ပြတင်းပေါက်
Normal
0
false
false
false
EN-US
JA
X-NONE
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”,”serif”;
mso-fareast-font-family:SimSun;}
တစ်ခါက ဆေးရုံတစ်ရုံ ရဲ့ အထူးကြပ်မတ်ကုသခန်းထဲမှာ လူနာနှစ်ယောက်ရှိတယ်။
သူတို့နှစ်ယောက်လုံးဟာရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရပြီးတော့ ဆရာဝန်တွေရဲ့ ၂၄ နာရီလုံးစောင့်ကြည့်မှု့လိုအပ်နေတဲ့ လူနာတွေပေ့ါ။
သူတို့နေရတဲ့ အခန်းလေးမှာ ပြတင်းပေါက် တစ်ပေါက်ပဲပါတယ်။ ပြတင်းပေါက်ဘက်မှာ နေရတဲ့ လူနာ က အဆုပ်ထဲ က ရေတွေကို စုပ်ထုတ်ပစ်ဖို့အတွက် တစ်ရက်ကို တစ်နာရီ ထိုင်ခွင့်ရတယ်။ သူအဲ့လိုထိုင်ခွင့်ရတဲ့အချိန်မှာ ပြတင်းပေါက်ကနေ အပြင်ကိုငေးပြီး သူမြင်ရတဲ့ မြင်ကွင်းတွေကို သူ့ အခန်းဖော်လူနာကို ပြောပြလေ့ရှိတယ် ။
ဥပမာ – “ ပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တဲ့အခါမှာ ရေကန်လေးတစ်ကန်ရှိတယ် ။ ရေကန်ထဲက ရေတွေက ပြာလဲ့ပြီး ကြည်လင်နေတယ်။ ကလေးလေးတွေဟာ ရေကန်ထဲ က ဘဲလေးတွေကို ပေါင်မုန့်တွေ ပစ်ကျွေးနေပြီးတော့ ဘဲလေးတွေက မလွတ်တမ်း စားနေကြတာ ဆိုရင် ကြည့်ရတာ ပျော်စရာကောင်းလိုက်တာကွာ… ။ ဟိုးဘက်ထောင့် မှာတော့ ထီးကလေးတစ်ချောင်းနဲ့ အတွဲလေးတစ်တွဲ … သူတို့ကို မြင်လိုက်ရတာ ကိုယ့်ငယ်ဘဝကိုတောင်သတိရမိပါရဲ့ကွာ ။ တောင်တန်းတွေဟာလဲ စိမ်းစိုးပြီး သိပ်လှတာပဲ ကွာ “ စသဖြင့် သူကပြောပြလေ့ရှိတယ်။ အဲဒီ့အခါမှာ ပြတင်းပေါက်မရှိတဲ့ဘက်ခြမ်း က လူနာဟာလဲ သူပြောပြတဲ့ မြင်ကွင်းတွေကို မျက်လုံးထဲမှာပုံဖော်ပြီး စိတ်ကြည်နူးရလို့ ခံစားနေရတဲ့ ဝေဒနာတွေကိုတောင် တစ်ခဏ မေ့ပျောက်နေပါတယ် တဲ့ ။ သူကိုယ်တိုင် ပြတင်းပေါက်ကနေပြီး အဲ့ဒီ မြင်ကွင်းတွေကို အားပါးတရကြည့်လိုက်ချင်တွေ စိတ်တွေလဲ ပေါ်လာတာပေ့ါလေ။
တစ်ညမှာတော့ ပြတင်းပေါက်ဘက်ခြမ်းက လူနာဟာ အမောဖောက်ပြီး အသက်ရှုကြပ်လာပုံနဲ့ အရေးပေါ်ခလုတ်ကိုနှိပ်ဖို့ကြိုးစားပါတယ်။ ဒီဘက်ကုတင်က အခန်းဖော်လူနာဟာလည်းနိုးလာပါတယ်။ သူ့အနေနဲ့ အရေးပေါ်ခလုတ်ကိုနှိပ်ပေးလိုက်ရင် ဖြစ်နိုင်ပေမယ့် ပြတင်းပေါက်ဘေးကကုတင်မှာ နေလိုတဲ့အတွက် ခလုတ်ကိုမနှိပ်ပေးခဲ့ဘဲ အိပ်ချင်ယောင်ဆောင်နေခဲ့လိုက်ပါတယ်။
