Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အပြောင်းအလဲနှင့် သတင်းနှစ်ပုဒ်

အဘ ဘုတ္ကလံုNovember 1, 20131min4819

Written by သစ်ထွဋ်

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲနဲ့ ပတ်သက်ပြီး သုံးသပ်သူတွေကြားမှာ အစိုးရက ပြောင်းလဲပေမယ့် ပြည်သူ့ဝန်ထမ်းတွေက လိုက်မပြောင်းလဲဘူးဆိုတဲ့ အယူအဆဟာ ခေတ်စားနေတဲ့ အယူအဆ တစ်ခုဖြစ်သလို အစိုးရအဖွဲ့ရဲ့ အပြောင်းအလဲ ဆောင်ရွက်ချက်တွေကို အကောင်အထည် ဖော်ရာမှာ အားနည်းမှုတွေ ရှိနေတယ်လို့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ယခုရက်ပိုင်း မီဒီယာတွေမှာပါတဲ့ သတင်းတချို့ကို ဖတ်လိုက်ရပြီးနောက် လက်ရှိ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲဟာ အပေါ်က ပြောင်းတာကို အောက်ကလိုက် မပြောင်းတာလား။ အောက်ကပြောင်းပြီး အပေါ်က မပြောင်း ဖြစ်နေတာလားဆိုတဲ့ မေးခွန်းတွေ အတွေးထဲမှာ ပြည့်နှက်လာပါ တော့တယ်။

ပြည်သူ့ဝင်ငွေထဲက ဖဲ့ပေးရမယ့် အစီအမံ

ဒီနေရာမှာ အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှု ပေါ်လစီနဲ့ အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှု ပေါ်လစီကို အကောင်အထည် ဖော်ပေးရတဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို ထင်ဟပ်နေတဲ့ သတင်းနှစ်ပုဒ်ကို အခုရက်ပိုင်း ဖတ်မိခဲ့ပါတယ်။ ပထမ သတင်းကတော့ မြန်မာပြည်သူ ပြည်သားတွေ အားလုံးအပေါ် အကျိုးသက်ရောက်စေတဲ့ လျှပ်စစ်ဓာတ်အားခတွေ တိုးမြှင့်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ အဲဒီသတင်းကို နိုင်ငံပိုင် သတင်းစာတွေကနေ တိုးမြှင့်ခဲ့တဲ့ နှုန်းထားကို ထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး နောက်တစ်ရက်မှာတော့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက လက်ရှိကောက်ခံနေတဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲခတွေဟာ နိုင်ငံတကာနဲ့ယှဉ်ရင် နည်းပါးနေပြီး အရှုံးခံ ထုတ်လုပ်နေတာဖြစ်ပြီး အရှုံးကာမိစေဖို့ အခုလိုတိုးမြှင့် ကောက်ခံတာဖြစ်ပြီး ပြန်လည်လျော့ချဖို့ မရှိဘူးလို့ သတင်းထောက်တွေကို ပြောကြောင်း ပုဂ္ဂလိက သတင်းစာတွေမှာ ဖတ်လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ လျှပ်စစ်ဓာတ်အားခ တိုးကောက်တာနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ကျေနပ်မှု မရှိကြောင်း တုံ့ပြန်သံတွေကို မီဒီယာတွေမှာ ဖတ်ရသလို အရပ်ထဲမှာလည်း မီတာခ တက်တာနဲ့ ပတ်သက်ပြီး စောဒက တက်သံတွေကို ခပ်ကျယ်ကျယ် ကြားလာခဲ့ရပါတယ်။ အများစုကတော့ နှစ်ဆနီးပါး တက်လာမယ့် မီတာသုံးစွဲခကို လက်ရှိရနေတဲ့ ဝင်ငွေထဲက ဘယ်လိုဖဲ့ပေး ရမလဲ ဆိုသလဲ ဆိုတာနဲ့ အခုလို ဆိုင်းမဆင့် ဗုံမဆင့် ရုတ်ခြည်းတိုးလိုက်ရတဲ့ အကြောင်းတွေကို ဝေဖန်သုံးသပ် နေကြတာ ဖြစ်ပါတယ်။

