ကျွန်မ မူးယစ်စေသောအရာများကို မသောက်သုံးတော့ပါ
ရွာထဲလည်းမရောက်တာကြာပြီ ဘာမှလည်းမတင်ဖြစ်ဘူး၊
အခုတလောကော်နက်ရှင်မကောင်းတော့ ဖွင့်လို့တောင်မရဘူးလေ၊
ပြီးတော့ရေးလည်းမရေးဖြစ်တော့ဘာမှမတင်ဖြစ်တာပါ၊
ဒီနေ့တော့ခံစားမိတာလေးတစ်ခုပြောချင်တယ်
တစ်ရက် သူငယ်ချင်းမွေးနေ့ပွဲလုပ်တယ် သူငယ်ချင်းတွေတူတူသီချင်းဆိုကြ ကဲကြပေါ့၊
အသောက်အစားလည်းပါတာပေါ့၊ မိန်းကလေး သူငယ်ချင်းတစ်ယောက်နဲ့ spy သောက်မလားဆိုတော့ သောက်မယ်ပေါ့ ဖြေလိုက်တယ်၊
အဲဒီအချိန်မှာ တစ်ခြားသူငယ်ချင်းတစ်ယောက်ကပြောတယ် တိုင်းရင်းသားတွေဆိုတော့ သောက်တတ်တာပေါ့တဲ့၊
သူပြောတာဟုတ်ရင်ဟုတ်မယ် ဒါပေမယ့် လက်မခံနိုင်ဘူး၊ တိုင်းရင်းသားမဟုတ်တဲ့မိန်းကလေးတွေ ဘီယာသောက်တာတပုံကြီးပါ၊
အဲဒီလိုအပြောခံလိုက်ရတော့ သူ့ကိုလဲဘာမှမပြောဘူး ကိုယ့်ကိုကိုယ်ပဲအပြစ်တင်လိုက်တယ် ၊
ဩ ငါအနေအထိုင်မတတ်လို့ ငါ့လူမျိုုးဝါးလုံးရှည်နဲ့ သိမ်းကြုံးခံလိုက်ရတယ်လို့၊
အဲဒီနောက်မှာ ကျွန်မ မူးယစ်စေမယ့်အရာတွေကိုရှောင်လာခဲ့တယ်၊
အစက တော့ဝိုင်သောက်တာ ကိုယ်ကမကောင်းတာမှမလုပ်တာ ဘယ်သူ့ကိုမှထိခိုက်မနေဘူးလို့ ထင်နေခဲ့တယ်လေ၊
တကယ်တမ်းကျတော့ ကျွန်မအထင်က အကြီးကြီးကိုမှားယွင်းနေတယ် ၊
အဲဒါကြောင့်ကျွန်မဆုံးဖြတ်လိုက်တယ် “ကျွန်မ မူးယစ်စေသောအရာများကို မသောက်သုံးတော့ပါ” လို့
16 comments
KZ
October 22, 2013 at 10:57 am
အွန်။
တိုင်းရင်းသားရယ် ဘာရယ်ဟုတ်ပါဘူးဟယ်။
သောက်တတ်တဲ့ သူက သောက်တာပဲ။
မသောက်တတ်တဲ့ သူက မသောက်ပါဘူးးး
သူများ အပြောမှာ လမ်းမဆုံးဘူးးးး
ကိုယ့် ဆုံးဖြတ်ချက်နဲ့ ကိုယ်ပဲ။
သောက်ချင်တဲ့ အချိန် သောက်မယ်။ မသောက်ချင်တဲ့ အချိန် မသောက်ဘူးးး
ညီမလေး လည်း စိတ်ထဲ မထားပါနဲ့။
တစ်ချို့က မရည်ရွယ်ပဲ ခပ်ပေါ့ပေါ့ ပြောတဲ့ ကိစ္စတွေရှိတယ်။
ကိုယ်က လိုက် ခံစားမိရင် ကိုယ့်စိတ်ပင်ပန်းတာပေါ့။
ပျော်ရွှင်ပါစေ ညီမရေ။
🙂
sorrow weaver
October 22, 2013 at 11:17 am
