Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


သူငယ်ချင်းတွေထဲမှာ မျက်ကပ်မှန်တပ်လေ့ရှိသူတွေ ပါမယ်လို့ထင်ပါတယ်နော် နဂိုပါဝါမျက်မှန် တပ်ရသူတွေက မျက်ကပ်မှန်တပ်လိုက်တဲ့အခါ ပါဝါမျက်မှန်ကြီးတပ်စရာမလိုတော့လို့ ပို နုလာတယ်လို့ထင်တာပဲ(ကွကို ထင်တာပေ့ါနော် ) နဂို ပါဝါမျက်မှန်တပ်စရာမလိုသူတွေတောင် BIG GYE လေးတွေ တပ်ကြတော့ မျက်ဆံကျယ်ကျယ်ပုံစံလေးပေါက်ပြီး ပိုလှစေတယ်လို့ ယုံကြည်လို့ အရောင်စုံလေးတွေ တပ်ကြတာ တွေ့နေရတယ် ။ ကိုယ်တိုင်လည်း မျက်ကပ်မှန် တပ်ဖြစ်နေတော့ မျက်ကပ်မှန် ရဲ့ ဆိုးကျိုးတွေနဲ့ ဂရုစိုက်သင့်တာလေးတွေ လိုက်ရှာဖတ်ဖြစ်တယ် ။ အဲ့ထဲက လိုအပ်မယ် ထင်တာလေးတွေကို သူငယ်ချင်းတွေဖတ်ရအောင် ပြန်လည်ဝေမျှပါတယ်နော် ►ِ►► မျက်ကပ်မှန် တပ်လိုက်ရင် လှပတဲ့မျက်ဝန်းလေးတစ်စုံကို ရရှိတာတော့ မှန်ပေမယ့် မျက်ကြည်လွှာလေးကတော့ သနားစရာပါပဲ ။ မျက်ကြည်လွှာ ဟာ သူလိုအပ်တဲ့ အောက်ဆီဂျင်ကို လေထဲကနေတိုက်ရိုက် ရယူတာဖြစ်လို့ မျက်ကပ်မှန် တပ်ထားတဲ့အခါ […]


” ကြင်နာတဲ့ လက်” နဲ့ ” နာကျင်စေမယ့် လက် ” အထိအတွေ့ ကို ကျွန်တော် ခွဲခြားသိတယ် ။ ကွဲကွဲပြားပြား သိတယ် ။ ” ကြင်နာတဲ့ လက် ” တစ်စုံပိုင်ရှင်သာဖြစ်ပါ့စေ တစ်နေ့လုံး အလုပ်တွေ ပင်ပင် ပန်းပန်း လုပ်ရ ၊ လုပ်ရ ညနေခင်းမှာ ကောက်ရိုးခြောက်ပဲ စားရ ၊ စားရ ကျွန်တော် နွေးထွေးပျော်ရွှင်ပါတယ် ။ နေရောင်ခြည်အောက်မှာ မြက်နုနုလေးတွေ စားရတာ ကျွန်တော့် ပျော်ရွှင်မှု ပဲ ။ ဒါပေမယ့် ” နာကျင်စေမယ့် လက်” တစ်စုံဆီ ရောက်ခဲ့မှတော့ နေခြည်အောက် က မြက်နုတွေဟာလည်း ကျွန်တော့် အတွက် ထူးပြီး […]


