ရင်ထဲက မမ mm
မမရေ….
အချိန်ကာလ
အတားအဆီး
ငါ့အဖို့တခဏ….
တော တောင် ကနာ္တရ
အခက်အခဲ
နင်းဖြတ်ကျော်ခဲ့….
ပင်လယ် သမုဒ္ဒရာ
မာယာလှိုင်းတံပိုး
ငါ့ကိုမလွှမ်းနိုင်….
ကျားရဲတိရိစာ္ဆန်
ကုမာ္ဘန် ယက္ခ
ကြောက်မတဲ့လား….
သို့ပေမယ့်
ကံကြမ္မာကိုတော့
ငါမတွန်းလှန်နိုင်….
ရှင်လျက်နဲ့
သေရပြီ
ဘဝ = ဒုက္ခ….
ယောက်ျားတန်မဲ့
မျက်ရည်စက်လက်
ဒူးထောက်ကျ….
သေရွာပါ
သီချင်းစာသား
“ခြစ်ဖူးတယ်….”
လွမ်းနေဆဲပါ
မမရေ
ပြန်မဆုံတော့မည့်
နေ့တွေရေတွက်ရင်း….
အန်တီမမရေ… ကြောင်ကြီးကို ခွေးလွှတ်ပါဗျာ။ အခြား နာမ်စားသုံးစရာ ရှာမတွေ့လို့ မမ ကလောင်အမည် ယူသုံးမိပါတယ်။။။။ အသဲကွဲကြောင်ကြီး 😥
16 comments
KZ
December 18, 2013 at 11:48 am
ဒက်ဒီကြောင် သနားပါတယ်ဟယ်။
😥
ဦးကျောက်ခဲ
December 18, 2013 at 11:50 am
ဟင်… ခီညားပြောတော့ ပက်ကညော အီတွန့်ဗွမ်ဆို…
အခုတော့ အသီးကွဲပြီဆိုပြီး ကိလေသာအငုတ်ကို ထုတ်ဖော်နေသကိုး…
😀
ဗုံဗုံ
December 18, 2013 at 1:00 pm
ဒက်ဒီရယ်… မငိုပါနဲ့…. 😥
surmi
December 18, 2013 at 1:08 pm
တစ်ရက်ပျော်ချင်…အရက်သောက်
တစ်လပျော်ချင်….. ခရီးထွက်
တစ်နှစ်ပျော်ချင် …မိန်းမယူ
တစ်သက်လူံးပျော်ချင်ရင်တော့…
သစ်ပင်စိုက်…တဲ့..
ကဲ…ကကြောင်ကြီး..
ခင်ဗျားတစ်သက်လုံးမပျော်ချင်ဘူးလားဗျာ ……
:harr:
Mr. MarGa
December 18, 2013 at 2:03 pm
ဟိုက်
ဒီတစ်ခါ ဦးကြောင် အသီးကွဲခန်း ဟ
အရင်တစ်ခါက တစ်ရွာလုံးကို ပတ် ကုတ်နေပြီး
အခုကျ ငြိမ်သွားတာလား ဟင် :mrgreenn:
kyeemite
December 18, 2013 at 3:11 pm
အဟွတ်..အဟွတ်
ရှလွတ်..ရှလွတ်နဲ့
တတွတ်တွတ် ရွတ်ရင်း
လွမ်းနေမယ် “မမ”
😥
Wow
December 18, 2013 at 3:38 pm
မမ ဆိုတာ သိသလောက်တော့ မြန်မာ့မီးရထားကိုပြောတာ… ဒယ်ဒီကြောင်က မီးရထား ဝန်ထမ်းတွေနဲ့လား ဟင်… ငင်င်င်င်င်….
