ငြင်းခုုံခြင်းအနုပညာနှင့် Disappointed
ဒီရွာ ……
အဲ- ဒီမြို့ ပေါ်မှာ ……..
အခြေချ နေထိုင်ရင်းးးးးးးး
သဂျီး (အဲ- တောသားမြို့ ရောက်ဆိုတော့ မှားကုန်ပြီ) 😀
မြို့ ဝန်မင်းနဲ့ မြို့ သူား (အဲဒီထဲမှာ မြို့ ကြောင်ကြီးတစ်ကောင်လည်းပါရဲ့ ) တွေရဲ့ ထိန်းကျောင်းလမ်းညွှန်မှုတွေနဲ့
ပြဿ နာတစ်ခု အခြေအနေတစ်ခုအပေါ်မှာ တယောက်တမျိ ုး အတွေးအမြင်တွေ မတူညီကြတဲ့အခါမှာ အကြိတ်အနယ် အကြေအလည် ပြောဆိုဆွေးနွေးညှိနှို်င်းတာမျိ ုးကို သဘောကျနှစ်သက်မိပါတယ်။
အဲဒီနေရာမှာ သဂျီး (ခေါ်နေကျအတိုင်းပဲ ကောင်းပါတယ်) ဆန်းသစ်တီထွင်ထားတဲ့ ငြင်းခုံခြင်းအနုပညာ ဆိုတဲ့ စကားလုံးက အံဝင်ခွင်ကျမို့ သဘောကျပြီး တိုက်ဆိုင်လာတိုင်း သုံးစွဲဖြစ်တယ်။
လူအမျိ ုးမျိ ုး စိတ်အထွေထွေ ဆိုသလို လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အတွေးအခေါ် အသိအမြင် အယူအဆတွေ မတူညီနိုင်ကြပါဘူး။
ဒါ့အပြင် လူ… လို့ ဆိုကတည်းက
(အရိယာများတောင် သူ့အတိုင်းအတာနဲ့သူ)
ေလောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေ ထူထဲ ထူးကဲ တတ်ကြတယ်ဆိုတာ
မြေကြီးလက်ခတ် လွဲ လွဲမသာ ငါထင်တာတော့ မလွဲဘူး။ (ခွက်ဒစ်တူ ဖိုးပါကြီး) :boss:
ဤကားးးး နိဒါန်း
ပြောချင်တာက လူဆိုတာ လူ့အသိုင်းအဝိုင်းမှာ စုပေါင်းနေထိုင်ကြရတယ်။
ကိုယ်ပါဝင်တဲ့ လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံး အေးချမ်းသာယာအောင်…….
ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဆိုသလို
အများအတွက် အဆင်ပြေစေမယ့်နည်းလမ်းရရှိသည်ထိ တစ်ဦးနဲ့တစ်ဦး တိုင်ပင်ညှိနှိုင်းပြီး နေထိုင်လုပ်ကိုင်ကြဖို့လိုပါတယ်။
ကမာ္ဘနဲ့ချီတဲ့ (သို့) နိုင်ငံနဲ့ချီတဲ့ ကြီးမားများပြားတဲ့ လူအဖွဲ့အစည်းကြီးကို အသာထားပြီး …….
ကိုယ်ပါဝင်ပတ်သက်နေရတဲ့ အသိုင်းအဝိုင်းလေးတစ်ခု (ကျဉ်းကျဉ်းလေး) ကို လူတိုင်း စည်းချက်ညီညီနဲ့ ပါဝင်နိုင်ကြပြီး အေးချမ်းသာယာစေလိုပါတယ်။
မတူတာရှိရင် အေးချမ်းစွာ ညှိနှိုင်းကြစေလိုပါတယ်။
ကိုယ်ကျိ ုးချည်းပဲ မကြည့်ပဲ အများအဆင်ပြေစေမယ့်နည်းလမ်းကို ရွေးချယ်ရပါမယ်။
ခုရက်ပိုင်းမှာ ဘုရင့်နောင်ပွဲရုံဝင်းထဲမှာ ကားတွေပိတ်ကြပ်နေတဲ့ကိစ္စကို ဖြေရှင်းနိုင်ဖို့အတွက် စုပေါင်းအဖြေရှာဖို့ ကြိုးစားခဲ့ကြပါတယ်။
ဘုရင့်နောင်ဝင်းအတွင်းမှာ ဖွင့်လှစ်ထားကြတဲ့ ဆိုင်ခန်းတွေ၊ ပွဲရုံတွေ၊ စားသောက်ဆိုင်တွေ တစ်ဦးနဲ့တစ်ဦး လက်ညှိုးထိုးကြ၊
ကုန်တင်ကားကြီးတွေကို လက်ညှိုးထိုးကြနဲ့ပေါ့။ 👿
နောက်ဆုံးမှာ လမ်းပိတ်ကြပ်မှုနဲ့ ပတ်သက်ပြီး ……
ဘုရင့်နောင်ပွဲရုံနှင့်ကုန်တင်ယာဉ်ရပ်နားစခန်းအကျိ ုးဆောင်အဖွဲ့ က
ပွဲရုံဝင်းအတွင်းရှိ လုပ်ငန်းရှင်များအနေနဲ့ လမ်းအလိုက် အဖွဲ့ငယ်လေးတွေဖွဲ့ပြီး လမ်းမကြပ်အောင်၊ ပိတ်ဆို့မှုမဖြစ်အောင် ဖွဲ့စည်းထားတဲ့ လမ်းကိုယ်စားလှယ်အဖွဲ့က ဦးဆောင်ပြီး လုပ်ဆောင်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
လမ်းပိတ်ကြပ်လျှင် စည်းကမ်းမလိုက်နာလျှင် လုပ်ငန်းလိုင်စင်ပိတ်သိမ်းသည်အထိ ထိရောက်စွာ အရေးယူသွားမယ်လို့ သိရပါတယ်။
အဲဒီနေရာမှာ လမ်းအလိုက် လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတူသူများဖြစ်သည့်အားလျှော်စွာ လုပ်ငန်းသဘာဝကို နားလည်သဘောပေါက်ကြသည့်အလျှောက် ……..
