ကိုပေါက်လက်ဆော့ခြင်းကို ခံခဲ့ရသောမန်းလေးမြို့ပါတ်ဝန်းကျင်မှ တိမ်များ (ဓါတ်ပုံ)

“ကိုပေါက်လက်ဆော့ခြင်းကို ခံခဲ့ရသော မန်းလေးက တိမ်များ”
၂၀၁ဝခုနှစ် မေလမှာ ကျနော်လက်ထဲကို ဆမ်ဆောင်းအိမ်သုံးကင်မရပေါက်စနလေးရောက်လာပါတယ်။
၂၀၁၁ မေလမှာဘဲမှာတော့ အိမ်သုံးကင်မရာပေါက်စန cannon A3300 လေးရောက်လာခဲ့ပါတယ်။
၂၀၁၂ နှစ် မတ်ချ်လမှာတော့ အိမ်သုံးပေါက်စနလေး cannon A2200
တစ်လုံးထပ်ရောက်လာပြန်ပါတယ်။
ဒီ A2200လေးကို ရွာသားကြီးကိုစိန်သော့လိုက်ဝယ်ပေးတာပါ။
ဒီကင်မရာလေးကို အသုံးပြုပြီး ရန်ကုန် ပန်းတနော် ပုသိမ် ချောင်းသာမန်းလေး တောင်ကြီး အောင်ပန်းကျယ်ခေါင် ရွှေလီ နေရာအနှံ့ရောက်ခဲ့ပါတယ်။
မန်းလေးမြို့အနီးတစ်ဝိုက်ကတော့ မရောက်ဘူးသောနေရာမရှိသလောက်။
ဒီကင်မရာလေး သင်ပေးလို့ဘဲ အလင်းအမှောင်တွေ ဒေါင့်တွေအနေအထားတွေကို
သိခဲ့ရပါတယ်။
ဒီကင်မရာလေးနဲ့ဘဲလှပသောပုံပေါင်းများစွာရခဲ့ပါတယ်။
ဒီကင်မရာလေးကပေးခဲ့သော ဓါတ်ပုံဖြင့်
ပိုစ်စကဒ်(၄)ခုုထုတ်ဖြစ်ခဲ့ပါသည်။
သို့သော် ၂၀၁၃ အောက်တိုဘာ ၂၂ရက်မှာတော့
ဒီကင်မရာလေးက ကျနော်ဒဏ်ကို မခံနိုင်တော့သည့်အတွက် ထွက်ပြေးသွားခဲ့လေသည်။
နေ့စဉ်နှင့်အမျှ လက်ပွန်းတတီးနေခဲ့သောကြောင့် အလွန်နှမျောမိပါသည်။
ကျနော်လောက်မဆိုးသော ပိုင်ရှင်သစ်လက်ရောက်ပါစေလို့ဆုတောင်းပေးပါ၏။