မနက်မိုးလင်းတဲ့အခါမှာ ပြတင်းပေါက်ဘက် ကုတင်က လူနာဟာသေဆုံးနေခဲ့ပြီး ဆရာမတွေက သူ့အလောင်းကို သယ်ထုတ်သွားခဲ့ပါတယ်။ အဲ့ဒီအခါမှာ သူက သူ့ကို ပြတင်းပေါက်ဘေးက ကုတင်ကိုပြောင်းပေးလို့များ ရနိုင်မလားလို့ တောင်းဆိုခဲ့ပါတယ်။ ဆရာမတွေကလည်း ရတဲ့အကြောင်းပြောပြီး သူ့ကို နေရာပြောင်းပေးခဲ့ပါတယ်။
သူဟာ ပြတင်းပေါက်ဘေးက ကုတင်ကိုရောက်တယ်ဆိုရင်ပဲ ဝေဒနာခံစားနေရတဲ့ကြားက အတင်းအားယူထပြီး သူ့အခန်းဖော်ပြောပြခဲ့တဲ့ စိတ်လက်ကြည်နူးစရာရှု့ခင်းတွေကို အငမ်းမရ ကြည့်လိုက်ပါတယ်။
သူ ဒီလို မျှော်လင့်တကြီးနဲ့ ကြည့်လိုက်တဲ့အချိန်မှာ စိမ်းစိုလှပတဲ့ရှုခင်းတွေ ၊ ရေကန်နဲ့ ဘဲလေးတွေ ၊ အစာကျွေးနေတဲ့ ကလေးတွေ အစား သူ မြင်လိုက်ရတာက…………………………………….
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.ဆေးရုံရဲ့ အုတ်တံတိုင်းဖြူဖြူကြီးတစ်ခုပဲ ဖြစ်နေခဲ့ပါတယ်တဲ့ ။
.
.
.
ဒီစာစုလေး ကို ဖတ်ဖူးကြတဲ့ သူတွေရှိမယ်ထင်ပါတယ် ။ မူရင်းကChicken Soup for Soul စာအုပ်ထဲကပါ ။ ဆရာဖေမြင့်ကလဲ နှလုံးသားအာဟာရ ဆိုပြီး ဘာသာပြန်ထုတ်ထားပါတယ် ။ အဲ့ဒီထဲမှာ တော့ ဒီ ဝထ္တုတိုလေးရဲ့ နာမည်က ပြတင်းပေါက် ဆိုပြီး ပါပါတယ် ။ ကျွန်မက စာတွေဖတ်ဖြစ်ပေမယ့် ပုံမှန်ဆို အကြောင်းအရာ ခေါင်းစဉ် စာရေးသူ နာမည်တွေ တွဲမမှတ်မိတတ်လောက်အောင် မှတ်ဉာဏ်က ညံ့ဖျင်းပါတယ် ။ ဒါပေမယ့် ဒီ ပြတင်းပေါက်ဆိုတဲ့ ဝထ္တုတိုလေးကတော့ ဖတ်ဖူးခဲ့တာ ဘယ်လောက်ပဲ ကြာကြာ ဘယ်လိုမှ မေ့မသွားပဲ ခေါင်းထဲ မှတ်မှတ်ရရ စွဲထင်နေခဲ့တာပါ ။ ရွာထဲ က မဖတ်ရသေးသူများရှိခဲ့ရင် ဖတ်မိပြီး ကျွန်မလိုပဲ အတွေးပွားစေဖို့ လူ့သဘောကို ဆန်းစစ်ဝေဖန်ကြည့်ဖို့ ကျွန်မ မှတ်မိသလောက် ပြန်ချရေးပေးထားတာပါ ။
ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်နော် 😀
10 comments
KZ
October 23, 2013 at 2:15 pm
တခြားသူတွေကိုလည်း ကိုယ့်နဲ့ ပတ်သက်ပြီး အကောင်းမြင်တတ်တောင် ပျော်အောင်ထားတတ်တယ်။
ဒါပေမဲ့………………….