ရန်ကုန်မှာရေတွေကြီးတယ် ကြားတော့ မန်းလေးမှာရေကြီးဖူးခဲ့တဲ့ နှစ်တစ်နှစ်ကို ပြန်သတိရတယ် ။ လွန်ခဲ့သော ရ နှစ် ကိုယ်က UFL ဒုတိယနှစ်ကျောင်းသူ ဘဝပေ့ါ ။ အဲ့နေ့ က နေ့လည်ပိုင်းလောက်ကစပြီး မိုးတွေတောက်လျှောက်ရွာတော့ ညနေကျောင်းဆင်းချိန်လည်းကျရော ရေတွေကြီးတာ ဒူးခေါင်းလောက်ရောက်ရော ။ ကျောင်းဝင်းထဲမှာလည်း ရေတွေအပြည့်ပေ့ါ ။ ကိုယ်ကလည်း ဆိုင်ကယ်စစီးတတ်တာမကြာသေးဘူး ဒီရေကြီးနေတဲ့အထဲမှာ ဘယ်လိုမှ ကိုယ့်ဖာကိုယ် ဆိုင်ကယ်မောင်းပြီး မပြန်ရဲဘူး ( ပြန်ရင်လည်း ဆိုင်ကယ်စက်ရပ်နိုင်ချေ က 90 ရာနှုန်းလောက်ရှိတာကိုးး ) ။ အိမ်ကို ဖုန်းဆက်တော့ ဖေဖေ က သူ ကား နဲ့လာကြိုမယ်ပေ့ါ ကျောင်းမှာပဲစောင့်နေဆိုပြီးပြောတယ်။ ဖြစ်ချင်တော့ ကိုယ့်ကို ပိုးနေတဲ့ ဆေးကျောင်းက ကောင်လေးတစ်ယောက်က ကျောင်းကိုလိုက်လာပြီး သူအိမ်ပြန်ပို့ပေးမယ် […]


သီဟိုဋ္ဌ်စေ့ ကို တော့ တော်တော်များများ မြင်ဖူး ၊ စားဖူးမယ် ထင်ပါတယ် ။ ဒါပေမယ့် သီဟိုဋ္ဌ်ပင် ၊ သီဟိုဋ္ဌ်သီး ကိုတော့ သိပ်ပြီး သိကြမယ်မထင်ဘူး ။ ငယ်ငယ်တုန်းက မှော်ဘီမှာနေတော့လေ အိမ်ရှေ့မှာ သီဟိုဋ္ဌ်တောကြီးရှိတာ ။ သီဟိုပင်တွေက အမြင့်ကြီး မတ်ပြီးထောင်တက်မသွားကြဘူး ။ များသောအားဖြင့် ဘေးဘက်ကို ဖြာထွက်ပြီး နေတော့ ကလေးအရွယ်ပေမယ့် တက်ရလွယ်တယ် ။ ကိုယ်သီဟိုပင်တွေကိုချစ်တဲ့ ထဲမှာ အဲ့တာလည်းပါတယ်။ သီဟိုဋ္ဌ်သီးပေါ်တဲ့အချိန်ဆို သိပ်ပျော်တာပဲ ။ အပင်ပေါ်တက် သီဟိုဋ္ဌ်သီးတွေခူးပြီး အပင်ပေါ်တင်ထိုင်စား ။ အစေ့ကို သိမ်းထား ပြီး မီးဖုတ်စားရတာ။ မှတ်မှတ်ရရ ဆောင်းတွင်းမှာ သီဟိုဋ္ဌ်သီးတွေ သီးတယ် ။ ဆောင်းတွင်းမနက်ခင်းတွေမှာ သစ်ရွက်ခြောက်မီးဖိုနဲ့မီးလှုံရင်း သီဟိုဋ္ဌ်စေ့တွေကို […]


