Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သက်တံ့အယ်ဒီတာထံသို့ ရင်ဖွင့်လွှာ (၁)

PhyoAugust 4, 20101min48812

ဒီဆောင်းပါးလေးကို လွန်ခဲ့တဲ့နှစ်က အွန်လိုင်းပေါ်ကနေသိခဲ့ရတဲ့ မြန်မာနိုင်ငံက လူငယ်လေးတယောက် ပေးပို့ထားခဲ့တာကြာပါပြီ။ အဲဒီတုန်းက သူပြောခဲ့တဲ့စကားက ဒီဆောင်းပါးလေးက သူ့ဘဝလေးနဲ့ ချွတ်စွတ်တူနေသလို သူ့ခံစားချက်လေးတွေကိုပါ ထင်ဟပ်ပေးနိုင်တဲ့ ဆောင်းပါးဖြစ်တဲ့အတွက် မြန်မာနိုင်ငံက လူကြီးသူမတွေအနေနဲ့ တိတ်တိတ်ပုန်းနေရတဲ့ လိင်တူချစ်သူတွေရဲ့ဘဝကို စာနာနားလည် ပေးနိုင်လာဖို့ တောင်းဆိုထားခဲ့တာ ကြာပါပြီ။ ဒီစာလေးက တကယ့်လူငယ်တယောက်က သူ့ဘဝရဲ့ခံစားချက်ကို ထုတ်ဖော်ရေးသားထားတဲ့ စာလေးတစောင်ဖြစ်ပါ။ အဲဒီနောက်မှာ နောက်ထပ် လူငယ်တယောက်ကလည်း သူ့ရဲ့တိတ်တိတ်ပုန်းလိင်တူချစ်သူဖြစ်နေရတဲ့ဘဝကို သက်တံ့ရောင်အယ်ဒီတာအဖွဲ့ကို ရင်ဖွင့်လာခဲ့ပြန်ပါတယ်။ သူ့ရဲ့ခံစားချက်ကလည်း ပထမလူငယ်လေးလိုပဲ ခပ်ဆင်ဆင်ဖြစ်နေတာကို သတိထားမိပြန်ပါတယ်။ ဒီလိုနဲ့နောက်ပိုင်းမှာလည်း ခံစားချက်ချင်းတူတဲ့ လူငယ်အတော်များများက ကျနော်တို့ဆီကိုရင်ဖွင့်လာခဲ့တဲ့အတွက် သူတို့ရင်ထဲကခံစားချက်ကို ထင်ဟပ်ပြစေနိုင်မယ့် ဒီလူငယ်လေးရဲ့စာကို သက်တံ့အင်တာနက်မဂ္ဂဇင်းကနေတဆင့် တင်ပြပေးလိုက်ရပါတယ်။

ကျနော်ဟာ အသက် ၂၁နှစ်ရှိပြီးဖြစ်တဲ့ အင်ဂျင်နီယာကျောင်းသားလေးတယောက်ပါ။ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် ကျနော်ဟာ လိင်တူချင်းချစ်တဲ့ ဂေး တယောက်ပါ။ ကျနော် ဂေး တယောက်ဖြစ်တယ်ဆိုတာကို ဟိုး… ကျနော် ၁၄ နှစ်လောက်ကတည်းက ကောင်းကောင်းကြီးကို သဘောပေါက် သိနားလည်ခဲ့ပါတယ်။ လူတွေပြောပြောနေတဲ့ ရင်းနှီးတဲ့ဆွေးမျိုးသားခြင်းတွေရဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေကြောင့် ကျနော် လိင်တူချင်း ချစ်တဲ့သူတယောက် ဖြစ်လာခဲ့တာမဟုတ်တာတော့ လုံးဝသေချာပါတယ်။

