ဒီနေ့ တန်ဆောင်မုန်းလပြည့် နေ့ ညနေခင်းလေးမှာ
ကျနော်အိမ်နားလေးမှာ မုန်ု့လုံးရေပေါ် စတုဒီသာ လုပ်ပါတယ်.
တစ်ဦးတည်းက လှူဒါန်းတာပါ။
မြန်မာ့ရိုးရာ ပျော်စရာ ချစ်ခင်စရာ မြင်ကွင်းလေးမို့ တင်ပေးလိုက်ပါတယ်
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
17-11-2013
Post Views: 611
24 comments
Ko chogyi
November 18, 2013 at 7:49 am
သာဓု……….သာဓု……………သာဓု
ကိုပေါက်(မန္တလေး)
November 18, 2013 at 9:03 am
ရှားရှား ပါးပါး ကော်မင်းပေးတဲ့ ကိုချို ကိုကျေးဇူးတင်တယ်
ကြေး အိုး ကို သတိရ တယ်ဗျာ
ရွှေတိုက်စိုး
November 18, 2013 at 9:18 am
အော်လေးပေါက် လုပ်လို. ကျွန်တော် မန်းလေးကိ ုသတိရလိုက်တာ..
မုန်.လုံးမစားရတာ နှစ်အတော်ကြာပါပေါ့လား..
လွမ်းလိုက်တာဗျာ…
အဲဒီအချိန်ဆို မန်းလေးမြို.ထဲ ဆိုင်ကယ်နဲ.ပတ်ပြီး မုန်.လုံးလိုက်စား.. မုန်.လုံးစားရင် လုံးတဲ့ အချောအလှလေးတွေ ငမ်း……..ဟေဟေဟေဟေ့..
သတိရတယ်… မုန်.လုံးရယ်………….
KZ
November 18, 2013 at 9:38 am
အနော့ကို လွမ်းစေညွှန်းရောသလားးးး
ဪ မုန့်လုံးးးးး မုန့်လုံးးးးး
စက္ကူကပ်နေတာ ကြာပါပြီကောလေ။
မနေ့က မယ်ဇလီဖူးသုပ် တို့ ကထိန်တို့ စတုဒီသာတို့ ဓာတ်ပုံတင်တဲ့သူအားလုံး မနာလိုဘူးဗျာ။
🙁
ကိုပေါက်(မန္တလေး)
November 18, 2013 at 9:43 am
ရတယ် ခိုင်ကြီးကို ဖေစ်ဘုတ်ကနေ မုန့်လုံးရေပေါ် ပို့ပေးမည်
ကိုပေါက်(မန္တလေး)
November 18, 2013 at 9:38 am
မနေ့ညက မြို့ပါတ်တော့လဲ လမ်းမှာ မုန့်လုံးစတုဒီသာ ကျွေးတယ်မောင်
မင်းတို့အိမ်နား ဆို နှစ်အိမ်တောင်မှဘဲ
ဦးကြောင်ကြီး
November 18, 2013 at 10:14 am
မုန့်လုံးရေပေါ်
ခုံ့တုံးငွေဖော်
အုံ့ပုန်းဆွေမျှော်
ချုံ့နှုန်းစေကျော်..
TNA
November 18, 2013 at 1:17 pm
မန်းလေးကတော့ မြန်မာ့ရိုးရာအငွေ့အသက်ကလေးတွေကျန်နေသေးတာမို့ သဘောကျမိပါ တယ်လေး ပေါက်ရေ။ ရန်ကုန်ကတော့ အလှုတွေကိုသဘောကျပေမဲ့ အလှုဗန်းပြပြီး စည်းပျက်ကမ်းပျက်ဖြစ် နေတာတော့ စိတ်ကုန်စရာပါပဲလေးပေါက်ရယ်
ကိုပေါက်(မန္တလေး)
November 20, 2013 at 2:03 pm
မန်းလေးမှာကျန်သေး၏ မြန့်မာ့ရိုးရာ
kyeemite
November 18, 2013 at 1:22 pm
ရန်ကုန်မှာလည်း လပြည့်နေ့ညနေက နိဗ်ဗာန်ဈေးတွေ နေရာတိုင်းလိုပဲတွေ့ရတယ်..
ဒီနှစ်ပိုများသလိုပဲ… မယ်ဇလီဖူးသုပ်တော့မစားလိုက်ရဘူး.