ရွှေမိုးတိမ်November 20, 20131min45511
ကျနော့် မှာ မှော်အကျင်္ီတစ်ထည်ရှိတယ်။ သူ့ကို ဝတ်ဆင်လိုက်တဲ့အချိန်မှာ ဖျားနာချင်သလို ခံစားမှုကိုပေးတယ်။ သူ့ကို ဝတ်ဆင်လိုက်တဲ့အချိန်မှာ လည်ချောင်းတစ်ဝိုက်ဆီက ပြင်းရှရှခံစားမှုကိုပေးတယ်။ သူ့ကို ဝတ်ဆင်လိုက်တဲ့အချိန်မှာ စိမ့်စိမ့်ပြီးအေးတဲ့ခံစားမှုကို ပေးတယ်။ သူ့ကို ဝတ်ဆင်လိုက်တဲ့အချိန်မှာ ကျနော်ဟာ သီးသန့်ဖြစ်သွားတဲ့ ခံစားမှုကိုပေးတယ်။ တစ်ပြိုင်တည်းမှာပဲ သူ့ကို ဝတ်ဆင်ထားတဲ့ အချိန်တိုင်း လုံခြုံမှုကိုခံစားရတယ်။ သူ့ကို ဝတ်ဆင်လိုက်တဲ့ အချိန်တိုင်း နွေးထွေးမှု့ကို ပေးစွမ်းပြန်တယ်။ သူ့ကို ဝတ်ဆင်လိုက်တာနဲ့ ကျနော်ဟာ ပီဘိ ကလေးငယ်တစ်ယောက် ပြန်ဖြစ်သွားတယ်။ သူ့ကို ဝတ်ဆင်ထားတဲ့ အချိန်မှာ ပျော်ရွှင်မှု့ ကိုခံစားစေတယ်။ သူ့ကို ဝတ်ဆင်ထားတဲ့ အချိန်တိုင်း ….. ကျနော့် မှာ မှော်အကျင်္ီ တစ်ထည်ရှိတယ်။   (မယုံဝူးလားး …. တကယ်ရှိတာဂျ 😀 ) […]


သူကိုယ့်ကို မခင်တွယ်မှန်းလည်းသိပါရဲ့… ကိုယ့်ဆီကနေ အကြောင်းမရှိ အကြောင်းရှာပြီး ဝေးဝေး ထွက်ပြေးသွားချင်နေမှန်းလည်း သိပါရဲ့… ကိုယ်နဲ့ တစ်လတာ အတူနေဖို့တောင်စိတ်မကူးတာလည်း သိပါရဲ့… ကိုယ့် လိုအင်တွေကို လစ်လျူရှုတတ်မှန်းလည်း သိပါရဲ့… ကိုယ် က သူ့ကို ချစ်ရသလောက် သူကကိုယ့်ကို ပြန်မခင်တွယ်နိုင်တာကိုလည်း သေသေချာချာ သိပါရဲ့ နဲ့….   ကိုယ်ကတော့ သူ့ကိုမျှော်ပါတယ် ။ သူ့ကိုအရမ်းချစ်ပါတယ်။ သူနဲ့တွေ့ရမယ့် နေ့တွေဆို အရမ်းပျော်ပါတယ်။ သူကို ကိုယ့်နားကနေထွက်မသွားစေချင်ဘူး။ ကိုယ်နဲ့ ရက်ပေါင်းသုံးဆယ်လောက် ပြည့်ပြည့်ဝဝ အတူနေပေးရင်းကို ကျေနပ်ပါတယ်။ ဒါပေမယ့် …. ဒါပေမယ့် ပေါ့လေ… သူကတော့ နေ့မြင်ညပျောက်တဲ့ နေမင်းကြီးလို ညထွက် နေ့ဝင် တဲ့ လမင်းကြီးလို……….. ကိုယ့်အပေါ် ရက်စက်နိုင်လွန်းတယ်…. အဲ့  သူ… […]