ကျနော် ဂေး တယောက်ဖြစ်တာ ဘယ်သူ့ကြောင့်မှမဟုတ်ခဲ့သလို ကျနော် မွေးကတည်းကဖြစ်လာခဲ့တဲ့အရာ တခုလို့လည်း ကျနော်လုံးဝယုံကြည်ပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ ပြောနေကြပါစေ ကျနော်ကိုးကွယ်ယုံကြည်တဲ့ဘုရား ဒါမှမဟုတ် ဟောဒီလောကကြီးထဲမှာရှိနေတဲ့ နတ်ဘုရားတွေကြောင့်သာ ကျနော် ဂေး ဖြစ်လာတယ်လို့ ကျနော်လုံးဝယုံကြည်သလို ကျနော်ဟာ ဟောဒီလောကကြီးထဲမှာ သဘာဝတရားကြီးကပေးတဲ့ ဂေး လို့ခေါ်တဲ့ ကောင်းချီးဆုလဒ်တခုလို့လဲ ကျနော့်ကိုယ်ကျနော်ခံယူပါတယ်။ တချို့လူတွေ မွေးလာကတည်းက ဆံပင်အရောင်အမျိုးမျိုး၊ အသားရောင်အမျိုးမျိုးနဲ့ မွေးလာကြသလိုပဲ ကျနော်လည်း မွေးလာကတည်းက ဂေးအဖြစ်နဲ့မွေးလာခဲ့တဲ့သူပါ။ ဒီနေ့ဒီအချိန်မှာ သိပံ္ပနည်းပညာကလည်း လိင်တူချင်း စိတ်ဝင်စားတယ်ဆိုတာ မမွေးခင်ကတည်းကဖြစ်လာခဲ့တဲ့ အရာတခုဖြစ်တယ်ဆိုတာကို သက်သေအထောက်အထားအမျိုးမျိုးနဲ့ ဖော်ပြနေခဲ့ကြပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း လိင်တူချင်းဆက်ဆံတာဟာ စိတ်ရောဂါတစ်ခုမဟုတ်ဘူးဆိုတာကို အကြိမ်ကြိမ်အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒါတွေကို ကျနော်ကောင်းကောင်းကြီး သိနေခဲ့ပါတယ်။ ဒါပေမယ့် လူတချို့ကို ကျနော်နားမလည်နိုင်ဘူးဗျာ။ အခြေအမြစ်မရှိတဲ့ တွေးခေါ်ယူဆချက်တွေနဲ့ ကျနော်တို့ကိုအပြစ်ပုံပြောချင်နေကြတယ်။ ထားလိုက်ပါတော့ တချို့ဆိုရင် ဂေးတွေများလာလို့ရှိရင် ကမ္ဘာပေါ်မှာ လူမှုအသိုင်းအဝိုင်းဆိုတာ ပျောက်ဆုံးသွားလိမ့်မယ်ဆိုတဲ့ ဟာမျိုးတွေပေါ့။ အဲဒီအတွေးအခေါ် ယူဆချက်တွေဟာ လုံးဝကိုမှားယွင်းနေတဲ့ တွေးခေါ်ယူဆချက်တွေပါ။ ဘယ်လိုလုပ်ပြီးလူတိုင်းက ဂေးဖြစ်လာနိုင်ပါ့မလဲ။ ဟိုအရင်တုန်းကလည်း မဖြစ်ခဲ့သလို ဒီနေ့လည်းဖြစ်မနေပါဘူး။ လာမယ့်အနာဂတ်မှာလည်း ဖြစ်မှာမဟုတ်ပါဘူး။ သဘာဝတရားအတိုင်း သူ့ဟာနဲ့သူ အချိုးညီညီတည်ရှိနေပြီးသားပါ။ ဂေးဆိုတဲ့အရာကို ကြက်အကောင်ပေါက်သလို တယောက်ပြီးတယောက် အကောင်ဖောက်ယူလို့ရနိုင်တာမျိုးမှ မဟုတ်တာ။ ဒါတင်မကသေးပါဘူး။ တချို့လူတွေက ကျနော်တို့ကို စွပ်စွဲကြပြန်ပါသေးတယ်။ ခရစ်ယာန်ဘာသာမှာဆိုရင် ဘုရားသခင်ကတားမြစ်ထားတဲ့အရာလို့ ဆိုကြပြန်တယ်။ ပြီးတော့ ပြောပါသေးတယ်… လိင်တူဆက်ဆံတာကို ဘုရားမကြိုက်ဘူးဆိုတာ သမ္မာကျမ်းစာထဲမှာ အတိအလင်းဖော်ပြထားပြီးဖြစ်တယ်လို့ ဆိုထားကြပါတယ်။ မှန်ပါတယ်။ သမ္မာကျမ်းစာဆိုတာ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ရေးချထားတဲ့သန့်ရှင်းတဲ့ကျမ်းစာအုပ် တအုပ်ပါ။ ဒါပေမယ့်လည်း ကျမ်းစာထဲမှာ ဘုရားသခင်က မိန့်မှာထားတဲ့စကားတွေကို လူသားတွေတသွေမတိမ်း လိုက်နာခဲ့ကြရဲ့လားဆိုတာကိုလည်း ပြန်စဉ်းစားကြည့်သင့်ပါတယ်။ ဥပမာ ကျွန်စနစ်ကိုကျင့်သုံးတာ၊ လင်မယားချင်း ကွာပြဲတာ၊ အမျိုးသမီးအခွင့်အရေးတွေကို လက်ခံလာတာ အဲဒီလိုအချက်တွေကို အရင်တုန်းကလုံးဝ လက်မခံကြဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ကျမ်းစာထဲမှာကိုက ခွင့်မပြုထားတဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် ဒီနေ့ဒီအချိန်မှာ အဲဒီမိန့်ဆိုချက်တွေကို ဆန့်ကျင်ပြီး ပြုပြင်ပြောင်းလဲရေးအတွက် စတင်ကျင့်သုံးလက်ခံလာခဲ့ကြတာပဲ မဟုတ်လား။ ဒါဆိုရင် ဘာဖြစ်လို့ လိင်တူချင်းချစ်တာကို သမ္မာကျမ်းစာနဲ့ကိုင်ပေါက်ပြီးတော့ ဒီနေ့အထိတားမြစ်နေတာ စဉ်းစားစရာဖြစ်မနေသေးဘူးလား။

ဟိန္ဒူဘာသာမှာဆိုရင်လည်း ဟိန္ဒူဘာသာကို ကိုးကွယ်တဲ့သူဆိုရင်တော့ သိပါလိမ့်မယ်။ ခါဂျုရဟို(Khajuraho)လို့ခေါ်တဲ့ ဗိမာန်တော်ကိုရောက်ဖူးလို့ရှိရင် လိင်တူချင်းချစ်တင်းနှောနေတဲ့ အနုပညာလက်ရာတွေကို ဘုရားကျောင်းအတွင်းထဲမှာ အလှဆင်ထားတာကို တွေ့ဖူးကြမှာပါ။ ပြီးတော့ ကာမရှတ္တရဆိုတာလည်း လိင်ကွဲဆက်ဆံတဲ့သူတွေအတွက်ပဲလို့ များသောအားဖြင့်က ပြောကြပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။ လိင်တူ၊ လိင်ကွဲနှစ်ခုစလုံးအတွက် ဆိုလိုတာဖြစ်ပါတယ်။ ဟိန္ဒူဝေဒကျမ်းမှာလည်း လိင်တူချင်းဆက်ဆံတာကို ဆန့်ကျင်တားမြစ်တဲ့ကျမ်းပိုဒ် တစ်ခုမှမရှိဘူး ဆိုတာကို ကျနော်လေ့လာခဲ့ရပါတယ်။ ဒါတွေကို ကျနော်ဘာကြောင့်ပြောနေရလဲဆိုရင် ဘာသာတရားအတော်များများမှာ လိင်တူဆက်ဆံတာကို တားမြစ်ထားတယ်ဆိုတဲ့ စကားတွေကြောင့် ကျနော်ကြိုးစားပြီးလေ့လာခဲ့လို့ သိရတာပါ။

