ဪ နား နား နား
အမေ့ချော့သိပ်သံကို ဘာနဲ့ ကြားခဲ့ရတာလဲ ?
သိပ်ကိုသာယာတဲ့ သူ့အသံလေးကို ဘာနဲ့ ကြားခဲ့ရတာလဲ ?
အဖေကြီး မုန့်ဘိုးပေး ဆိုတဲ့အသံကို ဘာနဲ့ ကြားခဲ့ရတာလဲ ?
ဟောဒီ နားကြီးနဲ့ပေါ ့ ၊
အခုတော့ နားယားလို့ ကလိရင်း အနာဖြစ်ရာက
အတော်ကြီးကို မကြားရတဲ့ဘဝ ရောက်ခဲ့ရပြီ ၊
အနာက အတော်ကိုက်လာလို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နား နှာခေါင်း လည်ချောင်းဆေးရုံကြီးကို သွားခဲ့ပါတယ် ၊
ပြင်ပလူနာဌာနမှာ ၂၀ဝ နဲ့ လူနာမှတ်တမ်းစာအုပ်လုပ်ပြီး အဲဒီနေရာမှာပဲ စာအုပ်ထပ်ထားရပါတယ် ၊
ကိုယ့်အရင်ရောက်နေသူက ၅ဝ ကျော်လောက်မို့ အတော်စောင့်ရဦးမှာပဲ လို့တွေးမိပါတယ် ၊
ဒါပေမယ့် ဆရာဝန်တွေ ရှိနေတဲ့ ဘယ် ညာ စမ်းသပ်ခန်း ၂ ခန်းမှာ တစ်ခါခေါ် ၁ဝ ယောက် ( တစ်ခန်းကို ၅ ယောက်နှုန်း ) မို့
တစ်နာရီ မကြာလိုက်ပဲ ဆရာဝန်ဆီ ရောက်ခဲ့ပါတယ် ၊ စမ်းသပ်စစ်ဆေးပြီး ဆေးတစ်ပါတ်စာပေးပါတယ် ၊
နားထဲထည့်ဖို့လည်း ဘယ်ဘက်အတွက် တစ်မျိုး ညာဘက်အတွက် တစ်မျိုးပါ ၊
ကျနော့်ဘယ်ဘက်နားက ငယ်ငယ်လေးကတည်းက နားပြည်ယို အနာဖြစ် အဲသလိုနဲ့ ခပ်ပေါ့ပေါ့ ဟိုလုပ်ဒီလုပ်နဲ့
နောက်တော့ မကြားရသလောက်ဖြစ်သွားပါတယ် ၊
ဒီတော့ ညာဘက်နား တစ်ဘက်တည်း အားကိုးနဲ့ နေခဲ့ရာက အခု ညာဘက်နားက ဖြစ်လာတာပါ ၊
( ဘယ်ဘက်က မကြားရလို့ တစ်ယောက်ယောက်နဲ့ စကားပြောရင် သူ့ကို ကိုယ့်ညာဘက်ဖြစ်အောင်ထားမှ သေသေချာချာ ကြားရတာပါ ၊
ရုံးက အစည်းအဝေးဆိုရင် ကျနော်က အမ်ဒီရဲ့ ဘယ်ဘက်မှာ ရွေးထိုင်ပါတယ် ၊ သူ့အသံက တိုးသမို့ပါ ၊ )
အဲဒီ ဆေးရုံက ဆေးဆိုင်မှာ ဆေးတစ်မျိုးပဲ ဝယ်ရပါတယ် ၊ ပန်းရောင်လေး ညဘက်သောက်ဖို့တဲ့ ၊ ရ လုံးကို ၈၄ဝ ပါ ၊
အခု တစ်ပါတ်ပြည့်ပါတော့မယ် ၊ ကောင်းကောင်း မကြားရသေးပါဘူး ၊
နားထဲမှာ တစ်ခုခုဆို့နေသလိုပါပဲ ၊ ဖုန်းတောင် လက်တစ်ကမ်းသာသာဆို ရင်းတုန်းသံ သိပ်မကြားရလို့ အကျင်္ီအိပ်ကပ်ထဲ ထည့်ထားရပါတယ် ၊
ဘာသံမှ မကြားရလို့ နားအေးသားဟ လို့ ရယ်စရာတွေးမိပေမယ့် ခေါ်မကြား အော်မကြားဘဝတော့ မရောက်လိုတာမို့
မနက်ဖြန် ဆေးရုံပြန်သွားပါဦးမယ် ၊
ခွဲမှဖြစ်မယ်ဆိုလည်း ခွဲရတော့မှာပေါ့ ၊
ဪ နား နား နား ၊
22 comments
alinsett (gazette)
March 11, 2014 at 1:21 pm
ဝတ္ထုလား တကယ့် အဖြစ်လားဟင်. . .