ရှုံးတဲ့အကြောင်းပြချက် တစ်ခုတည်း အတွက်လား

ဒီနေရာမှာ မေးချင်တာက အရှုံးခံ ထုတ်လုပ်နေတာကို ကာမိဖို့ဆိုတဲ့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကိုပါ။ ကိုယ့်ပြည်တွင်းက ထွက်ရှိတဲ့ သဘာဝ ဓာတ်ငွေ့တွေကို အသုံးပြုပြီး လည်ပတ်နေတဲ့ ဓာတ်အားပေး စက်ရုံတွေ အများကြီး ရှိနေသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အနေနဲ့ ဝန်ကြီးဌာနတစ်ခု အရှုံးကို ပြည်သူတွေ အားလုံးရဲ့ ဝင်ငွေက ဖဲ့ပေးသင့်မသင့်၊ နှစ်ပေါင်းများစွာ အရှုံးခံလာ ခဲ့တယ်လို့ ဆိုခဲ့တဲ့ အစိုးရရဲ့ ဝန်ဆောင်မှု အမျိုးအစားဖြစ်တဲ့ လျှပ်စစ်စွမ်းအား ဝန်ဆောင်မှုကို ယခုမှ ရုတ်တရက် တိုးမြှင့်ခဲ့ရခြင်းရဲ့ နောက်ကွယ်က အကြောင်းတွေကိုပါ။ မီဒီယာတချို့က ထောက်ပြရေးသားသလို အစဉ်အဆက ်စီးပွားရေး လုပ်ကိုင်ခွင့်တွေ ရရှိထားတဲ့ ခရိုနီတွေ လျှပ်စစ်စွမ်းအား ဝန်ဆောင်မှု လုပ်ငန်းကို ဝင်ရောက် လုပ်ကိုင်လာရင် လျှပ်စစ်ဓာတ်အားခတွေ သိသိသာသာ ကွာခြားမှု မရှိဘူးလို့ ထင်မြင်လာစေအောင် ခုခံပေးတဲ့ လုပ်ရပ်လား။ ဒါမှမဟုတ် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ သဘောနဲ့ လူနေမှုစရိတ်တွေ ကြီးမြင့်နေပြီး ဒေသတွင်း နိုင်ငံတွေနဲ့ယှဉ်ရင် တစ်ဦးချင်းဝင်ငွေ အနည်းပါးဆုံး ဖြစ်နေတဲ့ အခြေအနေကို လျစ်လျူရှုပြီး လျှပ်စစ်ဓာတ်အားခတွေ တိုးကောက်ခဲ့ တာလားဆိုတာ ဒီအစီအမံကို ချမှတ်ခဲ့ သူတွေသာ သိကြမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအထိ အကျိုးသက်ရောက်မှု ရှိခဲ့တဲ့ ဒီလုပ်ရပ်ကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန တစ်ခုတည်းက ရှုံးနေလို့ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်း သက်သက်နဲ့ ဆောင်ရွက်ခဲ့ဖို့ ခွင့်ပြုခဲ့တယ်ဆိုရင် ဒီလိုခွင့်ပြုခဲ့မှုဟာ တရားမျှတတဲ့ ခွင့်ပြုမှုလားဆိုတာ စဉ်းစားစရာ ဖြစ်စေပါတယ်။


အများပြည်သူတွေ အတွက် ကြည့်ပြီးတိုးတာ ဆိုတာကတော့ ဓာတ်အားခ နှစ်ဆတက်သွားတဲ့ စီးပွားရေး ကုန်ထုတ်လုပ်ငန်းတွေက ထွက်ကုန်တွေကို ဝယ်စားရမယ့် ပြည်သူတွေကို အမြတ်ရချင်တဲ့ ဘယ်စီးပွားရေး လုပ်ငန်းရှင်က အရင်ဈေးနှုန်းနဲ့ ရောင်းမလဲ။ အဲဒီအကျိုး သက်ရောက်မှုက ဘယ်လောက်ထိ ကြီးမားသလဲဆိုတာ ဓာတ်အားခတက်ဖို့ တင်ပြသူတွေ၊ တိုက်တွန်းသူတွေ၊ ခွင့်ပြုသူတွေ ကြိုတင်တွက်ချက် ခဲ့ကြသလားဆိုတာ…