ကျနော်အသက် ၁၉နှစ်မှာ အွန်လိုင်းအင်တာနက်ပေါ်ကနေပြီး ချစ်သူရည်းစားတယောက်ရခဲ့ပါတယ်။ ပထမဦးဆုံး ကျနော်တို့နှစ်ယောက် အပြင်မှာစတွေ့တဲ့အချိန်မှာ အချစ်မှာမျက်စိမရှိဘူးဆိုသလိုပဲ အရူးအမူးချစ်ခဲ့ကြပါတယ်။ အဲဒီအချိန်တွေတုန်းကလောက် ကျနော့်ဘဝမှာ ပျော်ရွှင်ကြည်နူးခဲ့ရတာ တခါမှမရှိခဲ့ပါဘူး။ သူလည်း ကျနော်လိုပါပဲ ကိုယ့်ကိုယ်ကို လိင်တူချစ်သူပါဆိုပြီး ပွင့်ပွင့်လင်းလင်းမပြောရဲတဲ့သူတယောက် ဖြစ်နေတော့ နောက်ဆုံးမှာ ကျနော်နဲ့အနာဂတ်ကို ဆက်လျှောက်လှမ်းဖို့ နှစ်ယောက်လုံးအခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။ သူက ကျနော်နဲ့ဘယ်လိုမှအတူဆက်ပြီး ပေါင်းသင်းနေထိုင်သွားလို့မရဘူးဆိုပြီး နာကျင်စွာနဲ့ရင်ဖွင့်ခဲ့သလို သူ့မိဘဆွေမျိုး ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ရင်ဆိုင်နိုင်ဖို့ ဘယ်လိုမှခွန်အားမရှိခဲ့ဘူးလို့ ရင်ဖွင့်ခဲ့ပါတယ်။ ကျနော်လည်း အရမ်းကိုနာကျင်ခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကိုလည်း မဖြေဆည်နိုင်လောက်အောင် ဝမ်းနည်းပူဆွေးမှုတွေ ဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးတော့ သူနဲ့ကျနော် လမ်းခွဲခဲ့တယ်။ ကျနော်က ကျနော်လမ်းကို ဆက်လျှောက်ခဲ့သလို ကျနော့်ချစ်သူကတော့ မိဘတွေပေးစားတဲ့အမျိုးသမီးနဲ့ လက်ထပ်သွားခဲ့ပါတယ်။ မမျှော်လင့်တဲ့ ကျနော်တို့နှစ်ယောက်ရဲ့ချစ်ခြင်းက လပိုင်းလောက်ပဲသက်တမ်းကြာရှည်ခဲ့ပါတယ်။ အဲဒီအတွေ့အကြုံက ကျနော့်ရဲ့ ဝိညာဉ်ကို ချောက်ခြားစေခဲ့သလို ကျနော့်ရဲ့နှလုံးသားကို ဆိုးဆိုးဝါးဝါးဆွေးမြည့်နာကျင်စေခဲ့ပါတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်ဟာ သူ့ကြောင့်ဖြစ်ခဲ့ရတာမဟုတ်ဘူးဆိုတာကိုတော့ ကျနော်အသိညာဏ်က ကောင်းကောင်းကိုသတိထားစေခဲ့ပါတယ်။

စဉ်းစားကြည့်ပါ။ ကျနော်တို့နိုင်ငံမှာ ကျနော့်လိုမျိုးအတွေ့အကြုံနဲ့ ဖြတ်သန်းလာခဲ့ရတဲ့သူတွေ ဘယ်နှယောက်တောင်များရှိနေနိုင်မလဲ။ ပြီးတော့ ကျနော်သိပ်ချစ်ရတဲ့ချစ်သူလိုမျိုး ကိုယ့်ရဲ့လိင်စိတ်ကိုမျိုသိပ်ပြီး လက်ထပ်ထိမ်းမြားခြင်းလို့ခေါ်တဲ့ မျက်နှာဖုံးအောက်မှာ ကိုယ့်ကိုယ်ကို လုံခြုံမယ်လို့ထင်ပြီးတော့ နေ့တဓူဝ ဝမ်းနည်းပူဆွေးစွာ အသက်ရှင်နေရတဲ့သူတွေ ဘယ်လောက်တောင်ရှိနေမလဲဆိုတာ တွေးကြည့်လို့ရနိုင်ပါတယ်။ သိပ်မကြာသေးဘူး ကျနော်သတင်းတစ်ခုကြားသေးတယ်။ မိုးကောင်းဘက်မှာ လိင်တူချင်းချစ်တဲ့ ကောင်လေးနှစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်ဆိုတဲ့ အဖြစ်အပျက်တွေကိုကြားရတော့ ကျနော်နှလုံးသားထဲမှာ အရမ်းကိုနာကျင်ခဲ့ရပါတယ်။ သေခြင်းတရားနဲ့ ကွေကွင်းခြင်းကို အလှဲအလှယ်လုပ်သွားခဲ့ကြတဲ့ အဲဒီချစ်သူနှစ်ယောက်အကြောင်းကြားရတာ ကျနော်တော်တော်လေး ယူကြုံးမရဖြစ်ခဲ့ပါတယ်။ အဲဒီနာကျည်းချက်တွေကြောင့်လည်း ကျနော်အခုဒီစာကိုရေးနေရတာပါ။ အထူးသဖြင့် ကျနော်မိဘတွေကို သတိပေးချင်ပါတယ်။ ကျနော်ပြောပြတာကိုလည်း ကောင်းကောင်းနားထောင်ပေးစေချင်ပါတယ်။ ဘယ်တော့မှ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေအားလုံးကို ယောက်ျားမိန်းမချင်းကြိုက်တဲ့သူတွေလို့ တယူသန်ပုံသေလက်ခံထားတာကို အမြဲသတိနဲ့ ပြန်စဉ်းစားဆင်ခြင်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီခံယူချက်က ကိုယ့်သားသမီးတွေအပေါ်မှာ ဆိုးဝါးတဲ့နာကျင်မှုတွေဖြစ်စေနိုင်လို့ပါပဲ။ ပြီးတော့ ပညာတတ် လူတန်းစားတွေ၊ နိုင်ငံတော်ကိုအုပ်ချုပ်နေတဲ့သူတွေ၊ နိုင်ငံရေးသမားတွေ ကျနော်အနူးအညွတ်တောင်းပန်ချင်တာ တစ်ခုရှိပါတယ်။ ကျနော်တို့နိုင်ငံမှာ တည်ရှိနေဆဲ ဥပဒေပုဒ်မ ၃၇ရ ကို ဖျက်ဆီးပယ်ဖျက်ဖို့အတွက် ကျနော်အနူးအညွတ်တောင်းပန်ချင်ပါတယ်။ ခုလောလောဆယ်မှာရှိနေတဲ့ အစိုးရဖြစ်ပါစေ၊ နောက်ရွေးကောက်ပွဲပြီးလို့ အာဏာရလာမယ့် အစိုးရတွေဖြစ်ပါစေ ကျေးဇူးနဲ့ဒီဥပဒေကို ပယ်ဖျက်ပေးကြပါလို့ ကျနော်အနူးအညွတ်တောင်းဆိုချင်ပါတယ်။ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အများပြည်သူအားလုံးကိုလည်း ကျနော်တို့ကို မုန်းတီးနေတဲ့စိတ်တွေ လိင်တူချင်းချစ်တဲ့သူတွေကို စော်ကားနေတဲ့အပြုအမူ စကားအသုံးအနှုန်းတွေ၊ ခွဲခြားဆက်ဆံနေတဲ့ ဓလေ့စရိုက်တွေကိုလည်း ကျေးဇူးနဲ့ရပ်တန်းက ရပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်။ ကျနော်တို့ရဲ့အမှန်တကယ် တည်ရှိနေမှုကို အသိအမှတ်မပြုပဲ ကျနော်တို့အပေါ် စော်ကားနှောက်ယှက် အကြမ်းဖက်တဲ့လုပ်ရပ်တွေကိုလည်း ကျေးဇူးနဲ့ ရပ်တန်းကရပ်ပေးဖို့ရန် တောင်းဆိုချင်ပါတယ်။

