ ကိုယ်ကလည်း အိမ်ပိုင်၊ခြံပိုင်၊ ရွှေနှင့်ငွေနှင့် ပြည့်ပြည့်စုံစုံပါ။
ကိုယ့်အမေက“ မင်း ဒီအနုပညာအလုပ်ကိုဘဲလုပ်နေမှာလား၊ မင်းအကိုဆို အင်ဂျင်နီယာ၊ အရမ်းချမ်းသာနေပြီ၊မင်း လုပ်မယ်ဆို မင်းအကိုကို အလုပ်တစ်နေရာ ရအောင်ပြောပေးမယ်”ဟု အမေကပြောသည်….။
အမေ ပြောနေချိန်မှာ စုဘူးလေးကို ကိုယ်ပြန်မြင်ယောင်မိသည်။
ကိုယ်ကလည်း နည်းနည်းရင့်ကျက်နေချိန်မို ့အမေ့ကို စကားတစ်ခွန်းပြန်ပြောခဲ့ပါသည်…
ထိုစကားလေးကြောင့်ပင်နောက်တစ်ကြိမ် ဇာတ်မြှုပ်ခဲ ့ရပြန်ပါပြီ…..။
ကိုယ်အမေ့ကိုပြောခဲ့ပါသည်…..
………….
………….
“ ကျနော်မခိုးတတ်ဘူး အမေ”
ကျော်စွာခေါင်
မှတ်ချက်။ ။ ရိုးသားကြိုးစားသော အင်ဂျင်နီယာများကို မဆိုလို။
33 comments
အရီးခင်
September 27, 2013 at 3:30 am
ဒီ ပန်းချီဆရာ ကတော့ မဟုတ်တော့ဘူး။
ပန်းချီဆွဲကောင်းတာက ပန်းချီဆရာမို့ ထားပါတော့။
စာရေးလဲကောင်း၊ ကဗျာစပ်လဲ ကောင်း တာကတော့ နဲနဲလွန်လာပြီ။
အလင်းအမှောင် စပ် ဓာတ်ပုံလေး နဲ့ ငိုနေတဲ့ ကလေး မျက်နှာလေးကို အမိအရဖော်ပြီး ရိုက်ထားနိုင်တာ ဆိုတာကတော့ ……
မပြောတော့ဘူး။ မပြောတော့ဘူး။ ပြောကိုမပြောချင်အောင် ဘက်စုံအနုပညာမြောက်တဲ့ ပန်းချီဆရာ ရေ့။
သီချင်းဆိုရော ကောင်းသလားဟေ့။ 😛
ဒီစာစုထဲက အမေ့ ကို ဘယ်လို တရားချရမလဲ တွေးနေတာ။ မတရားဘူး။
ကလေးစိတ်ဖြူဖြူလေးတွေကို စွန်းအောင်လုပ်တာ မိဘမှာ တာဝန်အရှိဆုံးဘဲ။
ကျော်စွာခေါင်
September 27, 2013 at 9:20 pm
အရီးခင်
လွန်တယ်ထင်ရင် လျော့မှာပေါ့…
သီချင်းကတော့ တွေ ့မှ ဆိုပြမယ်.. ဂျပန်နားသန် ့ဆေးလေး ကြိုဝယ်ထားပေါ့..။
….
….
….
အမေ့ကိုတော့ သတိရပါတယ်..အရီးရယ်..
မိဘ…မိခင်ဆိုတဲ့ ကျေးဇူးရှိတယ်.. နောက် လူတယောက်အဖြစ် ဝင်စားခွင့်ပြုပြီး ၉လလွယ်၁ဝ လဖွား ခဲ့တဲ့ ကျေးဇူးတရားရှိပါတယ်..
ဒါပေမယ့် အရီးရေ..