မေးခွန်းထုတ်ရမယ့် အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှု

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောသလို ရာခိုင်နှုန်း ၇ဝ သော ပြည်သူတွေရဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုဟာ ယူနစ် ၁၀ဝ အောက်မှာရှိလို့ အများပြည်သူတွေ အတွက် ကြည့်ပြီးတိုးတာ ဆိုတာကတော့ ဓာတ်အားခ နှစ်ဆတက်သွားတဲ့ စီးပွားရေး ကုန်ထုတ်လုပ်ငန်းတွေက ထွက်ကုန်တွေကို ဝယ်စားရမယ့် ပြည်သူတွေကို အမြတ်ရချင်တဲ့ ဘယ်စီးပွားရေး လုပ်ငန်းရှင်က အရင်ဈေးနှုန်းနဲ့ ရောင်းမလဲ။ အဲဒီအကျိုး သက်ရောက်မှုက ဘယ်လောက်ထိ ကြီးမားသလဲဆိုတာ ဓာတ်အားခတက်ဖို့ တင်ပြသူတွေ၊ တိုက်တွန်းသူတွေ၊ ခွင့်ပြုသူတွေ ကြိုတင်တွက်ချက် ခဲ့ကြသလားဆိုတာ သိချင်မိပါတယ်။ အဲဒီတော့ အစိုးရအဖွဲ့ရဲ့ အပြောင်းအလဲ ဆိုတာက အရင်အာဏာရှင် စနစ်တုန်းက အခက်အခဲ အမျိုးမျိုး၊ ကန့်သတ်မှု အမျိုးမျိူး ကြုံတွေ့ခဲ့ရတဲ့ ပြည်သူလူထုကို ဒီကနေ့မှာ သက်သာချောင်ချိစွာနဲ့ ကျရာလုပ်ငန်း တာဝန်တွေ ထမ်းဆောင်ရင်း တိုင်းပြည် အကျိုးကို သယ်ပိုးနိုင်ဖို့ အစီအမံတွေ ပြောင်းလဲဖို့လား၊ ဝန်ကြီးဌာနတစ်ခု အရှုံးပေါ်နေတာကို အကြောင်းပြပြီး သမ္မတကြီးကိုယ်တိုင် ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်း မြင့်နေဆဲပါလို့ ပြောထားရတဲ့ အများပြည်သူတွေရဲ့ အိတ်ကပ်ထဲက ပိုက်ဆံကို နှိုက်ယူဖို့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ရပြီး ဒါဟာအစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲ အပြောင်းအလဲ ဆိုတာလားလို့ မေးချင်ပါတယ်။

ပန်းရန်အလုပ်သမားတွေကို တရားစွဲမည့် စည်ပင်

နောက်ဖတ်မိတဲ့ သတင်းတစ်ပုဒ်ကလည်း လျှပ်စစ်ဓာတ်အားခ တိုးတဲ့သတင်းလိုပဲ ထူးခြားတဲ့ သတင်းတစ်ပုဒ်ပါ။ အဲဒီသတင်းက ရန်ကုန်မြို့မှာ မြို့တော်စည်ပင် သာယာရဲ့ ဆောက်လုပ်ခွင့် မရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို ဆောက်လုပ်တဲ့ ကန်ထရိုက်တွေကို တရားစွဲဆို ဆောင်ရွက်သွားမှာဖြစ်ပြီး ယင်းအဆောက်အအုံ ဆောက်လုပ်ရာမှာ ပါဝင်ဆောက်လုပ်တဲ့ ပန်းရန် အလုပ်သမားတွေကိုပါ တရားစွဲဆိုဖို့ စီစဉ်နေတယ်လို့ မြို့တော်စည်ပင်သာယာ ကော်မတီ၊ အဆောက်အအုံဌာနမှ ဌာနမှူးက ပြောကြားလိုက်တဲ့ သတင်းပါ။ အသစ်ပြန်လည် ရေးဆွဲထားတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေမှာ ဆောက်လုပ်ခွင့်မရှိတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ရာမှာ ကူညီတဲ့ ပန်းရန် သို့မဟုတ် ဆောက်လုပ်ရေး လုပ်သားတွေကို တရားစွဲလို့ရတဲ့ အချက်ပါရှိတယ်လို့ ဌာနမှူးက ပြောတယ်လို့ မီဒီယာတွေမှာ ဖတ်လိုက်ရပါတယ်။ လက်ရှိမှာ ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံ အထူးသဖြင့် အထပ်မြင့်တိုက်တွေ ၁၁၅ရ လုံး ရှိတယ်လို့လည်း သတင်းက ဆိုတယ်။