ကျနော်ဟာ ဒီနေ့ဒီအချိန်ထိ ကိုယ့်ကိုယ်ကို လိင်တူချစ်သူတယောက်ပါလို့ ပွင့်ပွင့်လင်းလင်းထုတ်ဖော်မပြောနိုင်ပဲ အခုလိုမျိုး ကိုယ့်ရဲ့အဖြစ်မှန်ကို ဖုံးကွယ်ပြီးနေနေရတာပါ။ ဘာကြောင့်လည်းဆိုတော့ အခုနကကျနော်ပြောတဲ့ လိင်တူချင်းကြိုက်တဲ့သူ ချစ်တဲ့သူတွေကို ကျနော်တို့ပတ်ဝန်းကျင်အသိုင်းအဝိုင်းက မုန်းတီးမှုထုထည်ဟာ အင်မတန်ကြီးမားလွန်းတော့ ကျနော်ဘယ်လိုမှ ရင်ဆိုင်တွန်းလှန်နိုင်ဖို့ သတ္တိမရှိလို့ပါ။ မြန်မာနိုင်ငံမှာ ကျနော့်လိုမျိုး ကိုယ့်ဘဝကိုယ်ပွင့်ပွင့်လင်းလင်းဖွင့်မပြောရဲပဲ ပုန်းကွယ်နေတဲ့သူတွေ ဘယ်နှသန်းလောက်ရှိနေမလဲဆိုတာကို ဘယ်သူမှ အတိအကျမပြောနိုင်ပါဘူး။ စိတ်ပညာရှုထောင့်ကကြည့်မယ်ဆိုရင်လည်း အဲဒီလိုကိုယ့်ကိုယ်ကို လိမ်ညာဟန်ဆောင်ပြီးနေရတဲ့သူတွေဟာ အနည်းနဲ့အများတော့ စိတ်ထိခိုက်နေကြမှာ သေချာပါတယ်။ ကျနော်လိုခံစားနေရတဲ့သူတွေ ဒီလိုမျိုးဟန်ဆောင်ပုန်းကွယ်နေရတဲ့ဘဝက အမြန်လွတ်မြောက်နိုင်ကြပါစေ။ ကျီးလန့်စာစားနေရတဲ့အဖြစ်ကနေ အမြန်လွတ်မြောက်နိုင်ကြပါစေလို့ ကျနော်အမြဲဘုရားမှာဆုတောင်းမိပါတယ်။ တနေ့ကျရင် ကျနော်လည်း ကျနော်ချစ်တဲ့သူနဲ့ အတူတကွပျော်ပျော်ရွှင်ရွှင်နဲ့ ပေါင်းသင်နေထိုင်ရလိမ့်မယ်လို့လည်း ကျနော်မျှော်လင့်မိပါသေးတယ်။ ဒါပေမယ့်လည်း မြန်မာပြည်မှာဆိုရင်တော့ ယောက်ျားနှစ်ယောက်လက်ထပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်သေးတဲ့အခြေအနေပါပဲလေ။ တကယ်လို့ တတ်နိုင်ခဲ့မယ်ဆိုရင်တော့ လိင်တူချင်းချစ်သူတွေကို နွေးနွေးထွေးထွေးကြိုဆိုတတ်တဲ့ နယ်သာလန်တို့ ကနေဒါတို့မှာသွားပြီး လက်ထပ်နိုင်မယ်ဆိုရင်တော့ အရမ်းကိုပျော်စရာကောင်းမှာပါ။ ဒါပေမယ့် ကျနော်ဆိုတဲ့သူကလည်း မြန်မာမှ မြန်မာဖြစ်နေတဲ့သူတယောက်လေ။ ကျနော်ဒီမြေမှာမွေးတယ်။ ဒီရေသောက်ပြီး ဒီမှာကြီးပြင်းခဲ့တဲ့သူတယောက် အမိမြန်မာနိုင်ငံကိုလည်း အရမ်းချစ်ပါတယ်။ ကျနော်ချစ်တဲ့တိုင်းပြည်ကို ရည်းစားတယောက်ကိုလက်ထပ်ရဖို့အတွက်နဲ့တော့ ကျနော့်တိုင်းပြည်ကိုစွန့်ပြီးတော့လည်း မသွားနိုင်ပါဘူးလေ။ ဒါကြောင့်လည်းကျနော် မတတ်တခေါက်နဲ့ ဒီစာလေးကိုရေးပြီး အကူအညီတောင်းမိတာပါ။