ဘာသာရေး အယူအဆက မဟာသမုဒ္ဒရာ ဟိုဘက်ကမ်းနဲ ့ဒီဘက်ကမ်း ဖြစ်ခဲံကြတာ…။
Ma Ma
September 27, 2013 at 6:36 am
ဖတ်ရတာ စိတ်မကောင်းစရာပဲ။
ကလေးဘက်ကို မကြည့်ပဲ ကိုယ့်စိတ်ဆုံးဖြတ်ချက်နဲ့ စွပ်စွဲတဲ့ မိဘတွေကို အသိအမြင်မကျယ်ဘူးလို့ပဲ ပြောချင်တယ်။
အခုကိစ္စမှာ ကိုယ့်လုပ်ရပ် ကိုယ့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြန်မပြောရဲတာက မြန်မာကလေးတွေရဲ့ စရိုက်ဖြစ်နေတာ၊။
အဲလိုဖြစ်နေအောင် ပုံသွင်းထားတဲ့ လူနေမှုစရိုက်ကိုပဲ အပြစ်တင်ရမလား။
ဒါပေမယ့် ကိုယ့်အသက်အရွယ်တဲ့ ကြည့်တော့လည်း ……..
ခုခေတ်ကလေးတွေ နှုတ်လှန်ထိုးလွန်းတယ် ထင်မိပြန်ရော။ 😕
ကျော်စွာခေါင်
September 27, 2013 at 9:24 pm
မမရေ
ကလေးတစ်ယောက်ဆိုပြီး မိဘမေတ္တာကို မရခဲ့တာ အမှန်ပါ..
ခုချိန်မှာ ပြန်စဉ်းစားကြည့်တော့…..
အော်..ကိုယ်ဒီဘဝ..ဒီလမ်းနဲ ့ဒီသာသနာ့ရင်ခွင်ထဲကို မရောက်ရောက်အောင် အမုန်းခံတွန်းပို ့ခဲ့ကြတဲ့
ပါရမီဖြည့်ဖက်တွေပါလားလို ့တွေးပြီး အမြဲကန်တော့ပါတယ်..။
Crystalline
September 27, 2013 at 10:00 am
ဖတ်ပြီးအရမ်းစိတ်မကောင်းဖြစ်မိတယ်.. ဒါပေမယ့်.. အဲဒီတစ်ချိန်ကစုဗူးနဲ့ကာင်လေးအတွက်အရမ်းဂုဏ်ယူပါတယ်… ဝေမျှပေးတဲ့အတွက်လည်းကျေးဇူးပါ..
ကျော်စွာခေါင်
September 27, 2013 at 9:25 pm
လှိုုင်းရေ…
ဝေမျှခံစားပေးတာကိုလည်း ကျေးဇူးပါ
sorrow weaver
September 27, 2013 at 10:05 am
Ma Ma says:
အခုကိစ္စမှာ ကိုယ့်လုပ်ရပ် ကိုယ့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြန်မပြောရဲတာက မြန်မာကလေးတွေရဲ့ စရိုက်ဖြစ်နေတာ၊။ ( အဲ့ရာလေး အလွန်သဘောကျပါတယ်..အန်တီမမရယ်… )
ဆရာခေါင်ရယ်…ဆရာ့ လုပ်ရပ်မှန်နေပေမယ့် ဖြေရှင်းပုံလိုသလားလို့ပါခင်ဗျာ…
ကျော်စွာခေါင်
September 27, 2013 at 9:26 pm
ဒူးဝါးလေးရေ..