…ပေးမဲ့လူမရှိလို့ 😀
ကိုပေါက်(မန္တလေး)
November 20, 2013 at 3:26 pm
ဒီတစ်ခါ တွေ့ဆုံပွဲလုပ်ရင် မုန့်လုံးရေပေါ်လုပ်ကျွေးဗျာ
Ma Ma
November 19, 2013 at 5:03 pm
ဗန်းထဲက လုံးပြီးသား မုန့်တွေ မရှိတော့တာကို ကြည့်ပြီးးးး
ကိုပေါက်ကြီး ကင်မရာချောင်းနေတာနဲ့ မုန့်မီ လိုက်ပုံမပေါ်ဘူး။ 😀
ဒါ့ထက် မုန့်လုံရေပေါ်စတုဒိသာကို ဘာလို့ မခေါ်မုန့်လုံး တန်ဆောင်မုန်းလို့ နာမည်ပေးတာလဲ မသိဘူး။
ကိုပေါက်(မန္တလေး)
November 20, 2013 at 3:31 pm
သူ့အရပ်နဲ့သူ့ဇာတ်ဆိုသလိုပေါ့ မမရယ်
မုန့်လုံးက ရောင်းကောင်းတယ် မစားလိုက်ရ
alinsett
November 20, 2013 at 10:49 am
ချစ်စရာကောင်းတဲ့
မြန်မာ့ပုံရိပ်တွေ
ကိုပေါက်(မန္တလေး)
November 20, 2013 at 3:51 pm
အထက်အညာ လာလည်ပါ အလက်ဆင်း
လုံမလေးမွန်မွန်
November 20, 2013 at 12:04 pm
မ ခေါ် မုန့်လုံး..
အဲ့လို ခွဲဖတ်ရမှာလားဟင်င်.. ကြားဖူးဘူး..ခုမှ ကြားဖူးတာ…
ဒီနှစ်တန်ဆောင်မုန်း..ဘာမုန့်မှ မစားလိုက်ရဘူး…
ပုံလေးတွေကို ကြည့်ပြီး ပျော်မိတယ်…
ကိုပေါက်(မန္တလေး)
November 20, 2013 at 3:35 pm
မည်သူမှ အထူးတလည်မဖိတ်ကြား
လူတိုင်းဝင်ရောက်လွတ်လပ်စွာစားနို်င်သည် လို့ ဘာသာပြန်နိုင်ပါတယ် လုံမလေးရေ
မခေါ် မုန့်လုံး
padonmar
November 20, 2013 at 2:00 pm
အောက်ပြည်အောက်ရွာမတော့ မု့်လုံးရေပေါ်ကို သင်္ကြန်မှကျွေးတတ်ကြတာ။
မန်းလေးလာချင်အောင်လုပ်နြေပြီ၊
ကိုပေါက်(မန္တလေး)
November 20, 2013 at 3:40 pm
မယ်ပဒုမ္မာ
မန်းလေးကို
တစ်ခါမှ မလာသေးပါ
မဟာရာဇာ အံစာတုံး
November 20, 2013 at 2:14 pm
ရပြီဗျို့ …
… ဆိုတဲ့ပုံကို တောက်ရမ်း ခိုက်တယ် …
မုန့်လုံးလေးလည်း စားဂျင်မိဒယ် …
ကိုပေါက်(မန္တလေး)
November 20, 2013 at 3:49 pm
နောက် မြန်မာဓလေ့ ထုံးစံများကို ဦးစားပေးရိုက်၍ တင်ပေးပါမည်
aye.kk
November 20, 2013 at 2:28 pm
မြင်ကွင်းလေးတွေ… တွေ ့မြင်ရတော့ ကြည်နှူးမိရပါတယ်။
မခေါ်မုန် ့လုံး တန်ဆောင်မုန်း
အားလုံးစုံလင်..ပျော်ရွှင်ရွှင်။
ကိုပေါက်(မန္တလေး)
November 20, 2013 at 3:52 pm
မမအေးကို သတိရနေပါသည်
အရီးခင်
November 22, 2013 at 5:04 pm
ကပေါက်ကြီး
အလှူ့အစ်မ က ငယ်တုန်းက အတော်ချောမှာထင်ရဲ့။
အခုတောင် အတော်ချောနေဆဲ။
စားနေကြတာ ပျော်စရာကြီး။
အဖွားတို့ ဆီမတော့ ဒီလိုအချိန် မုန့်ဆီကျော်၊ မုန့်လက်ကောက် ကျွေးလေ့ရှိတာ။
လွမ်းတယ်။
မအေး ကို ကျွန်မလဲ အမြဲသတိရပါတယ်။ 😛