ထိုင်း- မြန်မာနယ်စပ်တနေရာတွင်.. မြေမြုပ်မိုင်းထိမှန်ခဲ့သောဆင်မလေး



အိမ်နီးချင်းထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံနယ်စပ်တစ်နေရာတွင်မြေမြုပ်မိုင်းထိမှန်ခဲ့သောကြောင့် အသက်၂၂နှစ်အရွယ်ရှိဆင်မလေးမဲကဖေးအားထိုင်းနိုင်ငံမြောက်ပိုင်း ၊ လမ်းပန်းပြည်နယ်ရှိ ဆင်ဆေးရုံးသို့ပို့ဆောင်ခဲ့ရကြောင်းသိရသည်။
ထိုကဲ့သို့မြေမြုပ်မိုင်းထိမှန်ခဲ့သောဆင်များအားဆင်ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရာ ၂၀၀ရခုနှစ်တွင်မိုရှာအမည်ရှိဆင်အားကမ္ဘာ့ပထမဆုံးအဖြစ် ခြေတုတပ်ဆင်ပေးနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါဆေးရုံသည်၁၉၉၃ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ဆင်များအတွက် သီးသန့်ကုသပေးသောဆေးရုံဖြစ်ကြောင်းသိရသည်။ထိုင်းနိုင်ငံသည်ဆင်များအား သစ်ထုတ်လုပ်ရေးနှင့်အခြားသောဝန်ဆောင်မှုလုပ်ငန်းများတွင်
အသုံးပြုလျှက်ရှိပီးဆင်စခန်းများသည်နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားများအားဆွဲဆောင်သောလုပ်ငန်းတစ်ခုလည်းဖြစ်ကြောင်းသိရသည်။
akk ( www.thp.com )
2 comments
etone
August 6, 2010 at 2:42 am
တော်သေးတာပေါ့ ဆင်ဆေးရုံရှိလို့ ။
winne
August 6, 2010 at 7:24 am
ဆင်မလေး ပုံတွေ ကြည့်တော့လည်း စိတ်ထဲမှာ သနားမိတယ်။