သစ်မွှေးအဆီထုတ်ယူခြင်းနှင့် ဈေးကွက်
မြန်မာတောင်သူကြီးများဂျာနယ် (The Farmer) အတွဲ(၃)အမှတ်(၃၂)ပါ ..
မြန်မာနိုင်ငံ သစ်မွှေးလုပ်ငန်းက ထိုင်းနိုင်ငံထက် သာနိုင်တဲ့ အလားအလာ၊သာနိုင်တဲ့ အနေအထားရှိပါတယ်
မြန်မာနိုင်ငံတွင် သစ်မွှေးစိုက်ရန် စိတ်ပါ ဝင်စားလာကြပြီး အသင်းအဖွဲ့များ ဖွဲ့စည်းလာကြရာ ကျေးလက်နေပြည်သူများ အကျိုးရှိနိုင်မည့် သစ်မွှေးဆိုင်ရာ သတင်းအချက်အလက်များ ရရှိနိုင်ရန် ထိုင်းနိုင်ငံ မဲဆောက်သစ်မွှေးအလုပ်ရုံ တာဝန်ခံ ဦးသန်းထွန်းကို သစ်မွှေးအဆီထုတ်လုပ်မှုနှင့် ထိုင်းသစ်မွှေး
ဈေးကွက်အကြောင်း မြန်မာတောင်သူကြီးများဂျာနယ် သတင်းထောက် ရူပါအောင်ဝင်းက တွေ့ဆုံမေးမြန်း တင်ဆက်လိုက်ပါသည်။
– သစ်မွှေး လုပ်ငန်းအတွေ့ အကြုံလေးကို ပြောပြပေးပါ။
လုပ်ငန်းအတွေ့အကြုံက ဒီလိုပါ။ ကျွန်တော်တို့ အလုပ်ရုံကိုမရောက်ခင်သူ
ဌေးနဲ့ ဆောက်လုပ်ရေးလုပ်တော့ သူနဲ့ဆက်စပ်ပြီး ပန်းပင်လေးတွေကို မျိုးခွဲထုတ်ပေးတာကစပြီး စိုက်ပျိုးရေးကို စလုပ်ခိုင်းတယ်။ ဒီသစ်မွှေး
စိုက်ပျိုးရေးရှိတယ်။ စာအုပ်လေးတွေ၊ စာတမ်းလေးတွေကို ထုတ်ပေးတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ လည်း မကြားဖူးတာရယ်၊ လုပ်ငန်းကြီးကြီး
ကျယ်ကျယ်လုပ်နိုင်တဲ့ အနေထားကြောင့် စိတ်ဝင်စားခဲ့တယ်။ ဒီအလုပ်ကို စမ်းကြည့်ရမယ်ဆိုပြီးတော့ သွားဝင်လုပ်ပေးတာ။ သွားဝင်လုပ်ရင်းနဲ့ သူ့အပင်ကို ၂,၂၀ဝ စိုက်တယ်။ နှစ်ဧက ကျော်ကျော်ပေါ့။ ၉ ရက်၊ ၉ လ၊ ၂၀၀၅ မှာ အလုပ်ရုံ ဖွင့်တယ်။ အိုးကိုးလုံးနဲ့စဖွင့်ပြီး အခုအချိန်အထိ အလုပ် လုပ်နေတယ်။
– ဘယ်မှာ စိုက်တာလဲ။
အဲဒီ (မဲဆောက်မြို့) အလုပ်ရုံ နားမှာပဲ။ အဲဒီတုန်းက အလုပ်ရုံ မတည်ရသေး
ဘူး။ ၂၀၀၄ မှာစစိုက်ပြီး သဘာဝ အော်ဂဲနစ်နဲ့စိုက်တယ်။ ဓာတ်မြေဩဇာ ထည့်လို့မရ ဘူး။ စိုက်ပျိုးတဲ့ ပုံစံတွေကိုပြောပြတယ်။
– မျိုးတွေကရော။
မျိုးတွေက အပေါ်က ချပေးတယ်။ ဆွိုင်နားနားကုမ္ပဏီကချပေးတယ်။ ဝယ်
လာပြီးတော့ သူတို့နိုင်ငံမှာ လုပ်ပိုင်ခွင့် လက်မှတ်တွေရှိတယ်လေ။ ဝယ်လာပြီး တော့ နားလည်တဲ့လူတွေနဲ့စိုက်တယ်။ ကျွန်တော်ဦးစီးပြီး စိုက်တယ်။ စိုက်လိုက်တဲ့အချိန်ကစပြီးတော့ ဘာမှမထည့်ဘူး။
ရေပဲ လောင်းတယ်။ သူဌေးကလည်း နွားချေးတစ်မျိုးတည်းကိုပဲ တစ်နှစ်ကို နှစ်ကြိမ်ကနေ လေးကြိမ်အထိ ထည့်လို့ရတယ်၊ လုံးဝ မထည့်လည်းရတယ်လို့ ပြောထားတယ်။ သူ့မြေကလည်းနဂိုတည်းက ဘာမှစိုက် ထားတဲ့မြေ မဟုတ်တဲ့အတွက် မြေရိုင်းပဲ၊ အောင် မြင်တာပဲ။ တက်နေတာပဲ။ အခုခြောက်နှစ် ပြည့်လို့ ဆေးသွားထိုးတဲ့အချိန်မှာ ၅၅ စင်တီ