ဒီစာကိုဖတ်မိတဲ့သူတိုင်း ကျနော်တောင်းဆိုခဲ့တဲ့အချက်လေးတွေကို ကျေးဇူးနဲ့သတိထားပေးကြပါလို့ ကျနော်အနူးအညွတ် တောင်းဆိုချင်ပါတယ်။ နောက်ဆုံးကျနော် သက်တံ့စာဖတ်ပရိသတ်ကို မှာချင်တဲ့စကားကတော့ ကျေးဇူးပြုပြီးတော့ “လူသားနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာအပေါ် အမှားအမှန်ဝေဖန်ဆုံးဖြတ်ချက် မပေးလိုက်ကြပါနဲ့”လို့ အနူးအညွတ် တောင်းပန်ချင်ပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာ လူတယောက်က လူတယောက်ကိုချစ်တယ်လို့ပြောတယ်ဆိုတာ ယောက်ျားချင်းချစ်တယ်ပြောပြော၊ မိန်းမချင်းချစ်တယ်ပြောပြော မိန်းမယောက်ျားချင်းချစ်တယ်ပြောပြော ချစ်ခြင်းမေတ္တာဆိုတာ ငြိမ်းချမ်းခြင်းတရားပဲမဟုတ်လား။ လူတွေကို စစ်တိုက်ဖို့ပြောနေတာမဟုတ်ပါဘူးဆိုတာကို နောက်ဆုံးအနေနဲ့ပြောချင်ပါတယ်။

ကျနော့်ရဲ့စာကို ကျနော်အမြဲစိတ်ကူးယဉ်အိပ်မက်နေခဲ့တဲ့ နေ့တနေ့ ၊ကိုယ့်ကိုယ်ကို ဟန်မဆောင်ပဲ ကိုယ့်ရဲ့ပုံရိပ်အမှန်ကို ဖော်ပြနိုင်မယ့်နေ့တနေ့၊ ကျနော်ဟန်ဆောင်စရာမလိုတော့မယ့်နေ့တနေ့၊ ကျနော့်ပုံရိပ်အမှန်ကို လူတွေအမှန်တကယ်လက်ခံ ချစ်မြတ်နိုးနိုင်မယ့်နေ့ကို မျှော်လင့်ပြီး စိတ်ကူးရေးစပ်ထားတဲ့ကဗျာလေးနဲ့ အဆုံးသတ်ပါရစေ။

ရှက်ရွံခြင်းတွေနဲ့ မုန်းတီးခြင်းဆိုတဲ့

တံတိုင်းတွေ ချိုးဖျက်သွားမယ့်နေ့

ငါ့ရဲ့ ဟန်တောင်မျက်နှာဖုံးကို ဆွဲချွတ်လိုက်မယ့်နေ့

ငါဟာ ဂေးတယောက်ပါလို့

ဝင့်ကြွားစွာ ဟစ်ကြွေးနိုင်မယ့်နေ့ကို

ငါမျှော်လင့်နေမှာပါ

ကိုယ့်ကိုယ်ကို ယောက်ျားစစ်လို့ခေါ်တဲ့ယောက်ျားတွေ

ငါကိုယောက်ျားစစ်လို့ မြင်လာနိုင်မယ့်တနေ့

ငါ့ရဲ့ ချစ်ခြင်းတရားကို

ဥပဒေက အသိအမှတ်ပြုမယ့်နေ့

ချစ်သူလက်ကိုဆွဲပြီးတော့

ငါတို့နှစ်ယောက်က ချစ်သူတွေပါလို့

ဝင့်ကြွားစွာ လျှောက်လှမ်းနိုင်မယ့်နေ့

လွတ်မြောက်ခြင်းလို့ခေါ်တဲ့

အလင်းရောင်ခြည်အောက်မှာ

ငါ… ရင်ကိုကော့ပြီး ကမ္ဘာလောကကြီးကိုမျက်နှာမူရင်း

ငါလိုယောက်ျားကောင်းတယောက်

ချစ်တဲ့သူဟာလည်း ယောက်ျားပါလို့

အော်ဟစ်ဝင့်ကြွားနိုင်မယ့်နေ့တနေ့

ငါ့ရှေ့ကိုရောက်လာဦးမှာပါ…


သက်တံ့အယ်ဒီတာအဖွဲ့

ဖေဖော်ဝါရီ ၂၆၊ ၂ဝ၁ဝခုနှစ်



12 comments

  • kopauk mandalay

    August 5, 2010 at 2:33 am

    လောက မှာ ဘာအကြောင်းကြောင်းကြောင့်ဘဲဖြစ် သဘာဝထက်လွန်ကဲသောကိစ္စမှန်သမျှသည်
    ပုံမှန်အဖြစ်အပျက်မဟုတ်ဘူးလို့ဘဲကျနော်ထင်ပါတယ်။
    ကျား မ ခွဲ၍ ဖြစ်တည်နေခြင်းသည် လိင်ကိစ္စသက်သက်အတွက်မဟုတ်ဘဲ
    ကျနော်တို့လူသားမျိုးဆက်ကို ဆက်လက်ပြန့်ပွားနိုင်ရန်အတွက်ဖြစ်ပါတယ်။
    အသိဉာဏ်ကင်းမဲ့တယ်လို့သတ်မှတ်ခံရသော တိရိစ္ဆာန်တွေကော ဘယ်လိုပြူမူဆက်ဆံတယ်ဆိုတာကို လေ့လာကြည့်လိုက်မယ်ဆိုရင်…………………………………………….
    တကယ်လို လိင်တူခြင်းလက်ထပ်တာတွေများလို့ မျိုးဆက်မပြန့်ပွားတော့ဘူးဆိုရင် …………………………………………..

    • g.list

      September 6, 2010 at 9:35 am

      တလောက လုံးကို လိင်တူနှစ်သက်ခိုင်းနေတာမှ မဟုတ်ပဲ
      လိင်တူစိတ်ဝင်စားတဲ့ သူတွေကို straight တွေကလက်ခံပေးဖို ့ လက်မခံရင်တောင် မထိပါး မစော်ကားဖို ့ တောင်းဆိုထားတာပါ ..
      ခများကို GAY လိုက်ဖြစ်ပါလို ့ပြောထားလို ့လား ??

