Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စဉ်းစားကြစေလိုပါတယ် ( ၇၂ ) ( တရားမျှတမှု အစစ်အမှန် – ၂ )

Foreign ResidentMarch 26, 20144min83319

စဉ်းစားကြစေလိုပါတယ် ( ၇၂ ) ( တရားမျှတမှု အစစ်အမှန် – ၂ )

 

အင်း ၊ အခု ဒီ Post ကတော့ ၊ တနေ့က အဘ ရေးခဲ့တဲ့

” စဉ်းစားကြစေလိုပါတယ် ( ၇၁ ) ( တရားမျှတမှု အစစ်အမှန် ) ” ဆိုတဲ့ Post မှာ ၊

မန့်ခဲ့ ၊ မေးခဲ့ကြတဲ့ ရွာသူားများရဲ့ Comment တွေကို အကြောင်းပြန်ရင်း ၊

ထုံးစံအတိုင်း အရမ်းရှည်သွားတဲ့အတွက် Post အသစ်ကို ခွဲလိုက်ရတာဘဲကွယ် ။

 

ပထမဆုံး က ထူးဆန်း ရဲ့ Comment လေးကနေစပါမယ် ။

 

က ထူးဆန်း မန့်သွားတာတွေက ၊ ကျနော့်ရဲ့ ပြောလိုရင်း ဖြစ်တဲ့ ၊

ဗုဒ္ဓ ဘာသာရဲ့ အနှစ်သာရ တစ်ခုဖြစ်တဲ့ သတ္တဝါ အားလုံးအပေါ် မေတ္တာ ထားခြင်း ။

အခုခေတ် နိုင်ငံတကာက လက်ခံကျင့်သုံးနေတဲ့ ၊

လူသားချင်း စာနာမှု ၊ လူသား ဆန်မှု ၊ လူ့ အခွင့်အရေး စံနှုန်းတွေ အရ ။

” အဘိုး အဘွား လက်ထက်ထဲက ဒီမြေမှာ နေလာခဲ့တဲ့ ၊

ဘင်္ဂါလီတွေကို မြန်မာ နိုင်ငံသား ပေးကို ပေးရမယ် ”

ဆိုတဲ့ အဓိက ပြောလိုရင်း  နှင့်တော့ မဆိုင်လှဘူး ဖြစ်နေတယ် ။

ထားပါတော့ ။

 

က ထူးဆန်း says:

” အစိုးရက အမြဲတန်း လိမ်နေကျဆိုတဲ့ လူတွေက ဒီလိုမျိုး အဖြေကျတော့ လက်ခံပေးတယ် နော် “

 

က ထူးဆန်း ရဲ့ ကျနော်က အစိုးရကို အမြဲတန်း လိမ်နေကျ လို့ ပြောလေ့ မရှိပါဘူး ။

ကျနော် ပြောလေ့ရှိတာက ၊ အစိုးရ မှားရင် ၊ အထူးသဖြင့် ၊ ဒီမိုကရေစီ ၊

လူ့အခွင့်အရေး နှင့် တရားမျှတမှု စံနှုန်းတွေကနေ လွဲချော်သွားရင် ၊

အဲဒီ အစိုးရ ရဲ့ အမှားကို ထောက်ပြတာ ၊ ကန့်ကွက်တာ ပါဘဲ ။

ကျနော့်ရဲ့ အရင် Post တွေ ၊ Comment တွေ ကို သေချာ ပြန်ဖတ်ကြည့်ပါဦး ။

 

မှန်တာပြောရရင် လူဝင်မှု နှင့်ပါတ်သက်ရင် တာဝန်အရှိဆုံးဖြစ်တဲ့

လူဝင်မှု ဝန်ကြီး ဦးခင်ရီ ကိုယ်တိုင်က ၊

တရားဝင် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာ ဆိုတော့ ၊

အတိုင်းအတာ တစ်ခုအထိ မှန်မယ်လို့ ယူဆရမှာဘဲလေ ။

 

( ဒါမျိုးက သမိုင်းမှာ မှတ်တမ်းဝင်သွားမယ့် ကိစ္စကြီးလေ )

( ခုလိုခေတ်ကြီးမှာ လူပေါင်း ၈ သိန်း ကျော်ရဲ့ ကမာ္ဘသိ ကိစ္စကြီးကို ၊

ပက်ပက်စက်စက်ကြီး လွဲအောင်လဲ လိမ်လို့ မရတော့ပါဘူး )

 

က ထူးဆန်း says:

” နှစ်နိုင်ငံလုံးကြည့်လိုက်ရင် တိုင်းရင်းသား ဆိုတာကျန်သေးရဲ့လားဟင် လို့ မေးရတော့မဲ့ နိုင်ငံ “

 

ဒီ Comment လေး နှင့် ပါတ်သက်ပြီးတော့ ၊ က ထူးဆန်း ကို ကျေးဇူးတင်ပါတယ် ။

Barrier ကိစ္စ ကို သေချာ ရှင်းပြခွင့် ရသွားလို့ပါ ။

 

ရဲစည် says:

” အဲ့ဒါ မသိလို့ မတတ်လို့ နားမလည်လို့ barrier နည်းလို့မဟုတ်ဘူး “

 

က ရဲစည် ကလဲ ဒီကိစ္စကို နဲနဲ ပြောထားတာ နှင့် အတော်ပါဘဲ ။

အမှန်ကတော့ ဒီ Barrier ဆိုတာ ၊ ပိုတော်တာ ၊ ပိုသိတာ ၊

ပို လူနေမှု အဆင့်မြင့်တာ ကို ပြောလိုရင်း မဟုတ်ပါဘူး ။

 

အဲဒီ နိုင်ငံတွေမှာ ရေရှည် အခြေချ နေထိုင်ရင်း နှင့်မှ ၊

တဖြေးဖြေး ကိုယ်တိုင် ခံစားလာရပြီး ၊ ခံစားသိ နှင့် ( ခံစားသိ နှင့် ) သိလာရတဲ့ ၊

တရားမျှတမှု ဆိုတာ ဒါပါလား ဆိုတဲ့ ခံစားမှုလေးကို ဆိုလိုတာပါ ။

 

