မန်းမြေသို့ ရောက်ခဲ့စဉ်က …
ပုံမှန်လည်ပတ်နေတဲ့ နာရီစက်ဝန်းကြီးကဖြင့် နေဝင်၊ နေထွက်နဲ့ပဲ တစ်စထက် တစ်စ ဆွဲခေါ်လို့ သွားနေမြဲ၊ သွားနေဆဲ …..။
ဒီစက်ဝန်းကြား မွေးဖွားခြင်းတွေလည်း ရှိရဲ့၊ သို့ကြောင့် အသစ်အသစ်တွေဆီသို့ ခေါ်ဆောင်သွားခြင်းဟု တင်စားရမည်လော ….။
ဒီစက်ဝန်းကြား အိုမင်း ရင့်ရော်ခြင်းတွေလည်း ရှိရဲ့၊ သို့ကြောင့် အဟောင်းအဟောင်းတွေဆီသို့ ခေါ်ဆောင်သွားခြင်းဟု တင်စားရမည်လော ….။
ကျွန်ုပ် ယတိပြတ် ဖြေဆိုခြင်းငှာ မစွမ်းပါချေ။
ကျွန်ုပ်တည်းဟူသော တစ်ဦးတစ်ယောက် အတွက်သည်ပင် မဖြစ်ဖူးသေးသော အသစ်အသစ်များ၊ ဖြစ်ပြီးသော အဟောင်းဟောင်းများဖြင့် ရောပြွမ်းလျှက်ရှိချေ၏။
မည်သို့ဆိုစေ နှစ်ပေါင်းအသချေင်္ တိုင်အောင်ပင် ဒီစက်ဝန်းကြီးသည်ကား အိုမင်း ရင့်ရော်ခြင်း မရှိပါဘဲနှင့် ပုံမှန် လှုပ်ရှားလျှက် ရှိနေခြင်းသည်ကား ထူးဆန်း အံ့ဖွယ်ပင် ဖြစ်ချေတော့၏။
================
ခုနှစ် သက္ကရာဇ်တည်းဟူသော စာမျက်နှာပေါ်မှ ဂဏန်းများ၏ ဖော်ပြချက်အရ လွန်လေပြီးသော ဟူ၍ သတ်မှတ် ပြောဆိုရမည်ဖြစ်သော အချိန်ကာလ အခိုက်အတန့် တစ်ခုတွင် ကျွန်ုပ်သည် မြန်မာပြည်၏ နန်းမြို့ဟူ၍ ခေါ်ဆိုအပ်သော မန္တလေးမြို့ဆီသို့ အလည်အပတ် ရောက်ရှိခဲ့ဖူးလေ၏။
အဆိုပါ မန္တလေးမြို့တော်၏ ထင်ရှားသော အမှတ်အသား ဖြစ်သည့် နန်းမြို့တော်၊ သစ်လုံးများဖြင့် တည်ဆောက်ထားသော လွန်စွာ ရှည်လျားလှပသည့် ဦးပိန် တံတား၊ ကျောက်စာချပ်ပေါင်း များစွာရှိသည့် ကမ္ဘာ့စာအုပ်ကြီး၊ အထင်ကရ ဘုရားတစ်ဆူဖြစ်သည့် မဟာမြတ်မုနိ ဘုရားကြီး စသည်သို့ ရောက်ရှိခဲ့ပါလေသည်။
ထို့ထက် ဆိုင်ကယ်များဖြင့် ပြည့်နှက်လျှက်ရှိသော မန်းမြို့ လမ်းမများနှင့်တကွ ဖော်ရွှေဖွယ် အသွင်ရှိသော မန်းမြို့သူ၊ မန်းမြို့သားများအား တွေ့ခွင့်ရခဲ့ပါလေ၏။
ထိုခရီးသည်ကား ကျွန်ုပ်တစ်သက်၏ ပထမဦးဆုံးသော နန်းမြို့ခရီးပင် ဖြစ်ပါချေတော့၏။
အဆိုပါ ခရီးစဉ်အတွင်း ကျွန်ုပ်၏ ချစ်စွာသော အပေါင်းအသင်း ရောင်းရင်းများ ဖြစ်ကြကုန်သော ဖေပေါက်ကြီး (ကိုပေါက် – မန္တလေး)၊ ဦးခင်ခ၊ ကိုပေ၊ ဖရဲသီး၊ ဘဲဥ၊ ကိုဘိုးထောင်၊ သဂျား (မာဃ)၊ ဗုံဗုံ စသူတို့နှင့်လည်း တွေ့ဆုံခွင့် ရခဲ့ပါလေသည်။ ထိုထိုသူ အပေါင်းတို့အား ကျေးဇူး အထူး တင်ရှိလှပါကြောင်း ……။
အောက်တွင် မရိုးနိုင်သော မန်းအလှ ဓာတ်ပုံများအား ခံစားကြပါစေကြောင်း …..။
===================






























===================
14 comments
ဗုံဗုံ
January 6, 2014 at 12:39 pm
ဟို နန်းမြင့်မျှော်စင်ပေါ်
လေးဘက်ကုန်းတက်နေတာ
ဘာကောင်ကြီးဒုန်း…
မဟာရာဇာ အံစာတုံး
January 6, 2014 at 1:45 pm
အဲ့ဒါ …
နင့် ဆရာကြီးလေ …
တပည့်မကြီး ထိုင်ကန်တော့စမ်းးးး
ရွှေတိုက်စိုး
January 6, 2014 at 12:44 pm
နန်းမြင့် မျှော်စင် လှေကားမှာ ဖင်းကုန်းပြီး ဘာလုပ်နေဒါဒုံး.. ငအံချာ..
မဟာရာဇာ အံစာတုံး
January 6, 2014 at 1:47 pm
ဟဲ့ …
အဲ့ဒါ ဖင်ကုန်းတာ မဟုတ်ဘူး
လေးဘက်ထောက်တာလို့ ခေါ်တယ် …
သိလည်း မသိဘဲနဲ့ … ဟွန့် …
ကိုပေါက်(မန္တလေး)
January 6, 2014 at 1:32 pm
အ ခု ထပ ်လာ ခဲ့ ပါ
မဟာရာဇာ အံစာတုံး
January 6, 2014 at 1:48 pm
ထပ်လာဂျင်ဒါပေါ့ ဖေပေါက်ဂျီးရယ် …
မအားသေးလို့ …
အားယင် ဥဘုတ်နေ့နဲ့ တိုက်ပီး လာခဲ့မယ် .. ငိငိ
TNA
January 6, 2014 at 4:09 pm
အော် လေးဘက်တောင်ထောက်တက်ရတဲ့ဘွ တနားဇယာဘာလားအေ
ခင် ခ
January 6, 2014 at 4:43 pm
နောက်တစ်ခေါက် မန်း ကိုထပ်လာဖြစ်ရင် တစ်ယောက်ထဲလာရင် ပျင်းစရာဖြစ်လိမ့်မယ်နော်။
ရောက်ခဲ့ဘူးပြီးသား နေရာတွေဆိုတော့ကာ……….။
လုံမလေးမွန်မွန်
January 6, 2014 at 5:20 pm
နာ မန်းလေးကို သွားချင်နေတာကို လာဆွတယ်ပေါ့… 🙁
သများ.. 24 ရက်နေ့ မနက်မှာ မန်းလေးမြေပေါ် 3 နာရီကျော်လောက် ခြေချပါမယ်.. 🙂
moonpoem
January 6, 2014 at 6:49 pm
ဪ မန်းမြေကို လေးဖက်ထောက်ပြီး ရောက်ခဲ့တာပေါ့နော်။
တိမ်တမန်
January 6, 2014 at 8:36 pm
လေးဘက်ကုန်းတဲ ့ ပုံကြီးသာမပါရင်…
အတော်..ခန့်ညားတဲ ့ပိုစ့်…( ပုံတွေ )
:kwi:
KZ
January 7, 2014 at 11:19 am
တစ်ယောက်တည်းတောင် လေးဘက်ထောက်နေရတာ။
ဟာနီးမူးခရီးများ ဆို တွားသွားနေရတော့မယ်။
နာ့မောင်လေး တနားစရာ။
:mrgreenn:
ဒါမဲ့ ပြောလို့ပြောတာမဟုတ်။

အရင်ကထက် ခု က ပိုချောလာတယ်။
ပဲ့ကိုင်ရှင်တော်တယ်ထင်တယ်။
မဟာရာဇာ အံစာတုံး
January 7, 2014 at 2:53 pm
ဟွန်းး လူကိုများ သနားဇယာတွေပဲ ပေါနေဂျဒယ် ..
အိုက်လို လေးဖက်ထောက်တက်တာ စတိုင်ဗျ .. စတိုင် ..
မတိယင် မှတ်ထားဂျ …
နောက်ခါဂျ သည်းလေးလက်ကို ဆွဲပီး လာခဲ့မယ် .. နော် …
ပဲ့ကိုင်ရှင် ကတော့ တော်လိုက်သမှ တော်တော့တော် .. နဲ့တောင် မြည်သေး .. ဟေဟေးး
manawphyulay
January 10, 2014 at 12:00 pm
မန္တလေးကို ၂၀၀၂ ခုနှစ်လောက်ကပဲ တစ်ခေါက်ရောက်ဖူးခဲ့တယ်။
အခွင့်ကြုံရင် ထပ်သွားချင်မိပါတယ်။ ဘယ်နေရာတွေ သွားရမလဲဆိုတာ ခုထဲက မှတ်ထားရမယ်။