က ပုံမှန်သွားတယ်။ အပင်များများ ပုံမှန်သွားတဲ့ ခြံဆိုရင် စင်တီ ၄၅ ကနေ ၉ဝ ပတ်ဝန်းကျင်မှာ ခြောက်နှစ်သားတွေက အရွယ်ရောက်တယ်။ အဲဒီလို အရွယ်ရောက်တဲ့ ရာခိုင်နှုန်းများများရှိတဲ့ ခြံဆိုရင်တော်တော်
အောင်မြင်တဲ့ခြံပဲ။ အဲဒီမှာ ရာခိုင်နှုန်း နည်းတယ်။ အပင် ၁၀ဝ လောက်ပဲရ တယ်ဆို ရင် တော်တော်လေးညံ့တဲ့ ခြံလို့ပြောလို့ရ တယ်။
– လက်ရှိလုပ်ငန်းအခြေအနေကရော။
စိုက်ပျိုးတဲ့အပင်က ခြောက်နှစ်ပြည့်ရင် ဆေးထိုးမယ်။ အခုအပင် ၂၀ဝ ကျော်
ဆေးထိုးပြီးသွားပြီ။ ဆေးထိုးပြီး စမ်းသပ်တယ်။ စက်ရုံလည်းရှိတယ်။ အဆီကိုအချိန် မရွေးထုတ်နိုင်တယ်။ သစ်စေးတုံးကိုလည်း အဆီ ထုတ်နိုင်တယ်။ ကိုယ်ပိုင်လုပ်ငန်းတွေလည်းရှိတဲ့အတွက် ကိုယ့်အပင်
ဆိုတော့ လုပ်ချင်တဲ့အချိန်လုပ်လို့ရတယ်။ သူက (သူဌေး)က တစ်ခြား
အပင်တွေကိုပါ လုပ်နေတာ။ ဆေးသွင်းတာက သုံးနှစ်လောက် ကတည်းကရနိုင်တယ်။ မသွင်းတာ။
– ၂၀၀၄ မှာ စစိုက်တဲ့အပင်တွေကိုဘယ်နှစ်မှာ မှိုသွင်းပြီး အဆီချက်ခဲ့
လဲ။
၂၀၁၂၊ ၅ လပိုင်းမှာ ဆေးထိုးခဲ့တယ်။ မိုးဦးကျကုန် သွားပါတယ်။
နောက်ပြီးကျ အဆီချက်လိုက်ပါတယ်။ ဖြတ်လိုက်ပြီး တော့ အဆီချက်တာ အပင် ၂၀ဝ ပါ။
– အဆီချက်တဲ့ အတွေ့အကြုံကို ပြောပြပေးပါ။
အဆီထုတ်တာက ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ၊ ၉ ရက် စက်ရုံစဖွင့်ကတည်း
က အဲဒီ အိုးကိုးလုံးစလုံးက အခုချိန်အထိ လည်ပတ်ပါတယ်။ သစ်မွှေးအပင်တစ်ပင်၊ ၄၅ ကီလိုကနေ ၉ဝ ကီလိုကြားရှိတဲ့ ခြောက်နှစ်အပင်
ကို ဝယ်ပြီး သစ်မွှေးအဆီဖြစ်နေတဲ့ သစ်မွှေးအပင်တစ်ပင်လုံးကို စက်ထဲ
ထည့်လို့ရတဲ့ အရွယ်ဖြစ်အောင် ဓားနဲ့ အတုံးလေးတွေလုပ်တယ်။ ပြီးတော့မှ စက်ထဲထည့် ကြိတ်တယ်။ စက်နဲ့ ကြိတ်ပြီးရင် ဥပမာ ကီလို ၉ဝ ဝယ်လာခဲ့ပြီး အလုပ်ရုံရောက်ပြီး ခြောက်သွားတဲ့ အချိန်ရောက်ရင်
ကျွန်တော်တို့ တစ်ဝက်ကျ ကီလို ၄၅ ပဲရတယ်။ သစ်မွှေးအခြောက် တစ်ကီလိုချက်ရင် သစ်မွှေးအဆီ နှစ်စီစီ (ကုဗစင်တီမီတာ) ထွက်တယ်။ အစိုကို ဝယ်လာတဲ့အတိုင်းပဲတွက်မယ်ဆိုရင်ကီလို ၉ဝ ဆိုရင် ၉ဝ စီစီ
ထွက်မယ်။ အိုးတစ်လုံးကို ၁၅ ကီလို နဲ့၊ အိုးတစ်လုံးက ၄၅ ကီလိုလေးတယ်။ ဒါစတီးအိုး၊ ကြေးအိုးဆိုရင် ကီလို ၆ဝ လေးတယ်။ အဲဒီ ၄၅ ကီလိုအိုးနဲ့ ၁၅ ကီလို ချက်ရတယ်။ ၁၅ ကီလိုဆိုရင် ၃ဝ စီစီထွက်တယ်။ တစ်ခါချက်ရင် ၁ဝ ရက် ချက်ရတယ်၊ နေ့ရောညရော မီးအပူချိန် ၁၁ဝ နဲ့ချက်ရတယ်။ တစ်လလုံး ချက်မယ်ဆိုရင် သုံးခါလဲပြီး သုံးခါချက်ရတယ်။ တစ်အိုး ကိုတစ်
ခါချက်ရင် ၁၅ ကီလိုနဲ့ ၃ဝ စီစီ ရတယ်။ တစ်နှစ်ကို အိုး ၁ဝ လုံး ချက်မယ်ဆိုရင် ဘတ် သိန်း ၄ဝ နီးပါးရတယ်။ သူ့ရဲ့အရင်းတော့
ရှိသေးတာပေါ့။ အခုဆို ရှစ်နှစ်ရှိပြီ။ သူ့ဟာ သူ ချမ်းသာလား၊ မသာလား
ဆိုတာ ကိုယ် တွက်လို့တော့မသိဘူး။ သူ့လုပ်ငန်းနဲ့သူ သွားတာပဲလေ။ ကိုယ်ကတော့ သူ့အလုပ်သမားပဲလေ။ ကျွန်တော်စိတ်ဝင်စားတာက