ဩဇီ နှင့် အမေရိက မှာ Native တိုင်းရင်းသား တွေ အများကြီး ရှိနေပါသေးတယ် ။

ဟုတ်ပြီ ၊ အတိတ်က သူ့ခေတ် သူ့အခါ အလျှောက် ၊

တရားမျှတတယ် လိုအပ်တယ်လို့ ယူဆပြီး စစ်ပွဲတွေ ဆင်နွှဲခဲ့တာရှိမယ် ။

ပြီးခဲ့တာတွေကတော့ ၊ သေသူတွေ ပြန် ရှင်လို့ မရတော့ဘူးပေါ့နော် ။

 

ဒါပေမယ့် အခုလိုအချိန်မှာ ပြန်ပြီး သုံးသပ်ကြည့်တော့ ၊

တစ်ချို့ လွန်ခဲ့ မှားခဲ့တဲ့ အချက်တွေကို သတိပြုမိရင် ၊

မှားခဲ့တဲ့သူ ၊ အထူးသဖြင့် အမှားများခဲ့သူတွေက ၊ ခံခဲ့ရသူတွေကို ၊

 

၁ ။ သူတို့ ရဲ့ ဘိုးဘွားတွေ မှားခဲ့ပါကြောင်း ဝန်ခံတယ် ။

၂ ။ သူတို့ ရဲ့ ဘိုးဘွားတွေရဲ့ အမှားတွေ အတွက်လဲ ဆိုင်ရာ အခမ်းအနားတွေတိုင်းမှာ ၊

နိုင်ငံ ခေါင်းဆောင်တွေက အမြဲတန်း ထည့်သွင်း တောင်းပန်တယ် ။

၃ ။ သူတို့ မတရား ရယူခဲ့တဲ့ အခွင့်အရေးတွေကိုလည်း

တတ်နိုင် ဖြစ်နိုင် သလောက် ပြန်ပေးတယ် ။

၄ ။ အားနည်းတဲ့ တိုင်းရင်းသားတွေကိုလည်း ၊

အထူး အခွင့်အရေး တွေ နှင့် ဘုန်းဘောလအော ထောက်ပံ့တယ် ။

 

ဒီနိုင်ငံထဲမှာနေပြီး နေ့တဓူဝ အဲဒီလို အဖြစ်အပျက်တွေကို

မျက်ဝါးထင်ထင် တွေ့မြင် ခံစားနေရတော့ကာ ၊

တရားမျှတမှု အစစ်အမှန် ဆိုတာ ဒါပါလား ဆိုတဲ့ ၊

ခံစားသိ နှင့် သိလာရတဲ့ ခံစားမှုလေးကို ၊

Barrier လို့ တင်စား ခေါ်ဝေါ် သုံးနှုန်းလိုက်မိတာပါ ။

 

ထင်ရှားတဲ့ ဥပမာ လေးတွေ ပြမယ်နော် ။

 

အမေရိကမှာဆိုရင် Red Indian တွေနေတဲ့ Reservation Area တွေမှာဆိုရင် ၊

Red Indian တွေကို အခွန် မကောက်ရဘူး ။

Red Indian Tribe တွေကို တန်ဘိုးကြီး Casino ဖွင့်ခွင့် License တွေ ချပေးတယ် ။

 

ကျနော်တို့ ဩဇီမှာဆို ပိုတောင်ဆိုးသေးတယ် ။

တိုင်းရင်းသား အဘော်ရီးဂျင်း တွေရဲ့ တန်ဘိုးထားတဲ့ ၊

အထိမ်းအမှတ် နေရာတွေ ၊ အကုန်ပြန်ပေးတယ် ။

 

ဩဇီ ရဲ့ အဓိက Landmark ဖြစ်တဲ့ Uluru တောင်ကြီးကိုတောင် ၊

ပိုင်ရှင်အမှန် Ancestral Ownership ဆိုပြီး ပြန်ပေးတယ် ။

အစိုးရက Tourist Industry ကို မြှင့်တင်ချင်တော့ ၊

တိုင်းရင်းသား အဘော်ရီးဂျင်း တွေဆီက ခွင့်ပြုချက်တောင်းပြီး ၊

ငှာရမ်း အသုံးပြုခ ပိုက်ဆံပေးပြီးတော့ကို ပြန်ငှားရတယ် ။

 

ဩဇီ မှာက ၊ တိုင်းရင်းသား အဘော်ရီးဂျင်း ဆိုတာနှင့် ၊

ကျောင်းလခက အစ ၊ စားဝတ်နေရေး ၊ ကျန်းမာရေး အကုန် ၊

ဩဇီ အစိုးရက တာဝန်ယူတယ် ။

အစိုးရ အလုပ်အကိုင် အခွင့်အလမ်းတွေကအစ ၊

တိုင်းရင်းသား အဘော်ရီးဂျင်းတွေ ကို ဦးစားပေးတယ် ။

 

အဘော်ရီးဂျင်းတွေထဲက ပညာတတ် တစ်ယောက်လောက်များ ထွက်လာရင် ၊

ဩဇီမှာ ချီးမွမ်းလို့ မဆုံး ၊ သတင်းစာမှာ ပါလို့ မဆုံးဘူး ။

 

တိုင်းရင်းသား အဘော်ရီးဂျင်းတွေ နေဘို့ ၊ အိမ်တွေက အစ ၊

ရေ မီး လမ်း အပြည့်အစုံ နှင့် အလကားဆောက်ပေးတာ ။

 

ဒါပေမယ့် ၊ အဘော်ရီးဂျင်းတွေက သူတို့ ဓလေ့ထုံးစံ ယဉ်ကျေးမှု အရ ၊

အဲဒီ ဆောက်ပေးတဲ့အိမ်တွေမှာ မနေချင်ကြဘဲ ၊

ကွင်းပြင်တို့ သစ်ပင်ရိပ်တို့ အောက်မှာ သွားနေကြတာတော့ ရှိတယ် ။

 