ဖြေရှင်းခွင့်ဆိုတာ…ကိုယ့်မှာ မရှိပါ..။
KZ
September 27, 2013 at 10:13 am
😥
😥
တကယ် ငို ချင်သွားတယ်။
ဟုတ်တယ်။
အဖေတစ်ယောက်ရဲ့ EQ ကိုမြင်လိုက်ရတယ်။
အရီးပြောသလိုပဲ နည်းနည်းတော့လွန်လာပြီ။
ဒီလ အတွင်းဖတ်ရတဲ့ စာထဲ ဒါ အကြိုက်ဆုံး/အထိဆုံးပဲ။ အဟင့် နောက်ဆုံးစာကြောင်းလေးတစ်ခုမှပဲ နည်းနည်း နင် တယ်။
တော်သေးတယ်။ အဲလို ခိုးမှ လုံလောက်မဲ့ ဆီမှာ အလုပ်မလုပ်ဘူးလို့။
အနော် ငယ်တုန်း က စုဘူးလေးမှာဆို ဓားရာချည်းပဲ။
စုပြီး မနေနိုင်လို့ ပြန်ဖောက်ပြီးသုံးတာ။
အဲဒါကြောင့် ရတာ တူတူဆို မောင်လေး စုဗူးက အပြည့်။
လူကြီး တွေကတော့ အဲဒီ ဟာလေးနဲ့ကို ဗီဇ ကွာမှန်းသိသာသတဲ့။
ခုထိလည်း မစုဆောင်းမိဘူးးးး
ပြောရင်း ပြန်ငိုချင်လာပြီ။
😥
ကျော်စွာခေါင်
September 27, 2013 at 9:28 pm
မကေ..
အားနာပါတယ်…
တစ်ကယ်ဖြစ်ခဲ့တဲ့ ကိုယ်တွေ ့ဆိုတော့လည်းးးး။
…
…
ကျေးဇူး မကေ
surmi
September 27, 2013 at 1:17 pm
အင်းးးး…. နဲနဲတော့ကွာပေမယ့်
ခတ်ဆင်ဆင်လေးတွေတူနေတယ်…
ကျနော်က ငယ်ငယ်ကတည်းက မစုတတ်ဘူး ။
စုဘူးမပြည့်ခင် ပြန်ပေးလိုက်ရလို့ ။
ကိုယ့်ကလေးတွေအလှည့်မှာတော့ စုချင်စိတ်ပေါက်အောင် လမ်းကြောင်းထားခဲ့တယ်။
သူတို့စုငွေလေးမပျောက်မပျက်အောင်နောက်ကွယ်ကပြန်ဖြည့်ကေးထားတယ် ။
လှူစရာ ရှိတာတွေသူတို့စုဗူးကနေ သူတို့ယူပြီးလှူတတ်တော့ သူတို့မသိအောင် ပြန်ထည့်ပေးထားတာပဲ ….
တခါတရံ ငယ်ဘဝရဲ့ အလေ့အကျင့် ဒဏ်ရာဒဏ်ချက်တွေဟာ လူကြီးဘဝအထိ သက်ရောက်နေတတ်တာလည်းလက်တွေ့ကိုး ..
သား ကတော့ပြောတယ် ..
သူ့ ပိုက်ဆံတွေ လျော့တယ်မရှိဘူးတဲ့ ….
ကျော်စွာခေါင်
September 27, 2013 at 9:32 pm
အဲလိုနားလည်ပေးထားတော့ ကလေးလည်း ပျော်မှာပါ…
အပါယ်ခံသားသမီးတွေတိုင်းက မိဘတွေ သူတို ့အပေါ်နားလည်ပေးတာကို အရမ်းလိုချင်ကြတာ..။
kyeemite
September 27, 2013 at 1:40 pm
ဓါတ်ပုံထဲက ကလေးငိုနေတာအသက်ပါလှသဗျာ….
တကယ်ဝမ်းနဲပက်လက်ငိုနေတာပဲ…
ကိုကျော်စွာခေါင်ရဲ့ ခဲပန်းချီလက်ရာများလားတွေးမိတယ်(ဒီလိုအသက်ဝင်အောင်ငိုနေတဲ့ပုံ ရဖို့မလွယ်ဘူးစဉ်းစားမိလို့..)
ဒါမှမဟုတ် ကလေးတစ်ယောက်ထိုင်ငိုနေတဲ့ပုံမှာ ဖိုတိုရှော့နဲ့ စုဗူး ပိန်လေးထဲ့ထားတာလား…
စာရေးလည်းကောင်းတယ်ဗျာ…
Mahar Myanmar
September 27, 2013 at 2:13 pm
စု တာ ဝါသနာ ကို မပါ ဘူး
သုံး တ ာ ပဲ ဝါသနာ ပါတယ် ဗျာ…
ဒါ ပေမယ့် …ဟိုဘက် က
ကိုဆာမိ ရဲ့ ဖက်ဆစ် တော်လှန် ရေး ငြိမ် သွား ရင်..