  • Taemie

    August 5, 2010 at 2:34 am

    မြန်မာ့လူအဖွဲ့အစည်းမှာတော့ ခွင့်ပြုဖို့ သိပ်ကိုစောလွန်းပါသေးတယ်။

  • yawhan

    August 5, 2010 at 6:07 am

    လုံးဝအားမပေးပါဘူးခင်ဗျာ။
    သဘာဝအတိုင်းဘဲဖြစ်စေချင်ပါတယ်။တခြားနိုင်ငံတွေဘယ်လိုဘဲ ခွင့်ပြုခွင့်ပြု ကျနော်တို့နိုင်ငံအနေနဲ့ခွင့်မပြုသင့်ပါဘူး။

  • nyilin

    August 16, 2010 at 4:36 am

    ကဗျားလေးက တော်တော်လေး အားမာန်ပါတဲ.ကဗျာလေးပါ

    အဒီနေ.ရောက်ဖို.ဆိုတာ မြန်မာနိုင်ငံ အတွက် ဖြစ်လာနိုင်ချေ

    အခု ချိန်မှာတော.နည်းပါသေးတယ် ဒါပေ မဲ.

    အထက်က လူတွေဝေဖန်ထားတာကိုတော. သိပ်သဘောမကျဘူး

    လူတစ်ယောက်မှာ ကိုယ်ပိုင် ခံယူ ချက်တွေရှိကြမှာပါ
    အဒီစိတ်အားလုံးကလည်းနှလုံးသားထဲကပဲပေါက်ဖွားလာကြတာလေ
    လိင်တူချင်း စိတ်ဝင်စားတဲ.သူရှိသလို စိတ်မဝင်စားတဲ.သူလဲရှိကြပါတယ်
    မျိုးဆက် မကျန်တော.မှာလဲ ပူစရာမလိုပါဘူး ဘာလို.လဲဆိုတော. အားလုံး
    အဒီလိုဖြစ်ကုန်တာမှ မဟုတ်တာ လိင်တူ စိတ်ဝင်စားမှု ဗီဇမပါတဲ.သူကို အတင်း
    လုပ်ယူလို.လဲမရဘူးလေ

    ဒါပေမဲ. အဒီလိုစိတ်ဝင်စားတဲ.သူတွေစိတ်ကိုစာနာနို်ငမယ်ဆိုရင်တာ.ပိုကောင်းပါတယ်

  • nyilin

    August 16, 2010 at 4:38 am

    စာနာ စေချင်ကြပါတယ် ဗျာ အားလုံး ဟာနှလုံးသားရှိတဲ. လူသားတွေပါ

  • bigcat

    August 16, 2010 at 5:12 am

    ကျွန်တော်မျိုးကြီး သေသင့်ပါသည်။

  • maylay

    August 16, 2010 at 8:02 am

    လောကမှာ ယောက်ျားချင်းပဲဖြစ်ဖြစ် မိန်းမချင်းပဲဖြစ်ဖြစ် ယောက်ျားနှင့်မိန်းမပဲဖြစ်ဖြစ် အားလုံးဟာ ချစ်ခွင့်ရှိတယ်လို့ထင်ပါတယ်။
    nyilin ပြောထားတာကို သဘောကျတယ်။ လိင်တူချင်းချစ်တဲ့သူတွေဟာ အပြစ်လုပ်ထားတဲ့သူတွေမှ မဟုတ်တာ။ ခံစားချက်ဆိုတာ လုပ်ယူလို့ ရတဲ့အရာ
    မဟုတ်ဘူးဆိုတာ ကိုတွေးမိရင် ကိုယ်ချင်းစာတတ်ကြမယ်ထင်ပါတယ်။

  • intro

    September 6, 2010 at 2:15 pm

    အင်း… လိင်တူချင်းနှစ်သက်သူတွေကို လက်ခံပေးဖို့က အချိန်တော့ ပေးရဦးမယ် ထင်တာပဲဗျာ..

    • secret

      September 6, 2010 at 4:04 pm

      လက်မခံရင်တောင်အပြစ်မပြောနဲ ့ပေါ ့ဗျာ..
      နားလည်ပေးလိုက်လို ့နစ်နာသွားတာမှမဟုတ်တာ…….

  • nanowave

    August 24, 2011 at 7:10 am

    ကျွန်တော့ခံယူချက်လေးကို ဆွေးနွေးကြည့်ချင်တယ်ဗျ

    လိင်တူတွေကို လက်မခံဘူးဆိုတာကို ဖြစ်တတ်ပါတယ် ဒါကလည်းအပြစ်မဟုတ်ဘူးဗျ လူတစ်ကိုယ်စိတ်တစ်မျိုးး ဝက်သားမကြိုက်တဲ့သူက ဝက်သားကိုအပြစ်မြင်တတ်သလိုပေါ့

    တကယ့် Real World မှာလည်း မိသားစုဝင်ချင်းတောင် စိတ်ဓာတ် ခံယူချက်တွေမတူတာမို့ ဒီလိုခွဲခြားဆက်ဆံတာကိုလည်း အပြစ်ရယ်လို့တော့ မပြောလိုပါဘူး

    ဒါပေမယ့်ထူးဆန်းတာက ရွံတယ်လို့ဆိုထားတာလေးတွေပါ အဲဒီလိုပြောတဲ့သူတွေက Gay တွေထဲမှာမှ တော်တော်အဆင့်အတန်းမရှိတဲ့သူတွေကို မြင်ထားမိတယ်နဲ့တူပါတယ်

    ဒီလိုလိင်တူလောကမှာ အားလုံးက အဆင့်အတန်းမမဲ့သလို အားလုံးသည်လည်း အဆင့်အတန်းမရှိဘူးဆိုတာကိုတော့ ကျွန်တော်ဝန်ခံလျက်ပါ

    ဒါပေမယ့် လူအများမြင်သာနေတာက (ဥပမာ – မြင်မကောင်းလောက်အောင် ဖြတ်သွားသမျှလူကို စည်းရုံးဆွဲဆောင်နေတာတွေ၊ နောက်တစ်ခုက Sex အတွက် ကိုယ့်မာန ကိုယ့်သိက္ခာကိုတောင် မထိန်းနိုင်ပဲ အာသာငမ်းငမ်းတက်နေတာတွေပေါ့) ဒါတွေကိုလူတွေအများဆုံးမြင်ရလေ့ရှိတယ်ပေါ့ဗျာ

    အဲ အဲဒီထဲမှာမှမမြင်ရတာလေးတွေလည်းရှိပါတယ် တကယ့်ကိုကျားကျားယျားယျားပုံစံနဲ့ လိင်တူချစ်သူတွေလည်းအများကြီးရှိနေပါတယ် နောက်ပြီးသူတို့ကလူသိနည်းတယ် တစ်နည်းမထင်ရဘူးပေါ့

