Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ညှို့ငင်အားပြင်းတဲ့ အမျိုးသမီး နိုင်ငံရေးသမားများ

ေဇယ်ာစံNovember 30, 20131min66916

ဒီဆောင်းပါးရဲ့ မူရင်းနာမည် က The sexiest female politicans of the world ပါ။ တခြားစာသားတွေက ပြသာနာမရှိပေမဲ့ sexy (ဆက်စီ) ဆိုတဲ့ စာသားကတော့ နဲနဲပြောစရာရှိပါတယ်။ ကျွန်တော်တို့တတွေ ဆက်စီဆိုတဲ့ စကားကိုသုံးနှုန်းတာဟာတချို့နေရာတွေမှာတော်တော်မှားယွင်းနေတယ်လို့ ထင်မိပါတယ်။ ကျွန်တော် ကတော့ ဆက်စီဆိုတာကိုညို့ငင်အား၊ဆွဲဆောင်အားလို့ ထင်မိပါတယ်။ sexy ဆိုတဲ့စကားလုံးကိုတဖက်လိင်ကိုဆွဲဆောင်နိုင်တဲ့ အစွမ်းရှိသူတွေ အတွက် သုံးရတဲ့စကားလုံး ဖြစ်ပါတယ်။
ဥပမာမင်းသမီးအင်ဂျလီနာဂျိုလီဟာကမာ္ဘ့ sexy အကျဆုံးအမျိုးသမီးတွေထဲမှာ ပါဝင်တဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ဒါပေမယ့် သူအဲ့လိုနာမည်ကြီးရတဲ့ အကြောင်းရင်းကသူမရဲ့ ဖက်ရှင်ကြောင့် မဟုတ်ပဲသူမရဲ့ညှို့ယူမှု့ အားကောင်းလှတဲ့ နှုတ်ခမ်းလေးတွေ ကြောင့်ပါပဲ၊ နိုင်ငံတကာမှာဆိုရင် sexy ကျတယ်လို့အပြောခံရတဲ့ မိန်းကလေးတစ်ယောက်ဟာသူ့ကိုသူအရမ်းကိုဂုဏ်ယူပါတယ် ဘာလို့လဲဆိုတော့ ဒီ sexy ကျတယ် ဆိုတဲ့စကားဟာသူမဟာတဖက်သားအားအရမ်းကိုညှို့ယူနိုင်တဲ့ အစွမ်းရှိသူလို့ပြောတာနဲ့ အတူတူပါပ။ဲဒီနေရာမှာ ကျွန်တော် အဓိကပြောချင်တာက sexy ကျတယ်ဆိုတာ အဝတ်အစားကို လျပ်ပေါ် လော်လီစွာ ဝတ်စားတာ (provocative style) ကိုဆိုလိုတာမဟုတ်တာကိုပါပဲ။ sexy ကျခြင်းနှင့် လူမြင် မကောင်းအောင် ဟိုပေါ် ဒီဖော် ဝတ်စားခြင်း (Provocative Style) ကိုခွဲခြားနိုင်ဖို့လိုအပ်ပါတယ်။
အခုဒီဆောင်းပါးဟာကမာ္ဘပေါ်မှာညို့ငင်အားကောင်းတဲ့ အမျိုးသမီးတွေ အကြောင်းရေးထားတာပါ။ ညို့ငင်အားကောင်းတဲ့ အမျိုးသမီးတွေဆိုတာလောကမှာတပုံတပင်ရယ်…။
အများကြီးရှိပါတယ်။
ဘာဖြစ်လို့ သူတို့ကိုမှရွေးပြီးဖော်ပြရသလဲဆိုတော့ သူတို့ဟာ နိုင်ငံရေးနယ်ပယ်ထဲက ဖြစ်နေလို့ပါပဲ။ နိုင်ငံရေးနယ်ပယ်ဆိုတာကသိတဲ့အတိုင်းပါပဲ။ များသောအားဖြင့် ဆံပင်ဖြူဖြူ၊ ခါးကိုင်းကိုင်းအဖိုးကြီးတွေနဲ့ ပုံတုံးတုံးဒီဇိုင်းတွေသာတွေ့ရတတ်တဲ့ လောကမဟုတ်လား။ အဲဒီ နိုင်ငံရေးလောကမှာအခုလိုစမတ်ကျကျ နဲ့ လူတဖက်သားကိုဆွဲဆောင်နိုင်စွမ်းအပြည့်ရှိတဲ့ အလှတရားတွေ ပွင့်ဖူးလာပြီဆိုတော့ အရင်ကထက်ကိုစိတ်လှုပ်ရှားစရာပိုကောင်းလာတော့မှာသေချာလှပါတယ်။
ဆောင်းပါးရှင် က လွှတ်တော်အမတ်တွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ မြို့တော်ဝန်တွေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ အပြင် ထူးခြားထင်ရှားတဲ့ ဝန်ကြီးတွေကိုစုစည်းပြီးကမာ္ဘပေါ်မှာညို့ငင်အားအကောင်းဆုံးအမျိုးသမီး နိုင်ငံရေးသမားတွေ ကိုRank ခွဲပြီးရှာဖွေတင်ဆက်ထားခဲ့ပါတယ်။