အခု မြန်မာနိုင်ငံမှာ သစ်မွှေးလုပ်ငန်းတွေ စနေပြီ။ တရားဝင် လုပ်လို့ရနေပြီ အရင်တုန်းက ကျွန်တော်တို့သွားတုန်းက ဘာ အသံမှ မကြားသေးဘူး။
– အတွေ့အကြုံအရ ထိုင်းနိုင်ငံရဲ့ သစ်မွှေးဈေးကွက်က ဘယ်လောက်
အထိကျယ်ပြန့်မှုရှိပါသလဲ။
သူတို့မှာ ဈေးကွက်ကဈေး ကွက်ဇုန်ရှိတယ်လေ။ နိုင်ငံတကာကလာရင်လည်း
အဲဒီဈေးကွက်ဇုန်ကနေ တစ်ဆင့်ဖြန့်ပေးလို့ရတယ်။ ဝယ်မယ့်လူတွေက
လည်း ဒီဈေးကွက်ဇုန်ကပဲ ထောက်ထားပြီး ဝယ်ကြတယ်။ အဲဒီဝယ်မယ့်လူတွေက ဈေးကွက်ဇုန်မှာ ဝယ်ထားတဲ့အပြင်ကို တစ်ခြား
ကိုယ်စားလှယ်တွေ ရှိသေးတယ်။ အာရပ်နိုင်ငံက ကို်ယ်စားလှယ်တွေ၊ ကြားပွဲစားတွေတစ် ပုံကြီးပါပဲ။ ဒီလူတွေကအလုပ်ရုံကို ခဏ ခဏရောက်
တယ်။ သစ်မွှေးဇုန်က မကိုင်ထားဘူးဆိုရင် ဘေးကိုထွက်လို့ရတယ်။ လာတဲ့ ဖောက်သည်တွေကို ထိုင်ပြီးရောင်း လို့ရတယ်။ ကြားအဖွဲ့ရှိတယ်။ ဒီဇုန်မှာ လည်းသွင်းလို့ရတယ်။ ဒီဇုန်မှာလည်း နိုင်ငံခြားဈေးကွက်က လာဝယ်တဲ့လူရှိတယ်။ လွတ်လပ်စွာ ရောင်းဝယ်လို့ရတယ်။
– ထိုင်းမှာ သစ်မွှေးလုပ်ငန်းရှင်တွေကို အစိုးရကဘယ်လိုထောက်ပံ့
မှုတွေ ပေးလဲ။
သူတို့ အသင်းအဖွဲ့တွေရှိတယ်။ အသင်းအဖွဲ့က လုပ်ထားတယ်။ ဘယ် နိုင်ငံ
ဘယ်နေရာပဲဖြစ်ဖြစ် အလုပ်ရုံလိုင်စင်နဲ့သွားဝယ်တာပဲဖြစ်ဖြစ် လုပ်လို့ရတယ်။ စိုက်ပျိုးထားတယ်ဆိုရင် စိုက်ပျိုးထားတဲ့ လူတစ်ယောက်ဟာ ဘယ်စက်ရုံရဲ့ ခွင့်ပြုချက်နဲ့ စိုက်ပျိုးထားတာလဲ၊ တစ်ယောက်နဲ့ တစ်ယောက်
သိဖို့က အဲဒီစည်းကမ်းတွေ မကျော်နဲ့ အစိုးရသိဖို့မလိုသေးဘူး။ ဒီ
စည်းကမ်းတွေကျော်ရင် အစိုးရကို သတင်းပို့လို့ရတယ်။ အဲဒီမှာအသင်း
အဖွဲ့တွေရှိတယ်။ ဇုန်အဖွဲ့တွေရှိတယ်။ စိုက်ခင်းတွေက စက်ရုံပိုင်စိုက်ခင်း
ရှိသလို၊ စက်ရုံကနေဝယ်ထားတဲ့ စိုက်ခင်း တွေလည်းရှိတယ်။ ပိုင်ဆိုင် တယ်လို့မ ဟုတ်ဘူး။ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရအောင် ခွင့်ပြုထားတယ်။ ဒါပေမယ့် သူရောင်းဖို့ နေရာမရှိဘူးဆိုရင် စက်ရုံကို အချိန်မရွေး လာရောင်း
လို့ရတယ်။ ကျွန်တော် ကရင် ပြည်နယ်ဘက်မှာ မျိုးနည်းနည်း ဖြန့်ထား
တယ်။ အဲဒီအတိုင်း လုပ်ထားတယ်။ အချိန် မရွေးရောင်းချင်တဲ့လူကို
ရောင်းလို့ရတယ်။ ကျွန်တော်လုပ်ပေးထားတဲ့ မှတ်ပုံတင်လေး ရှိတယ်။ ကိုယ်ရေးရာဇဝင်လေးပါပဲ။ ကစ္စနမျိုးဖြစ်တယ်၊ ဘယ်နေရာက ယူထားတယ်
ဆိုတာပါပဲ။ မြန်မာနိုင်ငံက ဝယ်မယ်ဆို လည်း ကိုသန်းထွန်းက ထုတ်ပေးထားတာ ဘာမျိုးဆိုတာ ကျွန်တော့ လာတိုင်ပင်စရာ မလိုပါဘူး။ ဝယ်လို့ရပါတယ်။ ဘာမျိုး၊ ဘယ်နေ့က စစိုက်ထားတယ်။ စိုက်ပျိုးရေး ဆိုင်ရာမှတ်တမ်းလေးပါပဲ။