မိမိတို့ လုပ်ငန်းရှင်များအားလုံးအတွက် အဆင်ပြေစေပြီး လမ်းပိတ်ကြပ်မှုကိုလည်း လျှော့နည်းပပျောက်သွားစေအောင် ဆွေးနွေးညှိနှိုင်းကြဖို့ ဖြစ်လာပါတော့တယ်။
ဒီနေရာမှာ ကိုယ့်အချင်းချင်းကိုပဲ ဆူဆဲမာန်မဲတတ်တဲ့သူတွေလည်း ပါဝင်နေပါသေးတယ်။
ဒါ့အပြင်…….
အပေါ်မှာ ရေးထားခဲ့သလို လူဆိုတာကလည်း လောဘ၊ ဒေါသ၊ မာန်မာနတွေအပြင် အတ္တကြီးသူများဖြစ်ကြတဲ့အတွက်……..
အများထဲမှာမှ ကိုယ့်အတွက် အဆင်ပြေ အသာရစေမယ့်နည်းလမ်းကိုသာ ကျင့်သုံးချင်ကြပါတယ်။
ကြောက်စရာရှိရင် မှားမှားမှန်မှန် ပြန်မပြောရဲပဲ ခေါင်းညိတ်တတ်သလို….
ပြောခွင့်ရှိပြီဟေ့.. ဆိုတဲ့အခါမှာလည်း မျှတမှု့ရှိမရှိ အလေးမထားပဲ ကိုယ်လိုရာစွဲပြီး တဖက်စောင်းနင်း အသံကုန်ဟစ်တတ်တဲ့ အကျင့်အစွဲလေးတွေကလည်း အားသာသကိုးးးးးး။
လမ်းပိတ်ကြပ်မှုအတွက် စုပုံထားခြင်းကို အကန့်အသတ်ဖြင့် ခွင့်ပြုပြီး လမ်းပိတ်ကြပ်ခြင်းမရှိအောင် လုပ်ငန်းတူ လုပ်ငန်းရှင်များ အချင်းချင်းညှိနှိုင်းပြီး ထိန်းသိမ်းပြီး ဖြေရှင်းခွင့်ပြုတာဟာ ကောင်းသောလုပ်ဆောင်ချက်ပါ။
သို့သော်…….
လုပ်ငန်းတူ လုပ်ငန်းရှင်အချင်းချင်းညှိနှိုင်းတဲ့အခါမှာ….
၁။ အချိ ု့ ပွဲရုံအနေနဲ့ ဝိုင်းဝန်းဖြေရှင်းဖို့ိ စိတ်ပါဝင်စားမှုမရှိလို့ တက်ရောက်ခြင်းမရှိပါဘူး။
(စုပေါင်းလုပ်ဆောင်ချင်စိတ် ကင်းမဲ့ခြင်း)
၂။ အများသတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်းကို အားလုံးက မလိုက်နာကြပဲ ကိုယ်ကချည်းပဲ လိုက်နာရရင် နစ်နာတယ်လို့ ယူဆသူက ပွဲရုံရှေ့က စည်ပင်မြေပိုမှာ ကုန်စည်တွေ လုံးဝ မခင်းကျင်းရတာကိုပဲ ထောက်ခံပါတယ်လို့ ညစ်တွန်းတွန်းပါတယ်။
(ပူးပေါင်းဆောင်ရွက်မှုကို မယုံကြည်ခြင်း)
၃။ စခန်းအကျိ ုးတော်ဆောင် လမ်းကိုယ်စားလှယ်ကို မကျေနပ်သူက စခန်းသာယာအောင် မထိန်းသိမ်းနိုင်ရင် အဲဒီအဖွဲ့ကိုဖျက်လို့ ဆိုပါတယ်။
(ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း)
ဆိုတဲ့ ပုံစံအမျိ ုးမျိ ုးနဲ့
အေးအေးဆေးဆေး ပြောဆိုဆွေးနွေးတဲ့ အခြေအနေ မဟုတ်ပဲ တစ်ယောက်တစ်မျိ ုး ကိုယ်လိုရာစွဲပြီး ဒေါသတကြီး အော်ဟစ်ပြောဆိုကြတာကို ကြည့်ပြီး…….
ငြင်းခုံခြင်းအနုပညာကို ကျင့်သုံးနိုင်ဖို့ ထိုက်သင့်တဲ့ စိတ်ဓာတ်အခြေအနေ အဆင့်တစ်ခုရှိဖို့ အရင်ဆုံး လိုအပ်တယ်လို့ စိတ်ပျက်လက်ပျက် တွေးမိပါတော့တယ်။
🙁
35 comments
surmi
November 18, 2013 at 1:03 am
ငင်းခုံခြင်းအနုပညာကို ကျင့်သုံးနိုင်ဖို့ ထိုက်သင့်တဲ့ စိတ်ဓာတ်အခြေအနေ အဆင့်တစ်ခုရှိဖို့ အရင်ဆုံး လိုအပ်တယ်လို့ စိတ်ပျက်လက်ပျက် တွေးမိပါတော့တယ်။
အပေါ်ကအချက်ကို အပြည့်အဝထောက်ခံပါတယ် အန်တီမမခင်ဗျား…. 🙂
ရွာထဲမှာလည်း ငြင်ရင်းတင်းသွားတာလည်းရှိသကိုး …..
