Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Soccer ဘော Talker မော

မြန်တျန့်ဘောလုံးအသင်း ဆီးဂိမ်းအုပ်စုမှာ ထွက်ရတာနဲ့ ပတ်သက်ပြီး နည်းပြဟောင်း ပတ်ဆောင်ဟွာကို ဝိုင်းဆဲနေဂျတော့ မာမွတ်ခိုမ်သဂျီး အလိုကျ မတူတဲ့အတွေးနဲ့ ဆွေးနွေးဂျင်ဒယ်။ ကိုရီးယားဂျီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောသဗျာ.. head to head စည်းမျဉ်း သူမသိရပါ၊ ဂိုးကွာခြားမှု အရေအတွက်နဲ့ အကြိုဗိုလ်လုပွဲ တက်မတက် ဆုံးဖြတ်မည်လို့ ပွဲပြီးချိန်အထိ ထင်နေဂျောင်း။ အဲမှာတင် ဝိုင်းဖဲ့လိုက်ကြတာ ရစရာမရှိဘူး..။ ဆဲဗင်းဒေးနေ့စဉ် သတင်းစာဆို ကိုရီးယား စကားပြန်နဲ့ အင်တာဗျူးမှာ တမင်လုပ်လေသလား ၅၀-၅ဝ ပဲလို့တောင် ဖြေတာတွေ့တယ်။

ဖတ်လိုက်တော့ ဘောလုံးအဖွဲ့ချုပ်လူကြီးတွေ၊ မြန်မာနည်းပြတွေနဲ့ ကိုရီးယားနည်းပြတို့ရဲ့ ဆက်ဆံရေး အဆင်မပြေ၊ အချိုးမကျတာ တွေ့ရတယ်။ နောက်ဆုံးဗျာ နှစ်သင်းထိပ်တိုက်တွေ့ ရှုံးသူထွက် ဆိုတာတောင် ပြောခဲ့တယ် မပြောဘူး ရှင်းရှင်းလင်းလင်း မဖြစ်ဘူး။ ပါးစပ်ပြောနဲ့ပြောတယ်၊ စာထုတ်ပြတယ် ဝေဝေဝါးဝါး ဖြစ်နေတယ်။ ပတ်ဆောင်ဟွာ အင်္ဂလိပ်စာ အားနည်းတယ်ဆိုတာ အစောကြီးထဲက သိကြတယ်၊ ဒါကိုဘာလို့ တိတိကျကျ သတိပေး ပြောဆိုမှု မရှိခဲ့သလဲ။ ရိုးရိုးသာမန် ဘောလုံးအသင်း မဟုတ်ဘူး၊ ဆီးဂိမ်း ရွှေတံဆိပ် မှန်းထားတဲ့ အမျိုးသား လက်ရွေးစင်အသင်းဖြစ်တယ်။ ဘောလုံးအဖွဲ့ချုပ်သာမက တနိုင်ငံလုံးနဲ့ ဆိုင်နေဒယ်။ တနည်းအားဖြင့် ပရောဂျက်ကြီး ဖြစ်ပါဒယ်။ အဲလို အလုပ်ကြီး အကိုင်ဂျီးတွေမှာ စာနဲ့ပေနဲ့ မှတ်တမ်းတင် ဆက်သွယ်ချက် နားလည်မှု ရှိရမယ်။ ပြောတယ်ဆိုလည်း Office memoလို ရုံးစာ ထုတ်သင့်တာပေါ့။ ဘာလို့ မလုပ်ခဲ့သလဲ၊ ရုံးလုပ်ထုံးလုပ်နည်း မပီပြင်တာလား၊ အမှုထမ်းတွေ အားနည်းချက်လား၊ လူဂျီးများကိုယ်တိုင် မသိတာလား..။