ခွင့်ပြုချက်မဲ့ ဆောက်တာ မသိပါ

အဲဒီတော့ ကူဆောက်တဲ့ ပန်းရန်သမားတွေ တရားစွဲတာ အသာထား။ ဒီလောက် များပြားလှတဲ့ ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေ ဆောက်နေတာ မြို့တော်စည်ပင်သာယာ ကော်မတီက စဆောက်နေ ကတည်းက မသိကြဘူးလား။ မသိရအောင်လည်း ရပ်ကွက်ထဲမှာ ဥဒဟိုသွားနေတဲ့ စည်ပင်ဝန်ထမ်းတွေက အထပ်မြင့်တွေ ခွင့်ပြုချက်မရှိဘဲ ဆောက်နေတာကို မတွေ့မမြင် ကြဘူးလား။ မမြင်ရအောင်လည်း တစ်ခုနှစ်ခုမဟုတ်။ အဆောက်အအုံ ကြီးတွေက အထပ်မြင့်တွေ။ ခွင့်ပြုချက်သာ မရှိတာ ဆောက်တဲ့သူတွေ ပေါ်ပေါ်ထင်ထင် ဆောက်နေကြတာ။ အရင်က အိမ်အကြိုအကြား ပြင်ရင်တောင် လာပြီး ပြင်ဆင်ခွင့် တင်ခိုင်းတဲ့သူတွေ ခွင့်ပြုချက်မရှိ ဆောက်နေတာတွေကျ မတွေ့ကြဘူးလား။ သိရက်မြင်ရက်နဲ့ အဆောက်အအုံတွေ ပြီးတော့မှ ဆောက်ပေးတဲ့ ပန်းရန်တောင် တရားစွဲလို့ ရတယ်လို့ ပြောတာကတော့ တရားနည်းလမ်း ကျမကျ စဉ်းစားကြည့်ကြဖို့ ကောင်းလှပါတယ်။ သူတို့သဘောအရတော့ ခွင့်ပြုချက်မရှိဘဲ ဆောက်တာ သူတို့လုံးဝ မသိဘူး။ ပြီးခါမှ ပန်းရန်ပါမကျန် တရားစွဲမယ်ဆိုတော့ မြို့တော်စည်ပင်ရဲ့ အစီအမံက ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေ မဆောက်ဖြစ်အောင် တားဆီးဖို့လား။ ဆောက်ပြီးတော့မှ တရားစွဲဖို့ သက်သက်လား ဆိုတာ စဉ်းစားစရာပါ။ ကြိုတင်သိနိုင် မြင်နိုင် တားနိုင်တဲ့ အခြေအနေ ရှိပါလျက်နဲ့ မတားဆီးခဲ့တာလား ဆိုတာကတော့ မြို့တော်စည်ပင်ကသူတွေ ဖြေရမယ့် အမေးပုစ္ဆာပါ။ လနဲ့ချီပြီး ကြာမြင့်တဲ့ ခွင့်ပြုချက်မရှိ ဆောက်လုပ်တာတွေကို မတာဆီးနိုင်ခဲ့ပေမယ့် မရှိလို့ လုပ်စားနေရတဲ့ ပန်းရန်တွေအထိ အရေးယူမယ်ဆိုတဲ့ စီမံခန့်ခွဲမှုဟာ အပြောင်းအလဲကို အောင်မြင်စွာ အကောင်အထည်ဖော်အောင် ဆောင်ရွက်နေကြတာလား။

