“သူ့ဘဝ”
ကျွန်တော် မွေးဖွားခဲ့ရတယ်….
“အူဝဲ”လို့တော့ ဟစ်ကြွေးခွင့်မရခဲ့ပါဘူး…
ပညတ်ချင်းမှ မ တူ ဘဲ လေ…
ကျွန်တော် ကြီးပြင်းခဲ့ရတယ်…
နို့ချိုကိုဝေမျှ မဝတဝနဲ့ပေ့ါ…
ဖွားဖက်တော် အတွက်တော့ မ ဟုတ် ဘူး လေ…
ကျွန်တော် ရှင်သန်ခဲ့ရတယ်…
ထွန်တုံးအောက်က ဘဝမို့
သက်တောင့်သက်သာတော့ မ ရှိ ဘူး လေ…
“သတ်စေ”တဲ့
နဖားကြိုးအောက်ကဘဝ ကြိုးမိန့်ပေးခံခဲ့ရ…
ဘာတွေများ မကောင်းပြုမိခဲ့လို့လဲ
ကျွန်တော်က … ခင်ဗျားတို့အတွက် အသုံးချခံသက်သက်ပါဗျာ…
ဘယ်တုန်းကမှ စိတ်ဆန္ဒအရ မနေနိုင်ခဲ့တဲ့ဘဝ
ကျွန်တော့် အသား ခင်ဗျားတို့အတွက် ချို ပါ စေ ဗျာ…
ရွှေမိုးတိမ်
12 comments
garfield
August 12, 2013 at 10:05 am
အဲ။
ဒီ ကလေးတော့ တဂျီးနဲ့ တွေ့ဦးမယ်။
🙂
ရွှေမိုးတိမ်
August 12, 2013 at 10:13 am
ဟီးးး တမီး က မတိလို့ပါ 😀
ဦးကျောက်ခဲ
August 12, 2013 at 10:08 am
ရွာမှာတော့ ကျောက်စ် အမဲသားမစားဘူး… မာလို့ သွားနာလို့…
ဒီမှာတော့စားတယ်၊ ဩဇီကနွားတွေက ဘီယာတိုက် မာဆတ်ပေးပြီး မွေးထားတာမို့၊
ဟင်းချက်ရင် ရေသိပ်ထည့်စရာမလို… တန်းပြီးနူးအိသွားတာပဲ… ဟီ ဟိ
အာဖရိကတို့ အာရှတို့မှာ နွားဖြစ်ရတာ မတန်ဘူး…
အလုပ်လည်းလုပ်ရသေး၊ အစာ ကောင်းကောင်းလည်းမစားရ…
😀
ရွှေမိုးတိမ်
August 12, 2013 at 10:18 am
ဦးကျောက်စ် တို့များ လည်ချက် 😀
မဟာရာဇာ အံစာတုံး
August 12, 2013 at 3:28 pm
အင်းးး
ခိုင်းနွားတွေရဲ့ ဘွဂလည်း
သနားစရာပါဗျာ …
ဒါပေမယ့် ….
သူတို့ကို နဖားကြိုး ဖြုတ်တဲ့အခါကျရင်
မျက်ရည် ကျတယ်ဗျ …
ဝမ်းသာတဲ့ မျက်ရည်လား၊ ဝမ်းနည်း မျက်ရည်လားတော့ မသိ …
ရွှေမိုးတိမ်
August 13, 2013 at 9:56 am
ဟုတ်တယ် သူတို့မျက်ရည်ကျတတ်တယ်။ ကျနော်လဲ မြင်ဖူးတယ် ။
ခင် ခ
August 12, 2013 at 3:47 pm
ဤအသား ချိုမချို ကျုပ်မသိ
ဤနွား သတ်ရန် ဆွဲသွားတဲ့အချိန်
ကျအံစဲစဲ ဝဲတဲ့မျက်ရည်
မျက်ဝန်းစုံမှာရှိ ကျုပ်ရင်မှာမချိ။
ရွှေမိုးတိမ်
August 13, 2013 at 9:58 am
sis, လက်တန်းကဗျာလေးပဲ ။ သဘောကျတယ်။
Zaw Thant
August 13, 2013 at 9:58 am
.. အမဲသားလည်း ကြိုက်၊ နွားကိုလည်းသနားရင် ပူစရာမလိုတော့ပါဘူး.. ဓာတ်ခွဲခန်းမှာတင် အစအဆုံးထုပ်လုပ်တဲ့ အမဲသားတွေလာပါပြီတဲ့..မနေ့က digital life ဂျာနယ်ထဲမှာဖတ်လိုက်ရတယ်.. 😀
ရွှေမိုးတိမ်
August 13, 2013 at 10:44 am
ထူးဆန်းပါပေ့ … 🙂
kyeemite
August 13, 2013 at 1:18 pm
သူများတိုင်းပြည်က စက်မှုလယ်ယာ နွားမသုံးတော့ဘူး
နွားကိုစားကျက်ကောင်းကောင်းနဲ့ အသားစားပဲမွေးတာ…
ကျုပ်တို့တိုင်းပြည်မလဲ စက်မှုလယ်ယာကိုမရောက်နိုင်…
ဒီတော့လည်း……
🙁
ရွှေမိုးတိမ်
August 13, 2013 at 1:54 pm
မကြာခင်တော့ လာမယ်လို့ မျှော်လင့်ရတာပေါ့နော် ….