ဆက်ရေးဖို့ . . .စကားလုံး မရှိတော့တဲ့စာ. . .
သူရဆိုတဲ့ စာရူးပေရူး။
ကဗျာတချို့ စာတချို့ ချို့ချို့တဲ့တဲ့ ရေးနေတယ် ။
အခုလည်း အချစ်ဝတ္ထုလေးတစ်ပုဒ် အဟုတ်ရေးမလို့ ။
မရယ်နဲ့နော် ။
သူရဆိုတာ အချစ်ကို ဘာမှန်းသေချာမသိသေးပဲ. . . အချစ်ဝတ္ထု ရေးမလို ့ဆိုတော့. . . .
ဒါပေမယ့် သူရ ရေးမယ့် အချစ်ဇာတ်လမ်းက သမားရိုးကျဆန်နေမလား . . .
ကြည့်. . .
သူရရေးမယ့် ဇာတ်လမ်းထဲမှာ. . .
ကောင်လေးတစ်ယောက် ရယ်. . .
ကောင်မလေးတစ်ယောက်ရယ် . . .
ဇာတ်ကောင်ဆိုလို့ နှစ်ယောက်ပဲ ပါတယ် ။
ကောင်လေးကို . . .
သမရိုးကျ အချစ်ဝတ္ထုတွေထဲကလို
ချောချောဖြောင့်ဖြောင့်လေး လို့ မထင်နဲ့ ။
ရုပ်လုံးဝ မချောတဲ့ မည်းမည်းပိန်ပိန် ခပ်တုံးတုံးခပ်အအ ကောင်လေးတစ်ယောက်ပါ ။
ကောင်မလေးတွေ လှည့်မကြည့်ချင်လောက်တဲ့
ရုပ်မျိုးနဲ့ ပေါ့ ။
ဒီကောင်လေးဟာ ရုပ်ဆိုးပေမယ့် ချစ်တတ်သော နှလုံးသားတော့ ဝိုးတဝါးမဟုတ်ပဲ ပီပီပြင်ပြင်ရှိတယ် ။
လူငယ်ယောကျာ်းပျိုတစ်ယောက်ပဲ ။
နတ်သမီးအိပ်မက်ကို မက်ချင်တာပေါ့။ အချစ်ဆိုတဲ့ သစ်သီးကို ချဉ်တယ်ဆိုရင်လည်း စားချင်တာပဲ ။
အဲဒီလိုနဲ့ . . .
သူရရဲ့ ဝတ္ထုထဲက ကောင်လေးဟာ . . .
မထင်မှတ်ပဲ . . .
သူ ့ရဲ့ နတ်သမီးလေးတစ်ပါးကို ဘွားခနဲတွေ ့လိုက်တယ် ။
ဒန်တန်းးးးတန်. . . .
*************************
( ကောင်လေး )
သူ . . . ကောင်မလေးတစ်ယောက်ကို အရမ်း ချစ်မိသွားတယ် ဆိုပါတော့ ။
သူ အဲဒီ ကောင်မလေးကို ဘယ်လောက်တောင်များ
ချစ်သွားသလဲဆိုတာ ခန့်မှန်းပြလို့တောင်မရဘူးးး
သူ . . .အဲဒီကောင်မလေးကို ချစ်တဲ့အချစ်ဟာ အင်မတန် ပြင်းထန်နက်ရှိုင်းလွန်းလို့ တိုင်းတာပြလို့လည်းမရဘူး းးးး
သူ . . .အဲဒီကောင်မလေးကို ချစ်တဲ့ခံစားချက်တွေက နက်ရှိုင်းသိမ်မွေ ့လွန်းလို့ ပြောပြစရာ စကားလုံးတောင်မရှိဘူးးးးး
အဲဒီမှာတင် . . .
ကောင်လေးဘက်ကနေ. . . ဘာမှဆက်ရေးလို့မရတော့ဘူးးးး
***************************
( ကောင်မလေး )
သူရရေးတဲ့ ဒီဇာတ်လမ်းထဲမှာ . . .
ဟိုကောင်လေး လာကြိုက်တာ ခံရတဲ့ ဒီကောင်မလေးဟာ. . .