    ဘာကြောင့်သူတို့ကအေးအေးဆေးဆေးနေသလဲဆိုတော့ လူတစ်ယောက်ရဲ့ကျင့်ဝတ်ကိုနားလည်ပြီး အဆင့်အတန်းရှိတဲ့သူတွေမို့လို့ပါ

    မယုံမရှိပါနဲ့ အများကြီးရှိပါတယ်

    နောက်ပြီး Bisexual သမားတွေလည်းရှိနေတတ်လို့ လိ်င်တူဆိုတာကြီးကိုလက်မခံတဲ့မိန်းကလေးတွေအနေနဲ့ ရင်လေးစရာကောင်းနေပါတယ် ဒါမှမဟုတ် တစ်ချို့သောသူတွေက မိန်းကလေးတစ်ယောက်ကို For Show ဆိုပြီးစိတ်မဝင်စားပဲတွဲပြနေတာတွေလည်းရှိတာပါပဲ ဒီလိုနှမချင်းမစာနာရင်တော့ ကျွန်တော်တို့အနေနဲ့ အားမပေးပါဘူး တစ်ဖက်ကမိန်းကလေးရဲ.အချစ်ကို စော်ကားရာရောက်နေပါတယ်၊

    နောက်ပြီးတော့ လိင်တူချစ်သူတွေက သနားစရာလူသားတွေလို့လည်းမသတ်မှတ်စေလိုပါဘူး ဘာကြောင့်လဲဆိုတော့ လိင်တူချစ်သူတော်တော်များများထဲမှာ ဆေး၊ နည်းပညာ၊ IT၊ Business နဲ့ အခြားသော လုပ်ငန်းနယ်ပယ်တွေမှာပါ ထက်မြက်တဲ့သူတွေအနေနဲ့ရပ်တည်နေကြလို့ပါပဲ၊ မိဘအသိုင်းအဝိုင်းလည်းအဆင့်အတန်းမြင့်သူတွေတစ်ပုံကြီးပါလျက်ပါ

    ပြီးတော့ မိန်းကလေးလို့ မိမိကိုယ်ကို ခံယူထားတဲ့သူနဲ့ ယောကျင်္ားလို့ခံယူထားးတဲ့သူတွေရယ်လို့လည်းရှိပါတယ် ဒါကလည်းခံယူချက်ပါပဲဗျာ

    လူပီသဖို့နဲ့ စာရိတ္တကောင်းဖို့ အရည်အချင်းထက်မြက်ဖို့ပဲလိုအပ်တယ်မဟုတ်လား

    သုံးစားမရပဲပေတေနေတဲ့ Straight တစ်ယောက်နဲ့ တစ်ထောင့်တစ်နေရာမှာတော်နေတဲ့ လိင်တူချစ်သူတစ်ယောက်နဲ့ နှစ်ယောက်ထဲကတစ်ယောက်နဲ့ အလုပ်တွဲလုပ်ရမယ်ဆိုပါစို့ ဘယ်သူ့ကိုရွေးချယ်မလဲ

    လိင်တူတွေမှာလည်း အဆင့်အတန်းတွေရှိပါတယ် ဒါပေမယ့်အဆင့်အတန်းမြင့်သူတွေက ဘဝကိုအေးအေးလူလူဖြတ်သန်းနေတာကြောင့် လူတွေမြင်တာနည်းပြီး အခုလို ရွံစရာတွေဖြစ်ကုန်တာတော့ မတတ်နိုင်ပါဘူး

    နောက်တစ်ခုက အဆင့်အတန်းမြင်သူတွေမြင်လာအောင် အဲဒီလူတွေကလူလုံးထွက်ပြဖို့လည်းမဖြစ်နိုင်ပါဘူး

    ဒီလိုလူတွေအတွက် လိင်တူချစ်တယ်ဆိုတာ အထူးအဆန်းလည်းမဟုတ်သလို သာမာန်လိင်ကွဲသမားတွေလိုပဲ အသားကျနေတဲ့ကိစ္စတစ်ခုမို့လို့ပါ

    ဒါကြောင့် Sex ဆိုတာကြီးကိုလည်း Real World မှာတမင်တကာကြီးမြင်အောင်လိုက်ကြည့်မနေကြတော့ပါဘူး အရေးလည်းမလုပ်တော့ပါဘူး

    နောက်တစ်ခုကျွန်တော်ပြောချင်တာက တစ်ချို့သော Straight ဆိုတဲ့သူတွေက လိင်တူချစ်သူတွေအကြောင်းရေးသားတဲ့ ရသစာပေ Blog တွေမှာ ဆဲထားဆိုထားတာတွေကို မကြားဝံ့မနာသာတွေ့နေရပါတယ် ဒါပေမယ့် အောက်က လိင်တူချစ်သူတွေက ပုံမှန်ပဲတုံ့ပြန်ထားပါတယ် အဲဒါ XMX ဆိုတဲ့ Social Site တစ်ခုမှာတွေ့ခဲ့မိတာပါ

    ဒီတော့ သဘောမကျရင်တောင် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မဆဲသင့်ဘူးလို့ထင်ပါတယ်

    ရှေးမြန်မာအဆိုအရ .. အမိယုတ်က နှုတ်ကြမ်း၏ အဖယုတ်ကကိုယ်ကြမ်း၏ ဆိုသလိုပဲ ကိုယ့်အဆင့်အတန်းကို ကိုယ်လှစ်ဟပြနေတယ်ဆိုတာကို သတိထားရမှာဖြစ်ပါတယ်

    ဒီလိုဆဲဆိုနေတဲ့သူက Straight ပါလို့ပြောလာတဲ့အခါမှာ တော်တော်လေးကို အံ့ဩစရာကောင်းနေပါတယ်

    တစ်ချို့က ယောကျင်္ားလေးဆိုတော့ဆဲမှာပဲဆိုတဲ့ comment ကိုလည်းရေးထားပါတယ်…. ယောကျင်္ားလေးဆဲတာ Fashion တစ်ခုမဟုတ်သလို ဖြစ်သင့်တဲ့ကိစ္စတစ်ခုလည်းမဟုတ်ပါဘူး