နိဂုံးချုပ်ရရင် ထပ်တလဲလဲ ပြောနေတဲ့ အပြောင်းအလဲဆိုတာ ဘယ်လိုဟာမျိုးလဲ၊ အပေါ်က ပြောင်းပေမယ့် အောက်က မပြောင်းတာလား။ အပေါ်က မပြောင်းဘဲ အောက်က ပြောင်းနေတာလား။ အပေါ်ကော အောက်ကော ပြောင်းနေကြပြီလား။ ဒါမှမဟုတ်….။

9 comments

  • အဘ ဘုတ်ကလုံ

    November 1, 2013 at 9:15 pm

    ဆွေးနွေးလို့ ကောင်းမယ့်အကြောင်းအရာလေးမို့လို့ နိုင်ငံရေး ဉာဏ်ကောင်းတဲ့ ရွာက ရွာသူသားတွေနဲ့
    ဆွေးနွေးလို့ရအောင်၊ နိုင်ငံရေး ချစားကွက်မသိသေးတဲ့ ရွာသူားလေးတွေလည်း သိရအောင် အဘဘုတ် ကူးတင်ပေးလိုက်ပါတယ်…။ အဘဘုတ်လေ… ဆွေးနွေးငြင်းခုန်းရတာ
    ဝါသနာပါပေမဲ့ အဘုတ်ပို့စ်လေးတွေက သဂျီးကြောင့်လား မော့ခ်လို့ခေါ်တဲ့ လူတွေကြောင့်လားမသိ
    ရှေ့စာမျက်နှာမှာတောင် ပေါ်ခွင့်မရခဲ့ပါဘူး..။ ဆိုရှယ်လစ်စနစ်မှာကြီးပြင်းလာကျတဲ့ ရွာသဂျီးနဲ့
    မော့ခ်များလဲ ဘေးကြည့် နောက်မေ့တတ်တဲ့ အလေ့ရှိတော့ အဘဘုတ် တင်တာတွေ စည်းကမ်းဖောက်ဖျက်နေတယ်ထင်လဲ.. အဘ ပို့စ်တွေကို
    ရှေ့စာမျက်နှာပေါ် မတင်မဲ့အစား ဘလော့ခ်သာ ဘလော့ခ်လိုက်ပါကွယ်…။ သာဓုပါကွယ်…
    ဒီလို ဆိုရှယ်လစ်စနစ်ရှိသေးတဲ့ ရွာထဲမှာ အဘဆက်နေဖို့လည်း စဉ်းစားပါဦးမယ်..

    • Foreign Resident

      November 2, 2013 at 5:59 am

      အဘ ဘုတ်ကလုံ says:
      ” အဘ ဘုတ် ပို့စ်လေးတွေက
      သဂျီးကြောင့်လား ၊ မော့ခ်လို့ခေါ်တဲ့ လူတွေကြောင့်လားမသိ
      ရှေ့ စာမျက်နှာ မှာတောင် ပေါ်ခွင့်မရခဲ့ပါဘူး ”

      အ ဟီး ဟီး ၊ အခုမှ သတိထားမိတယ် ။

      အဘ ဘုတ်ကလုံ ရဲ့ ခင်ဗျား Post တင်ပြီးရင် ၊
      Category တစ်ခုခုကို ရွေးပေးရတယ်ဗျ ။
      အဲလို Category တစ်ခုခု ရွေးမပေးခဲ့ရင် ၊
      ခင်ဗျားရဲ့ Post က Copy/Paste Category Auto ဖြစ်သွားပြီး ၊
      ရှေ့ စာမျက်နှာကို တက်မလာတော့ဘူးဗျ ။
      ( အခုတောင် ခင်ဗျားရဲ့ စကားနာထိုးတဲ့ Comment ကြောင့် ကျနော်တို့ ဖတ်ဖြစ်တာဗျ )