လုပ်ထုံးလုပ်နည်းမှာ နည်းမှန်လမ်းမှန် အသိပေးတာ မဟုတ်ရင် တရားမဝင်ဘူး၊ နှုတ်မိန့်ဆိုတာ အတိုင်းအတာ တခုထိပဲ သက်ရောက်နိုင်တယ်။ ရှေ့တန်းလိုဟာမျိုးမှာတော့ တမျိုးပေါ့ဗျာ။ မြန်တျန့်ပြည် ဒီလိုနဲ့ပဲ ပျက်ခဲ့တာ မဟုတ်လား။ ဒီတော့ ပတ်ဆောင်ဟွာ အနေနဲ့ ငြင်းမယ်ဆို ဘယ်အပေါ် အခြေခံ ငြင်းသလဲ ရေရေရာရာ သိဖို့ လိုဒယ်။ သူသိပါတယ်ဆိုတဲ့ စွပ်စွဲချက် ခုထက်ပိုတိကျဖို့လိုမယ်။ နောက်တချက်က သမတရုံးညွှန်မှူး မှူးဇော် ပြောတာထင်တယ် ဘောအဖွဲ့ချုပ်နဲ့နည်းပြ အကြား ဆက်သွယ်မှု အားနည်းတယ်လို့ ဝေဖန်တာ ဖတ်ရတယ်။ သူက မျက်စိနားလဗျွတ်ကြီးမို့ ပိုသိပါမယ်။ ကိုရီးယားနည်းပြ အနေနဲ့လည်း ဗျောင်ကြီးတော့ မလိမ်ကောင်းရာ ထင်တာပဲ၊ လိမ်ခဲ့ရင်တောင် သူ့မှာ ဝှက်ဖဲရှိထားလိမ့်မည်။

ဟောဟဲ ဘောမဲ တောထဲ ချောလဲ
ဟောဟဲ ဘောမဲ တောထဲ ချောလဲ

ခေါင်းမာလို့ ဖြစ်တာလား..၊ ဆက်သွယ်ရေး မပီပြင်လို့လား..၊ လုပ်ထုံးလုပ်နည်း အားနည်းချက်ကြောင့်လား..၊ အတ္တတွေ သိပ်ကြီးနေဂျလို့လား.. လားပေါင်းများစွာနဲ့ မြန်တျန့်စစ်တပ် ဝန်တင်လားတပ်ရင်း အသစ်ဖွဲ့သင့် ပါဂျောင်း ဖင်ပြအပ်ပါသည်။

ဒါနဲ့ဗျာ စဂါးအတင်းစပ်.. ဘောပွဲ ဆူပူရမ်းကားသူတွေကို ဘောလုံးဥက္ကဌ ဦးဇော်ဇော်ကိုယ်တိုင် ပိုက်ဆံပေး အာမခံပေး လိုက်ထုတ်ပေး၊ အင်တာနက်မှာ လိုက်ကာပေးနေတာ တွေ့ရတော့ စစ်အုပ်ချုပ်ရေးခတ်က ရဲမှူးဂျီး တယောက် ပြောတာမှတ်မိတယ်၊ အတော်များများလည်း ကြားဖူးပါမယ်၊ သူ့သားလား တူလားရဲ့ သူငယ်ချင်းတွေကို နိုင်ငံရေးကလွဲရင် ကျန်တာဘာလုပ်လုပ် လိုက်ရှင်းပေးလို့ရတယ်၊ ဒို့အရေးတော့ သွားမလုပ်လေနဲ့လို့ လက်ချာပေးတယ်။ အခုလည်း သူတို့ကုလားထိုင်သာ သွားမလှုပ်နဲ့ (တရုပ်ကြီးအပါဝင်) ကျန်ဒါ ဘာလုပ်လုပ် ခွေးလွတ်တယ် ဖြစ်နေဗီ။