ဗျိုင်းပေါ်မှာတိမ်


ကျနော်ရိုက်သောပုံများသည် သဘာဝရူ့ခင်းပုံများပါ၏။
ထိုအထဲတွင်မှ တိမ်ပုံတွေပိုများပါ၏။
ကျနော်က သဘာဝကြီး၏ဖန်တီးမူ့ကြောင့်အလိုလိုပြောင်းလဲသွားသော
တိမ်သဏ္ဍာန်များကိုနှစ်သက်၏။
ထို့ကြောင့်လဲနေရာပေါင်းစုံမှတိမ်များသည် ကျနော်၏ လက်ဆော့ခြင်းဒဏ်ကိုပိုခံရလေသည်။
ကျနော်ကင်မရာလေးပျောက်သွားသောအခါ အတော်နေမထိထိုင်မသာဖြစ်မိလေသည်။
အစောပိုင်းရက်များမှာ မိုးတွေနေ့တိုင်းရွာသောကြောင့်မသိသာသော်လည်း
နောက်ရက်တိမ်တွေ ကလှသထက်လှပြန်တော့ ကျနော်မှာမနေနိုင်။
လက်ထဲမှာရှိသော HTC DESIRE ဖုန်းလေးဖြင့် တိမ်များကိုလက်ဆော့မိလေသည်။
နောက်ရက်မှာတော့ ကျနော်လက်ထဲကို ရောက်လာခဲ့လေသည်။
ကျနော်အရင်က ကိုင်သောကင်မရာထက်များစွာသာလွန်သောကင်မရာဖြစ်ပါသည်။
ဒီကင်မရာလက်ထဲရောက်လာချိန် ကိုင်တွယ်ကြည့်ရခြင်းကိုက ကျနော်စိတ်ကို
အတော်ကျေနပ်အားရစေ ဝမ်းသာစေပါသည်။
အခုတော့ဒီကင်မရာဖြင့် စမ်းသပ်၍ လက်ဆော့ထားသော တိမ်များကို
တင်ပေးလိုက်ပါသည်။
တိမ်များ နံနက်ခင်းများ ညနေခင်းများ သစ်ပင်များ ကျနော်မှာကင်မရာမရှိသောရက်များတွင်
အားလပ်ရက်ပေးထားခဲ့ပါသည်
အခုတော့ ကျနော်လက်ထဲတွင် လက်နက်ကြီးတစ်ခုရောက်လာခဲ့ပါပြီ။
လက်ဆော့ ပါတော့မည်။
သတိဖြင့်နေကြကုန်လော့။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
1-11-13
14 comments
Ma Ma
November 1, 2013 at 4:58 pm
လက်နက်ကြီးနဲ့ လက်စွမ်းပြဖို့ အချိန်ရောက်လာလို့ ကင်မရာပိစိလေးက နေရာဖယ်ပေးတာဖြစ်မယ်။ 🙂
ကိုပေါက်(မန္တလေး)
November 1, 2013 at 10:19 pm
အသစ်ဘယ်လိုကောင်းကောင်း အဟောင်းကိုတော့ မမေ့နို်င်ပါ
Mr. MarGa
November 1, 2013 at 5:06 pm
လက်နက်ကြီး ကိုင်ချိန်ရောက်လာမှာ သိလို့
ဟိုကလေးက ရှောင်ပေးတာ ထင်ပါတယ် လေးပေါက်ရေ
ဒီဟာလေးကရော ဘယ်လိုလဲ ဗျ
ကိုပေါက်(မန္တလေး)
November 1, 2013 at 10:29 pm
ဒီဟာလေး ကလဲ သူ့ဟာနဲ့သူကောင်းပါတယ်
alinsett
November 1, 2013 at 5:57 pm
အဲဒီ တိမ်တွေ မြင်တိုင်း
အရူးတပိုင်းနဲ့
ငှက် ဖြစ်ချင်တာ
:kwi:
ကိုပေါက်(မန္တလေး)
November 1, 2013 at 10:30 pm
ငှက်တော့မဖြစ်ချင်ပါဘူး လက်ဘဲဆော့ချင်တာ
မဟာရာဇာ အံစာတုံး
November 2, 2013 at 12:17 am
တော်ဒေးဒါပေါ့ ဖေပေါက်ဂျီးရယ် …

လက်ဆော့ ခံရဒါ တိမ်တွေမို့လို့ …
လူဆိုရင်ဒေါ့ .. အခုလောက်ဆို …
ကိုပေါက်(မန္တလေး)
November 3, 2013 at 9:04 am
တိ်မ်တွေ တောင်တွေ တောတွေ ဘဲ လက်ဆော့ ရဲတာပါကွာ
surmi
November 2, 2013 at 4:08 pm
တိမ်ရောင်စုံ 🙂
ကျနော့်အထင် ဒါ ..ကင်မရာဖွင့်ပွဲအတွက်အမြည်းပေးတာ..ဟုတ်?
ကိုပေါက်(မန္တလေး)
November 3, 2013 at 9:06 am
မှန်ပါ၏ လက်ဆော့ အဆင့်မှာဘဲရှိနေကြောင်းပါ
ရွှေတိုက်စိုး
November 4, 2013 at 10:45 am
လေးပေါက် ကင်မလာဝယ်လိုက်ပီလား… ဝမ်းသာပါတယ်ဗျာ….
လေးပေါက်ကြီး ကင်မလာပျောက်တော့ ကိုယ်တောင် ရော နှမြောမိသေး…. အခုတော့ လက်နက်ကြီးဆိုတော့ ဘာအမျိုးအစားလဲဗျ…ပြောပြအုံး
ကိုပေါက်(မန္တလေး)
November 4, 2013 at 2:00 pm
လက်နက်ကြီးဆိုတာ လူအထင်ကြီးအောင်ပြောတာပါ
မိတိုက်ရာ
ငါက အညာသားဆိုတော့ အသားမဲတယ်လေ
အဲတော့ ငါ့လက် ကိုက အလိုလို လက်နက်ကြီးဖြစ်နေတာလေ
kyeemite
November 4, 2013 at 11:16 am
ကင်မရာဟောင်းလေးကို တော့ လွမ်းနေပေမပေါ့ ဗျာ…လက်ပွန်းတတီးကိုင်ခဲ့တဲ့ အဖေါ်လေးကိုး..
အခုကင်မရာကလည်းတော်တော်ကောင်းသားပဲ..ပုံလေးတွေ ကြည်တောက်နေတာပဲ…
:kwi:
ကိုပေါက်(မန္တလေး)
November 4, 2013 at 2:13 pm
ကိုမိုက်ရေ
သေးတာ ကြီးတာထက် ကိုယ့်အတွက်ဘယ်လောက်အသုံးဝင်သလဲဆိုတာနဲ့
စဉ်းစားပါတယ်