Ma Ma
November 18, 2013 at 6:01 pm
ငြင်းခုံခြင်းဆိုတာကို ပျောက်သွားအောင် ဖျောက်လို့ မရပေမယ့်……
ငြင်းရင်း တင်းသွားကြတာတွေကိုတော့ ဖျောက်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ် ကဆာမိရေ။
padonmar
November 18, 2013 at 2:24 am
ချစ်မရေ
လူဆိုတာက သိကြားမင်းကြီး နားကင်းနဲ့ ဆင်းလာရင်တောင် အမျိုးမျိုးဝေဖန်တဲ့ သတ္တဝါဆိုတော့ ဘာလုပ်လုပ် အပြောမလွတ်ပါဘူး။
မြည်းတကောင်နဲ့ သားအဖ ၂ယောက်လေ။
အရေးကြီးတာက ကိုယ့်ကိုကိုယ် လိပ်ပြာလုံဖို့ပဲ။
လူတွေကို တန်းညှိဖို့ ကြိုးစားလို့တော့ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဟု မြင်ပါကြောင်း။
……….
ငြင်းခုံခြင်းအနုပညာကတော့ မျက်စိမှိတ်ငြင်းတတ်တဲ့သူတွေနဲ့ ဘယ်တော့မှ ပြိုင်မငြင်းဘူး၊အေးရော။
Ma Ma
November 18, 2013 at 6:12 pm
ကိုယ့်ရဲ့အတ္တလေးကို အနည်းငယ် ဖဲ့ကျွေးပြီး ကိုယ့်ပတ်ဝန်းကျင်ကို သာယာပျော်ရွှင်စေချင်မိတယ်။ 🙂
nozomi
November 18, 2013 at 9:13 am
သာမန် အခြေအနေမှာတော့
အခံ ( စိတ်၊ပညာ၊ စေတနာ…)တွေ တူမယ်
အဖြေတစ်ခု ရချင်တဲ့ စိတ် ထက်သန် နေကြမယ်ဆိုမှ
ငြင်းခုန်ခြင်း အနုပညာက အစွမ်းထက်မှာ
အပေါ်က ဟာတွေ မရှိလဲ အားလုံးရဲ့ စိတ်ကို ဖမ်းကိုင်နိုင်မဲ့ ခေါင်းဆောင် တစ်ယောက်ပေါ်လာရင်လဲ
အားလုံး လက်ခံတဲ့ အဖြေတစ်ခု ထွက်လာတတ်တယ်
ခေါင်းဆောင်ကောင်း တစ်ယောက်ပေါ်ဘို့ဆိုတာ တော့ ပိုခက်မယ် ထင်တယ်
Ma Ma
November 18, 2013 at 6:18 pm
ကိုယ့်ကိုယ်တိုင် ခေါင်းဆောင်ကောင်းမဖြစ်နိုင်တဲ့အခြေအနေမှာ…
နောက်လိုက်ကောင်းဖြစ်အောင် ကြိုးစားချင်ပါတယ်။
ခေါင်းဆောင်ကောင်းလည်း မဖြစ်
နောက်လိုက်ကောင်းလည်း မဖြစ်နိုင်ရင်တောင်
ဘေးလွယ်အိတ် မဖြစ်စေချင်ပါဘူး။
🙂
KZ
November 18, 2013 at 9:28 am
အဂတိ ကင်းကင်းးး
အချစ်/အမုန်း ကင်းကင်း ငြင်းခုန်နိုင်ဖို့ဆိုတာ အနော်တို့ လူမျိုး အတွက်တော့ မလွယ်ပါတကားးးးး
အရေပါးတယ်ခေါ်မားးးးး
ဆန်းဆန်းတင့်တယ်ခေါ်မားးးး
ကိုယ်နဲ့ အယူအဆမတူ ရန်သူလို့ သတ်မှတ်လိုက်ကြတာ များတာကိုးးးး
အဟိ။
ကိုယ့်စိတ်ကိုလည်းသိလို့ ဘယ်သူနဲ့မှ မငြင်းဘူးးးးး
အဲလာကြောင့် ရွာထဲ အငြင်းကြိုက်တဲ့ ဆရာ့ ဆရာကြီးများက ကိုယ့် ကို အဆင့်မမှီဘူးလို့ သတ်မှတ်ကြတာ။
အဟီးဟီးးးး
😀
Ma Ma
November 18, 2013 at 6:46 pm
လက်ရည်ချင်းတူအောင် ကြိုးစားပြီး အပြိုင်ငြင်းလေ
ဦးကြောင်ကြီး
November 18, 2013 at 9:33 am
အယာတိုလာ မာမွတ်ခိုမ်တို့လို ငါ့စဂါးနွားရ ပြောလိုသူတွေနဲ့တော့ အဖက်လုပ် အငြင်းချဉ်ပေါင်ဗျာ…။
Ma Ma
November 18, 2013 at 6:59 pm
ယောက္ခမဆိုတာလည်း မိဘပဲမို့ ငရဲကြီးမယ် ပြိုင်မငြင်းနဲ့။ :kwi:
Tristan
November 18, 2013 at 9:34 am
လက်ဝှေ့ပွဲလိုမျိုးပေါ့ဗျာ ..
အစကတည်းက သဘောတူညီမှုတခု ယူထားကြေးနဲ့ ပြန်ဆွေးနွေးကြည့်ပါလား..