နောက်ဆုံး ဘယ်လောက်တောင်ဖြစ်လာလဲ ဆိုတော့ ၊

တစ်ချို့ အဘော်ရီးဂျင်း ပညာတတ်တွေက အစိုးရကိုတောင် ပြန် အပြစ်တင်လာတယ် ။

ဩဇီ အစိုးရက အဘော်ရီးဂျင်း တွေကို ၊ လိုလေသေးမရှိ / လိုတာထက် ပိုပြီး ၊

ထောက်ပံ့တဲ့အတွက် ၊ သူတို့ အဘော်ရီးဂျင်းတွေ ၊

ပညာမတတ် ၊ ပျင်းရိ ၊ အရက်စွဲ ဖြစ်နေရပါတယ် ဆိုပြီးတော့လေ ။

 

လိုရင်း ပြန်ကောက်ရရင်တော့ ၊

ကျွန်ပိုင်ရှင် စံနစ် ၊ ပဒေသရာဇ် ဘုရင် စံနစ် ၊ ကိုလိုနီ နယ်ချဲ့ အရင်းရှင် စံနစ် ၊

စသဖြင့်သော ၊ ယခုအချိန်မှာ ကြည့်ရင် မတရားဘူးလို့ သိသာပေမယ့် ၊

သူ့ခေတ် သူ့အခါတုန်းကတော့ မှန်တယ် ထင်ခဲ့ကြတဲ့ ၊ စံနစ် တွေရှိခဲ့တယ် ။

 

ဒါပေမယ့် အဲဒီ့ခေတ်တွေတုန်းက အတွေးအခေါ် ယဉ်ကျေးမှု ရေချိန်တွေအရ ၊

အဲဒီ့ စံနစ်တွေဟာ တရားမျှတတယ် ၊ လုပ်သင့်တဲ့ လုပ်ရပ်တွေလို့ယူဆပြီး ၊

အဲဒီ့ခေတ်က လူတွေက လုပ်ခဲ့ကြတယ် ။ စစ်ပွဲတွေ ကျူးကျော်ခဲ့ကြတယ် ။

ဘယ်လိုပြောရမလဲ ၊ သူ့ခေတ် နှင့် သူတော့ မှန်တယ် ထင်ခဲ့ကြတာကိုး ။

 

O K ၊ အခုခေတ်မှာ လူတွေ ယဉ်ကျေးမှု အဆင့်အတန်း မြင့်လာကြတယ် ။

ကိုယ်တွေ ကိုယ်တိုင် လုပ်ခဲ့တာ မှားခဲ့တာ မဟုတ်ပေမယ့် ၊

ကိုယ်တွေရဲ့ ဘိုးဘွားတွေ လုပ်ခဲ့တာ တွေကို ၊ ပြန် သုံးသပ်ကြတယ် ။

 

မှားခဲ့ မတရားခဲ့တာတွေ တွေ့ရင် ၊ မှားခဲ့ မတရားခဲ့ကြောင်း ( ပထမ ) ဝန်ခံကြတယ် ။

ကိုယ့် ဘိုးဘွားတွေ မှားခဲ့ မတရားခဲ့တာတွေအတွက် ( ဒုတိယ ) ကိုယ်စား တောင်းပန်ကြတယ် ။

( တတိယ ) တတ်နိုင် ဖြစ်နိုင်တဲ့အလျှောက် ပြန်လည် နှစ်သိမ့် ပေးလျှော် ကြတယ် ။

 

ကဲ စဉ်းစားကြည့်ပါအုံး ၊ ဘယ်လောက် ယဉ်ကျေးမှု မြင့်မားတဲ့ ၊

လက်ခံနိုင်စဖွယ် ရှိတဲ့ ၊ ချစ်စရာ ဓလေ့လေးလဲ ။

 

အမှန်ဆိုရင် ၊ ဒါမျိုး ဗမာတွေလဲ လုပ်ချင်ရင် လုပ်လို့ရပါတယ် ။

ဘို့တော် ဦးဝိုင်း လက်ထက်က ရခိုင်ပြည်ကို ဗမာတွေ သိမ်းပိုက်ခဲ့တယ် ။

ရခိုင် မြို့တော်ကို ဖျက်ဆီးပြီး ၊ ရခိုင်တွေကို သောင်း ချီပြီး သတ်ဖြတ်ခဲ့တယ် ။

ရခိုင်တွေရဲ့ ကိုးကွယ်ရာ မဟာမြတ်မုနိ ဆင်းတုတော်ကို မန္တလေး ကို သိမ်းယူခဲ့တယ် ။

 

O K ၊ ဒါတွေဟာ သူ့ခေတ် သူ့အခါ အလျှောက် ၊ သူ့ခေတ်က လူတွေက ၊

တရားမျှတတယ် ၊ လုပ်သင့်တယ် ထင်လို့ လုပ်ခဲ့တာတွေလေ ။

ဖြစ်ပြီးတာတွေလဲ ပြီးခဲ့လို့ ၊ သမိုင်း ဖြစ်သွားပြီဘဲ ။

အခုအချိန်မှ ၊ သေပြီးတဲ့သူတွေလည်း ပြန်မရှင်တော့ဘူးလေ ။

 

အခုခေတ်မှာ ၊ ဗမာတွေ လုပ်သင့်တာက ၊ ဘိုဘွားတွေရဲ့ လုပ်ရပ်တွေအတွက် ၊

၁ ။ ရခိုင်တွေအပေါ် မတရားခဲ့မိကြောင်း ( ပထမ ) ဝန်ခံလိုက်ကြ ။

၂ ။ ဗမာ ဘိုးဘွားတွေ ရဲ့ လုပ်ရပ်တွေအတွက် ရခိုင်တွေကို တောင်းပန်လိုက်ကြ ။

၃ ။ ရခိုင်တွေရသင့်တဲ့ ၊ ရခိုင့် ဒေသကို ရခိုင်တွေ ကိုယ်တိုင် အုပ်ချုပ်ခွင့် ပေးလိုက်ကြ ။

၄ ။ မဟာမြတ်မုနိ ဆင်းတုတော်ကြီး ကိစ္စ ကိုလည်း ၊ ပြန်ညှိကြပေါ့ ။

 

အဲဒီလို လုပ်မှလဲ ၊ ရခိုင် ဗမာ ၊ ရန်ငြိုးတကယ်ပြေတဲ့ ၊ ရေရှည် တည်တံ့မယ့် ၊

တကယ့် တိုင်းရင်းသား ချစ်ကြည် ရင်းနှီးမှု အစစ်အမှန်ကို ရပေတော့မပေါ့ကွယ် ။

 