      တစ်ခုတော့ ကောင်းပါတယ် ။
      သိပ်မကြာခင်တုန်းက လုံမလေး KZ ပြောခဲ့သလိုပဲ ။

      KZ says:
      ” အဘက ခုမှ ရောက်တယ်သာဆိုတယ်။
      လေသံက သိပ်မစိမ်းဘူးနော်၊:-D
      ကျောင်းစရာဂျီးးးးးး ”

      ကျနော်တို့ ကလည်း ခင်ဗျားကို ၊
      လူဟောင်း အကောင့်ပြောင်း ထင်လို့ အသာ စောင့်ကြည့်နေတာပါ ။
      အခုတော့ ခင်ဗျားဟာ လူသစ် စစ်စစ် ဖြစ်ကြောင်း သိသွားပါပြီဗျာ ။
      ဟီ ဟိ ။ ကြိုဆိုပါတယ်ဗျာ ။

    • kai

      November 3, 2013 at 1:31 am

      သူကလည်းစည်းကမ်းတော့သေချာမဖတ်..
      ဒေါနကြီးပဲ..
      ဆိုရှယ်လစ်.. အဲ..အဲ.. မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်ဆိုတာကြီးနဲ့ပေးစားလိုက်သေး…။

      Do & Don’t (Rules)
      1. မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။ ((Copy/Paste Category)သည် ရှေ့မျက်နှာတွင်ပေါ်မည်မဟုတ်။) Tagထည့်ပါ။ Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ

  • surmi

    November 2, 2013 at 8:28 am

    အဘ နှစ်​​ယောက်​ဖြစ်​ကုန်​ပြီ…
    ဘယ်​သူပိုကြီးလဲဗျ 🙂

  • Foreign Resident

    November 2, 2013 at 9:59 am

    အဘ ဘုတ်ကလုံ ရေ ၊
    ကျနော့်ရဲ့ ” စဉ်းစားကြစေလိုပါတယ် ( ၆၄ ) ( မီတာခ ) ” Post ထဲမှာ ၊
    အကျယ်ချဲ့ ဆွေးနွေးပေးထားပါတယ် ။ အားပေးပါအုန်း ။

  • alinsett

    November 2, 2013 at 2:07 pm

    အဘဖော ပြောသလိုပါပဲ။

    :kwi:

    ပိုစ့်တွေ copy/paste နဲ့တက်လာရင်
    မြင်ရင်မြင်သလို အားရင်အားသလို
    သင့်တော်ရာ ပြောင်းပေးသွားမယ့်သူတွေ ရှိပေမယ့်
    ပြောင်းပေးမယ့် မော့မော့တွေ မအားလပ်လို ့ရွာနဲ့အဆက်ပြတ်တဲ့အခိုက်မှာ တက်လာတဲ့ပိုစ့် copy/pasteတွေကတော့
    ရှေ့စာမျက်နှာမှာ မပေါ်ရရှာတော့ဘူးပေါ့ဗျာ

    ဒီတော့ ပိုစ့် တင်ချိန်မှာ
    ကိုယ့်ဘက်က အသေချာဆုံး ပြင်ဆင် ပြီးမှ တင်တာ ပိုသေချာပါကြောင်းး

    လေးစားစွာဖြင့်

    ဝင်ပွါးလိုက်ပါဒယ် လို ့

  • အဘ ဘုတ်ကလုံ

    November 3, 2013 at 1:13 pm

    အခုလို ရှင်းပြပေးကြတဲ့ အဘဖောနှင့်တကွ သဂျီးတို့ကို အဘဘုတ်ကျေးဇူးတင်ပါတယ်ကွယ်..
    အိုကြီးအိုမနဲ့ ဆိုတော့ စာလေးရိုက်တတ်တာကလွဲပြီး ဟိုဟာဒီဟာလည်းသိပ်နားမလည်ဘူးကွဲ့။
    ဆွေးနွေးမှုကိုတော့ အဘဖောကြီးရဲ့ ပို့စ်မှာ အဘသိသလောက် ဖင်ပိတ်ငြင်းပေးပါ့မယ်။

  • ကျော်စွာခေါင်

    November 4, 2013 at 3:12 am

    အဘဘုတ်
    ကျနော် စာလာဖတ်ပါတယ်..။

Leave a Reply