ရန်ကုန်ဖျော် လက်ဘက်ရည်
ဂျင်းဘောင်းဘီဝတ်တဲ့မြို့ကလာခဲ့တာပါ
လည်းပင်းနဲ့ခါးဆိုဒ်တိုင်းတဲ့ အကျင့်နဲ့ပလက်ဖောင်းပေါ်မှာ
မီးခြစ်ဆံလို ခေါင်းချင်းဆိုင် ထိုင် ခဲ့ကြတယ်
နယ်သားဆိုတာ
နယ်ချဲ့မဟုတ်ကြောင်း
ရန်ကုန်သားက ဆိုတယ်
ရန်ကုန်သားဆိုတာ
ရန်ကိုကုန်အောင်တိုက်ခိုက်ကြောင်း
နယ်သားက ကပြတယ်
သူဟာနဲ့သူ
စည်းဝါးကိုကိုက်လို့
အနုပညာချစ်ကြသူတွေအဖြစ်ကိုပြောတာပါ။
အလျားအနံပဲဖြစ်ဖြစ်
အသွားအပြန်ပဲဖြစ်ဖြစ်
ဓားလှံတွေမပါတဲ့ ချစ်ခြင်းဟာ
ကဗျာတစ်ပုဒ်ပေါ်မှာပဲရှိတယ်။
ကဲ
ရယ်စရာနဲ့စခဲ့တဲ့ဇာတ်လမ်းမှာ
ကိုင်ပေါက်လိုက်ပြန်ကောက်လိုက်
အနုပညာခရီးက
ငတ်တစ်လှည့်ပြတ်တစ်လှည့်ကို
မိတ်ကောင်းဆွေကောင်းလို ပေါင်းဖက်လို့
ရန်ကုန်ဖျော်လက်ဘက် ရည်ကို
အမှုမဲ့အမှတ်မဲ့ ပါဆယ်ထုပ်လို့
သမိုင်းမှာချန်ခဲ့လို့မရတာတွေချည်းပဲ
ရန်ကုန်မှာ
ပြန်ဆုံကြမယ်လို့
လေထန်ကုန်းက ငါ့ကိုပြောတာလား
မီးရထားက ဂျမဒါကိုပြောတာလား
သေသေချာချာမမှတ်မိတော့ပေမယ့်
၂၃ ပိုပိုစောင်းနေတဲ့ကော်ဖီခွက်မှာ
ကဗျာတစ်ပုဒ်က
အငွေ့ထွက်နေတုန်း။
ကိုစစ်
၇
13 comments
alinsett (gazette)
March 20, 2014 at 6:59 am
အဲဒီ ကဗျာက ထွက်နေတဲ့အငွေ ့လေး တလူလူကို
တွေ ့လိုက်ရသလိုလို. . .
——-
ဒီကဗျာလေးကို ဖတ်ပြီးရင်း ပြန်ဖတ်မိရင်းနဲ့
ကျွန်တော် အတော် သဘောကျနေမိတယ်။
လွတ်လပ်တဲ့ ကဗျာရေးဟန်အဖွဲ့အနွဲ ့ကြားမှာ
ကာရန်လေး မထိတထိ ချိတ်ပြသွားတာလေးရယ်
ကဗျာတစ်ပုဒ်လုံး ရစ်သမ်မိမိနဲ့ ရသကို တို ့ထိပြသွားတာရယ်
အလွန် ဟန်ချက်ညီနေလို ့ ချစ်စရာ ကဗျာလေးပဲလို့ ယူဆနေမိတာ။
ကဗျာသမားရဲ့ ခံစားမှုနဲ့ ကဗျာစာသားတွေက ပြနေတဲ့ အဓိပ္ပါယ်ကို
သေချာ မပြောတတ်ပေမယ့် ဖတ်ပြီးရင်း ပြန်ဖတ်မိလောက်အောင်
ကျွန်တော့် ကဗျာချစ်သောနှလုံးသားကို သိမ်းပိုက်သွားတဲ့ကဗျာပါပဲ။
—–
ဓါးလှံတွေ မပါတဲ့ချစ်ခြင်းနဲ့
အသွားအပြန် ပြန် ဖတ်မိတဲ့
ချစ်သော ကဗျာတစ်ပုဒ် . . .
အဟုတ် တွယ်တာမိတဲ့အကြောင်း ပြောခဲ့ပါရစေ. . .
ko six
March 20, 2014 at 8:05 am
Alinset ….