အင်မတန်လှပတယ် ။
ဟိုကောင်လေးအတွက် တကယ့်ကို နတ်သမီးတမျှပဲ ။
ကောင်မလေးရဲ့ အလှအပတွေဟာ စာဖွဲ့ပြမယ်ဆိုရင်တောင် သူမရဲ့အလှအပကို ဖော်ညွှန်းပြနိုင်မယ့်စကားလုံး မရှိဘူး။
ဒီနေရာမှာလည်း ကောင်မလေးရဲ့ အလှအပနဲ့ပက်သက်ပြီး ဘာမှ ဆက်ရေးလို့ မရတော့ဘူး ။
အချစ်ဇာတ်လမ်းအလိုအရ ကောင်လေးကို ပြန်ချစ်မလားးးဆိုတော့. . .
ဟင့်အင်းးးး
ဘယ်လိုရေစက်လဲ မသိဘူး။ ဟိုကောင်လေးကို ဒီကောင်မလေးးး
လုံးဝ လုံးဝ မချစ်နိုင်ဘူး ။
မချစ်တဲ့အပြင် အကြောင်းတစ်ခုခုကြောင့်လိုပဲ. . .မုန်းတောင် မုန်းသေးတယ် ။
တဖြည်းဖြည်း ပိုမုန်းလာတယ် ။
မုန်းတာမှ တူးတူးခါးခါးကို မုန်းလာတာ. . . . .
တူးရုံ ခါးရုံမက ဂျိုးကပ်လောက်အောင် ညှော်စော်နံလောက်အောင်ကို မုန်းလာတာ. . .
အနှိုင်းမဲ့ အမုန်း လို့ ပြောရမယ့် အမုန်းမျိုးမို့ . . .
ဒီကောင်မလေး . . .
ဟိုကောင်လေးကို ဘယ်လောက်မုန်းသလဲ ဆိုတာ ပြောပြဖို့လည်း . . .
စကားလုံးတောင် မရှိဘူး။
မချစ်ဘူးးး
ဘယ်လောက်တောင်မချစ်လဲဆို ပြောပြစရာ စကားလုံးမရှိ ။
မုန်းတယ် ။
ဘယ်လောက်မုန်းသလဲဆို ပြောပြစရာစကားလုံးမရှိ. . . .
ဒီနေရာမှာလည်း. . . .
ကောင်မလေးဘက်က ဘာမှဆက်ရေးလို့မရတော့ဘူးးးး
****************************
အဲဒီလို ခံစားချက် အပြင်းထန်ဆုံးသော အချစ်ဝတ္ထုတွေ သူရရေးချင်လို့ ရေးမယ် ကြံတိုင်းးးး
စကားမရှိတော့လို ့. . . .
ဆက်ရေး မရဘူး ။
ဇာတ်ကောင်တွေရဲ့ ခံစားမှုကို သရုပ်ဖော်ပြဖို့ရာ . . .
စကားလုံးတွေ က
မတတ်နိုင်စွမ်းလို ့. . . . .
————————————
အလင်းဆက် (Gazette)
10 / 3 / 2014 /
20 : 19 pm
လမ်းဘေး အအေးဆိုင် / ကြံရည်တစ်ခွက်ရှေ့ချ / မင်္ဂလာဒုံ
( တာရာမင်းဝေရဲ့ ပန်းလက်ဖဝါးမှာ ပါအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေး စာအုပ်ထဲက ဇာတ်ကောင် ထူးဝေ ပြောတဲ့အချစ်ပုံပြင်ကို မှီငြမ်းပြီး ဆက်တွေး ရေးမိတာလေးပါ ။ )
26 comments
Mr. MarGa
March 11, 2014 at 12:32 pm
စ ကတည်းက ဆုံးနေတယ် ဆိုတာ ဒါမျိုး…. 🙄
alinsett (gazette)
March 11, 2014 at 12:40 pm
comment က မြန်ချက်
ကျနော်ဖြင့် အခုမှ ပိုစ့်တင်ပြီးလို့ ပိုစ့်ကိုဝင်ကြည့်ရုံရှိသေး။
ကျနော့်ဘက်က လိုင်း နှေးပုံ. . .
