“ငါးယူဦးမလား အစ်ကို” ….. “ငါးယူဦးမလား အစ်ကို” …. ဒူးခေါင်းထိရောက်နေတဲ့ ရေတွေထဲ လမ်းလျှောက်ရင်း မရဲတရဲ အသံနဲ့ ကျွန်တော် လိုက်မေးပါတယ် ။ တချို့က မိသားစု နဲ့ ၊ တချို့ က သူငယ်ချင်းမိတ်ဆွေတွေနဲ့ အကြော်တွေ၊ ထမင်းဆီဆမ်းတွေ မှာစားကြ ၊ ပျော်ပျော်ပါးပါး စကားတွေပြောလိုက်ကြ ၊ ရယ်မောပျော်ရွှင်လိုက်ကြ နဲ့ ကျွန်တော် နေ့စဉ်မြင်တွေ့နေရတဲ့ မြင်ကွင်းပေါ့ ။ ကျွန်တော် သူတို့ကို အားကျလိုက်တာဗျာ …. ဒါပေမယ့် မဖြစ်သေးပါဘူး ။ ကျွန်တော် က ဦးပိန်တံတားမှာ ငါးရောင်းရတာဗျ ။ ကျောင်းလား … နှစ်တန်းထိတော့ နေဖူးတယ်ခင်ဗျ ။ နောက်တော့လဲ အိမ် က […]


Normal 0 false false false EN-US JA X-NONE MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:”MS Mincho”; mso-fareast-theme-font:minor-fareast; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} ဖေဖေ လူဖြစ်လာစဉ် ငယ်ရွယ်စဉ်ကစလို့ မေတ္တာတွေပေးခဲ့ဖူးတယ် ပူအိုက်တဲ့နွေညတွေမှာ သားချော့တေးကိုဆိုလို့ ငြိမ်းအေးစွာ အိပ်ပျော်စေခဲ့တယ်။   ဖေဖေ ဥတုသုံးပါးစလုံးမှာ မနိုင်ဝန်ကိုထမ်း ပင်ပင်ပန်းနဲ့ […]


ကျွန်မ ဖေဖေ က စာတွေရေးတယ် ။ နာမည်ရ စာရေးဆရာတစ်ယောက်တော့ မဟုတ်ပါဘူး ။ ဖေဖေ့ အနေ နဲ့ အောင်မြင်မှု လို့ ပြောလို့ရနိုင်တာဆိုလို့….  မြန်မာ့အလင်း သတင်းစာ ဆောင်းပါးကဏ္ဍ မှာ ဖေဖေ့ဆောင်းပါး ဖော်ပြခံရဖူးတာရယ် ၊ မန္တလေးလမ်းညွှန်စာအုပ် ရဲ့ မန္တလေး မိတ်ဆက်ဏ္ဍ မှာ ရေးသားဖူးတာရယ် ၊ ကျွန်မ တို့ မြို့ က ထုတ်တဲ့ ဂျာနယ်တစ်ခုမှာ အခန်းဆက်ဆောင်းပါးတွေ ရေးခဲ့ဖူးတာ ရယ် … ဒီလောက်ပါပဲ။ မနေ့ က ဖေဖေ့ ဝတ္ထုတိုလေးတစ်ပုဒ် မဂ္ဂဇင်းတစ်ခုမှာပါတယ် ။ ဖေဖေ ရေးထားတဲ့ အကြောင်းအရာက ကျွန်မတို့အိမ်ရှေ့ ငှက်လှောင်အိမ်ဟောင်းထဲမှာ လှမ်း ထားတဲ့ ဆိတ်သားခြောက် နှစ်မြှောင်းကို […]


ကျွန်တော် မွေးဖွားခဲ့ရတယ်…. “အူဝဲ”လို့တော့ ဟစ်ကြွေးခွင့်မရခဲ့ပါဘူး… ပညတ်ချင်းမှ    မ တူ ဘဲ လေ… ကျွန်တော် ကြီးပြင်းခဲ့ရတယ်… နို့ချိုကိုဝေမျှ မဝတဝနဲ့ပေ့ါ… ဖွားဖက်တော် အတွက်တော့   မ ဟုတ် ဘူး လေ… ကျွန်တော် ရှင်သန်ခဲ့ရတယ်… ထွန်တုံးအောက်က ဘဝမို့ သက်တောင့်သက်သာတော့    မ ရှိ ဘူး လေ… “သတ်စေ”တဲ့ နဖားကြိုးအောက်ကဘဝ ကြိုးမိန့်ပေးခံခဲ့ရ… ဘာတွေများ မကောင်းပြုမိခဲ့လို့လဲ ကျွန်တော်က … ခင်ဗျားတို့အတွက် အသုံးချခံသက်သက်ပါဗျာ… ဘယ်တုန်းကမှ စိတ်ဆန္ဒအရ မနေနိုင်ခဲ့တဲ့ဘဝ ကျွန်တော့် အသား ခင်ဗျားတို့အတွက် ချို ပါ စေ ဗျာ… ရွှေမိုးတိမ်  


ေမညို က မန္တလေးတောင်ခြေမှာ မုန့်ပစ်သလက်ရောင်းတယ်။ အနားပဲ့ မြေအိုးလေးဟာ မေညို ရဲ့ စီးပွားရေးပေ့ါ ။ အစွန်းရောက်တွေ၊ လစ်ဘရယ်တွေ မေညိုမသိပါဘူး။ ဆန်ဈေး ၊ ဆီဈေးလေး အစွန်းမရောက်ဖို့ပဲ မေညို တွေးပူတတ်တယ်။ အလုပ်သမားတွေ ဆန္ဒပြကြသလား မေညို မသိလိုက်ဘူး။ ဟိုရက်ပိုင်းတွေကတော့ ဆန်တစ်ပြည် တစ်ထောင်ဖြစ်သွားလို့ မေညို့ ဆိုင်လေး တစ်ပတ် နားလိုက်ရတယ်။ ဆီဈေးတွေ တက်လို့ ဆန်ဈေးတွေ ကြီးလို့ ဆန်မှုန့်ကြိတ်ခ သုံးရာ ပေးရလို့ မုန့်ပစ်သလက် တစ်ခု တစ်ရာ ဖြစ်သွားရတဲ့အကြောင်း မေညို က အားနာပြုံးလေး ပြုံးရင်းပြောပြခဲ့တယ် ….. ရွှေမိုးတိမ်   ဒီကဗျာလေးက ဒီ ဘလော့ဂ် မှာ ပထမဆုံးတင်ဖူးတဲ့ post ပါ။ […]