– မြန်မာပြည်ရဲ့ သစ်မွှေးလုပ်ငန်း အခြေနေကို ဘယ်လိုမြင်ပါသလဲ။
မြန်မာနိုင်ငံရဲ့ သစ်မွှေးလုပ်ငန်း အခြေနေက တော်တော်ကို တိုးတက်နေပါပြီ။ ထိုင်းနိုင်ငံထက် သာနိုင်တဲ့အလားအလာ၊သာနိုင်တဲ့အနေထားရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက မြေလွတ် မြေရိုင်းတွေလည်း အများကြီးရှိတယ်။ လုပ်ပိုင်ခွင့်ရမယ်ဆိုရင်လုပ်မယ့် လူတွေကတစ်ပုံကြီး ထွက်လာမှာပါ။ ထိုင်းမှာ စီးပွားရေးလုပ်တာက လက်ပြောင်းလက်လွှဲ၊ ငွေ
ပြောင်းငွေလွှဲနဲ့ လည်ပတ်တာကများတယ်။ ရာသီသီးနှံနဲ့ ပတ်သက်ပြီးတော့
ပေါ့နော်။ ဒီနှစ်ကုန်ရင် ဒီနှစ်ငွေထွက်မယ်။ ငွေပေါင် လှည့်ပြီး သွားကြတာများ
တယ်။ တစ်ယောက်နဲ့တစ်ယောက် ငွေကိုလှည့်ပြီးသွား ကြတာများတယ်။
ငွေကို မြန်အောင်လှည့်ပြီး သွားကြတာများတယ်။ ငွေကို နှစ်ရှည် မြှုပ်နှံပြီး လုပ်ဖို့ သူတို့စိတ်မဝင်စားကြတဲ့ သဘောရှိတယ်။ ခြံပိုင်တွေတော် တော်များ
များရှိကြတဲ့လူတွေကသာ တစ်ဧက၊ နှစ်ဧက စိုက်ကြတဲ့လူများတယ်။ တချို့ ရော်ဘာခြံမှာ ကြားထဲထိုးထည့်ထားကြတာ များတယ်။ ကျွန်တော်
များများတွေ့တာက ထိုင်းနိုင်ငံတောင်ပိုင်းမှာ အပင်များများစိုက်ကြ
တယ်၊ စိတ်ဝင်စားတဲ့လူများတယ်။ ဒီဘက် အခြမ်း(မဲဆောက်ဘက်)မှာ စိုက်တာ နည်း တယ်။ ဒီမြေလေးတစ်ကွက်ရရင် တစ် နှစ်ကို နှစ်သိန်း
ဆိုနှစ်သိန်း၊ သုံးသိန်းဆိုသုံးသိန်း ဝင်အောင်ပဲ ကြိုးစားလုံးပန်းတယ်။ ဒီလို မျိုးလုပ်နေကြတာပဲ။
– ထိုင်းနိုင်ငံရဲ့ သစ်မွှေးအရည်အသွေးနဲ့ ပတ်သက်ပြီး လေ့လာဖူးတဲ့
သူတွေ က ပြောကြတာက ထိုင်းသစ်မွှေးမှာအရောနှောတွေပါလာတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ ဝယ်သူရဲ့ စိတ်ကျေနပ်မှု လျော့လာတယ်လို့သိရပါ
တယ်။ အတွေ့အကြုံကိုပြောပြပါ။
ဟုတ်ပါတယ်။ အမှန်တကယ် အော်ဂဲနစ်စစ်စစ်နဲ့ စိုက်မယ်ဆိုရင်ဒီ ပြဿနာ
တွေက မတက်ပါဘူး။ အဲဒီမှာလည်း ပြဿနာတွေက အဲဒီလိုရှိနေတယ်။ တချို့ကျ တော့လည်း မျက်စိနဲ့ မမြင်ရဘူးဆိုပြီး ပိုင်ရှင်တွေက လောဘတွေ
တက်ပြီး ဟော်မုန်းဆေးတွေထည့်၊ ဓာတုဆေးတွေထည့်၊ နောက်တစ်ခါ
ပတ်ဝန်းကျင်မှာရှိတဲ့ ပဲခင်းတွေကနေ စက်တွေနဲ့ ဆေးဖျန်းကျတော့ အဲဒီဟာတွေက သစ်မွှေးကို အန္တရာယ် အများကြီးဖြစ်တယ်။ သစ်မွှေးကို အငွေ့အသက်တွေကအများကြီး ထိခိုက်တယ်။ ကျွန်တော် ပထမဦးဆုံး
အတွေ့အကြုံ တစ်ခုဆိုရင် ကျွန်တော် ပေါင်းအိုးကို ရော်ဘာပိုက်လုံးနဲ့လေ
ကို ဝါရှာခံပြီး ရော်ဘာနဲ့ စွပ်လိုက်တယ်။ စွပ်ပြီး ရော်ဘာကော်တစ်မျိုးနဲ့ ကပ်တယ်။ ကပ်ပြီး ပိတ်ပြီးတော့ နှစ်လလောက် အဆီချက်လိုက်တယ်။ အဆီချက်လိုက်ပြီး အဲဒီက ၂ဝ တော်လာ(ယူနစ်) ထွက်လာတယ်။ အဲဒီ ၄၀