တစ်နေ့တစ်လုံးဥတဲ့ ငန်းကို ရိုက်သတ်စားဖို့ ကြံစည်တဲ့ သူကိုလည်း အတိုးနဲ့ ပြန် ဒုက္ခပေးတတ်တယ်။
အဲလိုနဲ့ပဲ အသက်ရှုမရပ်ခင် အချိန်အထိ ရန်သူတွေ ပွါးများးးးးးးး :mrgreenn:
သေကာမှ သေရောပဲ။
😀
ဂယ် မှတ်နဲ့နော။
အိပ်ချင်နေလို့ လျှောက်ပြောသွားတာ။
ရွှေမိုးတိမ်
October 26, 2013 at 11:29 am
မျှတတဲ့ အတွေးပိုင်ရှင်ပါလား 😀 ဘာပဲဖြစ်ဖြစ် ကိုယ့်ဝန်းကျင် က လူတွေကိုအကောင်းမြင်တတ်အောင် ပျော်အောင်ထားတာ လွယ်တဲ့ကိစ္စမှ မှုတ်တာ ။ ချီးကျူးပါတယ် မခိုင် 😛
Mr. MarGa
October 23, 2013 at 2:41 pm
အဲဒီ စာလေးကို
အစ မြင်တာနဲ့
chicken soup for the soul ထဲက ဆိုတာ တန်း သိတဲ့အထိ
စွဲနေခဲ့တာ….
သူပေးချင်တဲ့ သင်ခန်းစာလေးရော
လူ့စိတ် သဘောသဘာဝ အကြောင်းရော ပေါ့
အခုလို ပြန်တင်တော့လည်း
ပြန်ဖတ်ပြီး
ပြန် တွေးမိသွားတယ်။
ဆရာ မင်းလူ ပြောခဲ့သလိုပေါ့
စာအုပ်ဟောင်းတစ်အုပ်ဟာ
ဘယ်အချိန် ပြန်ဖတ်ဖတ် အရသာရှိတယ် တဲ့
(သူပြောတာတော့ အဲဒါထက် နည်းနည်း ပိုသေးတယ် ဒါ လိုရာဆွဲပြောတာ ဟီးးး)
ရွှေမိုးတိမ်
October 26, 2013 at 11:30 am
သိကြားမင်းရဲ့ စာဖတ်စွမ်းအားကိုတော့ ဒီက ရှေ့ကပို့စ် မှာ ဖတ်ပြီးသားပါညော် ။ အားကျပါဘိတောင်း ။
alinsett
October 23, 2013 at 5:53 pm
အင်းးး
အတ္တ ဆိုတဲ့ ချေးညှော်တွေ
ကပ်နေတဲ့လူနာ
နောက်ဆုံး မြင်လိုက်ရတာက
အင်းပေါ့လေ
သူ စိုက်ပျိုးတာကိုပဲ
သူ ရိတ်သိမ်းရတာပေါ့လေ
ဝေမျှပေးတာ ကျေးဇူးပါဗျို့
ရွှေမိုးတိမ်
October 26, 2013 at 11:33 am
ခုလို ဖတ်ရှုပေးတာလဲ ကျေးဇူးပါဗျို့ …
kyeemite
October 24, 2013 at 9:27 am
ဆရာဖေမြင့်ဘာသာပြန်တဲ့ နှလုံးသားအာဟာရ ရသစာစုများကို သိပ်ကြိုက်တယ်
ထွက်ပြီးသမျှလည်း ဖတ်ပြီးဝယ်သိမ်းထားမိတယ်…သားသားမီးမီးတို့ဖတ်ရအောင်ပေါ့
မဖတ်မိသေးသူတွေအတွက် တင်ပေးတာကောင်းပါတယ်ဗျာ… 😆
ရွှေမိုးတိမ်
October 26, 2013 at 11:34 am
ဟုတ် ဦးကြီးမိုက် 🙂
surmi
October 24, 2013 at 9:44 am
တကယ်ပဲအတွေးများအမျှင်တန်းမိပါတယ်
လူ့သဘော..လူ့သဘာဝ
သ်ရခက်လှပါတာ်နော…
ရွှေမိုးတိမ်
October 26, 2013 at 11:35 am
ဟုတ်ပ့ါ ကိုဆာမိရေ ။ လူဆိုးလူကောင်း ဆိုတာ နဖူးစာကပ်ထားတာမဟုတ်သလို လူ့စိတ်သဘောဆိုတာလည်း ပြောရခက်လှတာကိုး ။ ကိုယ်ကိုယ်တိုင်တောင်မှ ကိုယ့်စိတ်ကို အစိုးမရသေးတာပဲလေ ။ ဘာပဲဖြစ်ဖြစ် ကိုယ်ကစပြီး ကောင်းအောင်နေပါတယ်။