ဒီ ပို့စ် ကို ဖက်ဆစ် တံဆိပ် ကပ် ချင် တယ် ဗျာ..
မဟာရာဇာ အံစာတုံး
September 27, 2013 at 2:16 pm
ဝေဒနာ တစ်မျိုးက ရင်သို့ တိုးဝှေ့လာခဲ့
အော် … ဘယ်လိုများ ပြောရမလဲ အရပ်ကတို့ရဲ့ …..
ဖတ်ပီး ကလေး အပေါ်မှာ (ခညား ဟုတ်ဘူးနော်) သနွားဒလိုလို ဘာလိုလို ဖစ်မိတွားဒယ် …
ဂယ်ဗျဲ …..
အမငီးး ပြောရင်း ညက်ရည်တွေတောင် ကျလာဘီ …
အဟင့် .. ဟီးး .. ရွှတ် .. ဘတ် ..
(နာ့ နှပ်ချေးဖတ် ကိုခေါင်ဂျီး နဖူးမှာ ကပ်)
မဟာရာဇာ အံစာတုံး
September 29, 2013 at 5:45 am
ဟေ့လူ …
ကျုပ်ကို ရီပလိုင်း ပြန်အုံး …
ဒီမှာ ခညား ရီပလိုင်း ပြန်မှာကို စောင့်နေဒါ …
ဘယ့်နှယ်ဂျာ …
သူညားဒွေကျ ပြန်ထားပီး ကျုပ်နားရောက်မှ ပြန်တော့ဘူး ….
ကျေနပ်ဗူးးး
မနှင်းဖြူ မှန်မှန်ပြော
September 27, 2013 at 3:13 pm
ကျုပ်တို့ မြန်မာမိဘတွေမှာ အထူးသဖြင့်လိုနေတာ ကလေးကိုငယ်စဉ်က ထိန်းကျောင်းပုံပါ
ငယ်စဉ်ကလေးဘဝက စိတ်ဒဏ်ရာဟာ ကြီးသည်ထိ အမာရွတ်ထင်ပြီးမပျောက်ပါဘူး
ကျွန်တော်လည်း မိဘရဲ့စကားတစ်ခွန်းကြောင့် အသက် ၁၈နှစ်ကျော်ကျော်မှာ အိမ်မှာမနေဖြစ်ခဲ့တဲ့
ဖြစ်စဉ်တစ်ခုရှိခဲ့တယ်။ တစ်ခါတစ်လေ ..တစ်ချို့အရာတွေမှာ မိဘ ဆိုတာကြောင့် ဘာမှ မပြောဖြစ်ပေမယ့် စိတ်ထဲမှာတော့ အနာတရလေးတွေဖြစ်ကျန်ခဲ့တယ်။ သူတို့ကတော့ နားမလည်ပါဘူးဗျာ။
လုံမလေးမွန်မွန်
September 27, 2013 at 3:58 pm
မျက်ရည်ဝဲသွားတယ် ခေါင်ရယ်.. ငိုချင်လိုက်တာ..
အနော်တော့ ငယ်ငယ်က ပိုက်ဆံစုရင် စုဗူးနဲ့မစုဘူး.. မောင်လေးရန်ကို ကြောက်လို့… ဘယ်သူမှမထင်ထားတဲ့နေရာမှာ ဖွက်ပြီးစုတာ…မုန့်ဖိုးထဲက ဖဲ့စုတာပေါ့… ပြီးရင် လိုချင်တာလေးတွေ ဝယ်တယ်..