ဘောလုံးရေးရာ ကြွက်ကင်သူ ဦးကြောင်ကြီး

17 comments

  • kyeemite

    December 19, 2013 at 11:11 am

    ဘောလုံးဥက္ကဌ အူးဇော်ဇော်အနေနဲ့ အာမခံပေး လိုက်ထုတ်ပေး၊တာနားလည်ပေးလို့ရပေမဲ့
    ပျက်စီးသွားတဲ့ခုံတွေ ဘောအဖွဲ့ချုပ်ကပြန်ပြင်ပေးတာ..ဟုတ်သလိုရှိပေမဲ့….
    ဖျက်ဆီးရမ်းကားသူတွေကို လမ်းစရိတ်အမည်တတ်ပြီး ၅၀၀၀ဝ စီထုတ်ပေးတာ
    (မန်းလေးကတစ်ယောက်တော့၁၀၀၀၀၀) ကတော့ ဖျက်ဆီးဆူပူရမ်းကားမှုအတွက်
    ဆုချသလိုဖြစ်နေတယ်..လုံးဝမသင့်တော်ပါ…
    ရှင်းရှင်းပြောရရင်..head to head စည်းမျဉ်းတွေဘာတွေ သိသိမသိသိ ဘောကန်ပြီဆိုတာနဲ့
    နိုင်အောင်ကန်ဖို့တာစူရမှာပဲ..ဘာမှလျှော့ပေါ့စီစဉ်စရာကိုမရှိတာ…
    တစ်ကယ်တော့မနိုင်တာညံ့လို့၊ အလေ့အကျင့်လိုနေသေးလို့၊ သူများအသင်းခြေ
    ကိုမမှီသေးလို့ဆိုတာရှင်းနေတာပဲ

    • အဲဒီစကားကိုအာပေါက်အောင်လိုက်ပြောရလို့ နလပိန်းဒုန်းတွေနဲ့လဲမိတ်ပျက်ရပြီ။
      ဖွဘုတ်သုံးလာတဲ့တလျှောက်ကွကိုယ်အေးအေးဆေးဆေးနေလာတာကြာပြီ။
      တခါမှ ဒီလောက် မယောင်ရာဆီလူးတွေ ကဲကဲဆတ်တွေမတွေ့ဖူးဘူး။
      🙁

  • မင်း ခန့် ကျော်

    December 19, 2013 at 11:26 am

    အဖွဲ့ချုပ်ကို ပြန်ဖွဲ့သင့်တယ်။

    ဦးဇော်ဇော် တကယ် မြန်မာ့ဘောလုံးလောကကို

    ချစ်တယ်။မြှင့်တင်ချင်တယ်။ ပံ္ပပိုးချင်တယ် ဆိုရင်

    တကယ် အားစိုက်ခွန်စိုက်နဲ့ တက်ကျွမ်းနားလည်းပြီး
    တစိုက်မက်မက် လုပ်နိုင်မဲ့သူကို နေရာပေးလိုက်ပါ။
    ဆက်ဆံရေး ဆိုတာ ပြိုင်ပွဲနားနီးမှတည်ဆောက်တဲ့ ထိတွေ့တဲ့
    ဆက်ဆံရေးထက် နေ့စဉ် ထိတွေ့ရတဲ့ဆက်ဆံရေးကမှ အကျိုး
    ဖြစ်ထွန်းမှာ။
    ဦးဇော်ဇော် တော်ပါတယ်။ (မတက်ပါဘူး)
    ငွေကြေး တက်နိုင်တယ် (အချိန်မပေးနိုင်ပါဘူး)
    ဒီနှစ်ချက် ကို အလေးထားပြီး တက်ကျွမ်းသူ အချိန်ပေးနိုင်သူ
    ကို နေရာပေးပြီး နောက်က ဆက်ထောက်ပံ့ ပေးပြီး ရာထူး ဂုဏ် သိက္ခာ ကို ဘောလုံး ဆုတံဆိပ်နဲ့လဲ နိုင် မယ်ဆိုရင်
    မြန်မာ့ ဘောလုံးအဆင့်အတန်းက ဒီထက် ကောင်းလာမယ်ထင်ပါတယ်။

  • Wow

    December 19, 2013 at 1:15 pm

    အူးဇော်ဇော်ကို အကျံပေးချင်တာက မော်ရင်ညိုကို ရအောင် ငှားကျိပါလား :kwi:

    • KZ

      December 19, 2013 at 1:29 pm

      အာ့ ဆို နာ ဘောလုံးလောကထဲခြေစုံပစ် ဝင်ရကောင်းမားးး
      :kwi:
      ညို ညို လာမယ် ဆိုလို့ သံရည်ပူတွေကျိုလို့ (အဲလေ) ကော်ဖီရည်တွေကျိုလို့။

      :mrgreen:

      • Wow

        December 19, 2013 at 2:55 pm

        မောင်ရင်ညိုနဲ့သာဆို… ကန်အူးမာာာာာ… ဘောလုံး :mrgreen:

  • kai

    December 19, 2013 at 4:34 pm

    ပြောသာပြောတာ..
    မြန်မာဘောလုံးလောကရှေ့တန်းရောက်ချိန်က.. မဆလခေတ်ဆန်း.. ဘိုနေဝင်းခေတ်ကြီးလို့.. မှတ်မိတယ်..
    ဆိုတော့…
    အဲဒီခေတ်ပြန်သွားကြပါလားဟင်…
    မတူတဲ့အတွေး… :mrgreen:

    • အဘရဟူဒီ

      December 19, 2013 at 4:47 pm

      ဦးကြောင်ရေ… ဟောဒိမှာ ဆင်ချေးတုံး ဆပ်ပြာနဲ့ တိုက်ချင်လို့ တဲ့ခည..

      🙂

  • twitty

    December 19, 2013 at 5:24 pm

    Head to head စည်းမျဉ်းကို မသိခဲ့ပါဘူး ဆိုတဲ့ ဖြေရှင်းချက်က အကြောင်းပြချက် မခိုင်လုံပါဘူး..။
    နည်းပြတယောက်အနေနဲ့ အနိုင် အရှုံး ဘယ်လို ဆုံးဖြတ်မယ် ဆိုတာ သေသေချာချာ မသိခဲ့တာကိုက သူ့ရဲ့ ညံ့ချက်ပဲ..။ ဘယ်သူတွေပြောပြော မပြောပြော အသင်းတသင်းကို ဦးဆောင် ကိုင်တွယ်မယ့်သူက သူနဲ့ သူ့အသင်း အတွက် သိသင့်သိထိုက် ၊ သိကိုသိရမယ့် information တွေကို သိအောင် လုပ်ထားရမယ်လေ..။
    ရပ်ကွက်ထဲက ဘောလုံးအသင်းကို မတောက် တခေါက်သိတာလေးနဲ့ ကူညီတဲ့ အနေနဲ့ နည်းပြ လုပ်ပေး နေတာ မဟုတ်ဘူးလေ…။
    Professional ဆိုတဲ့ စကားကဘာလဲ…။

  • twitty

    December 19, 2013 at 5:37 pm

    Language barrier ရှိနေတဲ့အတွက် ကိုးရီးယား နည်းပြနဲ့ မြန်မာအသင်း အောင်နိုင်ရေးကော်မတီ၊ လက်ထောက် နည်းပြတွေကြား အောင်နိုင်ရေးကိစ္စများ ဆွေးနွေး ကြတာမျိုး ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့ကြဘူးလို့ ထင်မိပါတယ်…။

    ပွဲတပွဲ မစခင်မှာ ဘယ်သူတွေကို ပွဲထုတ်ပြီး ဘယ်လို နည်းစနစ် နဲ့ ကန်ကြမယ်၊ ဘယ်လို ရလာဒ်မျိုးကို မျှော်မှန်းထားတယ်ဆိုတဲ့ နည်းပြရဲ့ နည်းဗျူဟာတွေကို အောင်နိုင်ရေး ကော်မတီက ကြိုတင် သိရှိပြီး လက်ခံ တယ် ဆိုတဲ့ အနေအထားမျိုး ဖြစ်နေသင့်တယ်လေ..။ အသင်းသားတွေ အနေနဲ့လဲ ဒါကို ကြိုတင်သိထား ရမယ်…။ အရံတွေနဲ့ပွဲထွက်မယ်ဆိုတာကို အောင်နိုင်ရေးကော်မတီက ကြိုတင်သိခဲ့လား..။ လက်ခံခဲ့သလား..။ မေးစရာတွေပါ..။ နည်းပြ က ထုတ်သုံးမယ့် နည်းဗျူဟာ အပေါ်မှာ အောင်နိုင်ရေး ကော်မတီ အနေနဲ့ ဆွေးနွေးခွင့် အမြင်ဖလှယ်ခွင့် ရခဲ့ရဲ့လား ဆိုတာတော့ မသိ…။

