စာမေးပွဲ
မေးတာကိုပဲ ဖြေပါ
မဆိုင်တာ မဖြေရ
အနေလှချင်ရင် ရွှေချပြီးမှဖြေ
အသေလှချင်ရင် မဂ်ရပြီးမှသေ
ခက်တာက
တစ်ဘဝလုံးကျက်ထားမိတာ
အကုသိုလ်တွေ တစ်အုပ်ပြီးတစ်အုပ်
ပိုဆိုးတာက
ဘယ်နေ့ဖြေရမယ်မသိသလို
ဘယ်လိုနေ့မျိုးလဲ ရင်တထိတ်ထိတ်
ကဲ
ကော်ပီကူးဖို့တော့မစဉ်းစားနဲ့
သေချာတာကတော့
တစ်ယောက်ချင်းစီ မေးခွန်းပေးတယ်ဆိုတာပဲ
ကိုစစ်
9 comments
alinsett (gazette)
March 23, 2014 at 5:22 pm
” တစ်ဘဝလုံး ကျက်ထားမိတာ
အကုသိုလ်တွေတစ်အုပ်ပြီးတစ်အုပ် ” ဆ်ုတဲ့ စကားလုံး အသွားအလာကို
သဘောအကျကြီးကျသွားတယ်ဗျာ. . .
ဟုတ်သား. . .
ကျွန်တော်လည်း ကျက်ခဲ့မိသမျှတွေ ပြန် ရေကြည့်ဦးမှ. . ,
တစ်အုပ် နှစ်အုပ် သုံးအုပ် လေးငါးအုပ်
ဆယ့်လေးငါးအုပ် . . .
ထောင်သောင်းများစွာ. . .
များစွာ. . .
များစွာ. . .
ko six
March 23, 2014 at 6:03 pm
ပြန်မရေရဲဘူး
alinsett (gazette)
March 23, 2014 at 6:16 pm
ကဗျာ အရေးကောင်းတဲ့ ဆရာSix ရေ
ကျနော်တို့ရဲ့ ဂဇက်ကဗျာပြခန်းမှာ ဖော်ပြချင်လို့
ကဗျာ တစ်ပုဒ် နှစ်ပုဒ် သုံးလေးပုဒ်လောက်
ကဗျာ အလှူခံပါတယ်ခင်ဗျ
ko six
March 23, 2014 at 7:38 pm
ဟုတ်ကဲ့ပါ
တွန့်တွန့်တိုတိုနဲ့လှူဒါန်းပါတယ်ခဗျ။
padonmar
March 23, 2014 at 9:19 pm
Ko Sixရေ
ကောင်းလိုက်တဲ့ အတွေးနဲ့ အရေးပါလား။
ko six
March 23, 2014 at 10:32 pm
တီတီရေ….
မမြောက်ပါနဲ့ဗျ
kyeemite
March 24, 2014 at 10:21 am
အင်း…ဒီနေ့တွေ့တဲ့ ကဗျာနှစ်ပုဒ်လုံး (ကိုနေဝန်းနီ နဲ့ ကိုဆစ်) ကြိုက်သဗျာ..ဒသန ကလည်းလှမှလှ
ko six
March 24, 2014 at 3:01 pm
ဦးကြီးမိုက်က
ယောကျ်ားစစ်ရဲ့လားဟင်
TNA
March 24, 2014 at 4:12 pm
တိုတိုနဲ့ ထိမိလှသမို့ သဘောကျသွားပါတယ်ဗျို့