အဘ မလဲ ၊ Barrier အကြောင်း ဩဇီ ဥပမာတွေနှင့် ရေးရင်း ရှင်းရင်း နှင့် ၊

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးဘက်ကိုပါ ပါတ်ပြီး ရောက်သွားရသေးတယ် ။

ဘာပဲဖြစ်ဖြစ် ၊ ” တရားမျှတမှု အစစ်အမှန် ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ ရှိနေတာပါဘဲ ။

 

လိုရင်းကို ပြန်ချုပ်ရရင်တော့ ၊ အဘ ရဲ့ အဓိက ခံယူချက်တွေကတော့ ၊

 

၁ ။ အဘ တို့ ဗုဒ္ဓ မြတ်စွာ ရဲ့ သတ္တဝါ အားလုံးအပေါ် မေတ္တာ ထားခြင်း ။

၂ ။ လူသားခြင့် ကိုယ်ချင်းစာနာခြင်း / တနည်းပြောရရင် လူဆန်ခြင်း ( Humanity ) ။

၃ ။ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု အစစ်အမှန် ။ ပါဘဲ ။

 

ဒီနေရာမှာ ၊ မ ပဒုမ္မာ မန့်သွားခဲ့တဲ့ Comment လေးကိုဘဲ ပြန်တင်ပြပါရစေ ။

 

padonmar says:

” မြတ်စွာဘုရား ရဲ့ အဆုံးအမတွေကိုသာ တကယ် လိုက်နာကြမယ်ဆိုရင် ၊

လူမျိုးရေး ဘာသာရေး ပြဿနာတွေ ဖြစ်စရာ မရှိပါဘူး။

ဒီမိုကရေစီ စစ်စစ် နဲ့ တရားမျှတမှု ဆိုတာ ၊

ကိုယ်ချင်းစာတရားပေါ် အခြေခံထားတာလို့ နားလည်ပါတယ် “

 

အဲဒါပါဘဲ ၊ ဘုရားတရားကို တကယ်လည်း ထဲထဲဝင်ဝင် လက်ရှိလုပ်ဆောင်နေတဲ့ ၊

တကယ့် သူတော်ကောင်း / စိတ်ရင်းကောင်းသူတွေရဲ့ မှတ်ချက်ဆိုတာ ဒါပါဘဲ ။

 

အဲ ၊ က ရဲစည် ပြောထားတာ တစ်ခု ကျန်ခဲ့တော့မလို့ ၊

ရဲစည် says:

” ရခိုင် / ဘင်္ဂလီအရေးထက် ခရိုင်းမီးယား ဥပမာ အရ အရှေ့ဘက်ခြမ်း ကို ၊

barrier မြင့် နိူင်ငံသားများ အနေဖြင့် ပို အရေးစိုက် ရေးကျ ပြောပြကျပေးပါလို့ နော “

 

အဘ အတွက် ကတော့ ၊ ” ဘင်္ဂါလီ ” ဘဲ ဖြစ်ဖြစ် ၊ ” ဝ ” ဘဲ ဖြစ်ဖြစ် ၊

ဘိုးဘွားတွေ လက်ထက်ကနေ စပြီး ၊ တစ်မြေထဲနေ ၊ တစ်ရေထဲသောက်ပြီး ၊

အတူတကွ ကြီးပြင်းလာခဲ့တဲ့ ဆွေမျိုးပေါက်ဖေါ် ညီအကို မေါင်နှမတွေပါ ။

 

သူတို့တွေကို ကြောက်လန့်နေပြီး ၊ အတင်း ဖိနှိပ် ချုပ်ချယ်တဲ့ ပုံစံ အစား ၊

သူတို့တွေကို နိုင်ငံသားဖြစ်မှု စသဖြင့်သော တန်းတူအခွင့်အရေးတွေကို ပေးပြီး ။

ငါတို့တွေဟာ တစ်မြေထဲနေ ၊ တစ်ရေထဲသောက် ညီအကို မေါင်နှမတွေ ဆိုတဲ့ ခံစားမှုကိုပေးပြိီး ၊

သူတို့ဆီက နိုင်ငံတော် အပေါ် သစ္စာ ရှိမှု နှင့် တာဝန်ခံမှု ကို ပြန်တောင်းချင်တာပါဘဲ ။

 

အဘတို့ရဲ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် အတူတကွ ဆောင်ရွက်ကြမယ့် ၊

သစ္စာ ရှိ ညီအကိုတွေ ဖြစ်အောင် ဆွဲဆောင် ခေါ်ငင်သွားချင်တာပါဘဲ ။

 

P.S : မှန်တာကို ပြောရရင်တော့ ၊ အဘ က မေတ္တာ သမားလေးပါကွယ် ။ ငိ ငိ ငိ ။

( သာမီး ငယ်ချောလေးတွေအပေါ်ဆို ပိုပြီးတောင် မေတ္တာ ရှိသေး ။ ဟီ ဟိ )

 

အဘ နှင့် သဘောမတူသူတွေ ရှိလိမ့်မယ်လို့လဲ မျှော်လင့်ထားပြီးသားပါ ။

အဲဒီ့ အခြေအနေတွေ ၊ အကြောင်းရင်းခံတွေ ကိုလည်း အဘ နားလည်ပြီးသား ပါကွယ် ။

အရင် Post မှာ  ကေဇီ လေး မန့်ခဲ့သလိုပေါ့ကွယ် ။

 

ဘရန်းဒက် ကေဇီ says:

” တခါတလေ ရိုင်းရိုင်းပြောရရင် လူလို အဆက်ဆံခံရဖူးမှ လူစိတ်ရှိတတ်သလိုမျိုးလေ “

 

ဪ ၊ အဘ တို့ နိုင်ငံသားတွေ ခမျာမှာလည်း ၊

၁၉၆၂ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက စပြီး ၊

” လူ ” လိုမှ အဆက်ဆံ မခံခဲ့ရရှာတာဘဲကိုး ။

အဲဒီတော့လည်း  x x x x x x ။

အင်း ၊ Barrier ၊ Barrier ။

 

တော်သေးဘီ ။

 

မေတ္တာ နှင့် တရားမျှတမှု ဘက်တော်သားလေး ၊

အဘ ဖေါ ( F R ) ။

 

 

 

19 comments

  • ရဲရဲတောက် ကေဇီ

    March 26, 2014 at 8:15 am

    ပို့(စ) နဲ့တော့ မဆိုင်ပါဘူးးး….

