ဂ ငယ်ကွေ့
လမ်းမက တစ်ဖြောင့်ထဲလို့ထင်ရပေမဲ့
သေချာကြည့်မှ ယောင်ယောင်လေးကွေ့နေတာသိလိုက်ရ……
အဲ့ဒိလမ်းပေါ်လျှောက်လာရင်းနဲ့
အတော်ခရီးပေါက်လာမှ
နောက်ပြန်လှည့် ကြည့်လိုက်မိတော့
လားလား ဂ ငယ်ကွေ့ ဖြစ်လို့နေပါရောလား
ခုမှတော့ ပြန်လှည့်မယ်ဆိုလဲ
အချိန်အတော်ညောင်းခဲ့ပြီ
မထူးဘူး ဟေ့ ဆက်လျှောက်…….။
နေဝန်းနီ
6 comments
kyeemite
January 21, 2014 at 2:29 pm
ဆက်လျှောက်ပါကိုနေဝန်းနီ…ကျုပ်လည်းဆက်လျှောက်နေပါတယ်..အဖေါ်ရတာပေါ့
•*¨နန်းတော်ရာသူ •*¨
January 21, 2014 at 4:44 pm
အားပေးပါတယ်ကိုနီ
naywoon ni
January 21, 2014 at 6:45 pm
ကျုပ်တို့အားလုံးရှေ့မှာ ဂ ငယ်ကွေ့ ရှိတဲ့ လမ်းပေါ်လျှောက်နေမိတာဗျ ကိုမိုက်ရ ဒါပေမဲ့ လမ်းကရှည်တော့ မသိသာဘူး မမြင်ရဘူး အချိန်နှောင်းမှ (ကျောင်းသားတွေကိုဥပမာထားပြောရရင် စာမေးပွဲခန်းထဲရောက်မှ ) သိလိုက်ရတာ အဲတော့ဘယ်လိုပြန်ပြင်မလဲ ပြင်ချိန်လုံးဝမရှိတော့ဘူး တစ်ချို့ကျတော့လည်း ကိုယ်လျှောက်နေတဲ့လမ်းဘယ်ရောက်မယ် ဘယ်နေရာမှာကွေ့နေတယ်မသိပြန်ဘူး အဲ့တော့ မထူးဘူး ဆက်လျှောက်တော့ပေါ့ဗျာ ကျွန်တော် လမ်းမပြင်ပေးတတ်ပါဘူး ခင်းလဲမခင်းတတ်ပါဘူး အဲ့တော့ ဆက်လျှောက်နေတာက ရပ်နေတာထက် ပိုကောင်းမလားလို့ပါ
နန်းတော်သူရေ့ အားပေးတာကျေးဇူးတင်ပါတယ် နန်းတော်ကသူတွေတောင်အားပေးတယ်ဆိုတော့အားတက်မိပါတယ်
Ma Ma
January 21, 2014 at 6:52 pm
အချိန်နှောင်းမှသိလို့ ပြီးခဲ့တာတွေကို ပြန်မပြင်နိုင်တော့ပေမယ့်…….
လမ်းမှားဆိုရင် ဆက်မလျှောက်ပဲ ရပ်လိုက်တာက ပိုများကောင်းမလား။ 🙄
padonmar
January 21, 2014 at 11:32 pm
ခရီးတခုသွားလို့ လမ်းမသိပဲ မှားသွားရင် ရောက်ရာနေရာက မြန်မြန်ပြန်လှည့်မှ လိုရာနဲ့ နီးမယ်မလား အဘနီ။
ဒညင်းဝက်
January 22, 2014 at 1:09 pm
အဟိ..ဖတ်ဖူးတဲ ့ စာသားလေးတစ်ပိုဒ်ပါ ..။
အမှန်က.. ကိုယ့်ကို ကိုယ်..ခွင့်ပြုနိုင်ရင် ပြီးတာပဲ…
😆