လက်ဝှေ့ပွဲမှာ အောက်ပိုင်းမထိုးရ လဲရင် မထိုးရ ဆိုတာမိုး …. သဘောတူညီချက်ယူကြသလို…
ဆွေးနွေးပွဲမှာလည်း ကိုယ်လိုတာမပြောရ …သူများမကောင်းမပြောရ ..ကိုယ်လုပ်ပေးနိုင်တာပဲ ပြောကြေး ဆိုတာမျိုး
အစကတည်းက ဘောင်ခတ်ပြီး ပြောကြကြေး ထင်ရာမြင်ရာပြောရင် ဝိုင်းဝန်းပယ်ချကြေး ဆိုရင် အဖြေတခုခုတော့ထွက်မလားပဲဗျ…
နောက်တခုက အဆိုတခုကို အများသဘောနဲ့ ရွေးချယ် ပယ်ချ တဲ့ နည်းပေါ့…
နောက်ဆုံးတနည်းဗျာ.. ပိုက်ပိုက် စုကောက်ပီး Pro ငှားလိုက်.. အနှီ ပလို က ဘက်မလိုက် ဘူနဲ့မှ မပါတ်သတ် ကြားနေ ဖြစ်ဖို့နဲ့
သူ့ survey အရ သူ့ ဆုံးဖြတ်ချက်ကို လိုက်နာ စေရမည် ဆိုတဲ့ သဘောတူညီချက်မျိုး ဆိုပါတော့..
လိုချင်တာပြောကြဂျေးဆိုရင်တော့ …အင်း…
ကျော့် လာမေးရင် ကျော်လည်း ပြောဒတ်ပါဒယ်…
မန်ဟတ်တန်ကွန်ဒို ဘရာဇီးမော်ဒယ် နဲ့ ဖလာရီ တစီး လို့ ….
အာဟိ..
ဒက်ဂလောက်
Ma Ma
November 18, 2013 at 7:12 pm
ကိုယ်လုပ်ပေးနိုင်တာပဲ ပြောကြေး ဆိုရင် အစည်းအဝေးတက်သူတောင် ရှိပါ့မလား မသိဘူး။ 🙁
ဒေါ်စုက (နားလည်သလိုပြောရရင်) အနစ်နာခံပါတယ်၊ ပေးဆပ်ပါတယ် ဆိုတဲ့ စကားလုံးတွေ ကြားရင် ကြွေးတောင်းသလို ခံစားရတယ်တဲ့။
ကြွေးမတောင်းပဲ အများအကျိ ုး (ကိုယ့်အကျိ ုးလည်းပါပေမယ့်) ကို စိတ်ရှင်းရှင်းနဲ့ ဦးဆောင်နိုင်မယ့် အရည်အချင်းရှိသူကျတော့လည်း မလိုတမာ အပြောခံရမှာကို ကြောက်ပြန်ရော။ 🙁
kyeemite
November 18, 2013 at 11:04 am
“ငြင်းခုံခြင်းအနုပညာကို ကျင့်သုံးနိုင်ဖို့ ထိုက်သင့်တဲ့ စိတ်ဓာတ်အခြေအနေ အဆင့်တစ်ခုရှိဖို့ အရင်ဆုံး လိုအပ်တယ်လို့ စိတ်ပျက်လက်ပျက် တွေးမိပါတော့တယ်။ ”
ကျနော်လည်း ဒီအနှစ်ချုပ်ကောက်ချက်လေးကို သဘောတူထောက်ခံပါတယ်… 🙂
Ma Ma
November 18, 2013 at 7:14 pm
အခုလာမယ့် တွေ့ဆုံပွဲလုပ်ဖို့အတွက် ဥက္ကဌကြီး ၂ယောက်ရဲ့ ငြင်းခုံခြင်းကတော့ အနုပညာမြောက်ပါပေတယ်။ 🙂
လုံမလေးမွန်မွန်
November 18, 2013 at 1:24 pm
အဂတိကင်းကင်းနဲ့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ လုပ်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး..
အာတီမမ ပြောသလိုပဲ ကိုယ့်ရဲ့ မသိစိတ်မှာ အတ္တတွေရှိနေတာကိုး… သူစိမ်းတွေနဲ့ စုပေါင်းလုပ်ဖို့မပြောနဲ့…. တစ်ခါတစ်ခါ ကိုယ့်မိသားစုဝင်အချင်းချင်းတောင် အငြင်းအခုန်ပေါင်းများစွာနဲ့ ဖြစ်တတ်သေး..
ဆိုတော့… third alternative ဆိုတာကို တကယ်စိတ်ဝင်စားတယ်…
ကိုယ်ရော..သူရော..မနစ်နာအောင်…ဘယ်သူဘယ်သူမှ မသာအောင်.. နှစ်ဖက်စလုံး လိုချင်တာတွေလည်း အဆင်ပြေအောင်… ကိုယ့်နည်း..သူ့နည်း မဟုတ်တဲ့..တတိယနည်းလမ်းကို ရှာတာ…
မလွယ်ပေမယ့်… စိတ်ဝင်စားတယ်.. 🙂
Ma Ma
November 18, 2013 at 7:38 pm
အဝါနဲ့ အနီပေါင်းရင် လိမ္မော်ရောင်ရသလို
လူအများ စုပေါင်းဆွေးနွေးကြတဲ့အခါမှာ သူ့အမြင်နဲ့ ကိုယ့်အတွေးပေါင်းပြီး ကောင်းမွန်တဲ့ရလာဒ် ရစေချင်တယ်။ 🙂
ဒီကနေ့ ဖလားဝါးနယူးစ်မှာ ဖတ်လိုက်ရတဲ့ ပေတံတိုသမားများနှင့် ကခုန်နေရခြင်းဆိုသလို…….