*********
တကယ်ဆိုရင်တော့ စိတ်မကောင်းပါဘူး
အဆင်ပြေ သက်သာပါစေနော်
Myo Thant
March 11, 2014 at 2:41 pm
အမယ်လေး ၊ တကယ်ဖြစ်နေတာပါဗျာ ၊
ဆုတောင်းအတွက် ကျေးဂျူးကမ႓ာဆိုင်းရော 🙂
ဘရန်းဒက် ကေဇီ
March 11, 2014 at 3:00 pm
အဲလာ တယ်လီဖုန်းတွေ မတရားသဖြင့် ပြောလို့နေမှာ။
😀
အမြန်ဆုံးသက်သာပါစေ။
ကထူးဆန်း
March 11, 2014 at 3:09 pm
ဆရာဝန်မဟုတ်တော့ ဘယ်လို အကြံပေးရမှန်းမသိ ။
အဲတော့ သိတာ ပြောနိုင်တာ တစ်ခုဘဲ ရှိတယ် ။
အမြန်ဆုံးပြန်ကြားပြန်ကောင်းပါစေနော်..
Myo Thant
March 11, 2014 at 3:17 pm
ကျေးဇူးပါ ကေဇီ နဲ့ ကထူးဆန်းရေ ၊
ကေဇီရေ ၊ ဖုန်းက တစ်နေ့နေလို့ ၃ ၊ ၄ ခါပဲ ၊
ဒါတောင် ရုံး ရယ် အိမ်ရယ်က များများ ၊ ပြောလည်း ၂ မိနစ် ၃ မိနစ်ပဲ ၊
ကျူစရာလည်း မရှိရပါဘူးကွယ် ၊ 🙂
ကိုပေါက်(မန္တလေး)
March 11, 2014 at 3:18 pm
ဘာ ကြောင့် ဖြစ် တာ လဲ သိ နေ သလို
နား ကို ခဏ ခဏ $%^*%&&(*( အ ကျင့် ခံ ရ လို့ နေ မှာ
မဟာရာဇာ အံစာတုံး
March 11, 2014 at 3:32 pm
ဂရုစိုက်ပါဗျို့
နားတို့ မျက်လုံးတို့ဆိုတာ
အလွန်အရေးကြီးတဲ့ အရာတွေဗျ
Myo Thant
March 11, 2014 at 3:39 pm
ဟုတ်ကဲ့ပါ ဆရာအံစာရေ
ကိုပေါက်ပြောသလိုများ ဖြစ်ခဲ့လို့လားမသိ 🙂
surmi
March 11, 2014 at 4:00 pm
မျက်လုံး မြင်နေသ၍
တွေ့ချင်ရာတွေ့နိုင်သေးသည်
ပြန်လည်ကောင်းမွန်ပါစေဗျား
Myo Thant
March 11, 2014 at 4:12 pm
အွန် တွေ့ရင်လည်း စကားလေး ဘာလေး ပြောချင်သေးတယ်လေဗျာ ၊
အသံလေးလည်း ကြားချင်သေးသပေါ့ ၊
အခု ဈေးဝယ်ရတာကို အဆင်မပြေချင် ၊
ဈေးသည်က ဘယ်လောက်ဈေး လို့ ပြန်ပြောတာကို သဲသဲကွဲကွဲ မကြားရတော့
ငါးရာဘိုး တစ်ထောင်ဘိုး အဲသလို ဝယ်နေရတာ ၊ ဆိုးချက်
kyeemite
March 11, 2014 at 4:24 pm
အိုး..ဖစ်မှဖစ်ရလေဗျာ…အခုခေတ်ကြီးက ခေတ်မီဆေးဝါးတွေပေါ်နေပါပြီဗျာ
ပျောက်သွားမှာပါ(ပြန်ကောင်းလာမှာပြောတာ)
Myo Thant
March 11, 2014 at 4:35 pm
ဟုတ်ကဲ့ပါ ကိုမိုက်ရေ ၊
အခုမှ ဈေးဝယ်ရခက် ၊ စကားပြောရခက် ၊ ဒုက္ခကို ဖက်ထားရသလိုပဲ ၊
ကိုယ်မတတ်တော့လည်း ဆရာဝန်ပဲ အားကိုးရဦးမှာပေါ့ဗျာ ၊
ခင် ခ
March 11, 2014 at 11:23 pm
နားထဲ တစ်ခုခုထိုးရတာမျိုးတွေ မလုပ်နဲ့အုံး အစက်ချနားဆေး နဲ့ နားသန့်ဆေးရည် မျိုးသုံးသင့်တဲ့ အချိန်ပါ။