ဒါမယ့်..အနော့် ခေးလေးကျရင်တော့ … ဟီး..နောက်ထှာ… 🙂
e tone
September 27, 2013 at 4:26 pm
မိဘတွေရဲ့ ဝါကြီးတဲ့ စိတ်ကြောင့်ဖြစ်လာတဲ့ အတ္တစွဲကိုင်မှုနဲ့ အသက်ရွယ်အပိုင်းခြားကွာခြားမှုကြောင့် ကိုယ်ပိုင် စိတ်ကူးခံစားချက် ချပြလို့မရပဲ လစ်လျူ ရှုခံရတဲ့ သား/သမီးတဦးအနေထားမှာ ဘာသာရေးအရရော ၊ ယဉ်ကျေးမှု အရရော အချက်နဲ့ လက်နဲ့ ပြန်လည်ထောက်ပြခွင့် … အဲ ထောက်ပြခွင့်ဆို များသွားမလား .. အဖြစ်မှန်ကိုဖြေရှင်းခွင့် … အလိုလို ဆုံးရှုံးနေကြတယ် … ။
မိဘကို ပြန်ပြောလို့ မြေမြိုမယ်၊ တသက်လုံးဆင်းရဲမယ် စသဖြင့် ပြောခဲ့ကြပြီး ကလေးတွေရဲ့ ခံစားချက်ကို ခေါက်ပစ်လိုက်ကြတယ် .. ကလေးဆိုတာ စိတ်ထဲဘာမှ စွဲမထားတတ်ဘူး မေ့မေ့ပျောက်ပျောက် ဖြစ်မှာပဲ ဆိုပြီးလွှတ်ထားတတ်ကြတယ် … ။
တကယ်တမ်းတော့ ကလေးတိုင်းမှာလည်း ကိုယ်ပိုင် ခံစားချက်ရှိကြစမြဲပါပဲ … ။ ကလေးတဦးတယောက်ချင်းစီရဲ့ အကျင့်စရိုက်ပေါ် မူတည်ပြီး မြိုသိပ်သလား ၊ ပေါက်ကွဲသလား ၊ အရွက်တိုက်သလား ခြေပ ပြောဆိုသလား ဆိုတာမျိုး ကွာခြားသွားတယ် … ။
မိဘနဲ့ ပတ်သတ်တဲ့ ပထမဆုံးဖီလင်လေးရှိခဲ့ဖူးတယ် … ။ ငါပြောတာပဲ မှန်တယ်ဆိုတဲ့ စကားတခွန်းနဲ့ပဲ ..အဖြစ်မှန်ကို သွေဖယ်ချင်ကြတယ် …ကိုယ်တိုင်ကလည်း အသားနာတာထက် အမှန်ကို ချပြချင်တဲ့စိတ် လွန်ကဲ နေတာကြောင့် … အဗျင်းခံရပြီးကို ပြောဖြစ်အောင် ပြောခဲ့ဖူးတယ် … နောက်ဆုံး ရလဒ်ကတော့ ကိုယ်လည်း အဗျင်းခံရတဲ့ အရှိန်နဲ့ ကျောင်း1ပတ်လောက် ခွင့်တင်လိုက်ရတာရယ် ၊ သူလည်း တသက်လုံးစာ ဥပက္ခာပြုသွားတာရယ်နဲ့ ….. မိဘနဲ့သားသမီးကြားက သံယောဇဉ်တွေ အေးခဲသွားခဲ့ကြတာ ဒီနေ့ထိပဲ …….. ။ :'(
ဝင့်ပြုံးမြင့်
September 28, 2013 at 12:51 am
ဟုတ်ပါ့ မအိတုန်ရယ်။ အစ်မလည်း အမှန်တရားသမားဆိုတော့ နေရာတိုင်းမှာ ဒုက္ခရောက်တယ်။ မိဘတွေနဲ့လည်း မတည့်ဘူး။ ပတ်ဝန်းကျင်မှာလည်း အဆင်မပြေဘူး။ ဒီရွာထဲမှာပဲ အဆင်ပြေနေတာ။
—-