    ထိုင်း က အင်ဒိုကို (၄) ဂိုး (၁) ဂိုး နဲ့ နိုင်တယ်..။ မြန်မာက ထိုင်း ကို သရေ ကန်ထားတယ်…ဒါဆို မြန်မာ က အင်ဒိုကို သေချာပေါက် နိုင်တယ်၊ ဘယ်သူနဲ့ကန်ကန် သရေကတော့ ရတယ် .. ဆိုတဲ့ အဖြေက (၇) တန်း (၈) တန်းလောက်မှာ သင်ခဲ့ရတဲ့ linear equation တပုဒ်ကို တွက်ရသလိုပါပဲ…။
    ဘောလုံးပွဲ ဆိုတာ linear equation တခုကို ဖြေရှင်းနေတာ မဟုတ်ဘူးလေ…။

    နည်းပြ တယောက်ရဲ့ အရည်အချင်းက ဒါလောက်ပဲလား..။

  • alinsett

    December 19, 2013 at 5:38 pm

    အတ်တဒွေ သိတ်ကျီးနေဂျဒါဘဲဖျစ်မှာဘာဂျာ

    😆

  • twitty

    December 19, 2013 at 6:02 pm

    မြန်မာဘောလုံးအသင်းသားတွေ အနေနဲ့ ရှုံးရင်ထွက်ရမယ်ဆိုတာ သိပြီးသား အနေအထား…။
    တဖက်က ဘယ်လို ကန်နိုင်တယ်… ဒီတော့ ကိုယ့်ဘက်က ဘယ်လိုဗျူဟာနဲ့ ကန်သင့်တယ်၊ ကန်ကြမယ် ဆိုတာကိုလဲ သိနေတယ်…။ ဒါပေမယ့် ကိုယ့်ကစားကွက်ကိုတောင် ကိုယ် ပီပီပြင်ပြင် ပုံဖေါ်နိုင်ခဲ့ရဲ့လား…။
    အရည်အချင်းတွေ ဘယ်မှာလဲ..။ စိတ်ဓာတ်ခွန်အားတွေ ဘယ်မှာလဲ..။
    အတွဲညီရင် အလုပ်ပိုဖြစ်တယ် ဆိုတာကို လက်ခံပေမယ့်…
    ဟိုလူကိုထည့်မသုံးလို့၊ ဒီလူကိုထုတ်လိုက်လို့ ဆိုတဲ့ အကြောင်းပြချက်ပေးရင်တော့…မေးခွန်းတခု မေးရလိမ့်မယ်…။
    အဲဒီလူတွေပဲ လက်ရွေးစင်လား…၊ ကွင်းထဲမှာ ကန်နေတဲ့ (၁၁) ယောက်လုံးက လက်ရွေးစင် မဟုတ်ဘူးလား….။

    အဲဒီနေ့က ကန်တဲ့ပွဲမှာ အင်ဒိုခြေကို မြန်မာ မမီဘူးဆိုပေမယ့် ပေးလိုက်ရတဲ့ ဂိုး က သူတင် ကိုယ်တင် ကန်ရင်း ပိုက်ထဲ ဝင်ပြီး ရှုံးသွားတာမဟုတ်….။ ပယ်နယ်တီဆိုတဲ့ ပြစ်ဒဏ်ကြောင့်…။
    သရေ ဆိုတာလေးနဲ့တင် အနိုင်ရမယ့် အသင်း..က အပြစ်တွေလုပ်ပြီး ပေးဆပ်လိုက်ရတဲ့ အဖြစ်..။

    ဘယ်လောက်တော်တဲ့ နည်းပြ ကိုင်တွယ် ကိုင်တွယ် မြန်မာအသင်းရဲ့ အားနည်းချက်တွေကို ကုစားနိုင်မှာ မဟုတ်ပါဘူူး…။ ဘာလို့လဲဆိုတော့ မြန်မာအသင်းရဲ့ အားနည်းချက်တွေကို မြန်မာ ပရိသတ်လောက် နည်းပြတွေက မသိကြလို့ပါ…။ သူတို့က နှစ်နှစ် သုံးနှစ်လောက်ပဲ ကိုင်တွယ်ရတာလေ..။ ပရိသတ်က (၁၀) နှစ် ၊ အနှစ် (၂၀) ကြည့်လာတာ…။ မြန်မာ ဘောလုံးအသင်းသားတွေ အနေနဲ့ လက်ရွေးစင် သက်တမ်း (၅) နှစ် (၆) နှစ်၊ sea game သုံးပွဲလောက် အတူတူ ကန်ကြည့်ပြီးမှ အချင်းချင်း အချိတ်အဆက်မိကြတာလေ…။