    ရွာခြောက်တာမှာ ဟိုတစ်ခုလည်း ပါတယ် အဘရဲ့။

    ဒီရွာမှာက …….

    မြန်မာပြည် အပြင်ဘက်က နေနေတဲ့ သူတွေက မြန်မာပြည်ကို မချစ်တတ်ဘူးတို့။
    မကောင်းကြောင်းပြောတယ်တို့၊။
    ကိုယ့်ဘာသာ မကောင်းကြောင်း ပြောတယ်တို့။
    သူများနိုင်ငံ ကောင်းကြောင်းပြောတယ်တို့ နဲ့
    အမြင်မကြည်ရာကနေ မဝင်တဲ့သူတွေလည်း များတယ်။
    အပြင်မှာ ကျနော် မြင်ရ ကြားရသလောက်ပေါ့။
    :hint:

    အဲတော့ တော်တော် ပြောနိုင် ငြင်းနိုင်တဲ့သူမှပဲ လာတော့တယ်။
    မငြင်းနိုင်ရင်တော့ မဝင်တော့ဘူးးး
    တိတ်တိတ်လေးဖတ်သလားတော့မသိ။ 🙄

    ဒေါ်စု သမ္မတ ဖြစ်ရင်ကို ဘာသာပျက်မယ် ဆိုတာ
    တစ်ထစ်ချ ယုံထားတဲ့ ဦးဏှောက်ပိုင်ရှင်တွေမို့ မလွမ်းလောက်ပါဘူးလို့ ပဲ ယူဆလိုက်ပါတယ်။
    :hint:

    ကိုယ့် ဗုဒ္ဓဘာသာကို ဖျက်မှာ ပြည်ပ ရောက်နေတဲ့ သူတွေဆိုပြီးးး ကို ပြောခံရတာ။
    ပြောတဲ့သူကို ကြည့်လိုက်တော့ အရက်သမား တဏှာရူးးးး
    :hint:

    အာ့နဲ့ပဲ ….
    အာ့နဲ့ပဲ……
    😥

    • တိမ်မည်း

      March 26, 2014 at 9:37 am

      ကျွန်တော် ကို ဖက်ကတ် နဲ ့ ပြောတိုင်း အမြဲ ပြောဖြစ်တဲ့ စကား တခွန်း ရှိပါတယ်….

      မြန်မာနိုင်ငံဟာ အခုထိ ရှေးရိုးစွဲ လူမျိုး ၈ဝ ရာခိုင်နှုန်း ကျော်နဲ ့ တည်ရှိနေသေးတယ်လို ့…

      အမှန်တော့ ၉ဝ ကျော်ကျော် ကို ရှိမလားပဲ…..

      ဒါကြောင့် ပြောတာ ဆိုတာတွေက သူတို ့ကို နားဝင်အောင် လက်ခံအောင် သူတို ့အကြိုက်လေးနဲ ့ ဖြည်းဖြည်း ချင်း ချော့ ခေါ်ရမယ်….

      ငါက တော့ ဒီမိုကရက်တစ် နင်ကတော့ ကွန်ဆာဗေးတစ် ငါလမ်း ငါလျှောက်
      နင့်လမ်း နင်လျှောက် ဆိုတဲ့ အချိုး မျိုး နဲ ့ကတော့

      ငယ်ငယ်တုန်းက အမေ တုတ်နဲ ့ရိုက်ပီး ဆုံးမ သလိုပဲ

      ပြောချင်သလောက်ပြော….. လုံးဝ လုံးဝ အရာ မရောက်…….

      ချစ်ရင် ပြင်စေချင်ရင်…. စိတ်ရှည်ပါ…. သည်းခံပါ…. အနစ်နာခံပါ…. အကြောင်း အကျိုး ဆီလျော်ပါ….. တခါတလေ ပြန်အော်ခံရတာ အဆဲခံရတာ အရိုက်ခံရတာ… ရှိမယ်…. ဒါတွေကို ငြူဆူလို ့မရဖူး… တကယ် ပြင်စေချင်ရင်…..

      လူဆိုတဲ့ အမျိုးဟာ ခြင်္သေ့ တောင် လိမ္မာ တဲ့ ကြောင် တကောင် ဖြစ်အောင် လေ့ကျင့် ပေးနိုင်ရင်….

      မြန်မာ နိုင်ငံသူ နိုင်ငံသားတွေကို လမ်းမှန် ပြန်ရောက်အောင် လုပ်ဖို ့ ဆိုတာ အလှမ်း မဝေးပါဖူး…..

      ကျွန်တော့် အမြင်လေး ပြော မိတာပါ….

      သူ ့ဘက်လေး နဲနဲ လျော့… ကိုယ့်ဘက်လေး နဲနဲလျော့…. စည်းဆိုတာ ပါးပါးလေး….

      လေးစားလျက်
      တိမ်မည်း

      • kai

        March 26, 2014 at 4:48 pm

        ပြောရရင်..ယူအက်စ်လည်း.. ၆ဝရာခိုင်နှုန်းအထက်က..ရှေးရိုးစွဲတွေပါ…။
        ကွန်ဆာဗေးတစ်ဖြစ်တာဟာ… မကောင်းတာမဟုတ်..။
        လူ့ဘုံလောကအတွက်.. လိုအပ်တာ.. ကောင်းတာတခုဖြစ်ပါကြောင်းရယ်..။

        ဆိုတော့..
        အစွန်းရောက်တာကတော့.. တကယ်ကို(တကယ်ကို) မကောင်းပါကြောင်း..
        ဗုဒ္ဓတရားတွေအရကောက်ရင်….. အစွန်းရောက်ရင်… အစွန်းရောက်တဲ့ကံ(အလုပ်)တွေ… တန်ပြန်လာမည်ဖြစ်ပါကြောင်း..
        လစ်ဘရယ်ဖြစ်ဖြစ်.. ကွန်ဆာဗေးတစ်ဖြစ်ဖြစ်…ပေါ့..။ :mrgreen:

    • ခင် ခ

      March 26, 2014 at 10:27 am

      မတ် ၂ရ နီးလို့လားမသိ ရဲရဲတောက် ဘွဲ့ထူးရှေ့ကဖြစ်သွားတာ။

  • weiwei

    March 26, 2014 at 10:04 am

    အခုရက်ပိုင်း စိတ်လေတာနဲ့ ရွာထဲအမြဲတမ်းတမ်းလိုလိုနေမိတယ် ..