ဘယ်သူ့အပေါ်မှ မတရားမလုပ်ဘူးလို့ ပြောနေသူကိုယ်တိုင်ကပဲ တရားတယ်ထင်ပြီး မတရားတာတွေ လုပ်နေမိတတ်တယ် တဲ့လေ။ 🙁
TNA
November 18, 2013 at 1:25 pm
ငြင်းရင်းငြင်းရင်းနဲ့အဖြေထွက်သွားရင်တော့အမြတ်ပေါ့ မမရေ။ အဲငြင်းရင်းငြင်းရင်းမိတ်ပျက်သွားရင်တော့ အဲဒုတ်ခပေါ့။ ကျွန်မတို့ဝင်းထဲမှာလဲ အစည်းဝေးဟေ့ဆို တက်ကြငြင်းကြ ရန်ဖြစ်ကြနဲ့ နောက်ဆုံး အစည်းအဝေးဆိုဘယ်သူမှမတက်ကြတော့ဘူး ဖြစ်လာတဲ့ပြသနာကိုလက်ပူတိုက်ရှင်းတော့တာပဲ စိတ်ပျက်စရာပေါ့ မမရေ
Ma Ma
November 19, 2013 at 7:43 am
ဟုတ်ပ့ါ TNA ရေ။
ငြင်းရင်းနဲ့ အဖြေထွက်မှသာ ငြင်းခုံခြင်းအနုပညာဖြစ်တော့မှာပေ့ါ။
ခုတော့ ရန်ဖြစ်ခြင်းအတတ်ပညာ လို့တောင် ခေါ်ရမလို 🙁
အရီးခင်
November 18, 2013 at 5:13 pm
ငါ မဖြုတ်နိုင်ကြတဲ့ နေရာတိုင်း မှာ ဒီလို မျိုး တွေ တွေ့နေရမှာ သိပ်မဆန်းတော့ဘူးလား မသိပါဘူး မမ ရေ။
Ma Ma
November 19, 2013 at 9:12 am
အဖွဲ့အစည်းနဲ့လုပ်ရမယ့် အလုပ်တွေကို စိတ်ပျက်သွားတာတော့ အမှန်ပဲ မလတ်ရေ။ 🙁
San Hla Gyi
November 18, 2013 at 8:14 pm
အင်း မမရဲ့ ဆောင်းပါးကလေးကို ကျနော့်အမြင်လေး ဝင်ပြောလိုက်ဦးမယ်။ ဆောင်းပါးမှာပါတဲ့ ဥပမာနဲ့ ခေါင်းစဉ် နည်းနည်းလေး လွဲနေတယ်လို့ ထင်ပါတယ်ခင်ဗျာ။ မမပြောတဲ့ ဘုရင့်နောင်ပွဲရုံက ပွဲရုံပိုင်ရုင်တွေ ဖြစ်ပုံက ညှိနှိုင်းဆွေးနွေးခြင်းပါ။ ငြင်းခုန်ခြင်း အနုပညာ မဟုတ်ပါဘူး။ ညှိနှိုင်းဆွေးနွေးတာနဲ့ ငြင်းခုံတာ ဘာကွာလို့လည်းလို့ ဆိုရင် တူသလိုလိုနဲ့ ကွာပါတယ်ခင်ဗျာ။ ညှိနှိုင်းဆွေးနွေးတာက ကိုယ့်ရဲ့ လိုအပ်ချက်(need) နဲ့ ကိုယ်ရဲ့လိုချင်မှု(want) ကို သူများတွေရဲ့ need တွေ want တွေနဲ့ အလျှော့အတင်း လုပ်ခြင်းပါ။ သူကလိုသလို အတတ်အကျ နှစ်ဖက်စလုံးက လုပ်လို့ ရပါတယ်။ သူများတွေပြောသလို ပြောရရင် ညှိုနှိုင်းဆွေးနွေးတာက win-win system သွားလို့ရပါတယ်။ သူက အမြဲတမ်း လိုအပ်ချက်တွေနဲ့ လိုချင်မှုတွေကို အခြေခံတဲ့အတွက် အလျှော့အတင်းလုပ်လို့ ရတာပါ။ အခု အဲဒီပွဲရုံပိုင်ရှင်တွေ ဖြစ်တာက ညှိနှိုင်းဆွေးနွေးမှု မတတ်ခြင်းပါ။
ငြင်းခုံတာကျတော့ အခြေအနေ တော်တော်များများမှာ need တွေ want တွေကို အခြေခံတာ မဟုတ်ပဲ ယုံကြည်ချက်ဆိုတဲ့(belief) ကို အခြေခံတာ ဖြစ်ပါတယ်။ အဲဒီ ယုံကြည်ချက်ဆိုတဲ့ အရာက အလျှော့အတင်း လုပ်ဖို့ သိပ်ခက်ပါတယ်။ ယုံကြည်ချက် ဆိုတဲ့အတိုင်း သူက ယုံမှ ကြည်တာပါ။ အဲဒီတော့ သူက နှစ်ဖက်မှာ တဖက်ဖက်ကရှုံး ဒါမှမဟုတ် သရေ ဒါမှမဟုတ်လည်း တဖက်ဖက်က အထိနာပြီးမှ ရပ်သွားတတ်ပါတယ်။
ဥပမာဆိုပါတော့ ပြည်ထောင်စုကြီးကို ဖက်ဒရယ်ပုံစံနဲ့ သွားရင် ဘယ်လိုစနစ်က မြန်မာပြည်နဲ့ သင့်မလဲ?(ညှိနှိုင်းဆွေးနွေးခြင်း)
ဖက်ဒရယ်စနစ်သည် ကောင်းသလား မကောင်းဘူးလား?(ငြင်းခုံခြင်း အနုပညာ)
မန်းဂေဇက်မှာ စာကောင်းတွေ ထွက်အောင် ဘယ်လိုလုပ်မလဲ?(ညှိနှိုင်းဆွေးနွေးခြင်း)
မန်းဂေဇက်က သဂျီးဟာ အပြင်မှာ သတင်းထွက်သလို မိ စ္ဆာဒိဌိ ရဟန်းသံဃာကို စော်ကားသူ တယောက်လား?(ငြင်းခုံခြင်း အနုပညာ)
ဦးကြောင်ကြီး
November 19, 2013 at 10:06 am
ကိုစံလှဂျီးစဂါး သံယောင်လိုက်ဟစ်ရင်..