ကလိုကြီးမတွေးပါနဲ့ …ဆိုကြပါစို့ …ကချင်လူမျိုး ..ထုံးတမ်းစဉ်လာအရ ခေါင်ရည်သောက်ကြတယ်လေ..ကလေးလူကြီးအကုန်ပါပဲ ..လာတဲ့ဧည့်သည်ကိုတိုက်ဖို့ပါ သပ်သပ်ထားလိုက်သေး..အဟေးဟေး ….ဓလေ့ပဲလေ…တခြားလူတွေအမြင်တော့ မူးယစ်စေတဲ့အရာကို သောက်တယ်ပေါ့လေ…ကချင်ပြည်နယ်ရဲ့ .ရာသီဥတု ၊ ဓလေ့နဲ့တော့ အငြင်းပွားစရာ နာကျင်စရာမရှိပါဘူး ။ အကျင့်စာရိတ္တကိုထိခိုက်တာမှမဟုတ်ပဲ ။ ဘာမှစိတ်ထဲမထားနဲ့ ..သောက်သာသောက်….ပုံ ..ကချင်လူညိုချော နုထွား ယစ်ထုပ်ကြီး ..အဟိဟိ
alinsett
October 22, 2013 at 11:48 am
ရခိုင်ပြည်မှာ နေဖူးတယ်
ရခိုင် အမျိုးသမီးတချို့လည်း
ဓနိရည် သောက်ကြပါတယ်
အဲ မသောက်တဲ့သူတွေလည်း ပုံ လို့
မဟာရာဇာ အံစာတုံး
October 22, 2013 at 11:55 am
တစ်ဦးတစ်ယောက်ရဲ့ မှတ်ချက်ဟာ
တစ်ခါတစ်ရံမှာ ဂရုပြုစရာပါ
တစ်ခါတစ်ခါမှာတော့ အာပလာပါ
အခုကိစ္စမှာတော့ ကျုပ်အမြင် ပြောရရင်
အာပလာ မှတ်ချက်ပါ။
ဂရုစိုက်စရာ လိုဘာဘူးးး
အေးဆေး ခလေးမွေးးး ထားလိုက်စမ်းဘာဗျာ …
တန်ဆေး လွန်ဘေး ဆိုသလိုပဲ …
တော်ရုံ သောက်တာလောက်တော့ အေးဘေးဘာဘဲ …
အဲ .. ပေါဂျင်ရာ ပေါခဲ့ဘီ … ဟီးးး
kai
October 22, 2013 at 12:38 pm
ကိုယ့်ပါးစပ်နဲ့သောက်.. ကိုယ်ပဲမူးတာကွယ်..
ဘေးလူမထိခိုက်ရင်.. ဘာလုပ်လုပ်..ကိုယ့်အတွက်ကိုယ်လုပ်တာ..တရားပါတယ်..။
ဆိုတော့..
ဆက်သာသောက်..
အားပေးတယ်..။ တကယ်က.. ဝိုင်လို.. ဘီယာလို.. လောကမှာသောက်ဖို့ရှိနေတဲ့..အရသာရှိတာတွေကို.. မသောက်တဲ့သူတွေကမှ.. အူကြောင်ကြား…။
inz@ghi
October 22, 2013 at 12:40 pm
ဟိုဆြာတော်ကတော့
အ လို့ ရက် တဲ့
အရက် ဆိုလားဗျာ
ကွိ
ဦးကျောက်ခဲ
October 22, 2013 at 12:57 pm
၃၁ဘုံမှာ ဤလူ့ဘုံပဲ အရက်မျိုးစုံ ဘီယာမျိုးစုံ ဝိုင်မျိုးစုံ ရသတဲ့…
သောက်သာသောက်၊ မမှောက်မချင်း အားပေးတယ်…
😀
Wow
October 22, 2013 at 1:37 pm
အာ့ကမှ သတ်သတ်လွတ်.. အကုသိုလ်ကင်းမှကင်း
kyeemite
October 22, 2013 at 3:24 pm
သူများ မှတ်ချက်အပေါ် အတော်ခံစားလိုက်တာကိုးဗျ….
ကျုပ်အလိုအရတော့ တန်ဆေး၊ လွန်ဘေးပါပဲလေ…
မသောက်ပဲနေနိုင်သူတွေနေကြပေါ့…ဒါလည်းဘယ်သူ့မှမထိခိုက်ပါဘူး..