    မှန်တာပြောရရင်တော့ အဘဖောစဉ်းစားခိုင်းတာတွေကို စဉ်စားဖို့ မြန်မာပြည်ထဲက လူတော်တော်များများ အချိန်မရှိကြပါဘူး .. စဉ်းစားဖို့လဲ ဉာဏ်ရည်မမှီကြဘူး … အဲဒါကြောင့် ဝင်မဆွေးနွေးကြတာဖြစ်ပါလိမ့်မယ် ..

    ကျွန်မဆိုရင် အစိုးရဝန်ထမ်း .. ခေတ်နဲ့အညီပြောင်းလဲဖို့ကြိုးစားနေတဲ့ စနစ်တွေကြားထဲမှာ အထက်နဲ့ အောက် အဆင်ပြေအောင် ကြိုးစားရတာနဲ့တင် တစ်ခေါင်းလုံး မဖွေးသွားတာကံကောင်း .. တစ်ဌာနစာအလုပ်ကိုတောင် ပြေလည်အောင် မဖြေရှင်းနိုင်သေးတဲ့ အနေအထားဖြစ်နေတော့ တခြားကိစ္စတွေကို မစဉ်းစားနိုင်တာ မဆန်းပါဘူး ..
    တခြားမြန်မာပြည်သား အများစုလဲ ကျွန်မလိုပဲ ကိုယ့်အလုပ်နဲ့ကိုယ် (ကိုယ့်ပြသနာနဲ့ကိုယ်) လုံလည်ချာလည်လိုက်နေမှာပါပဲ ..

    ွရွာထဲခြောက်ကပ်လွန်းလို့သာ ကွန်မန့်ဝင်ရေးလိုက်တာ … ဒီပို့စ်နဲ့ ဘာမှ မဆိုင်ပါကြောင်း … 😉

  • kyeemite

    March 26, 2014 at 11:26 am

    အင်း..ကိုဖေါလည်း ဘာပဲပြောပြော ဒီလိုစာလေးတွေရေးပြီး ကြယ်ငါးလေးတွေပစ်နေတာပဲ…
    တစ်ကောင်ရောက်ရောက် နှစ်ကောင်ရောက်ရောက်…အကျိုးရှိပါ၏။
    ကျုပ်အမြင်အရတော့ …ကျုပ်ကိုယ်တိုင်တောင် ဒီဆိုဒ်ထဲရောက်လာမှ အတွေးအမြင်အယူအဆ
    တော်တော်လေးကြည်လင်လာတာ ဝန်ခံရမှာပါ…ဆက်လုပ်ပါလို့ အားပေးပါတယ်…

  • ဦးဦးပါလေရာ

    March 26, 2014 at 2:09 pm

    .နောက်တစ်ခေါက် ထပ်ဝင်လာတာ-
    .တကယ်တော့ ဒီ မာလိန်မှုးကြီးပြောပြောနေတဲ့
    .တရားမျှတမှု့ အစစ်အမှန်ဆိုတာလေး နဲ့ပါတ်သက်ပြီး အထွန့်တက်မလို့…

    .နေပါဦး…
    .ဒီနိုင်ငံမယ် ဘယ်နှစ်ယောက်လောက်ကများ တရားမျှတမှု့ကို လိုချင်လှတယ်ရယ်လို့ ရှိဖူးလို့တုန်း….
    .တကယ်တော့ ကိုယ်ကြိုက်တာပဲ ကိုယ်လိုချင်ကြတာချည်းကို…။
    :mrgreen:

    .အဲတော့ကာ –
    .ဘယ်သူမှမကြိုက်တဲ့ ပစ္စည်းနဲ့ မက်လုံးပေးလို့တော့ဖြင့် အလုပ်ဖြစ်ဖို့မသေချာ…

    .ကျုပ်က ဒီလိုပြောင်းပြောကြည့်မယ်…
    ၁-ကျုပ်တို့နိုင်ငံရဲ့ ရေတိုအကျိုး၊ ရေရှည်အကျိုးတွေအတွက်
    ၂-ကျုပ်တို့တိုင်းရင်းသားတွေ အေးအေးချမ်းချမ်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်
    ၃-အထူးသဖြင့် ရခိုင်ဒေသက သွေးချင်းညီနောင်တိုင်းရင်းသားတွေ စိတ်အေးလက်အေး ရေရှည်နေနိုင်သွားဖို့အတွက်
    ၄-ကျုပ်တို့နိုင်ငံရဲ့ နယ်မြေတည်တံ့ရေးနဲ့ အချုပ်အခြာအာဏာ ခိုင်မြဲရေးအတွက်
    ၅-ကျုပ်တို့နိုင်ငံကို သူတပါးက ထောင်ခြောက်ဆင် အကွက်ဆင်ပြီး အသုံးချ မသွားဖို့အတွက်
    ၆-ကျုပ်တို့နိုင်ငံရဲ့ အင်အားစုတွေကို နိုင်ငံရေးသမားတွေက မြှောက်ပေး ချွန်တွန်းပြီး အလွဲသုံး ရန်တိုက်ပေးတာမျိုးအဖြစ်မခံရဖို့အတွက်
    ……………………….
    .တိုတိုပြောရရင် ကျုပ်တို့နိုင်ငံနဲ့ တိုင်းရင်းသားတွေရဲ့အကျိုးအတွက် –
    .ကောင်းကောင်းဆက်ဆံရမယ့်သူတွေကို ကောင်းကောင်းဆက်ဆံကြရအောင်…
    .မျှမျှတတ ဆက်ဆံရမယ့်သူတွေကို မျှမျှတတ ဆက်ဆံကြရအောင်….
    .ကိုယ့်ဖက်ကကောင်းပြီးတော့မှ ကိုယ့်အပေါ်မကောင်းလာရင်လဲ ဥပဒေအတိုင်းတုန့်ပြန်ကြတာပေါ့….