တော်လာထွက်လာတဲ့ဟာကို ပထမဦးဆုံး စမ်းသပ်မယ်ဆိုပြီး ယူသွားတယ်။ အဲဒီပုလင်းကို အော်ပရေးရှင်း လုပ်လိုက် တဲ့အခါမှာ လုံးဝအဆင်မပြေဘူး။
ကော်ဓာတ်များ နေတယ်။ ကော်ဓာတ်များနေတာ တွေ့ရ တော့ မလေးရှားအဖိုးကြီး တစ်ယောက်က အဖွဲ့တွေမှာမပါတဲ့ တစ်ယောက်က သက် သက်ဝယ်သွားတယ်။ အဲဒါ ဘတ်ငွေ ၅၀,၀၀ဝ လောက် ဈေး
အလျော့ခံပြီး ရောင်းလိုက်ရတယ်။ အဲဒီလို အငွေ့အသက်တွေ
ရှိတယ်။ နောက်ပိုင်းမှာ ဘေးဘယ်ညာကနေ ပဲစိုက်မယ်၊ ပြောင်းစိုက်မယ်၊ အာလူးစိုက်မယ်၊ အဲဒီလို စိုက်ခင်းတွေမှာ ဆေးဖျန်းမယ်ဆိုရင် ဒီအပင်တွေကို ထိခိုက်မယ်။ ဒီအငွေ့သက်တွေက မပျောက်နိုင်ပါဘူး။ ဒီအဆီ
ကို လူသားတွေအတွက် ပြန်ပြီးတော့ အသုံး ချရမယ့်အခါကျတော့ ဒီအငွေ့သက်တွေနဲ့ ဘယ်လိုမှ ထိန်းချုပ်လို့မရပါဘူး။ ဈေးကို လျှော့ချသည့်
တိုင်အောင် သစ်မွှေးက တန်ဖိုး တော်တော်လျော့ကျသွားပါပြီ။ လူအတွက်
ဆေးကို ဘယ်လိုမှအသုံး ချလို့မရနိုင်တော့ပါဘူး။
– ထိုင်းမှာ အော်ဂဲနစ်နဲ့ ဓာတုဗေဒ စိုက်ခင်းနဲ့ ဘယ်ဟာက ပိုများပါသလဲ။ ဈေးကွက်မှာရော အဲဒီနှစ်ခုက ဘယ်လိုကွာ ခြားမှုရှိပါသလဲ။
ဓာတုဗေဒကတော့ သုံးကြတာပါပဲ။ ဈေးကွက်မှာတော့ သီးသန့်ရောင်းတာ သိပ်မတွေ့ပါဘူး။ ရောရောင်းကြတာပါပဲ။ အော်ဂဲနစ် စိုက်တဲ့လူတွေလည်း
ရှိတယ်။ ဈေးနှုန်းကတော့ ကွာခြားမှုအများကြီးရှိပါတယ်။ အပြင်ကလာတဲ့ ကုန်သည်တွေလောက်ပဲ ရောင်းကြတယ်။ ဝိုင်းထဲမှာမရ ဘူး။ ဝိုင်းထဲမှာက
အော်ဂဲနစ်သီးသန့်ပဲ၊ ဓာတုတွေနဲ့ရောလို့မရဘူး။ ထိုင်းမှာ ကျယ် ကျယ် ပြန့်ပြန့်လုပ်နေတာက အော်ဂဲနစ် တစ်မျိုးပဲရတယ်။
– အော်ဂဲနစ် သစ်မွှေးအဆီရဲ့ လက်ရှိ ပေါက်ဈေးက ဘယ်လိုရှိပါသလဲ။
သစ်ပင်ကို ဆေးထိုးပြီးတော့ ဖြစ်လာတဲ့ အဆီမျိုးက ၆၅ ရာခိုင်နှုန်းပဲ
ရှိတယ်။ အရည်အသွေးမပြည့်ဘူး။ တောထဲက သဘာဝအပင်ကြီးတွေက
ရလာတဲ့ အဆီမျိုးက ဒီဈေးကွက်ကို တင်လို့လည်းမရဘူး။ တင်ခွင့်မရှိတော့ ဒီအဆင့်မှာပဲ ၆၅ အေအေ၊ ဘီဘီ အဆင့်တွေခွဲထားတယ်။ ဘီဆိုရင် ရသေးတယ်။ စီဆိုရင် မရတော့ဘူး။ အဆင့် မမီတော့ဘူး။ ၆၅ ဆိုတဲ့
အေအေက အကောင်းဆုံးပဲ။ လက်ရှိ ပေါက်ဈေးက တစ်စီစီကို ဘတ် ၃၅ဝ ရှိတယ်။ စက်ရုံတွေက ကက်ချနာဘူရီဘက်မှာ အိုးအလုံး ၃၀၀
တည်ထားတဲ့ စက်ရုံကြီးတွေရှိတယ်။ အိုးလေး၊ ငါးလုံးသမားတွေလည်း အများကြီးရှိတယ်။ ကမ္ဘောဒီးယားနဲ့ လာအိုနယ်စပ်မှာ ဆိုရင် စက်ရုံ
အသေးလေးတွေ အများကြီးရှိတယ်။ ကုမ္ပဏီကြီးတွေလည်း ရှိတယ်။ ဆွိုင်
နားနားလည်း အဲဒီဘက်မှာပဲ ထိုင်တာ။
– ထိုင်းမှာ သစ်မွှေးအဆီကို ရောလာ တယ်လို့လည်း လေ့လာသူတချို့
က ပြောပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်က သန့်သန့်စင်စင်လုပ်မယ်ဆို
ရင် ဈေးကွက်အလားအလာ ကောင်း မယ်လို့ ပြောကြတာတွေရှိပါတယ်။