ကျုပ်တို့ပိုသောက်ရတာပေါ့..ဟိဟိ 😀
ရွှေမိုးတိမ်
October 22, 2013 at 4:23 pm
မြည်းတစ်ကောင် နဲ့ သားအဖနှစ်ယောက် ပုံပြင်လိုပေ့ါ။ ကိုယ် ဘယ်လိုနေနေ ပြောလိုသူကတော့ ပြောနေမှာပါပဲ။ ဒါပေမယ့် ကိုယ်က မသောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တော့လဲ သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားနဲ့ ညီတာပေ့ါ 🙂
lele kyi
October 22, 2013 at 4:44 pm
ကျမလည်းအရင်ကဘာမှသောက်တတ်ဘူး။ တိုင်းရင်းသူမဟုတ်တဲ့ ဂေါ်ရီလာ အမီနာ ဖျက်လို့ အခုဆိုသူငယ်ချင်းတွေနဲ့ပြိုင်ငြင်းလို့ရအောင် ဗဟုသုတတော်တော်ရှိသွားတာရယ်။ ဂုဏ်တောင် ယူလိုက်သေး။ ဟီးးး
Conny Kim
October 22, 2013 at 6:31 pm
Conny ပေးချင်တဲ့ Message က တကယ်လို့ကိုယ့်တစ်ယောက်ရဲ့စိတ်ခံစားမူကြောင့်တစ်ခြားသူ တွေထိခိုက်တော့မယ်ဆိုရင် လုပ်သင့်သလားပေါ့ ဒါလေးပါပဲ
တစ်ခါတလေတော့လည်း ကိုယ့်စိတ်ကို ဦးစားတတ်တာ လူ့သဘာဝဘဲလေ
Mr. MarGa
October 22, 2013 at 7:23 pm
အင်း…ဘယ်လိုပြောရပ
မှတ်ချက် တစ်ခု ဆိုတာ
ပေးတာကတော့ ပေါ့ပေါ့လေး ပေါ့
အပေးခံရတဲ့သူအတွက်ကျ တွေးစရာအများကြီး ဖြစ်သွားတတ်သကိုး
ဒါကလည်း အပေးခံရတဲ့သူနဲ့ပဲ ဆိုင်တယ် ပြောရမယ်ဗျ
တချို့ကျ ပြောချင်ရာပြောပစေ ကိုယ်သဘောနဲ့ကိုယ်လုပ်တာ ဘာဖြစ်လဲ ဆိုပြီး မှတ်ချက်ကို ဂရုမစိုက်ကြသလို
တချို့တွေကျ ငါ့လုပ်ရပ်အတွက် ပတ်ဝန်းကျင်ပါ အမြင်စောင်းခံရပါလား ဆိုပြီးတော့ ပတ်ဝန်းကျင်ကို ပြန်တွေးတာမျိုးလဲ ရှိသပေါ့။
ဒါက ဖြစ်တတ်တာကို ပြောပြတာပါ။
နှစ်ခုလုံးက
ကိုယ့်အယူနဲ့ကိုယ်တော့ အဆင်ပြေနေတာပဲကိုး နော့
black chaw
October 23, 2013 at 10:49 am
စာရေးသူက တိုင်းရင်းသားတစ်ယောက်ဖြစ်နေလေတော့
ကိုယ် သောက်လိုက်လို့
တိုင်းရင်းသားတွေ ရဲ့ image ကိုထိခိုက်သွားမှာစိုးရိမ်ပြီး…
လို့ ဆုံးဖြတ်လိုက်ပုံရပါတယ်…။
ကိုယ်မသောက်ပဲ တခြား တိုင်းရင်းသားတွေက သောက်နေရင်လည်း
ဘာထူးမှာလဲဗျာ…။
ဆန္ဒရှိရင်သောက်ပါ…။
အလွန်အကျွံမဖြစ်စေနဲ့ပေါ့…။
လုံမလေးမွန်မွန်
October 23, 2013 at 11:03 am
မူးယစ်စေတယ်ဆိုတာ ကိုယ့်ပေါ်မှာပဲ မူတည်ပါတယ်..
သူများက တစ်ခွက်သောက်လို့ မူးပေမယ့် ကိုယ်က နှစ်ခွက်တောင် မမူးသေးဘူးဆိုရင် ကိုယ်သောက်တဲ့နှစ်ခွက်က မူးယစ်စေသောအရာ မဟုတ်ဘူးပေါ့… ဟီး..
sorrow weaver
October 23, 2013 at 1:58 pm
ဆရာနေရဲမာန်ပြောတာလေး ပြန်ပြောပြပါအုံးမယ်..သတင်းထောက်တစ်ယောက်က ..ဖေ့ဘွတ် မှာ အစ်ကို့အကြောင်းပြောနေတာလေးကို ဘယ်လိုခံစားရပါသလဲလို့မေးတာ…..အဲ့တာကိုဆြာက .
( လူတကာပြောတဲ့စကားကို လိုက်အဖက်လုပ်နေရအောင် ကျွန်တော့်ခေါင်းက အမှိုက်ပုံးမဟုတ်ဘူးဗျ ) တဲ့…အဟိဟိ .တော်ကီကိုတော့ .ကြွေတယ်…ကိုကိုရယ်ပဲ …..