🙂
ပထမဆုံး ဝင်ရောက်ဖတ်ရှု commentပေးသွားတဲ့
ချစ်သော သဂျား ကျေးဇူးဘာ လို့
snow smile
March 11, 2014 at 12:40 pm
”ဆက် ဖတ် ဖို ့. . .စ ကား လုံး မ ရှိ တော့ တဲ့ စာ . . . ”
alinsett (gazette)
March 11, 2014 at 12:44 pm
ဟုတ်ပါ့ မနှင်းပြုံးရေ
ဖတ်တဲ့သူအတွက်လည်း စကားလုံးက ဆက် ဖတ်စရာ မရှိတော့. . .
🙂
ဘာပဲဖြစ်ဖြစ် ဝင်ရောက် ဖတ်ရှူ ခံစားပေးသွားတာ
ကျေးဇူးပါဗျ
naywoon ni
March 11, 2014 at 12:50 pm
ဆက်ရေးဖို့ စကားလုံး ရှာချင်ရင် စစ်ကိုင်း ဦးဘိုးသင်းရဲ့ သဘာဝ အမှောင်ကို ဖတ်ကြည့်လိုက် ဇတ်လမ်းသွားချင်း အစပိုင်းမှာ ခပ်ဆင်ဆင်လေး
alinsett (gazette)
March 11, 2014 at 1:01 pm
ဟုတ်
အဲဒီ စာအုပ်လည်း မဖတ်ဖူးသေးဘူး
🙂
surmi
March 11, 2014 at 1:02 pm
ပြီးရင် စစ်ကိုင်းဦးဘိုးသင်းရဲ့ ငမဲကျွန်ကိုု ဆက်ဖတ် 🙂
alinsett (gazette)
March 11, 2014 at 1:11 pm
အဟိ
အူးဘိုးသင်းကို အတော် ညွှန်းနေကြပြီပဲ
🙂
padonmar
March 12, 2014 at 9:47 pm
ငမဲကျွန်တော့ ဖတ်ဖူးတယ်။ကြိုက်တယ်။
သဘာဝအမှောင်ဆိုတာ မဖတ်ဖူးဘူး။
လင့်ခ်လေးပေးကြပါလား။ဖတ်ချင်တယ်။
ဒါပဲ ဆက်ရေးတတ်တယ်။
alinsett (gazette)
March 13, 2014 at 5:53 pm
တီတီ့ ဆီဂ စာအုပ်လာငှားမို့ဟာ
မြို့ထဲဘက် အခုထိ မရောက်ဖြစ်လို ့. . .
🙂
ခင် ခ
March 11, 2014 at 11:30 pm
စာဘရိတ်အုပ်တယ်ဆိုတာ ဒါမျိုးစာမှအစစ်
alinsett (gazette)
March 12, 2014 at 7:22 am
ဘရိတ်အုပ်ထားသော စာပေါ့နော်
🙂
ဘရန်းဒက် ကေဇီ
March 12, 2014 at 11:56 am
အာ ဆက်ရေးလို့ရတယ်လေ။
ရေးပေးရမားးးးး
:mrgreenn:
alinsett (gazette)
March 12, 2014 at 2:39 pm
ရတယ် ဆို ရေး
🙂
kyeemite
March 12, 2014 at 4:00 pm
ကြီးမိုက်တစ်ယောက် ဒီဝတ္ထုကို ဘယ်လောက်တောင်မန့်ချင်လွန်းနေသလဲဆိုရင်..
အဲ့ဒီမန့်ချင်လွန်းလှတဲ့ ပြင်းပြတဲ့စိတ်ကို နှိုင်းရေးပြစရာ ဆိုတာ ပြောပြဖို့လည်း . . .
စကားလုံးတောင် မရှိဘူး။..ဒါကြောင့်မမန့်ပဲပြန်သွားပါဂျောင်းးး 😛 😀
alinsett (gazette)
March 12, 2014 at 5:44 pm
အယ်
မန့်မသွားဘူး တဲ့
အင်းလေ
မမြင်လိုက်ဘူးလို့ပဲ သဘောထားလိုက်ပါပြီ
ဟီဟိ
တော်တော်နောက်တဲ့ ဦးကြီး
🙂
kai
March 13, 2014 at 1:18 am
ကောင်မလေးက.. ကောင်လေးကိုမုန်းတယ်ဆိုကတည်းက.. အာရုံစိုက်မှုရှိနေပြီမို့.. တူးတူးခါးခါးမုန်းလေ… စူးစုးစိုက်စိုက်အာရုံပိုပိုစိုက်မိလေပေါ့..