ပန်းချီဆရာကတော့ အရီးခင်ပြောသလို တကယ့်စွယ်စုံရ။
TNA
September 27, 2013 at 4:34 pm
ဖတ်ရင်းစိတ်တောင်မကောင်းဘူး။ အဲဒါတော့အမေနဲနဲမတရားသလိုပဲ။ သားကြီကျတော့ချီးကျူးပီး သားငယ်ကျတော့နှိမ်ချတာ။ လွဲမှားတဲ့ဆုံးမနည်းပဲ။ တော်သေးတာပေါ့ သားငယ်ကစိတ်နာနာနဲ့လမ်းမှာ မရောက်သွားလို့။ ဒါတောင်အပြစ်တင်သေးတယ်ဆိုတော့။ ဘယ်လိုပြောရမယ်တောင်မသိတော့ပါဘူး။
အလင်းဆက်
September 27, 2013 at 6:07 pm
အခုတလော
ငိုချင် လျက် လက်တို့ ဖြစ်ဖြစ်နေပြီ
🙂
တံ တေ
September 27, 2013 at 4:35 pm
မျက်ရည်ဝဲမိတယ်ကိုကျော်စွာရေ….ခံစားချက်ခြင်းတူနေလို့ပါ..။
lele kyi
September 27, 2013 at 7:41 pm
ဂေါ်ဇီလာဆီ က လုထားတဲ့စုဗူးလေးပြည့်တော့မယ်။ ပိုက်ဆံအကြွေစေ့လေးတွေထည့်တိုင်းပြောမိတာက ဩဇီသွားမလို့။ရုန်းသွားမလို့..နိုင်ဂါယာ..ဘရာဇီး..ဂျာမနီ..:) ထည့်တော့အကြွေစေ့။
အစိုးရိန်လွန်သွားတယ်နဲ့တူတယ်။ ဆြာခေါင်ကရှင်းမပြခဲ့ဘူးလား။ သူလည်းတော်တော်နာကျင်နေမှာပဲ အဲ့လို စိတ်ထိခိုက်အောင်လုပ်ခဲ့လို့။
ခင် ခ
September 27, 2013 at 8:08 pm
ကလေးတွေကို ပြန်ဖြေရှင်းခွင့်မျိုးပေးသင့်တယ်။သူတို့ပြန်ဖြေရှင်းတာ နည်းလမ်းမမှန်မှ ပြုပြင်တဲ့ သဘောမျိုးပြောတာ ပိုကောင်းမယ်။ မြန်မာပြည်က မိဘတွေက တစ်သွေးတစ်သံဘဲများတယ်။ ဒါကြောင့် အဲဒီကလေးတွေ ကြီးလာလို့ နေရာတစ်ခုလည်းရရော တစ်သွေးတစ်သံ အမိန့်စနစ်ဘဲ လုပ်တတ်သွားတာဖြစ်မယ်
padonmar
September 27, 2013 at 8:28 pm
ဖတ်ရတာ ရင်ထဲနင့်သွားတာပဲ။
မိဘတွေကလေ သားသမီးတွေကို တူတူချစ်တယ်လို့ ပြောရင် ကျမတော့ မယုံဘူး။
ကိုယ်တိုင်လည်း ဒီဘဝ မိဘဖြစ်မှာ မဟုတ်တော့ဘူးဆိုတော့ ကိုယ်ချင်းလည်း စာမကြည့်နိုင်ဘူး။
သိတာ ခံစားရတာကတော့ သားဦးသမီးဦးတွေကို ပိုချစ်တတ်ကြတယ်။
နောင်ကလေးတွေကတော့ ရတာနာလေးတွေပေါ့။
ကျမဆို အငယ်ဆုံးမို့ အထိုက်အလျောက်တော့ အချစ်ခံရပေမယ့် အကိုကြီး အမကြီးတွေပေါ်ချစ်သလို ကိုယ့်ပေါ်မချစ်ဘူးလို့ ခုချိန်ထိ ခံစားရဆဲ။
