သင်ရိုးညွှန်းတမ်း
သားဖွားခန်းမှာ
ငိုသံ အားပေးသံ နှစ်သိမ့်သံတွေနဲ့
ဒုက္ခကို ညှပ်ဆွဲမွေးဖွား
စာသင်ခန်းမှာ
ငိုသံ အားပေးသံ နှစ်သိမ့်သံတွေနဲ့
ဒုက္ခကို ပေါင်ချိန်အနှီးထွေး
မီးသဂြိုဟ်ခန်းမှာ
ငိုသံအားပေးသံ နှစ်သိမ့်သံတွေနဲ့
ဒုက္ခကို ညောင်ရေအိုးလုပ်လို့
အော်…
ရုပ်ကလပ်အဟောင်း
မှတ်တိုင်တစ်ချောင်း
အမည်နာမတစ်ခု
ကြေးစည်သံတစ်ချက်အောက်မှာ
ငါတိုတစ်တွေ
စက်ဝိုင်းသစ်ရှာပုံတော်ဖွင့်ရပြန်ပြီ
ကိုစစ်(ရူပဗေဒ)
9 comments
kyeemite
January 30, 2014 at 8:15 am
ကဗျာလေးကိုကြိုက်တယ်ကိုဆစ်ရေ…“စက်ဝိုင်းသစ်ရှာပုံတော်ဖွင့်ရပြန်ပြီ”
ဟုတ်ပါတယ်…သံသရာစက်ဝိုင်းကမလွတ်မြောက်သေးသ၍ စက်ဝိုင်းအသစ်အသစ်တွေ
မဆုံးနိုင်အောင်ရှာဖွေနေကြရအုံးမှာပါပဲ 🙁
Mr. MarGa
January 30, 2014 at 8:46 am
ဒီ စက်ဝိုုင်းထဲမှာ ပဲ
ပြုံးလိုက် ပျော်လိုက် ငိုလိုက် ရယ်လိုက် နဲ့
သံသရာလည် နေတာပါလား ဗျာ
ko six
January 30, 2014 at 10:39 am
ကျေးဇူးပါပဲ
Kyeemite ငယ်ငယ်တုန်းက
ကောင်းပြီး ဘာလို့ခုမှမိုက်ရတာတုန်း …..ဝိမုတ္တိလမ်းပေါ် တက်ချိန်တန်နေပါပြီဗျာ….
kyeemite
January 30, 2014 at 11:54 am
ကိုဆစ်ရေ..ငယ်ငယ်တုန်းကလည်း သိပ်မကောင်းလှပါဘူးလေ..ခုလိုပါပဲ 😀
ko six
January 30, 2014 at 10:43 am
Mr.MarGa ရေ….
ကျနော်ကတော့
အဲဒီစက်ဝိုင်းထဲမှာ
ပျော်စရာရှာမတွေ့တော့ပါဘူးဗျာ…
ဒညင်းဝက်
February 4, 2014 at 7:31 pm
Good တယ်ဗျာ..
ဂဇက်ဟာ.. ကဗျာ ရွာ ပါ
အရိပ်စစ်
February 4, 2014 at 11:36 pm
ကြိုက် ….
တဂယ် ကြိုက်တာပါရှင့်….
ko six
February 6, 2014 at 5:43 pm
ကျေးဇူးပါပဲဗျာ
ရွာကလေးမှာ….
ကျနော်က တစ်နေရာရာကနေ
တာဝန်ထမ်းနေခွင့်ရတာ
ပျော်စရာပါလေ
kai
February 6, 2014 at 6:24 pm
တချို့က…မဲညိုဖြူရောင်..
တချို့က.. ရွှေပေ..
တချို့က.. ကညစ်..
ထားရစ်ခဲ့ကြတယ်လေ..
သမိုင်းဟာ.. လူ့ခြေရာတွေပေါ့..
ခြေရာမတိမ်အောင်.. မိုက်/ချစ်တွင်း နက်ကြပါစို့..။