ဟိုမှာက ဒီအတိုင်းကြီး ရောင်းလို့ မရပါဘူး။ သေသေချာချာ စစ်ဆေးတဲ့ အဖွဲ့တွေရှိပါတယ်။ သုံးဆင့်လောက်ရှိပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ခွဲတာ၊ ဘာအငွေ့အသက်ပါလဲ အငွေ့သက်လေး နည်းနည်းပါတာနဲ့ ဖမ်းထုတ်တာ
(အငွေ့ကို ဓာတုဗေဒနည်းနဲ့ ဖယ်ထုတ်ခြင်း) မရဘူး။ ဝင်လို့မရဘူး။ စစ်ဆေးတဲ့လူတွေရဲ့ တိကျမှုပေါ့။
– မျိုးအကြောင်းပြောမယ်ဆိုရင် မြန်မာနဲ့ထိုင်း ဘယ်မျိုးက မြန်မာပြည် အတွက်အားသာချက်တွေရှိနိုင်မလဲ။
မျိုးနှစ်ခုက အပူပိုင်းဒေသက အပင်နဲ့ အအေးပိုင်းဒေသက အပင်နည်းနည်း
ကွာတယ်။ မြန်မာနိုင်ငံမှာပေါက်တဲ့ အပင်က အပင်ကြီးမျိုးနည်းနည်းဆန်
တယ်။ သစ်မာတယ်။ သစ်မာတဲ့အတွက် သူ့မှာရှိတဲ့ အကြောအမျှင်လေး
တွေက သေးတယ်။ ကစ္စနမျိုးကျတော့ အကြောအမျှင်ကြီးပြီး တော့ သစ်ပွဆန်တယ်။ အဲဒီတော့ အဆီလေး တစ်စက်ဝင်သွားရင် အကြောကြီးကြီးမှာ နည်းနည်းလေးရပေမယ့် မယ်လာဆန်းစစ် မှာအကြောသေးတဲ့အခါကျတော့ ကျယ်ပြန့်မှုများများရတယ်။ အဆီဖြစ်မှုကျတော့ မယ်လာဆန်းစစ်(မြန်မာမျိုး)က ကောင်း တယ်လို့ ထိုင်းကတော့ ပြောပါတယ်။ ဒါပေမယ့်လည်း လက်တွေ့တော့ မယ်လာ ဆန်းစစ်ကို မလုပ်ဖူး(အဆီမချက်ဖူး) သေးဘူး။
– မှိုသွင်းရင် ထိုင်းနဲ့ မြန်မာ ဘယ်မျိုးက စိုက်ဖို့ ပိုအဆင်ပြေနိုင်မလဲ။
ဒါကတော့ ဒီမှိုနဲ့ ဒီသစ်ပင်နဲ့ ဒီလိုပါ ဆိုပြီး ချပေးထားတာမျိုးမရှိပါဘူး။ အမှန်
တော့ စမ်းသပ်ပြီးတော့ ယူလာတာပဲ။ သူတို့လည်း စမ်းသပ်မှုအဆင့်ဆင့်နဲ့
ဖြစ်လာတာပါ။ ဒီမှာလည်း စမ်းသပ်ရင်ဖြစ်ပါ တယ်။ ဒီဥစ္စာတွေက နတ်ဘုရားတွေက “ရော့ဟေ့ယူပါ” လို့ ပေးထားတဲ့ ပစ္စည်းတွေ
မဟုတ်ပါဘူး။ ကိုယ့်ဟာကို ရှာရင်ရပါတယ်။ ကျွန်တော်တို့လည်း ရှာတတ်ပါ
တယ်။ ဒီကစ္စနကိုရော၊ မယ်လာဆန်းစစ်ကို ရောရှာလို့ရပါတယ်။ မခက်ပါဘူး။
– သစ်မွှေးစီးပွားရဲ့ အလားအလာကို လည်း ပြောပြပေးပါ။
စိုက်တဲ့လူတွေအနေနဲ့က တစ်ခုရှိပါတယ်၊ သူ့နေရာနဲ့သူပေါ့၊ သစ်မွှေး စိုက်တဲ့
လူတွေက အပင်ကိုစိုက်မယ်။ ကောင်းကောင်းပြုစုမယ်၊ အချိန်တန် မှိုဆေးထိုးပြီး ရင်သူတို့ရောင်းမှာပဲ။ အဲဒီတော့ သိသင့် သိထိုက်တာက အဲဒီမှာ အဆီချက်မလား၊ ကိုယ့်ဟာကို ချက်မလား၊ သူ့နေရာနဲ့သူကတော့
ဝင်ငွေရှိတယ်။ အပင်တစ်ပင်ကို ရမယ်ဆိုရင် ကျွန်တော်တို့ဘက်က
လည်း ထောက်ပံ့ပေးမှာပဲလေ။ အပင်စိုက်မယ်ဆိုရင်လည်း ဒီအပင်တစ်ပင်ဟာ စတင်စိုက်ပျိုးလို့ သုံးနှစ်ကျော်လာပြီဆိုရင် အရွက်တွေ၊ ကိုင်းတွေ ကို ဖြတ်ရမယ်။ နှစ်စဉ်လုပ်ပေးရတာ။ ဒီအရွက်ကိုဖြတ်ပြီး
ရင်လည်း ဒီအရွက်က ဘယ်မှာသုံးလို့ရလည်း၊ အဲဒါတွေကို ရှာဖွေ
ပြီးတော့ အထက်ကလူကြီးတွေက လုပ်ပေးမှာပဲ။ ပို့ပေးလို့ရအောင် စီစဉ်ပေးမှာပဲ။ သစ်မွှေး အရွက်က ဆပ်ပြာလုပ်လို့ရတယ်။ ပိုးသေ တယ်။ ခေါင်းလျှော်ရည်လည်း လုပ်လို့ရတယ်။ သစ်မွှေးအရွက်နုလေး