ညအိပ်မက်ထဲထိပါလာရင်..ပိုတောင်သေချာသေး..
ဒန်တန်တန်..
alinsett (gazette)
March 13, 2014 at 7:05 am
သဂျီးကိုတော့ လိုက်လို့ မမှီပါဘူး
🙂
myat pearl phyu
March 13, 2014 at 1:34 pm
အချစ် အမုန်းဆိုတာ ဆန့်ကျင်ဘက်သဘောတရားအရ အပြန်အလှန်အမှီသဟဲပြုနေကျစမြဲဆိုတော့
ကောင်လေးက ချစ် ကောင်မလေးက မုန်း နေရာကနေ
ကောင်မလေးက ချစ် ကောင်လေးက ..အဲ ..ချစ် တာမျိုး အနှေးနဲ့အမြန်ဆုံးရောက်ရှိလာနိုင်ပါစေသောဝ်…
စကားလုံးလေးက
သိပ်အများကြီး မဟုတ်ပါကွယ်…
ဒီတစ်ခွန်းထဲ ချစ်ပါဒယ်… ဆိုပြီး
ဇာတ်ဝင်သီချင်းလေးနဲ့
အဆုံးသတ်လိုက်ရမှာနော်…. ေိခိ 😛
alinsett (gazette)
March 13, 2014 at 2:34 pm
အဟိ။
အမှန်တော့ ဒီဇာတ်လမ်းလေးရေးတာ ရည်ရွယ်ချက်ကြီးကြီးရှိပါတယ်။
ဒါပေမယ့် ကျနော်ဆိုတဲ့ချာတိတ်က
စာပေလောကမှာ ဂျိမ်းဂျွိုက်စ်လည်း မဟုတ်
ဟဲမင်းဝေးလည်း မဟုတ်
ဇော်ဂျီလည်း မဟုတ်
မင်းသုဝဏ်လည်း မဟုတ်ခဲ့လေတော့. . . .
🙂
Mr. MarGa
March 13, 2014 at 2:45 pm
ဟုတ်ပါပြီ ဒညင်းဝက် ရယ်
alinsett (gazette)
March 13, 2014 at 5:38 pm
သဂျဲလေးက သဘောပေါက်သွားဘီ ထင်ရဲ့
နာကိုယ်ဒေါ့ဇဂါး . . .
သမိုင်းတွင်ရစ်စေသဒီးးးး
🙂
Mr. MarGa
March 13, 2014 at 6:28 pm
အနည်းငယ် လင်းပါမည် (ဆဲစေသဒီးး)
အသင်၏ စာများသည် ဂျူး၊ ဂျိမ်းဂျွိုက်စ်၊ ဟဲမင်းဝေး၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့နှင့် တူနေပါက၊ ထိုစာများကို စု၊ တု၊ ပြုထားပါက အသင့်အမည် ပေါက်မည်လော ထိုသူများအမည် ထွက်မည်လော
မည်မျှပင် ကောင်းစေကာမူ ဂျူးဟန်၊ ဂျိမ်းဂျွိုက်စ်ဟန်၊ ဟဲမင်းဝေးဟန်ဟုသာ တွင်မည်လေ။ ဒညင်းဝက်ဟန်ဟု တွင်မည်မထင်လေနှင့်။
ထိုသူများသည် စံထားသင့်သူများကို စံထားခဲ့သည် မှန်ပေမင့် သူရို့ အယူအဆ၊ အတွေးအခေါ်၊ ဟန်ပန်တို့ကို လွပ်လပ်စွာ တီထွင်သွားချေသည်။ ထို့ကြောင့်သာ သမိုင်း တွင်ကျန်ရစ်ခြင်းဖြစ်ပေ၏။