 

10. SitridaGeagea

အနောက် အာဖိရိကမှာစီးပွားရေးလုပ်ငန်းတွေ အများအပြားရှိနေပေမဲ့ နိုင်ငံရေးကိုမှ ဝါသနာကြီး၊ စိတ်ဝင်စားတဲ့ စထရီဒါဂီယာဟာလက်ဘနွန် အမေရိကန်နွယ်ဖွား ဖြစ်ပြီး ချိုသာတဲ့ အပြုံးနဲ့ ထက်မြက်တဲ့ ဉာဏ်ပညာကြောင့် လက်ဘနွန် ဖက်ရှင်လောက၊ မီဒီယာအသိုင်းအဝိုင်း နဲ့ နိုင်ငံရေးနယ်ပယ်မှာတော့ မသိသူမရှိလောက်အောင်ကိုကျော်ကြားလှပါတယ်။တက္ကသိုလ် တက်စဉ်အတွင်းမှာလက်ဘနွန်အင်အားစုပါတီ (LF) ရဲ့ ထင်ရှားလှတဲ့ နိုင်ငံရေးသမားစမာဖရက် နဲ့ ချစ်ကြိုးသွယ် လက်ထပ်ခဲ့ပါတယ်။ လက်ဘနွန် ပြည်တွင်းစစ် အတွင်းမှာခင်ပွန်းဖြစ်တဲ့ စမာဖရက် ဟာ ၁၁ နှစ်လောက် အကျဉ်းထောင်ထဲမှာထိန်းသိမ်းခံခဲ့ရတဲ့ အချိန်မှာလက်ဘနွန်အင်အားစုပါတီကိုဦးဆောင်ပြီးသူမရဲ့ အရည်အချင်းကို ပြသခဲ့ပါတယ်။

 

9. Hillary Clinton

ခန့်ငြားတဲ့ နေထိုင်ဟန်၊ စမတ်ကျကျ ဖက်ရှင် တွေနဲ့ စူးရှတဲ့ အမြင်အသိတွေကသူမကိုဟီလာရီ ဖြစ်စေခဲ့ပါတယ်။ အသက် ၆၅ နှစ် ဆိုတာကိုဘယ်သူမှ ယုံနိုင်လိမ့်မယ် မထင်ဘူး။ အခုချိန်မှာအမေရိကန်နိုင်ငံသားတစ်ယောက်ကို နိုင်ငံရေးအကြောင်းသွားမေးရင် “ ဟီလာရီသမ္မတ ဖြစ်လာမှာလား “ ဆိုတာကလွဲရင် တခြားအကြောင်းတွေ သိတ်စိတ်မဝင်စားဘူး ဆိုတဲ့ အဖြေကိုပဲရလိမ့်မယ် လို့ တင်စားခံရတဲ့ အထိလူတွေအပေါ်မှာဆွဲဆောင်နိုင်စွမ်းအားကောင်းလှပါတယ်။ ဟီလာရီရော့ဟမ် ကလင်တန် ဟာအမေရိကန်သမ္မတဘီလ်ကလင်တန် နဲ့ လက်ထပ်ခဲ့ပေမဲ့ သူမဟာကိုယ်တိုင် ထွန်းပနေတဲ့ ကြယ်တစ်စင်းဆိုတာကို နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ပြခဲ့ပါတယ်။ အီလီနွိုက်သူဟီလာရီဟာလူများစွာအပေါ်ကိုညို့ငင်ဆွဲံဆောင်နိုင်မှုကိုခပ်ငယ်ငယ် ဝက်စလေ ကောလိပ်ကျောင်းသူ ဘဝ ကတည်းကအရည်အသွေးပြသခဲ့သူတစ်ဦးပါ။
နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေ က သူမရဲ့ အကြည့် ဟာကိုယ်ရည်ကိုယ်သွေးနဲ့ ခွန်အားကိုတိုးပွားစေတယ် လို့ ယုံကြည်ကြပါတယ်။

