ငယ်ငယ်က အတွေး..
အမှိုက်တွေ အမှိုက်တွေ…
နှလုံးသားထဲထိ လာလာပစ်ကြတယ်…
တကယ်ပဲ…
ယဉ်ကျေးမှုဆိုတာက
စကားအဖြစ်နဲ့သာ ကြားပဲကြားဖူးတော့တယ်
မယဉ်ကျေးမှုတွေ အစီအရီနဲ့..
မလိမ္မာမှုတွေ.. တစ်သီတစ်တန်းနဲ့..
လောကကြီးကတော့..ထောက်တိုင်စောင်းနေလေရဲ့
စဝင်လာကတည်းက ကန့်လန့်တိုက်ပြီးဝင်လာတာ…
ဘာအကြောင်းနဲ့မှ.. ပြန်တည့်စရာမရှိဘူး..
အလင်းတွေ အမှောင်တွေ ..
သေချာတယ်… ကိုယ့်ကိုယ်ကို လောင်ကျွမ်းခံပြီး…
ဘယ်သူ့ကိုမှတော့ အလင်းမပေးဖူးဘူး..
ငါ့လှေငါထိုး ပဲခူးပဲရောက်ရောက်..
ဘယ်ပဲရောက်ရောက်…ပေါ့….
ထင်ရာစိုင်း ရိုင်း ဖို့လည်းလွယ်တယ်..
အဲ့တော့ ကိုယ့်အတွက် ကောင်းဖို့..
သူများအတွက်…
မကောင်းတာကို သက်တောင့်သက်တာလေးပဲ လုပ်တယ်..
တကယ်တော့….
လောကီစည်းစိမ်ဆိုတာ.. သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးပဲ..
အဲ့တော့..
ဆေးဖြစ်အောင်ပဲ သုံးမလား..
ဘေးဖြစ်အောင်ပဲ သုံးမလား..
ကိုယ်တွေအတွက်ကတော့
တကယ့်ကို..ပါးပါးလေးပါပဲ..။ ။
5 comments
ကိုပေါက်(မန္တလေး)
March 11, 2014 at 11:45 am
သ များ အတွ က် တော့
ဘဝ အပျက် မ ခံ ချင်
လာ မယ့် ဘေး ပြေး တွေ့
အပြုံး တု မျက် နှာ ဖုံး
သုံး လေး ငါး ခု လောက်
ကျနော် ဆောင် ထား ပါ ကြောင်း
kyeemite
March 11, 2014 at 11:49 am
ကိုယ့်ကိုယ်ကို လောင်ကျွမ်းခံပြီး…သူများကို အလင်းပေးခဲ့တာ..အာဇာနည်ခေါ်တာပေါ့
သူတို့တွေ မစားပဲ စွန့်ခဲ့လို့
ခုလူတွေ မစွန့်ပဲ စားနေရတာလို့….ဆရာအောင်သင်းပြောဖူးတယ် 🙁
alinsett (gazette)
March 11, 2014 at 1:26 pm
ကျနော်တော့ ဒီကဗျာ ဖတ်အပြီးမှာ
ငါရော
ဘယ်သူတွေရဲ့ နှလုံးသားထဲထိ
အမှိုက်တွေ သွား ပစ်ဖူးခဲ့သလဲ လို့တွေးမိတယ်
ကဗျာလေး သဘောကျမိတယ်ဗျာ
ခင် ခ
March 11, 2014 at 11:51 pm
ဖယောင်း ဆီမီးခွက် တို့ကတော့ ကိုယ်ကိုကိုယ် လောင်းကျွမ်းခံပြီး သူများကိုအလင်းပေးသည့် အရာနော်။
TNA
March 13, 2014 at 5:50 pm
ဆေးဖြစ်အောင်သုံးပါ့မယ်