ကဗျာတစ်ပုဒ်ကို
ကဗျာတစ်ပုဒ်လိုပဲခံစားတာထက်
သမိုင်းတစ်ခုလိုဖတ်ကြည့်တာက
လူတစ်ယောက်ရဲ့ခြေရာလက်ရာ
ဒါမှမဟုတ်
လူ့ပတ်ဝန်းကျင်ရဲ့အညမညသဘောသတရားတွေကို
မြင်သိခံစားလာရမှာပါလေ။
ကျေးဇူးပါပဲ
ှကျေးဖဖ
Wow
March 20, 2014 at 10:04 am
လက်ဘက်ရည်ဆိုလို့ ဝင်လာတာ လက်ဘက်ရည်လဲတိုက်ဝူး…
ko six
March 20, 2014 at 10:17 am
လမ်းညွန်ပါ့မယ်
သမိုင်းလမ်းဆုံက ကံကော်ရိပ်မှာ
အလကားသောက်လို့ရပါတယ်ဗျ
Wow
March 20, 2014 at 10:36 am
ဂယ်… အရင်ကြွေးဒွေပါ ပေါင်းပီး တောင်းခံရမာတော့ ဟုတ်ဝူးနော်… :kwi:
ဘရန်းဒက် ကေဇီ
March 20, 2014 at 12:07 pm
အနုပညာဆိုတာ လူမျိုးနဲ့မဆိုင်ဘူး
ခံစားတတ်တဲ့ နှလုံးသားနဲ့ဘဲဆိုင်တယ်
(ခရက်ဒစ် တူ ဦးကျော်စွာခေါင်)
ဘယ်နယ်သား ရန်ကုန်သားရယ်မှ မဟုတ်…..
ရင်ဘတ်ထဲမှာ ခံစားတတ်တဲ့ ကဗျာ နှလုံးသားရှိရင် တစ်သားတည်းပါပဲနော့။
:chit:
ကျနော်က မန်းလေးက။
အဲဒါ မခွဲခြားပဲ လက်ဖက်ရည်တိုက်ပါနော်။ :mrgreenn:
Wow
March 20, 2014 at 1:30 pm
ကျွိကျွိနော် ဒမာ အသစ်လေးဂို… ဘူမှမသိခင် သုံးသိန်းအောက် လက်ဘက်ရည်တိုက်ခိုင်းနေတာဂို…
ဘရန်းဒက် ကေဇီ
March 20, 2014 at 1:37 pm
နိ အရင် တိုက်ခိုင်းနေတာ တွေ့လို့
နာ လည်း အားကျမခံ အမြန်အပြေးလာရတာ ….
ဟောဟဲ။
မိုက်ကယ်ဂျော်နီအောင်ပု
March 20, 2014 at 5:21 pm
ဘောင်ဘီးခါးဆုဒ်ကို
အလယ်ဘင်းနဲ့တိုင်းတာကိုတော့ လျှော့တွက်လို့မရဘူး
အတိကျကြီးမဟုတ်ပေမယ့် ကွက်တိသာသာဘဲပြောလို့ရတယ်
အဲ့ဒါက ယောက်ကျားတွေတွက်ပါ
မိန်းမတွေကြတော့ ခါးဆိုဒ်တော့ ကွက်တိဘဲ
ကြယ်သီးတတ်လို့မရဖြစ်ကြတယ်
ဖြစ်ဆို ပိုပိုလျှံလျှံရှိကြတာကိုး
နယ်သားဆိုတာနယ်ချဲ့မဟုတ်ကြောင်း ဒဲ့
နယ်ခံဖြစ်လာရုံသက်သက်ပါ
ko six
March 20, 2014 at 9:39 pm
အားလုံးကိုကျေးဇူးတင်ပါတယ်
ကျနော်က
ရန်ကုန်သားမဟုတ်ပါဘူးဗျ
ကိုပေါက်(မန္တလေး)
March 20, 2014 at 10:33 pm
23 ထက် နည်း နည်း လေးစောင်းတော့
ခွက်ထဲ က အရည် တွေ ကို
ပါးစပ် ထဲံ လောင်း ထည့် မိ တာပေါ့
ko six
March 20, 2014 at 10:35 pm
ဟုတ်ကဲ့
ခင် ခ
September 14, 2014 at 3:05 am
ရန်ကုန်နေဘဝ ပြန်တောင်လွမ်းသလိုလို