မှော်ဝင်နေတဲ့မြို့
အဲဒိမြို့က
တစ်ခြားမြို့တွေနဲ့
လုံးဝကို မတူတဲ့မြို့ဖြစ်တယ်,…..
မြို့က ကိုယ်ချင်းစာတရားကို ဝါးမြိုလိုက်တော့
ကိုယ်ချင်းစာတရားကလည်း အားကျမခံ
စည်းကမ်းကို ပီကေလိုဝါးပြီး
အယူသည်းမှုတွေနဲ့ ဟန်ဆောင်ခြင်းတွေကို
ပြန်ထွေးထုတ်လိုက်တယ် ……..
အဲဒိနေ့ကစပြီး
မြို့ဟာ …….
မှော်ဝင်သွားတော့တာပါပဲ
စည်ပင်က အမှိုက်လာမသိမ်းတာနဲ့ပဲ
ကိုယ့်အမှိုက်ကိုယ် မီးရှို့ဖျက်ဆီးရပါတယ်ဆိုတဲ့
ဆင်ခြေလိုပါပဲ ……..
စည်းကမ်းမဲ့ချင်တာနဲ့ပဲ
ဓလေ့ ထုံးစံ ဆိုတာနဲ့ အကာအကွယ်ယူထားပြီး
အသံချဲ ့စက်ကိုမီးကုန်ယမ်းကုန်ဖွင့်ပြီး
မိုးလင်းကတည်းက မြို့ဟာ သက်ဝင်လှုပ်ရှားနေပေါ့,…….
မိုးလင်းကတည်းက အသံချဲ့စက်ဟာ
မိုးစုန်းစုန်းချုပ်တဲ့အထိမနားနိုင်ရှာသေးဘူး……..
မြို့ရဲ့တစ်နေရာမဟုတ် တစ်နေရာ
အလှူခံ မင်္ဂလာဆောင်နဲ့ ထီသည်ကစပြီး
ကြွက်ဆေးရောင်းတဲ့သူအဆုံး
အသံချဲ ့စက်ဟာပါရင် မပြီးတော့ဘူး
(အရပ်လေးကိုမှအားမနာ)
ဒါတင်ပဲလား …..မဟုတ်သေးဘူး
ဖုန်းပြောတဲ့သူတွေများလာပြီး
လူတွေကိုယ်တိုင်ကိုယ်က
အသံချဲ ့စက်တွေဖြစ်လို့
အသံတွေကျယ်လာပြီး
အလုပ်ကျတော့သိပ်မဟုတ်ချင်ကြတော့ဘူး
ပြောင်းလဲလာပြီ……ပြောင်းလဲလာပြီတဲ့
အသံတွေကို ညံ လို့
ငါတို့အော်က်က အခြေခံ အုတ်မြစ်ကိုကျတော့
ဘယ်သူမှမတူးဆွရဲကြပါလား………
အော်,…….
မှော်ဝင်နေတဲ့မြို့မှာ
အားလုံး နေသာကျ ခေါက်ရိုးကျိုးနေကြရှာပြီလေ,………
နေဝန်းနီ
4 comments
alinsett
November 4, 2013 at 7:39 am
ကျွန်တော် အခု
အဲဒီ မြို့ထဲ ရောက်နေတယ်
:kwi:
အဘနီရဲံ ့ကဗျာ လေး ပြန်တွေ ့ရတာ ဝမ်းသာလိုက်တာ
kyeemite
November 4, 2013 at 9:03 am
ဆြာနီ ကဗျာလေးပြန်ဖတ်ရလို့ဝမ်းသာပါတယ်ဗျာ…
ဟုတ်တယ်ဗျာ..မှော်ဝင်နေတဲ့မြို့မှာ အားလုံးအသားကျနေကြပြီ… :kwi:
padonmar
November 7, 2013 at 12:56 am
လူတွေကိုယ်တိုင်က အသံချဲ့စက်တွေဖြစ်လို့ ဆိုတာလေး ကြိုက်လိုက်တာ အဘနီရေ၊
ဘတ်စကားပေါ်မှာ ရှေ့နောက် တကားလုံးကြားအောင် အလ္လာပသလ္လာပ ပြောတဲ့ အသံချဲ့စက်တွေများတွေ့မိရင် သိပ်နားကလောတာပဲ။
(ပျောက်နေတာကြာတဲ့ အဘနီကို တွေ့ရတာ ဝမ်းသာပါတယ်။)
ခင် ခ
September 14, 2014 at 2:57 am
အဲဒီခေါက်ရိုးတွေကို ပြင်စေချင်တယ်
ဒါပေမယ့် ဘယ်ကစပြင်ရမှန်း မသိလေတော့လဲ
အရင်ကျိုးပြီးသားခေါက်ရိုးအတိုင်းဘဲဆက်ထားနေရတာပေါ့
သိပ်တော့ဟန်လှတယ်မဟုတ်ဘူးဗျ