မစု၊ မတု၊ မပြုရဟု ကျွန်ုပ် မပြောလို သို့သော် ဒညင်းဝက်ကို ဒညင်းဝက်အတိုင်း ဒညင်းဝက်ဟန်အတိုင်းသာ ရှိပါစေ။ အရောင်ထပ်မဆိုးပါနှင့်။ ထိုသူများကဲ့သို့ဖြစ်ရန် ထိုသူများလို လုပ်ရန်မလို၊ ယုံကြည်ရာ၊ အားသန်ရာကိုသာ ဆက်လက်လုပ်ဆောင်ရန်လိုပေသည်။ သင်၏ တီထွင်ဖန်တီးနိုင်စွမ်းကို လွပ်လပ်စွာ ပျံသန်းခွင့်ပြုပါလေ….. ထိုနည်းလမ်းသည် အသင့်အား ဂျူး၊ ဂျိမ်းဂျွိုက်စ်၊ ဟဲမင်းဝေးတို့ကဲ့သို့ ဖြစ်ရန် ကူညီပေးပေလိမ့်မည်။ သမိုင်းတွင်ကျန်ရစ်စေမည်။ ဒညင်းဝက်ဆိုသည့်အမည် ကျန်ရစ်မည်။
ထိုမျှလောက်ဆို သဘောပေါက်မည်ဟု ကျွန်ုပ် မျှော်လင့်ပါ၏
TNA
March 13, 2014 at 5:43 pm
ဟင် အိုက်လိုဆုံးမရရင်ဖြင့် မစပါနဲ့တော့လားအေရယ်။ အစကတဲက ဆုံးနေမင့်ဟာ။ ကဲကဲနောက်တပုဒ်
alinsett (gazette)
March 13, 2014 at 5:51 pm
🙂
အစရှိပေမယ့် အဆုံးမရှိ. . .တဲ့ ဇာတ် မို့ပါ
နောက်တစ်ပုဒ် ကတော့ ဆက်ရေးလို့ရတန်ကောင်းပါရဲ့ တဲသီ
🙂
alinsett (gazette)
March 13, 2014 at 6:55 pm
အို အသင် သဂျားးးး
အသင် ပြောသွားသည်ကား အကျနုပ် ဤစာတော့် ဆိုလိုရင်းနှင့် လားလားမျှမဆိုင်ချေတဂါးးးး
အကျနုပ်၏ ဤစာတော်ထဲမှ ဆိုလိုချက်အား အသေအချာ ရှာဖွေပါလော့. . .
သမိုင်းတွင်စေသဒီး ဆိုသည်မှာ ရေးဟန် စုတုပြုခြင်းတို့နှင့် လားလားမျှ မဆိုင်သော စကားဖြစ်၏
အကျနုပ် ဤ စာတော်ကို ရေးခြင်းသည် မည်သူ့ ဟန်ကိုမျှ မတု မပြု။ တာရာမင်းဝေ၏ စာအုပ်ထဲမှ ဇာတ်လမ်းတိုလေးကို မှီငြမ်းရုံသာ ရှိပြီး ထိုသူ ့ဟန်ကိုလည်း တုပ မရေးထား
ဂျူး ဂျိမ်း ဟဲ ဂျီ ဝဏ်တို့ကို လည်း မတုပ
အကျနုပ် ပြောလိုရင်းမှာ
ဤ စာတော်ထဲမှာ အကျနုပ် ထည့်သွင်းရေးပြထားသော ဆိုလိုချက်တစ်ခု. . . ဂျိမ်းတို့၏ စကားလို သမိုင်းတွင်လိုစိတ်ပြင်းပြခြင်းသာလျှင်ရှိ၏။
အကျနုပ်သည်ကား မကျော်ကြားသေးသော အခြေအနေမို ့ သူရို ့ဆိုစကားလို အကျုန ုပ် ကား သမိုင်းမတွင်
တွင်စေချင်သော စိတ်ဆန္ဒသာ ရှိ၏
အင်သဂျားးး
ဤ စာတော်ကို နောက်တစ်ကြိမ် ပြန်ရှုလော့
အခြားသူများ၏ ဟန်ပန်တို့ ပါလေသလား ရှုစားလော့
အကျနုပ်၏ ဟန်အတိုင်း ရိုးရှင်းစွာ ရေးထားသည်ကို သင်မြင်အံ့
မြင်လျှင် အသင် ထပ်ရှုလေ့ာ
အကျနုပ်၏ ပြောလိုရင်းစကား သမိုင်းတွင်စေလိုသော ဆိုလိုချက်ကို အသင် ရှာလော့ . . . .
မြင်သွားလျှင်ကားးး
အသင်သည် အကျနုပ်အားးး
ဤစာတော်နှင့် ဘာမှ မဆိုင်သော စုတုပြု တို့ကို ပြောလာလိမ့်မည်ကားမဟုတ်. . . .
🙂
———
အဟိ မောထာ
ဒလိုလေသံကြီး ပြောတတ်ဘူး