ကျမအဖေလေ အရမ်းနေမကောင်းဖြစ်ပြီး transient amnesia အတိတ်တွေခဏမေ့သွားဖူးတယ်။
အဲဒီအချိန် သူသတိရတာ သူ့ သားကြီးနဲ့ သမီးကြီးနာမည်ပဲ သိတော့တယ်။၂၄ နာရီ မပြတ်ပြုစုနေတဲ့ ကျမကို လုံးဝမမှတ်မိတော့ဘူးဆိုလို့ ကျမမျက်ရည်လည်ရင်း ရယ်ခဲ့ရသေးတယ်။ဒါပေမယ့် အဖေ့အပေါ် စေတနာ မေတ္တာ တစ်ချက်မှ မပျက်ခဲ့ပါဘူး။(သစ္စာပါ)
ဘယ်ပန်းချီရေးလို့မမီ ရုပ်ရှင်ထဲကလို အဖေတွက် အသက်ပေးရဲတဲ့ ဆန်ရေတွေလည်းရှိပါသေးတယ်။
padonmar
September 27, 2013 at 8:51 pm
ဆက်မန့်ချင်သေးလို့။
မိဘရဲ့ မသိစိတ်ထဲမှာ အလိုလို ပိုနေ လျော့နေတဲ့ အချစ်ကိုတော့ သားသမီးက ပြောင်းခိုင်းလို့မရပေမယ့်
သူတို့ သိစိတ်ထဲမှာတော့ ဘယ်သားသမီးဟာ အားကိုးထိုက်တယ်ဆိုတာသိပါတယ်။အဲသလိုသိပြီး အချစ်ဆုံးမဟုတ်သော်လည်း အားအကိုးရဆုံးဖြစ်အောင် ကြိုးစားယူလို့ရပါတယ်။ဒါလည်း မိဘမေတ္တာကို ရယူခြင်းပဲလို့ ကျမတော့ ခံယူလိုက်ပါတယ်။
(ဇာတ်လမ်းဆက်ရရင် ကျမအဖေက သူမဆုံးခင် နာရီပိုင်းမှာ ဝေဒနာခံစားရင်း ကျမတို့ကူရွတ်ပေးနေတဲ့ သရဏဂုံကို လိုက်ရွတ်ရင်းကနေ သားသမီးအားလုံးဝိုင်းနေတဲ့ထဲက အနားမှာ အမြဲပြုစုနေတဲ့
ကျမရယ် အကိုရယ် ယောင်းမရယ်ကိုပဲ သူသွားတော့မယ်လို့ နှုတ်ဆက်ပြောသွားပါတယ်။ဒီအတွက် ကျမ ခုထိ ဂုဏ်ယူပြောဆဲပါပဲ)
ကိုပေါက်(မန္တလေး)
September 27, 2013 at 10:02 pm
ကျနော်မစန္ဒာရှဲု့ ကွက်လပ်ကလေးဖြည့်ပေးပါကို ငယ်ငယ်က ဖတ်ရင်းကြေကွဲဘူးတယ်။
ဒီစာကို ဖတ်တော့ ဒုတိယအကြိမ်ကြေကွဲပေါ့။
ကျနော်နှလုံးသား ကနုနေသေးသလိုဘဲ ကိုခေါင်
Mr. MarGa
September 27, 2013 at 10:17 pm
နုနယ်သေးတဲ့ ကလေးရဲ့စိတ်ကို
ဒဏ်ရာကြီးကြီး တစ်ချက် ထင်သွားအောင် လုပ်လိုက်တာပါပဲလား
မိဘတွေရဲ့ အမှားကြောင့်
ဒဏ်ရာတွေနဲ့ ကြီးပြင်းလာရတဲ့ ကလေးတွေ ဘယ်လောက်တောင် ရှိမယ်မသိ
ကိုကြီးကျော် ရေ
ဒီစာကို ဖတ်ပြီး တကယ် နင့်နင့်နဲနဲ ခံစားမိတယ်ဗျာ….