အလင်းဆက် ရဲ့ ကျွန်တော်ချစ်သော မြို့တစ်မြို့ ပို့စ်လေးကိုဖတ်ပြီး သကာလ …  ပို့စ် တင်ချင်သောငြား တင်စရာမရှိ ဖြစ်နေတဲ့ ရွှေမိုးတိမ် တစ်ယောက်  ဓါတ်ပုံအဟောင်းတွေမွှေနှောက် ပြီး သွားခဲ့တဲ့ ခရီးစဉ်တွေကို ပို့စ်အဖြစ်တင်ဖို့ ဝမ်းမြောက်ဝမ်းသာ အိုင်ဒီယာ ရရှိသွားပါတယ် ။ အခုပထမဆုံးတင်မယ့် ပို့စ် ဟာဖြင့် ပုဂံဘုရားဖူး ဆိုတဲ့ခေါင်းစဉ်နဲ့ ပုဂံသို့ တစ်ခါတစ်ခေါက် အလည်ရောက်ခဲ့စဉ်က ပုံလေးတွေနဲ့ တွဲတင်ပါ့မယ် ။ အဝေးရောက် ရွာသူ ရွာသားများ အလွမ်းပြေ ဘုရားဖူး ကြစေကုန် 🙂 ပုဂံခရီးစဉ်မှာ မန္တလေးကနေ ညခုနှစ်နာရီလောက် စထွက်ပြီး ပုဂံကို မနက် အစော တစ်နာရီ ရောက်ပါတယ် ။ မေခလာ တည်းခိုခန်းမှာ ခဏတာ အိပ်ပြီး မနက် […]


ရွှေမိုးတိမ်October 26, 20132min124432
ဒီတစ်ခေါက်တော့ ကုသိုလ်တော်ဘုရားသွားရင်း ဘုရားမှာရောင်းတဲ့မုန့်တွေအကုန် ရွာထဲ သယ်လာခဲ့ပါတယ် ။ ဘုရားလဲ ဖူးရင် မုန့်လည်းစားရင်းပေါ့လေ …. 😀           ကဲ …နေ့လည်စာချိန်ကြီး မုန့်သည်ဝင်နှောက်သွားလို့ ထမင်းမစားနိုင်ဘဲနေပါဦးမယ်ဗျာ။ ဘာပဲဖြစ်ဖြစ် မြန်မာ့ရိုးရာမုန့်လေးတွေ အားပေးသွားတာ ကျေးဇူးပါနော့   🙂     ရွှေမိုးတိမ်။                      


အဲ…. အလှထူးပါတဲ့ ရွှေမိုးတိမ်ဆိုတော့ ကွကို ပြောတယ်ထင်နေကြဦးမယ် ။ (ထင်ချင်လည်း ထင်ပါစေလေ … ထင်ခံရနည်းလားဆိုပြီး ဒီလိုခေါင်းစဉ်ပေးခဲ့တာပဲ မဟုတ်လား 🙂  ) ရန်ကုန် မန်းလေး အမြန်လမ်းပေါ် ရောက်ဖြစ်တုန်း ဖုန်းကင်မရာလေးနဲ့ ရိုက်ဖြစ်ခဲ့တဲ့ ပုံလေးတွေပါ။ မိုးတိမ်တွေဟာ အဲ့နေ့ က တကယ်ကိုလှတယ် ။ တကယ် ကို ချစ်စရာကောင်းနေခဲ့တယ် ။       ပုံလေးတွေ ကြည့့်ရှု့အားပေးတဲ့ ရွာသူ ရွာသားများ ကျေးဇူးကမ္ဘာပါ ။ သွားရင်းလာရင်း ဖုန်းကင်မရာလေးနဲ့ လျှပ်တစ်ပြက်ရိုက်ရတာမို့ လက်ရာညံ့ဖျင်းမှုကို ခွင့်လွှတ်ပြီး မြန်မာပြည်ရဲ့ အလှတရားလေးတွေကို ရှုမြင်ခံစားကြပါကုန် 🙂      


Normal 0 false false false EN-US JA X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:10.0pt; font-family:”Times New Roman”,”serif”; mso-fareast-font-family:SimSun;} တစ်ခါက ဆေးရုံတစ်ရုံ ရဲ့ အထူးကြပ်မတ်ကုသခန်းထဲမှာ လူနာနှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်လုံးဟာရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရပြီးတော့ ဆရာဝန်တွေရဲ့ ၂၄ နာရီလုံးစောင့်ကြည့်မှု့လိုအပ်နေတဲ့ လူနာတွေပေ့ါ။ သူတို့နေရတဲ့ အခန်းလေးမှာ ပြတင်းပေါက် တစ်ပေါက်ပဲပါတယ်။ ပြတင်းပေါက်ဘက်မှာ နေရတဲ့ လူနာ […]