သဂျီး သာမီးဒေါ်ဂလေး လှမလှ၊ ပန်းသေးမလေးနဲ့ တူမတူ… အဲဒါ ငြင်းခုန်ဂျင်း အနုပညာ
သဂျီး သာမီးဒေါ်ဂလေးကို အာရပ်လို မင်ဂါဆောင်သင့် မဆောင်သင့်၊ ဆောင်ခဲ့လျင် ဝက်ကောင်လုံးကင်နဲ့ ဝီစကီ ညစာစားပွဲမှာ ထည့်သင့်မသင့်.. အဲသာ ညှိနှိုင်းဆွေးနွေးခြင်း အနုပြင်ညာ…
Ma Ma
November 19, 2013 at 4:55 pm
ငြင်းခုံခြင်းနဲ့ ဆွေးနွေးခြင်းကို ဥပမာပေးပြီး နားလည်လွယ်အောင် ပြောပြလို့ ကျေးဇူးအများကြီးတင်ပါတယ်။
ကိုစံလှကြီးရဲ့ ချက်ကျလက်ကျဆွေးနွေးတာကို သဘောကျလို့ ဘက်စ်ကွန်မန့် ပေးခွင့်ပြုပါ။
လူအများအကျိ ုးအတွက် အဖြေတစ်ခုရအောင် စုပေါင်းပြီး ဆွေးနွေးတိုင်ပင်ကြတဲ့အခါ….
အများအတွက် မထိခိုက်စေမယ့် ကိုယ့်လိုအပ်ချက်နဲ့ ဖြစ်နိုင်ခြေတွေကို လူတိုင်းက တင်ပြကြပြီး အဲဒီတင်ပြချက်တွေထဲကမှ ဖြစ်သင့်တာကို ဆုံးဖြတ်ကြဖို့ ဖြစ်ပါတယ်။
အဲဒီလို ဆွေးနွေးတဲ့အခါမှာ အကြိတ်အနယ် အကျေအလည် ပြောဆိုရာကနေ အချင်းချင်း အော်ဟစ်ပြောဆိုတဲ့ အခြေအနေမျိ ုးမို့…….
ဆွေးနွေးခြင်းထက် ပိုပြင်းထန်လို့ ငြင်းခုံခြင်းလို့ အမည်ပေးလိုက်တာပါ။
San Hla Gyi
November 19, 2013 at 8:36 pm
ဟုတ်ပါတယ် မမရေ။ ညှိနှိုင်းဆွေးနွေးတာနဲ့ ငြင်းခုံတာ စမှတ်ချင်း ကွာပေမယ့် တခါတရံမှာလည်း ညှိနှိုင်းဆွေးနွေးပွဲကနေ ငြင်းခုံတာ ဖြစ်သွားတတ်ပါတယ်။ ကျောချင်းကပ် နီးနီးလေးကိုး။ ကျနော့် အမြင်အရတော့ ညှိနှိုင်းဆွေးနွေးပွဲမှာ ဘုံအကျိုးစီးပွားတခု ရှိတတ်ပြီး သူ့ဘက် ကိုယ့်ဘက် လိုအပ်မှု လိုချင်မှုလေးတွေလည်း ကိုယ်စီ ရှိတတ်ကြတယ်။
ငြင်းခုံချင်းကတော့ ဘုံအကျိုးစီးပွား ဆိုတာထက် ပါဝင်သူတွေရဲ့ ယုံကြည်မှုရှိတဲ့ အရာတွေအပေါ်မှာ အခြေခံပါတယ်။
ဘယ်လို အခါမျိုးမှာ ညှိနှိုင်းဆွေးနွေးတာကနေ ငြင်းခုံတာ ဖြစ်သွားတတ်သလဲ ဆိုတော့ နှစ်ဖက်စလုံးက ကိုယ့်ရဲ့ လိုချင်မှု လိုအပ်မှုတွေကို တရွေးသားမှ မလျော့ဘူးဆိုပြီး တင်းခံရင် ဆွေးနွေးပွဲကနေ ပြင်းထန်တဲ့ ငြင်းခုံပွဲ ဖြစ်သွားတတ်တယ်။
ကိုကြောင်ကြီး ပြောတဲ့ ဥပမာလိုပေါ့။ မင်္ဂလာဆောင်မယ့် သတို့သားလောင်းနဲ့ မိန်းကလေးဘက်နဲ့ ညှိနှိုင်းတဲ့အခါ ဘုံအကျိုးစီးပွားက သတို့သားဘက်က ကြည့်ရင် ကိုယ့်ချစ်သူကို ပိုင်ဆိုင်ရေး ယောက္ခမလောင်းဘက်က ကြည့်ရင် သမီးရှေ့ရေး စိတ်အေးရဖို့နဲ့ ဩဇာညောင်းမယ့် သမက်တယောက် ရရှိရေးပေါ့။ နှစ်ဖက်စလုံး target ထားထားတဲ့ အကျိုးစီးပွားတွေ ရှိပြီးသားနော်။ အဲဒီ အကျိုးစီးပွားကို ညှိနှိုင်းတဲ့အခါကျတော့ ယောက္ခမရဲ့ အရေးကြီးတဲ့ လိုချင်မှုက အာရပ်ဝတ်စုံနဲ့ မင်္ဂလာဆောင်ရေးနဲ့ မင်္ဂလာပွဲမှာ ဟာလာလုပ်ထားတဲ့ အမဲသားနဲ့ ဒံပေါက်ကျွေးဖို့။ သမက်လောင်းရဲ့ လိုအပ်မှုက ဝက်ကောင်လုံးကင်နဲ့ ဝီစကီနဲ့ ဧည့်ခံဖို့။ အဲဒါ နှစ်ဖက်စလုံးက တင်းခံရင်တော့ ငြင်းခုံပွဲ အကြီးကြီးဖြစ်ပြီ။
သူ့ဘက် ကိုယ့်ဘက် win win system လုပ်မယ် ဆိုရင်တော့ မင်္ဂလာပွဲနေ့မှာ ယောက္ခမအလိုကျ အာရပ်ဝတ်စုံနဲ့ မင်္ဂလာဆောင်လိုက်။ ယောက္ခမကလည်း သမက်ကို bachelor night အပေါင်းအသင်းတွေကို ဧည့်ခံရာမှာ ဝက်ကောင်လုံးကင်နဲ့ ဝီစကီသောက်ခွင့်ပြုလိုက်။ အဲဒီလို အဖြေမျိုး ဖြစ်အောင် ညှိဖို့လိုတယ်။
အဘ ဘုတ်ကလုံ
November 18, 2013 at 10:49 pm
အပေါ်က ကိုစံလှပြောသွားသလိုပါပဲ ပို့စ်အကြောင်းအရာက ကောင်းပေးမဲ့
ဥပမာ ပွဲရုံတွေကြား ညှိနှိုင်းတာကျတော့ စာရေးသူ စိတ်ထဲ ရှိတာလေးကို ဥပမာ
အလွယ်ပြလိုက်တယ်ပဲ အဘဘုတ်က မြင်ပါတယ်ကွယ်။ ငြင်းခုံခြင်း ဖင်ပိတ်ငြင်းခြင်းဟာ
ညှိနှိုင်းခြင်း တစ်ဦးကိုတစ်ဦး Adjustable လုပ်တာမဟုတ်တာတော့ အဘဘုတ်
ဖင်ပိတ်အငြင်းသန်တဲ့လူအတွက် သေချာတာပါတယ်။
သေချာတာကတော့ ငြင်းတဲ့သူဟာ ကိုယ့်နဲ့ ဉာဏ်ရည်သူ ပညာရည်အဆင့်တူလောက်
ဖြစ်သင့်တာပါကွယ်။ ဒါမှလည်း တဖက်ကို ရပ်လို့ရမှာပေါ့ကွယ်။
ဒီမြန်းဂေဇက်က သဂျီး ခဏခဏပြောသလို မြန်မာပြည်မှာ သံဃာတွေများနေလို့
နိုင်ငံမတိုးတက်တာလို့ ပိုးစိုးပက်စက် ငြင်းခုန်လိုက်ပါလား။ အနုပညာမြှောက်သွားတာပေါ့ကွယ်။ 🙄
ခင်တဲ့
မှော်ဘီကလော်ဘီအဘဘုတ်
Ma Ma
November 19, 2013 at 5:03 pm
သိမ်မွေ့စွာ နားလည်မှုရှိစွာ ညှိနှိုင်းကြတာကို ငြင်းခုံခြင်းအနုပညာ လို့ ဆိုလိုချင်ပါတယ်။ 🙂
alinsett
November 19, 2013 at 11:33 am
ငြင်းခုံခြင်းဟာ အနုပညာတစ်ခု ဆိုရင်
ကျွန်တော် အဲဒီအနုပညာကို မချစ်ဘူး
ငြင်းခုံခြင်းထဲမှာပါဝင်နေတဲ့ အနိုင်ယူလိုစိတ်နဲ့ကိုယ်ပြောတာသာ
အမှန်ဆိုတဲ့ အတ္တ အထူအပါးအစားစား
. . . .
အဲဒါတွေကို သိပ်မကြိုက်ဘူးလေ။
🙂
Ma Ma
November 19, 2013 at 5:08 pm
ငြင်းခုံခြင်းကို ပညာသားပါပါလုပ်ကြရင် အနုပညာလို့ လှလှပပလေး ကင်ပွန်းတပ်ချင်တယ်။
အနုပညာသမားစစ်စစ်ကြီးကတော့ ဒီအနုပညာကို ဘယ်သဘောကျပါ့မလဲ။ 🙂
ကထူးဆန်း
November 19, 2013 at 9:20 pm
အဲ့ ဂလို အဲ့ ဂလို တွေ ကြောင့် သေနတ် ဒင် ၊ စစ်ဖိနပ် နဲ့ မကင်းကွာ နိုင်တာပေါ့ ..