    အားလုံးချုပ်လိုက်တော့ နည်းပြညံ့တယ်၊ အောင်နိုင်ရေးကော်မတီနဲ့ အုပ်ချုပ်ရေးပိုင်းက စီမံခန့်ခွဲမှု ညံ့တယ်၊ ဘောလုံးသမားတွေ ညံ့တယ် ဆိုတဲ့ အဖြေပဲထွက်လာပါတယ်…။

  • TNA

    December 20, 2013 at 4:06 pm

    ဝှက်ဖဲတော့ရှိရမယ်။ အပြီးထွက်သွားတော့မဲ့နည်းပြ နောင်လဲပြန်တွေ့စရာမရှိတော့တဲ့သူကို ပုံချလိုက်တာပဲ။ တကယ်တော့ တခြားဟာတွေလဲရှိနိုင်သေးတယ်။ ဒါချည်းမကလောက်ဘူး။ ဒီမှကျန်နေခဲ့မယ့်သူတွေက အသက်ရှင်ကျန်ဖို့လိုသေးလေတော့ နည်းပြကိုမဖြစ်နိုင်တဲ့ ဆင်ခြေနဲ့ပုံချလိုက်တာပဲ။ ဖေ့ဘွတ်ပေါ် မှာတောင် နှစ်ရက်လောက်ကြိုပြီးစည်းမျည်းတွေတင်ထားသေးတာပဲ။ နည်းပြနဲ့အဖွဲ့ကမသိဘူးဆို တာ ဖြစ်ကိုမဖြစ်နိုင်ဘူး။ စည်းမျည်းအသစ်ထွက်ရင် တာဝန်ရှိသူတွေလက်ထဲထည့်ရတာပဲဟာကို ဒါကနားအေးပြီးရောပြောလိုက်တဲ့သဘောရှိတယ်။ ရက်ပိုင်းလေးပွက်လောရိုက်ပြီးရင် အမျိုးသမီးဘောလုံးဖက် အာရုံရောက်သွားရင်ဒီပြသနာ အတော်အတန်ငြိမ်းသွားနိုင်တယ်ဆိုတာတွက်ဆ မိပုံရတယ်။ ဘောလုံးအဖွဲ့ချုပ်ကို လုံးဝအယုံအကြည်မရှိဘူး။

  • ဝင့်ပြုံးမြင့်

    December 21, 2013 at 12:11 am

    အပေါ်က twitty ရဲ့ ကွန်မင့်သုံးခုလုံးအား ထောက်ခံပါ၏။

  • မဟာရာဇာ အံစာတုံး

    December 21, 2013 at 11:24 am

    ဟိုလူက တစ်ပေါက်
    ဒီလူက တစ်ပေါက်နဲ့
    တံတွေးစင်မှာကြောက်လို့
    ဝေးဝေးကပဲ လျှောက်တော့မယ်

  • Ma Ma

    December 21, 2013 at 4:35 pm

    ကကြောင်ရေ-
    ကြေးမုံဂျီးကိုလွမ်းဆွတ်တသပြီး ငိုချည်းမနေနဲ့အုံး။
    မြန်တန့်အမျိ ုးသမီးဘော်လုံးအသင်းအတွက်လည်း ကြောင့်လက်ရာ စာလေးတစ်စောင်လောက်ရေးပြီး ချီးမြှင့်ပါအုံး။ 🙂

  • မောင်မိုဘိုင်(သလ္လာဝတီ)

    December 22, 2013 at 2:56 am

    နိုင်ငံရေးကလွဲရင် ကျန်တာဘာလုပ်လုပ် လိုက်ရှင်းပေးလို့ရတယ်၊ ဒို့အရေးတော့ သွားမလုပ်လေနဲ့လို့ လက်ချာပေးတယ်။ အခုလည်း သူတို့ကုလားထိုင်သာ သွားမလှုပ်နဲ့ (တရုပ်ကြီးအပါဝင်) ကျန်ဒါ ဘာလုပ်လုပ် ခွေးလွတ်တယ် ဖြစ်နေဗီ။

    သဘောကျလှပါတယ်…..

Leave a Reply