ဖြူစိုင်း လူ
September 28, 2013 at 10:49 am
ကျွန်တော့်ရဲ့ မိဘမေတ္တာဘွဲ့တွေနဲ့ အတော်လေးတူပါပေတယ်
အသက်အရွယ်ချင်းတော့ တူချင်မှ တူပေမပေါ့.. မိသားစု၊ (အထူးသဖြင့်) မိဘချစ်ချင်းမေတ္တာကို မရနိုင်တော့ဘူးလို့ ခံစားမိပြီး ၁၆ နှစ်မှာ ထွက်ခဲ့တာလဲ တူသွားပြန်ရော..
ဒါပေမယ့် စာရေးဆရာလို အားလုံးပြည့်ပြည့်စုံစုံနဲ့ အိမ်တစ်ခေါက်ပြန်သွားတာ မဟုတ်ပဲ မိန်းမယူတဲ့နေ့မှာ မျက်နှာလေးပြဖို့၊ ဆွေမရှိ၊ မျိုးမရှိလို့ တစ်ဖက်က အမြင်မှာ မထင်ရအောင် ဆွေတွေ၊ မျိုးတွေပါလို့ (အနီးစပ်ဆုံး ပြနိုင်စရာ) အဖေကို ကောက်သင်းကောက်၊ အမေကို မရမက ချော့ပြော၊ အစ်မကို အတင်းတောင်းပန်၊ ညီကို ဇွတ်အတင်း ပြောဆိုပြီးတော့မှ သတို့သားဘက်က အမေတစ်ယောက်၊ အစ်မတစ်ယောက်၊ ညီတစ်ယောက်နဲ့ စာရေးဖော်ရေးဖက်တွေကလွဲ တစ်ယောက်မှမရှိပဲ တစ်ဖက်က အမျိုးတွေနဲ့ချည်းပြည့်နေခဲ့တဲ့ မင်္ဂလာပွဲတစ်ခုက သားကြီးဩရသ၊ မိဘလက်ရှိ မိဘမဲ့တစ်ယောက်ရဲ့၊ ဆွေမရှိ၊ မျိုးမရှိ လူသားတစ်ယောက်ရဲ့ မင်္ဂလာပွဲတစ်ခုခုဆိုတဲ့အကြောင်းပါ ထည့်ရေးပေးမယ်ဆိုရင်တော့ ဘဝတွေ တော်တော်တူသွားပြီလို့ ထင်မိကြောင်းပါ။
ခင်မင်လေးစားစွာဖြင့်
(စိုင်းကွမ်းခေး)
သော်ဇင် (လွိုင်ကော်)
September 28, 2013 at 11:33 am
နောက်ဆုံး အဆုံးက စကားလေးကိုကြိုက်တယ်။ ဒါဝတ္ထုရဲ့အသက်ပဲဗျ။ ဒါနဲ့မြင်မိတာလေးပြောပါရစေ ကိုကျော်စွာ။ စကားပြောလေးတွေရောနေတယ်ဗျာ။ အထူးသဖြင့် စကားဆက်ကလေးတွေဖြစ်တဲ့( နှင့်)အစား (နဲ့)တွေ ခပ်များများလေးတွေ့ရတော့ ဖတ်ရတာ ထောင့်ပါတယ်။ ကျန်တောတော့ လွှတ်ကောင်းဗျာ။ အားပေးနေမယ် ကိုကျော်စွာရေ
ရွှေမိုးတိမ်
October 23, 2013 at 4:00 pm
ဖတ်ပြီး မျက်ရည်ဝဲမိပါတယ် ။ တခါခါ မိဘတွေက သားသမီးတွေကို နားလည်မပေးနိုင်တဲ့ အပိုင်းတွေလည်း ရှိနေတတ်သေးတာပဲကိုး ။
လုံမလေးမွန်မွန်
October 23, 2013 at 4:10 pm
ဟေ့လူ (ခွက်ဒစ်တူ..အံစရာ)
ဒီပို့စ်က ဖတ်ရွေးဆုရထားတယ်.. အိုက်ဒါရော သိပါသလားလို့… 🙂