    အဲသလိုပဲ..
    .ကိုယ့်အကျိုးအတွက်
    .ကိုယ့်တိုင်းရင်းသားအချင်းချင်းလဲ မျှမျှတတ ဆက်ဆံကြရအောင်…

    .မေတ္တာ လား ….????
    . အခုတော့ ဗီဒီယိုပြန်ရိုက်နေတယ်ပြောတာပဲ…….

    • Mg Yit Htoke

      August 7, 2014 at 5:20 pm

      ဦးပါ ပြောလိုက်မှပဲ ရှင်းသွားတော့တယ်
      (ဟုတ်တော့လဲ ဟုတ်သား) တရားမျှတမှုကြောင်းပြောတာ
      ဒီအသက်အရွယ်ထိ အပြင်မှာဆို ဒေါ်စု ပြောတာရယ် ၊
      အွန်လိုင်းမှာ ဟောဒီဆိုဒ် ရယ်ပဲတွေ့ဘူးသေးတာ
      ဆိုတော့ တရားမျှတမှုကို မလိုချင်ပဲ၊ကိုယ်ပဲ အမြဲအသာစီးရချင်နေတဲ့
      စိတ်ကို မသတ်နိုင်/မဖြတ်နိုင် သရွေ့ တရားထိုင်၊ဝိပသနာရှု၊နိဗ္ဗာန် ၊မဂ် ၊ဖိုလ်
      ခွိ…. ဒါကို နားလည်ပီးသား တခြားနိုင်ငံသား ၊ ဘာသာခြားတွေက
      ပြက်ရယ်ပြုတော့မှာပဲ
      (အဲ …ဒါနဲ့ မြန်မာပြည် ပြန်ရောက်ရင် မတရားမှုတွေ များလွန်းလို့
      ကိုယ်တောင် တရားမျှတမှု ဆိုတာကြီးနဲ့ နေနိုင်ပါ့မလား မသိ) :k:

  • Foreign Resident

    March 26, 2014 at 3:03 pm

    ဘာရယ် မဟုတ်ပါဘူး ။ အခုလေးတင် TV ကြည့်လာတာ ။
    TV မှာ ခုလေးတင် ဩဇီ ဝန်ကြီးချုပ် တိုနီ အက်ဘော့ မိန့်ခွန်းပြောသွားတယ် ။

    သူက မလေး လေယာဉ် MH 370 မှာပါသွားတဲ့ သူတွေ အားလုံးအတွက် ၊
    ဝမ်းနည်း ကြေကွဲရပါတယ် Mourn ဆိုတာပြောတယ် ။

    ပြီးတော့ ၊ အထူးသဖြင့် Especially မလေး လေယာဉ် မှာပါသွားတဲ့ ၊
    ဩဇီ နိုင်ငံသား ၆ ယောက် နှင့် ဩဇီ မှာ အခြေချ နေထိုင်သူ Resident ၁ ယောက်
    အတွက် ဝမ်းနည်း ကြေကွဲရကြောင်း ပြောသွားတယ် ။

    တွေ့လား ၊ သူ့ ဩဇီ နိုင်ငံသား အတွက်တင်မကဘူး ၊ အဘ တို့လို့ ၊
    ဩဇီမှာ လာ အခြေချ နေထိုင်တဲ့ နိုင်ငံခြားသား Resident အတွက်ပါ ၊
    ဝမ်းနည်း ကြေကွဲရကြောင်း ၊ ဂရုတစိုက်ကို ထည့် ပြောသွားတယ် ။

    သိပ်ချစ်ဖို့ကောင်းတဲ့ ဝန်ကြီးချုပ် ၊ သိပ်ချစ်ဖို့ကောင်းတဲ့ အစိုးရ ၊
    သိပ်ချစ်ဖို့ကောင်းတဲ့ ဩဇီ နိုင်ငံ ။

    အဲဒီလို သူများနိုင်ငံ ခေါင်းဆောင်တွေက ဝမ်းနည်း ကြေကွဲရကြောင်း ပြောနေချိန် မှာ ၊
    သိပ်ချစ်ဖို့ကောင်းတဲ့ ၊ အဘတို့ မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန် ကတော့ ၊
    အာဆီယံ အသင်းကြီး ရဲ့ ဥက္ကဋ္ဌ လုပ်နေပြီး ဝမ်းနည်းကြောင်း တစ်ခွန်း မဟသေးဘူး ။

    အခုဆို ၊ တရုတ်ပြည်မကြီး ကလည်း ၊ သူ့ တိုင်းသူ ပြည်သားတွေ အတွက် ၊
    အာကာသ ကနေ ဂြိုလ်တု Satellite ၂၁ လုံးတောင် ရွှေ့လိုက်ပြီး ၊ သုံးပြီး ရှာဖွေနေတယ် ။
    ရေထဲမှာ တရုတ် စစ်သင်္ဘော ၄ စီး နှင့် လည်း ရှာနေယုံမကဘူး ၊
    လေထဲက Ilyushin Il-76 ဆိုတဲ့ ဧရာမ ရှာဖွေရေး လေယာဉ်ကြီးတွေ နှင့်ပါ ၊
    အတင်း မရမက ရှာဖွေနေတယ် ။

    အဲဒါဟာ ၊ ကွန်မြူနစ် တရုတ်ပြည်မကြီး ကတောင်မှ ၊
    သူ့တိုင်းသူ ပြည်သားတွေ ကို ဘယ်လောက်တန်ဖိုးထားတယ် ဆိုတာပြတာဘဲ ။

    အဘ တို့တိုင်းပြည်မှာမတော့ ၊ ပြီးခဲ့တဲ့ နှစ်က ၊
    စစ် အင်ဂျင်နီယာ တပ်က စစ်သား ၃ ယောက် ၊
    တိုင်းပြည်အတွက် တာဝန် ထမ်းဆောင်နေတုန်း ၊
    ရိုဟင်ဂျာ သူပုန်တွေက ဝင်ဖမ်းခံသွားတာတောင် ၊
    အခုထက်ထိ ၊ ဘာမှ မယ်မယ်ရရ အားတက်သရော မလုပ်ပေးဘဲ ၊
    အရူးကွက်နင်းပြီး မေ့ချင်ယောင်ဆောင်နေတုန်း ။