ဒီဇာတ်လမ်းမှာ အဓိကဇာတ်ကောင် က ဒီခေတ်ရဲ့ social network ဖြစ်တဲ့ Facebook ပေါ့ ။ facebook သုံးရင်း သူငယ်ချင်းတစ်ယောက်တင်ထားတဲ့ ပို့စ် တစ်ခုတွေ့တယ် ။ ချစ်စရာအရမ်းကောင်းတဲ့ ခွေးကလေးနှစ်ကောင် ။ နှစ်ကောင်လုံးယူတဲ့ သူကို ပေးမယ်ဗျာ တဲ့ ။ ကိုယ်က တွေ့တဲ့ သတ္တဝါတိုင်းကို အသနားပိုတတ်သူမို့ပဲလားမသိဘူး ။ အဲ့ဒီခွေးလေးနှစ်ကောင် ကို မြင်မြင်ချင်းကို အရမ်းချစ်သွားမိတယ် ။လိုလဲလိုချင်တယ် ။ အိမ်မှာ ကြောင်လေးတွေမွေးထားတာ ခုနှစ်ကောင်ရှိပေမယ့် ခွေးတော့ တစ်ခါမှ မမွေးဖူးဘူး ။သူတို့ကို အရမ်းချစ်  အရမ်းလိုချင်တဲ့ စိတ်ကတစ်ဖက် ၊ နေရတာက အစိုးရတိုက်ခန်း … နဂိုကမှ ကြောင်တွေမွေးလို့ အမြင်သိပ်မကြည်ကြတာ ခုခွေးတွေနဲ့ဆို ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကတစ်ဖက် […]


ဆင်းရဲငတ်မွတ်ခြင်းဟာ အိမ်ရှေ့တံခါးကို ခေါက်တဲ့အခါ သနားညှာတာမှု ဟာ အိမ်နောက်ဖေးက ပြေးထွက်သွားခဲ့တယ်။ ကိုယ့်ဝမ်းပူဆာ မနေသာ သူ့အသက်ကို စတေးရတော့တယ်။ ဘဝကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ကြတယ် ဘဝကို အမျိုးမျိုး ပုံဖော်ကြတယ် ဘဝ ဆိုတာ တိုက်ပွဲ ဘဝ ဆိုတာ ရုန်းကန်ခြင်း ဘဝ ဆိုတာ ယှဉ်ပြိုင်ခြင်း ဘဝ ဆိုတာ မျှော်လင့်ခြင်း ဘဝ ဆိုတာ …. လှပတဲ့ ဘဝတွေ ရှိသလို အကျည်းတန်တဲ့ ဘဝတွေရှိတယ်။ အောင်မြင်တဲ့ ဘဝတွေ ရှိသလို ကျဆုံးတဲ့ ဘဝတွေရှိတယ်။ မည်သို့ပင်ဖြစ်စေ ဘဝတစ်ခု ရှင်သန်ဖို့အတွက် ဘဝတစ်ခု စတေးရတဲ့အဖြစ်မျိုး ကင်းဝေးကြပါစေကွယ်။


Normal 0 false false false EN-US JA X-NONE MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} လူတစ်ဦးတစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုပါသလား…  လတ်တလော တွေ့နေမိတာတော့ အဖွဲ့အစည်း တစ်ခုခု က လူတစ်ယောက် ဟာ မကောင်းတာ တစ်ခုပြုလိုက်ပြီဆိုရင်တော့ အဲ့ဒီလူရဲ့ […]