ခု ကြည့်ပါလား … ဖြစ်ပျက်နေတဲ့ အဖြစ်တွေ ရဲ့ တစ်ခုချင်း အဖြေမရှာ တော့ဘဲ ကဲ စုစုပေါင်း ၃ရ လမ်း မှာ ဘာကားမှ မရပ်ရဆိုတဲ့ အာဏာရှင် တို့ ရဲ့ အနိုင်ကျင့် အမိန့်ထုတ် ခံရတာ ..
လူကြောင့် လူကြောင့် …
စံနစ်ကြောင့် စံနစ်ကြောင့် …
Ma Ma
November 20, 2013 at 9:17 am
The Flower News က Debate ကဏ္ဍမှာ ယာဉ်ကျော်ပိတ်မှုကို ယာဉ်မရပ်ရနယ်မြေ သတ်မှတ်ခြင်းဖြင့်
ဖြေရှင်းနိုင်တယ်။ မဖြေရှင်းနိုင်ဘူးဆိုတာကို စာမူခေါ်ထားတာ ၁၉-၂၅ နိုဝင်ဘာ ထုတ် ဂျာနယ်မှာတွေ့လိုက်တယ်။
ဒါပေမယ့် နောက်ဆုံးပို့ရမယ့်ရက် ၁၃-၁၁-၂၀၁၃ တဲ့။ 🙁
weiwei
November 20, 2013 at 9:41 am
ငြင်းခုန်ခြင်းမှာ အဖြေမရှိသလို ဘယ်တော့မှလဲ အဆုံးမရှိဘူး ..
နောက်ဆုံးတော့ မောပြီး စိတ်ကုန်ပြီး နားလိုက်မှသာ ရပ်သွားသလိုထင်ရပေမယ့် တကယ်တမ်းရင်ထဲမှာ ဆက်ငြင်းနေကြတုန်းပဲ ..
kai
November 21, 2013 at 1:17 am
အဲဒါ… အဲဒါ… ဘဝသံသရာ… အဲ..
အနုပညာ…. တဲ့..။ :kwi:
မဟာရာဇာ အံစာတုံး
November 21, 2013 at 10:36 am
ဒဂယ်ဒေါ့ …
ငြင်းတယ် ဆိုတဲ့ စကားလုံးဟာ
ခုန်တယ် ဆိုတဲ့ စကားလုံးနဲ့ တွဲဖက်ပြီး လာဂဲ့ဒါဘာ
ဒါဂို ထောက်ရှုသဖြင့် ….
ငြင်းတိုင်း ငြင်းတိုင်းမှာ ဆွေ့ဆွေ့ခုန်မှုဆိုဒါ တွဲဖက်ပီး ပါလာရဘာမယ် …
အခုဟာက …
ငြင်းခုန်တယ်လည်း ပြောသေးတယ် …
ခုန်ပီး မငြင်းဘဲ .. ထိုင်ပီး .. ရပ်ပီး ငြင်းနေဂျဒေါ့ …
ကျွန်ုပ်လို လောကပညာရှိဂျီး တစ်ယောက်ရဲ့ အမြင်မှာဒေါ့ …
ညက်စိထဲ ကန့်လန့်ဂျီး ဖစ်နေဒေါ့ဒါပေါ့ …
ဂလို …
နည်းလမ်းမကျ ငြင်းနေဂျပုံကိုဘဲ
အချို့အချို့တွေက အနုပညာ တောင် ထပ်ဖြည့်လိုက်သေးတော့ ..
ကြိတ်ကြိတ်ပီးဒေါ့ ရီမီဒေါ့ဒါပေါ့ …
ခွိခွိ … (ကြိတ်ရီရင်း အသံထွက်သွားသံ)
မိုက်ကယ်ဂျော်နီအောင်ပု
November 21, 2013 at 11:51 am
နေရာထိုင်ခင်းပြေလည်ဘို့က အဲ့သည်ဘုရင့်နောင်အဝင်ပေါက်မှာ
ဆိတ်ကားအုန်းလီး လို့ဆိုင်းဘုတ်ချိတ်ထားပြီး လေးဘီးဆို တွန်းလှည်းကအစ
ဖမ်းပြစ်ရမှာ
တွေးလည်းကြည့်ဦး
ပေနှစ်ဆယ်သာသာဂိတ်ပေါက်ဝမှာ ပြည်နယ်အဝှမ်းပို့မယ့်ကုန်စည်တွေကို
တင်မှာက ဆယ်ဘီးတွေ ဆယ့်နှစ်ဘီးတွေ
ဖွဲ့စည်းပုံက ဆိတ်ကားဂိတ်တွက်ဧရိယာမှာ လိင်ဗျံအရေးပေါ်ဆင်းဘို့
အနုပညာနေကြတာလည်း ကိုယ့်ကိုယ်ကိုယ်သိဂျဘါအုံး
ဒါနဲ့ ဂျီးဒေါ့်ဂိတ်က ဘါနာမည်ဒုံး
ကုန်ထမ်းဝန်ထမ်းတစ်နေရာလိုခြင်လို့ဘါ
ရဲစည်
November 21, 2013 at 7:41 pm
အဟေး …. ဟေး
ငြင်းခုန်ခြင်း အနုပညာတော့ မသိ ကိုအောင်ပု ကွန်းမင့်ကတော့ တကဲ့ ဖြစ်နေတဲ့ လက်ရှိအခြေအနေနဲ့ သိပ်ကိုက်တယ် …. ။
ဆိုတော့ …
သေချာတော့လုပ် … မဟုတ်လို့ကတော့ မြို့ပြင်ထုတ်ပီး အဲ့နေရာကို ဟော်တယ် ဆောက်ပလိုက်မယ် …
ငှဲ …. ငှဲ …