နားကို လက်ဝါးလေးနဲ့ခဏပိတ်ကြည့် ဝှီ ဝှီ ဝှီ လို့ နားအူဆူသံဆက်တိုက်မကြားရဘူးဆို နားစည်အခြေအနေကောင်းနေလို့ စိတ်ပူစရာမလိုပါဘူး။ အဲ တစ်ခုတော့ သတိထာရလိမ့်မယ် နားအတွင်းအနာကြောင့်နာနေတာမျိုးဖြစ်ရင် ဖြစ်နိုင်ပြန်တာမို့ လိုရမယ်ရညော်တော့ရှောင်ဗျ
Myo Thant
March 11, 2014 at 11:51 pm
ကိုခ ရေ
နားကိုထိတောင် မထိရဲတော့ဘူး ၊
ပြန်ကောင်းမယ်လို့ ယုံကြည်ပေမယ့် လောလောဆယ် ခံရချက် မသက်သာဘူးဗျာ ၊
naywoon ni
March 12, 2014 at 10:12 am
နား မျက်စေ့ နှာခေါင်းက ဂရုစိုက်နိုင်မှဗျ ငယ်တုန်းက ဖယောင်းတိုင် လက်သန်းလောက်နဲ့ စာဖတ်တဲ့ကျွန်တော် အသက်လေးဆယ်ကျော်နဲ့ မျက်မှန်းတပ်နေရတယ် တစ်ခုခု ဖတ်ချင်ရင် လူကြားထဲလဲ မရှက်နိုင်ဘူး အိပ်ကပ်ထဲကမျက်မှန်ထုတ်ရတာပဲ အဆင်ပြေပါစေဗျာ
Myo Thant
March 13, 2014 at 9:26 am
ကျေးဇူးပါဗျာ
padonmar
March 12, 2014 at 9:07 pm
ကြည့်ရတာ အပြင်နားမှာ အနာဖြစ်တာ ဖြစ်မယ်။
ပိုးသတ်ဆေးတွေ သောက်/ထည့်ရင် ကောင်းသွားမှာပါ။ နောက် ကို နားထဲ ရေမဝင်စေနဲ့၊မကလိနဲ့။
(နားကို လိမ်မဆွဲစေနဲ့……..ဘယ်သူကလဲတော့ မပြောတော့ပါဘူး)
Myo Thant
March 13, 2014 at 9:29 am
အခု ဆေးစား ဆေးထည့်နေပါတယ် ၊
အဲ . . အဲ . . . ဒါနဲ့ အာတီဒုံရေ
နားကိုဘယ်သူက လာလိမ်ဆွဲမှာလဲဟင် ၊
အဲသလို လိမ်ဆွဲမယ့်သူ ရှိချင်လိုက်တာ ၊ 🙂
johnnydeer
March 13, 2014 at 12:24 pm
ကိုမျိုးသန့်ရေ…ကျွန်တော်လဲ အဲ့လို ဖြစ်နေတာဗျ…ဘယ်ဘက်နားက လုံးဝ တိုးတိုးလေး ကြားရတယ်…ညာဘက်နားကတော့ ပုံမှန်ပဲ…ဆရာဝန်ပေါင်းလဲ စုံနေပြီ…ဘယ်ဘက်နားကို ကပ်ပြီးလာပြောရင် ညာဘက်နားထိုးထိုးပေးနေရတယ်…ဘယ်တုန်းက ဖြစ်တာမှန်းလဲ မသိတော့ဘူး…ဆရာဝန်သွားပြတော့လဲ ကြားနေရသားပဲတဲ့…ဒီအတိုင်းထားလိုက်ပါတဲ့…အာရုံကြောကြောင့် ဖြစ်တာဆိုပြီး နူရိုဘီယံပဲ သောက်ခိုင်းတယ်…ဘဝတူတွေဆိုတော့ ကိုယ်ချင်းစာတယ်ဗျာ…ပျောက်ရင် ဘယ်လိုပျောက်သွားတယ်ဆိုတာ ဝေမျှပြီး ရေးပေးပါဦး…
Myo Thant
March 13, 2014 at 2:33 pm
ဟုတ်ကဲ့ပါဗျာ
myat pearl phyu
March 13, 2014 at 1:09 pm
အင်း… ဒုက္ခ ၊ ဒုက္ခ
ခံစားရတဲ့ ဝေဒနာတွေ အမြန်ဆုံးသက်သာပျောက်ကင်းပါစေချင်….
TNA
March 13, 2014 at 5:41 pm
သေချာဂရုစိုက်ပါကိုမျိုးသန့်ရေ။ တဖက်ထဲကျန်တဲ့နား ဂရုစိုက်ပါလေ