တွေကို သပ်သပ်ဖြတ်ပြီးတော့ အစာအိမ်နဲ့ ပတ် သက်တာ အူမကြီးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကုပေးလို့ရတယ်။ အရွက်တွေကို
လည်း (ထိုင်းကို)ပို့ဖို့ရှိတယ်။ ထိုင်းမှာလည်း ဆပ်ပြာ၊ ခေါင်းလျှော်ရည် ထုတ်တာရှိတယ်။ အဲဒါတွေက ထိုင်းမှာပဲလုပ် လို့ရတာလား၊ မြန်မာပြည်မှာ
လည်း လုပ်လို့ရမှာပေါ့။ ဒါတွေက အားကျစရာတွေပါ။ ဟိုမှာ လုပ်နေတာ
တွေတွေ့တယ်။ ပစ္စည်းတွေလည်း တွေ့တယ်။ မြန်မာနိုင်ငံ ဘာလို့
မထွက်တာလည်း၊ ထုတ်လို့ရပါတယ်။ နည်းပညာတွေက အများကြီးပါ။
– သစ်မွှေးနဲ့ ပတ်သက်ပြီး တစ်ခြား ဘာတွေလုပ်ဖူးပါသလဲ။
သစ်မွှေးစိုက်ပျိုးတဲ့ဟာကို လွန်ခဲ့တဲ့နှစ်က အခွေတစ်ခွေ ထုတ်ဖူးတယ်။ ပညာ
ပေးပေါ့။ သစ်မွှေးတစ်ဧက စိုက်ရင် အပင် ၁,၀၀ဝ ဝင်မယ်။ ခြောက်နှစ်ပြည့်
အောင်ပြုစုလိုက်မယ်။ ဆေးထိုးရမယ်။ ဆေးထိုး တဲ့အချိန်မှာ ဒီအပင် ၁,၀၀ဝ လုံးက ထိုးလို့ ရပါပြီလို့ ပြောလို့မရဘူး။ အပင် ၁၀ဝ ပဲ ကြီးရင်ကြီးမယ်၊ ၂၀ဝ ပဲ ကြီးရင် ကြီးမယ်၊ ၃၀ဝ ပဲ ကြီးရင်ကြီးမယ်။ အဲဒီကြီးတဲ့ အပင်ထဲက ၁၀ဝ ကို ရွေးပြီး ဆေးထိုးလိုက် မယ်။ ကျွန်တော်ပြောတာက အများကြီး မဟုတ်ဘူးနော်။ ၁ဝ သိန်း၊ ၁၅ သိန်း၊ သိန်း ၂ဝ အဲလိုမျိုးရမယ်လို့ မပြောလိုဘူး။ တစ်သိန်းပဲထားပါတော့၊ အောက်ထစ်နော်တစ်သိန်းထက်
များဖို့ပဲရှိတယ်။ အပင် ၁၀ဝ ဖြတ်ရင်သိန်း ၁၀၀၊ ပထမနှစ်မှာ သူ သိန်း
၁၀ဝ စားမယ်။ အဲဒီနှစ်ဖြတ်ပြီး အဲဒီနေရာမှာ အပင် ၁၀ဝ ပြန်စိုက်ခဲ့။ ဒုတိယနှစ်မှာ နောက် အပင် ၁၀ဝ စားမယ်။ ဆေးထိုး ပြီး
ရှစ်လစောင့်ပြီးရင် စားလို့ရပြီ။ ထိုင်းမှာက ခြောက်နှစ်ဆိုဆေးထိုး တယ်။ ရှစ်လစောင့်ရ တယ်။ ရှစ်လစောင့်ပြီးရင် ဖြတ်လိုက်ပြီ။ ခြောက်နှစ်အတွင်း မိသားစုစီးပွားရေး တစ်ခုကို ထူထောင်နိုင်ပြီ။ အပင် ၁,၀၀ဝ ရှိတယ်။
တစ်နှစ်ကို ၁၀၀၊ ၁၀ဝ နဲ့ ၁ဝ နှစ် သွားလို့ရတယ်။ ၁ဝ နှစ်ပြည့်ရင် နောက်က စိုက်ထားတဲ့ အပင်က ပြန်ဖြတ်လို့ရပြီ။
– ထိုင်းသစ်မွှေး လုပ်ငန်းရှင်တွေက မြန်မာပြည်ဘက်က
သစ်မွှေးအပင် ရောင်းမယ်ဆိုရင် ဝယ်မလား။
ဒါက ပြောလို့တော့မရဘူး။ ဒီဘက်နိုင်ငံက ခွင့်ပြုချက်၊ ဟိုဘက်နိုင်ငံ ကခွင့်ပြု
ချက်၊ ကန့်သတ်ချက်တွေရှိဦးမယ်။
– ဈေးကွက် သဘောအရဆိုရင်ရော ဘယ်လိုဖြစ်နိုင်မလဲ။
ဝယ်နိုင်ကြမှာပါ။ အစိုးရချင်း ညှိနှိုင်း၊ အာဏာပိုင်အချင်းချင်း ညှိနှိုင်းရင်ဖြစ်မှာ ပါ။ ညှိနှိုင်းလို့လည်းရသွားပြီ၊ ကုမ္ပဏီအချင်းချင်းကလည်း ရှိတယ်ဆိုရင် ရပါ