Myo Thant
December 18, 2013 at 4:50 pm
ကြောင် အသည်းကွဲတာ ခုမှ ကြားဘူးသဗျာ ၊
မပူနဲ့ ၊ ဆရာ့ဆီမှာ စူပါဂလူး ကဒ်လိုက်ရှိတယ် ၊
ဆရာ့တုန်းကလည်း ဒီလိုပါပဲကွယ် ၊ 🙂
ကြောင် အသည်းကွဲ
နောင် တလွဲပဲ
ရှောင်အမြဲ မတွဲ
ပြောင် ကျွဲမဲ
•*¨နန်းတော်ရာသူ •*¨
December 18, 2013 at 6:47 pm
ဒက်ဒီကြောင်အသီးကြာကြာကွဲနေပြီး ဂုလိုလေးမခုတ်တတ်တဲ့ကြောင်ဘွကြာကြာလေးရောက်နေပါဇေ
😥 😀
alinsett
December 18, 2013 at 7:53 pm
အမ်…
အုကြောင်….
ကဗျာပြခန်းအတွက်.. ကဗျာပေးပါဆိုတော့.. ဂဗျွတ်ကြီး..ပေးလာတယ်.. ။
အခုကျတော့.. အသဲကွဲတလိုလိုဘာလိုလိုနဲ ့. .. ကဗျာကြီးရေးတယ်..
ဟွန်း ဟွန်းးးး
:kwi:
padonmar
December 18, 2013 at 8:27 pm
တိုင်ပြောမယ်
အန်တီမမကို စောင်းပါးရိပ်ခြေပြောနေပါတယ်လို့။
မိုက်ကယ်ဂျော်နီအောင်ပု
December 18, 2013 at 9:56 pm
ဆရာကြောင်ကြီးရဲ့
မမ ဂို လာမယ့် နင်ယူးယီးယားမှာကျင့်ပမယ့်
သက်ကြီးပူဇော်ပွဲဂို ကြွရောက်ဘို့
ဖိတ်ကြားအပ်ဘါဒယ်ခင်ညားးးးးးးးးးးးး
Aung
December 18, 2013 at 10:13 pm
အသက် ၅ဝ ဝန်းကျင် မိန်းမတွေကို ထိကပါးရိပကါး နောက်တာလဲ
မုဒိမ်းမှု၊ ကာယအိန်ဒရေ ထိပါးမှုမြောက်ပါတယ်။
ကျော်စွာခေါင်
December 19, 2013 at 4:09 am
ဦးကြောင်အသဲ
မူးကြောင်ကွဲ
…အဲ..
ဘာဆက်ရေးရမှန်းမသိတော့ဘူး..
ကဲ..ဆက်သာ ငိုပါ..ဦးကြောင်ရာ..။
ကျနော်လဲ ဗီဇာလုပ်ရတာသာ လွယ်မယ်ဆို..
လာပြီး အတူဝိုင်းငိုချင်ပါတယ် ဦးကြောင်..ဒါပေမယ့် မဖြစ်နိုင်လွန်းလို ့ပါ…
ကဲပါလေ…ဆက်ငိုုလိုက်ပါ..ကွာ့ကို..။
Ma Ma
December 19, 2013 at 5:36 pm
နာမည်အလွဲသုံးစားလုပ်နေတဲ့သတင်းရလို့ ဝင်ကြည့်တာ။ 👿
စကားကပ် အဲ- စကားတတ်တဲ့ကြောင် ဒီတခါတော့ နာမည်အစားထိုးဖို့ ရှာမရဘူးဆိုကတည်းက အမှန်အကန်အသည်းကွဲနေတာဖြစ်ရမယ်။
သနားစရာပဲ။ 😀
ရွာ့ဆယ်လီဘရစ်တီကြီးတစ်ယောက် အသည်းကွဲနေတာ မဖြစ်သင့်တာမို့…….
ပြန်ဆက်ဖို့ ကြေးမုံကြီးကို ရှာပေးအုံးမှပဲ :loll:
TNA
December 20, 2013 at 10:45 pm
အူးကြောင်ရယ် မကြံအပ်မစည်ရာ မြန်မာ့မီးရထား ( မမ ) နဲ့မှာကြိုက်ရဒယ်လို့။ ကြိုက်စရာရှားလို့။ အခုဒေါ့ ဟိုက အဲကွန်းရထား ( အဲကွန်းမမ ) ဖြစ်တွားဘီဆိုတော့ အူးကြောင်ကို ပစ်တွားဘီပေါ့။ တိတ်တိတ် တိတ် နိုနဲ့ နိုနဲ့