8. Belinda Stronach

ကနေဒါ ပါလီမန် လွှတ်တော်ရဲ့ အမတ်အများကြီးထဲမှာတွေ့စေနိုင်တာကဘီလင်ဒါ ရဲ့ အလှတရားပါပဲ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားလည်း ဖြစ်တဲ့ ဘီလင်ဒါ ကနေဒီယန်းသူဌေးတစ်ဦးပါ။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလဲ ဖြစ်ပါတယ်။ နေရှင်နယ် ပို့စ် သတင်းစာ က သူမကိုကမာ္ဘ့အကောင်းဆုံးစီးပွားရေးလုပ်ငန်းရှင် လို့ အမည်တပ်ခဲ့ရတဲ့ အထိကုန်သွယ်မှုနဲ့ ပတ်သက်ပြီး ကြိုတွေးနိုင်တဲ့ အသိ၊အမြင် တွေ ပိုင်ဆိုင်ထားပါတယ်။ ကနေဒါ နဲ့ တဟုန်ထိုးတက်လာရတဲ့ ချမ်းသာကြွယ်ဝမှု ရဲ့ နောက်မှာအေးအေးချမ်းချမ်းနေထိုင်လေ့ ရှိတဲ့ ဘီလင်ဒါ တစ်ယောက်ရှိနေပါတယ်။ အလုပ်ကိုလက်နဲ့ မပြတ်အောင် လုပ်တတ်တဲ့ ဘီလင်ဒါ ဟာရုံးပြီးချိန် သောကြာနေ့ ညတွေမှာတောင် သိုးမွှေးထိုးရင်းအချိန်ကိုအကျိုးရှိရှိအသုံးချတတ်ပါတယ်။
နှစ်ခါ လက်ထပ်ခဲ့ပြီးဖြစ်တဲ့ ဘီလင်ဒါ ဟာလူသားတစ်ဦးပီပီအမှားအယွင်းတချို့ ပြုလုပ်ခဲ့ဖူးပါတယ်။ ပါတီတခုမှာ ရေကူးဝတ်စုံ နဲ့ ဓါတ်ပုံရိုက်ခဲ့ဖူးတဲ့ အတွက် သူရဲ့ ပါတီရောသူကိုယ်တိုင်ရောအတော်လေးအပြောအဆိုခံခဲ့ရပါသေးတယ်။ ဒီအတွက် သူမှားကြောင်းတောင်းပန်ခဲ့ပါတယ်။ သူရဲ့ ကမာ္ဘကျော် စကားကို က “Let’s Face it” တဲ့ ။ သူမျက်နှာချင်းဆိုင် ပြီးရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့ပါတယ်။

7. Julia Gillard
ငယ်ငယ်တုန်းကဆေးသုတ်တဲ့ လုပ်ငန်းနဲ့ပဲ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းဖို့ စဉ်းစားခဲ့ဖူးတဲ့ ဂီလတ် ဟာအခုဆိုရင် ဩစတြေးလျ နိုင်ငံမှာ ဝန်ကြီးချုပ် အဖြစ် အောင်မြင်မှု ရရှိနေခဲ့ပါပြီ။ သမိုင်းမှာ ပြည်သူ၊ ပြည်သားတွေ အချစ်ဆုံးနိုင်ငံရေးသမားတစ်ယောက်ပါ။ အနီရောင် ကို နှစ်သက်တဲ့ ဩစတြေးလျ အလုပ်သမားပါတီခေါင်းဆောင် ဂီလတ် ဟာ ပြီးခဲ့တဲ့ နှစ်က Ralph မဂ္ဂဇင်းရဲ့ ဆွဲဆောင်မှု အရှိဆုံးအမျိုးသမီးစာရင်းမှာရွေးချယ်ခံခဲ့ရပြီးနောက် ဘီကနီ ဝတ်စုံ နဲ့ ရိုက်ကူးပေးရင် တစုံတခုသောအတိုင်းအတာနဲ့ ငွေကြေးချီးမြှင့်ပါမယ်လို့ ကမ်းလှမ်းခံခဲ့ရပေမဲ့ ဂီလတ် က ချက်ချင်းပဲကမ်းလှမ်းချက်ကိုပယ်ချခဲ့ပါတယ်။ ပြီးမြောက်တဲ့ အလုပ်ကပဲ ပြည်သူတွေကိုဆွဲဆောင်နိုင်စွမ်းရှိမယ်လို့ ယုံကြည်တဲ့ ဂီလတ် ရဲ့ ကမာ္ဘကျော် စကားတခုရှိပါတယ်။ သူမမြေကို ကျူးကျော်ဝင်ရောက်လာသူတွေ နဲ့ ပတ်သက်ပြီးပြောခဲ့တာပါ။