တယ်။ ထိုင်းဘက်က ဝယ်ဖို့ အခြေအနေရှိပါတယ်။ ဟိုဘက်ကမ်းက(ထိုင်း) စိုက်တဲ့လူနည်းတယ်လေ။ မြဝတီမှာ သစ်မွှေးခြံတွေရှိတယ်။ ကျွန်တော် ၂၀,၀၀ဝ ကျော် လောက်စိုက်ထားတယ်။ မြဝတီဘက်ကျတော့ ထိုင်းနဲ့နီးတော့ ရောင်းဖို့ အဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်တွင်း ကဟာကို ပြည်တွင်းမှာ ပဲလုပ်မယ်လေ။ ကျွန်တော်က စက်ရုံတည်မှာပဲ။
– စက်ရုံတည်ဖို့ ဘယ်တော့လောက် မှန်းလဲ။
လောလောဆယ် ကျွန်တော့မှာ ဘတ်ဂျက်မရှိဘူးလေ။ ကျွန်တော်
တစ်ယောက်တည်း မဟုတ်ဘူးလေ။ ဒီဘက်မှာလည်း အဖွဲ့လေးတွေ
လုပ်ထားတယ်။ ဟိုဘက်ကမ်းမှာလည်း အလုပ်တွေက မပြတ်သေး
ဘူး။ အဲဒီတော့ ထောင်ထားတဲ့ အဖွဲ့လေးတွေကို လုပ်ကြ၊ ပျိုးပင်လေးတွေကို စုဆောင်းပေးတယ်။ အဲဒီပျိုးပင်လေးတွေကိုရောင်းပြီးရတဲ့ ငွေလေးကို စုထားတယ်။ အိုးကို ဟိုဘက်ကမ်းကနေ (ထိုင်း ကတစ်ဆင့်) ပထမ ဂျာမနီက မှာမယ်။ ဂျာမနီကို ၅ဝ ရာခိုင်နှုန်းသွင်းရမယ်။ နှစ်နှစ်ကြာမယ်။
နောက် ဩစတြေးလျကမှာ မယ်။ ၃ဝ ရာခိုင်နှုန်းသွင်းရမယ်။ သူက
အိုးအရည်သွေးက နည်းနည်းပျော့တယ်။ စတီးလ်အိုးပဲ။ ၄၅ ကီလိုရှိတယ်။ ဂျာမနီက ကျတော့အိုး ကြီးတယ်။ ၆ဝ ကီလိုဆန့်တယ်။ သူက ဈေးနည်းနည်း
ကြီးတယ်။ ဟိုဘက်ကနေပဲမှာမယ်။ လွန်ခဲ့တဲ့နှစ်နှစ် ကတည်းက ညှိပြီးပြီ။ အလုပ်ရှင်နဲ့ သူငယ်ချင်း အပေါင်းအသင်းက ထောက်ပံ့ပေးမယ်လို့ပြော
တယ်။ အဲဒီအလုပ်ရုံ ထောင်တာကလည်း တစ်အားဝေးလံရင် ဒီဘက်ကိုနေ့ ချင်းပြန်လာလို့ မရဘူး။ ကီလိုမီတာ ၅၀၊ ၆ဝ လောက် ကမ်းနဖူး ပတ်ဝန်းကျင်လောက်မှရမှာ။ အဲဒီနားလောက်မှာ ကျွန်တော် လုပ်မယ်။ တစ်ယောက်နဲ့တစ်ယောက် အချိန်မ ရွေး ဆက်သွယ်သွားလာလို့ရအောင်ပါ။
ကျွန်တော့အနေအထားက ကျွန်တော့ စည်းကမ်းတော့ ကျွန်တော်
ရှိတယ်လေ၊ ကိုယ့်မြန်မာမျိုးကိုတော့ ဟိုဘက်ရောက်အောင် ပြန်မပို့
တော့ဘူး။ ဒီဘက်မှာပဲလုပ်မယ်။ ကိုယ်ရသင့်တဲ့အကျိုးကို ကိုယ့်နိုင်ငံသား
ကိုပဲ ပေးခံစားမယ်။ သူတို့ဘက်ကို သူတို့စားသင့်တဲ့ဟာကိုပဲ ပေးစားမယ်။ ဒီအပင် လေးတွေ ခြောက်နှစ်ပြည့်မလာခင်(စက်ရုံ) ဖြစ်လာမယ်လို့ မှန်းပါတယ်။
3 comments
alinsett
October 22, 2013 at 9:48 am
သစ်မွှေးအကြောင်းလေး
လေ့လာရတာပေါ့
ဗဟဟုသုတရပါတယ်
ပုံလေးနဲ့ဆိုပိုကောင်းမယ်နော်
သစ်မွှေးကို မမြင်ဖူးလို့ပါ။
Wai Aung Chan Myo
October 25, 2013 at 12:11 am
အရင်ကတော့ ဒီဂေဇက်မှာ ပုံတွေနဲ့ ဖော်ပြဖူးပါတယ်။
ဒီမှာ သစ်မွှေးစိတ်ဝင်စားသူ နဲတကြောင့် နောက်ပိုင်း သိပ်မဖော်ပြဖြစ်တော့တာပါ။ Facebook က သစ်မွှေး စိတ်ပါဝင်စားသူများ အဖွဲ့ကို လာလေ့လာဖို့ ဖိတ်ခေါ်ပါတယ်။
https://www.facebook.com/groups/GreenAgarwood/
မင်းခန့်ကျော်
October 22, 2013 at 10:14 am
ကျုပ်တော့သစ်မွှေးဆီ မူးနေပြီ
မူးခွင့်ရလို့ ကျေးဇူးပါ။
နောက်ထပ် မူးချင်ပါသေးတယ်။