    ယဉ်ကျေးမှုအရ မသင့်တော်ပါဘူး

    လိင်တူချစ်သူနှစ်ယောက်လမ်းပေါ်မှာတွဲသွားတာ မြင်လို့ကောင်းပေမယ့် ယောကျင်္ားနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ဆဲနေရင်တော့ အများကကဲ့ရဲ.ဖွယ်ရာဖြစ်တော့မှာပါ

    သိုပပေမင့် ဒီလိုလူကြားအရှောင်သူကြားမရှောင် ငါနဲ့ကိုင်တုပ်ပြီးဆဲတာကိုတော့ ယဉ်ကျေးမှုနဲ့မကိုက်ညီပါလို့အထူးတလည်မပြောကြပဲ ဒီလို လိင်စိတ်ခံယူချက်ကို တစေ့တစောင်းလေ့လာပြောဆိုမှုတွေ ပုတ်ခတ်စော်ကားမှုတွေတော့မရှိသင့်ဖူးလို့ပဲ ထင်ပါတယ်

    တကယ်တော့ သေးသေးလေးနဲ့ ကြီးကြီးပဲကွာတာပါ ယဉ်ကျေးမှုထုံးတမ်းကိုက ဆန့်ကျင်တာအတူတူပါပဲ

    ကျွန်တော်တို့ရဲ့ လက်တွေလောကကြီးမှာ ကျွန်တော်ပြောခဲ့သလို သေးသေးလေးတွေလွဲမှားနေတာတွေရှိပါတယ် မြင်တတ်ကြပါစေ

    ခုနကလို ပါးစပ်က အဆင့်အတန်းမရှိတဲ့ဆောက်ခြောက်ဆိုတဲ့ စကားလို ဝါကျတိုလေးတစ်ကြောင်းနဲ့တင် သူပညာရှိဟုတ်သလား ပညာမရှိတဲ့လူတန်းစားလာဆိုတာကို သိသာစေလို့နောက်တစ်ခါ လိင်တူချစ်သူတွေကိုစော်ကားတော့မယ်ဆိုရင် ယဉ်ကျေးတဲ့စကားလုံးသုံးပြီး ပညာရှိဟန်တော့ ဆောင်သင့်ပါတယ်

    ဒါမှလည်း ဖတ်မိရှုမိတဲ့ အများပြည်သူမျက်စိမှာ ပသာဒဖြစ်မှာပါ

    ဒါကျွန်တော်က သည်ဝါကျကိုပဲ ဥပမာပေးတာပါ နောက်ထပ် နှမသားချင်းမှ အတူတူဖတ်လို့မသင့်တော်တဲ့ စကားတွေပြောထားတာလည်းတွေ့ပါတယ်

    ဒီစာကို ဖတ်နေကြတဲ့ထဲမှာ ခုနကလိုမျိုး လိင်တူချစ်သူတွေကို ဆဲချင်ဆိုချင်နေတဲ့သူတွေများရှိတယ်ဆိုရင် မဆဲပါနဲ့လိုပဲ မေတ္တာရပ်ခံပါရစေ

    ကျွန်တော်တို့မှာ သည်စကားလုံးတွေကိုဖတ်ရှုဖို့အတွက် အဆင့်အတန်းမကိုက်ညီလို့ပါ ဒါကြောင့်ဆဲထားလဲအရာရောက်မှာမဟုတ်ပါဘူး

    တကယ်တော့ အားလုံးဟာကိုယ့်နယ်ပယ်နဲ့ကိုယ် အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နေကြတာပါ ဒါပေမယ့်နယ်ပယ်ဖြင်းလက်တွဲပူပေါင်းဆောင်ရွက်ရမယ့် အခြေအနေမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိနိုင်ဘူးဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး

    နောက်တစ်ခုက လိင်တူချစ်သူတွေကို တောင်းဆိုအကြံပြုပါရစေ

    ကျွန်တော်တို့တွေက အသနားခံရမယ့်လူစားမျိုးတွေမဟုတ်ပါဘူး သူတောင်းစားလဲမဟုတ်သလို လူဖြစ်ရှုံးနေတဲ့သူတွေမဟုတ်ပါဘူး

    တော်တဲ့သူတွေ တတ်တဲ့သူတွေ ထက်မြက်ကြတဲ့သူတွေပါ

    အဆင့်အတန်းရှိစွာမွေးဖွားလာကြပြီး ဘဝကိုလည်းအဆင့်အတန်းရှိစွာနဲ့ ရပ်တည်ရမှာဖြစ်ပါတယ်

    သူလက်သီးတစ်ချက်ထိုးရင် ကိုယ်နားရင်းတစ်ချက်အုပ်နိုင်လောက်တဲ့အထိ တန်းတူဖြစ်နေအောင် သာနေအောင် ကြိုးစားဖို့လိုပါတယ်

    ဒါကြောင့် သိက္ခာမဲ့တဲ့လုပ်ရပ်တွေကို အတတ်နိုင်ဆုံးရှောင်ရှားဖို့လည်းအလွန်လိုအပ်ပါတယ်

    တစ်ဦးနဲ့တစ်ဦးလည်းသစ္စာရှိဖို့လိုအပ်ပါတယ်

    Straight တစ်ယောက်ရဲ့ခံယူချက်ကို လေးစားနားလည်သလို Homosexual တစ်ယောက်ရဲ.ဘဝကိုလည်း လက်ခံနားလည်ပေးနိုင်တဲ့ ကျွန်တော်ဟာ

    လူသားစစ်စစ်ပါ

    သင်သည်အများအမြင်အရ ယောကျင်္ားစစ်ချင်မှစစ်မည်၊ မိန်းမစစ်ချင်မှစစ်မည်၊ ယောကျင်္ားစစ်စစ်လည်းဖြစ်မည်၊ မိန်းမစစ်စစ်လည်းဖြစ်နိုင်သည်

    သိုသော်

    သင်သည်

    နွေးထွေးသော၊ ကြင်နာတတ်သော၊ စိတ်ထားမွန်မြတ်သော ……….. လူသားစစ်စစ်ဖြစ်ပြီလား ?

    အားလုံးကိုလေးစားပါလျက်

    နားလည်ရန်ခက်ခဲနေသေးသူများ အချိန်အတိုင်းအတာတစ်ခုအတွင်း နားလည်ပေးနိုင်ပါစေ

Leave a Reply