ကျွန်မတို့ကရှင်တို့ကိုဖိတ်ခေါ်ခဲ့တာမဟုတ်ပါဘူး။ ဒီအတွက် ရှင်တို့ နဲ့ ပတ်သက်ပြီးဘာကိုမှ လုပ်ပေးဖို့ မလိုပါဘူး။ ကျွန်မတို့ တိုင်းပြည် မှာနေထိုင်မယ် ဆိုရင် ကျွန်မတို့ တိုင်းပြည် က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပါ။

…တဲ့.။

(ဆက်လက်ဖော်ပြပေးပါမယ် …)

16 comments

  • Ma Ma

    November 30, 2013 at 7:37 am

    မှတ်သားဖွယ်
    အားကျဖွယ်
    အတုယူဖွယ်
    လိုက်နာဖွယ် များပါတကားးးးးးးးးးး 🙂

  • alinsett

    November 30, 2013 at 7:39 am

    ဆက်လက် ဖတ်ရှုဖို ့ရယ်ဒီပါ

    • zayarsan

      December 1, 2013 at 11:51 pm

      အိုကေ ဘေဘီ။
      😛

  • ဦးကြောင်ကြီး

    November 30, 2013 at 11:10 am

    တရုတ်ကူမြူနစ်ပါတီ ပါလစ်ဗျူ ရိုအဖွဲ့ဝင် ကြေးမုံဂျီး (ခ) အီတွန့်ဗွမ် စက်ဆီ အကျဆုံးဗဲ.. ကျဆို ပီပါအဖုံး လုံမှ မလုံတာ.. တရုတ်လုပ်ဆို ဘာမှ အကောင်းဗူး.. တရုတ်မကလွဲ အခြား ဘာမှ သွားမယူလေနဲ့။

    • zayarsan

      December 1, 2013 at 11:54 pm

      ဘာပြောရမှန်းတောင် မသိတော့ပါဘူး။
      ဥ … ကြောင်ရယ်…။

  • padonmar

    November 30, 2013 at 10:20 pm

    ဒါလေးကို ဘာသာပြန်ပေးတာ ကျေးကျေးပါဗျို့။
    ဆက်စီကို အဓိပ္ပါယ်ကောက်လွဲခဲ့ကြတော့ ဒီနာမည် အတပ်ခံရမှာကြောက်စရာ မှတ်နေခဲ့ကြတယ်။
    ရှေ့ဆက်လာမယ့် နံပါတ်တွေမှာ ဒေါ်စုနဲ့ ယင်လပ်လည်းပါမယ်လို့ မျှော်လင့်ပါတယ်။

    • zayarsan

      December 1, 2013 at 11:49 pm

      ကျေးဇူးပါ ဗျာ။

  • TNA

    December 1, 2013 at 12:55 pm

    ဆက်လက်စောင့်မျှော်လျှက်ပါ

    • zayarsan

      December 1, 2013 at 11:46 pm

      ကျေးဇူးပါ

  • Paing Lay

    December 1, 2013 at 3:47 pm

    ထိပ်ဆုံးက အမျိုးသမီးက အသက်အငယ်ဆုံး ဖြစ်မယ်ထင်ပါတယ် o_O

    • zayarsan

      December 1, 2013 at 11:47 pm

      အီတလီ က တစ်ယောက် က အငယ်ဆုံးပါ။

  • KZ

    December 2, 2013 at 8:58 am

    အားကျစရာ။

    🙂

    • ဇေယျာစံ

      December 3, 2013 at 1:01 am

      Welcome 2

Leave a Reply