    အဲဒါတွေဘဲ ၊ အဲဒါတွေဘဲ ။
    အဘတို့ ၊ မြန်မာ နိုင်ငံသားတွေ လူလို အဆက်ဆံ မခံရဖူး ၊
    လူလို တန်ဖိုးထား မခံရဖူး ဆိုတာ ။

    ပြောရင်း ပြောရင်း နှင့်ဘဲ ၊
    ဒီ အနီရောင် Passport စာအုပ်ကြီးကို ဆွဲဖြဲချင်စိတ် ပေါက်လာတယ် ။

    • ရဲရဲတောက် ကေဇီ

      March 26, 2014 at 3:36 pm

      သံပတ်ရုပ် ဆိုတာ သံပတ်ပေးမှ လှုပ်ရှားသလို၊
      ရုပ်သေးရုပ်ဆိုတာလည်း ကြိုးဆွဲသူရှိမှ က တတ်တာ။

      🙂

  • ရဲစည်

    March 26, 2014 at 6:14 pm

    ဦးဖောရေ
    မနေ့ကပဲ အဲ့ barrier အကြောင်း အပြင်မှာ အတော့်ကို အငြင်းအခုန်ဖြစ်သဗျ။ ဆိုတော့ ရခိုင်အကြောင်းရော ဝအကြောင်းရော ဘင်္ဂလီအကြောင်းရော တချင်တွေ(KIA) အကြောင်းပါ ပြောကျ ငြင်းကျပေါ့ ဒါပေမဲ့ တယောက်နဲ့ တယောက် လိုရင်းမရောက်ပဲ ဘက်ဆွဲကျလေသတည်းပေါ့။
    ခုနောက်ပိုင်း သူများအမြင်ကို ဝေဖန်တာ ကိုယ့်အမြင်ကို highlight လုပ်တာကို သိပ်အားမသန်တော့ဘူး အဲ့တာ barrier ကို ကျနော့်ခံစားချက်နဲ့ ပြန်တွေးမိတာ
    ဖန်ခွက်တလုံးထဲက ရေ(ဗမာအခေါ်)လိုပါဘဲ ဟိန္ဒူက ပါနီ၊ အင်္ဂံလိပ်က water၊ တရုတ်က စွေ့ စသဖြင့် အခေါ်အဝေါ်( ) တခုကလွဲလို့ မူရင်းအမှန်တရားက မရှိခြင်းပါဘဲ။ အဲ့တော့ အဲ့တော့ ဘာမျှမငြင်းလို

  • Paing Lay

    March 26, 2014 at 8:38 pm

    Post နဲ့ မဆိုင်တာလေး မန့်ကြည့်ပါဦးမယ် အဘဖောရေ အမှားပါရင် ခွေးလွှတ် အဲလေ ခွင့်လွှတ် 😀

    ဒီလိုပါ အနော့ရဲ့ ငယ်ဆရာမ(မူလတန်းကနေ အလယ်တန်းထိ သင်ဖူးတဲ့)က အနော့ကို တွေ့တိုင်း အမြဲပြောတတ်တဲ့စကားကြောင့် တစ်ခါတစ်ရံကျရင် မသိချင်ယောင်ဆောင်ပဲ ရှောင်ရှောင်ထွက်နေရတယ်။ အဲဒါကဘာလဲဆိုတော့ နင် အိမ်ထောင်ပြုမယ်ဆိုရင် လူမျိုးတူ တာကိုပဲယူတဲ့ နင်မယူရင် တစ်သက်လုံး ဘုန်းကံနိမ့်ရမယ်တဲ့။ အနော်စဉ်းစားမိပြီး ရယ်မိတယ်ဗျ။ ဘာကြောင့်လည်းဆိုတော့ အနော့ကို ဆုံးမတဲ့ ဆရာမက Christan ဖြစ်နေလို့လေ။ သူလို ဘာသာဝင်တစ်ယောက်က အနော်တို့ Buddhism ရဲ့ ရှေးရိုးစွဲတစ်ခုဖြစ်တဲ့ လူသေအလောင်းကို ကိုင်ရင် ဘာဖြစ်မယ်ညာဖြစ်မယ်။ နောက်ပြီး လူသေကို အပြင်ထုတ်ရင် အိမ်နံရံနဲ့ မတိုက်ရဘူး ခြေနဲ့ ထွက်ရင်ဘာဖြစ်မယ် ဘာညာဆိုတဲ့ အယူသီးမှုတွေပေါ့။ ဒီနေရာမှာ ဦးကျော်သူ စကားကိုငှားသုံးရမယ်ဆိုရင်ဖြင့် သားငါးတွေကျတော့ အရိုးနူးအောင်ပြုတ်ပြီး ကြော်လှော် ချက်ပြုတ်စားနေတာကျတော့ကော လို့ အနော်ပြောလိုက်ချင်တယ်။ ငယ်ဆရာမမို့ မပြောဘဲ ငြိမ်နေလိုက်တယ်။ ကြောက်လို့တော့မဟုတ်ဘူး။ ထာဝရရန်သူ မဖြစ်ချင်လို့။ ပြောရမယ်ဆိုရင် အနော့မိဘနဲ့လည်း ဘော်ဒါရင်းဖြစ်နေလို့။ နောက်တစ်ခါတွေ့လို့ အထက်ပါ စကားနဲ့ အနော့ကို ထပ်ပြီး ကိုင်ပေါက်ဦးမယ်ဆိုရင်တော့ အနော်က ဒီလိုတေးထားလိုက်တယ်။ ဆရာမ ဂျာနယ်တွေ ဘာတွေ ဝယ်ဖတ်ဖြစ်ရဲ့လား? ဆိုပြီးလေ တော်သေးဘီ(credit to အဘဖော) 🙁

  • padonmar

    March 27, 2014 at 1:20 am

    FR
    အမှန်ဝန်ခံရရင် ဟိုဖက်ပို့စ်တုံးက အဲဒီ Barrier ခြားတယ်လို့ သုံးတာ ကျမလည်း အစာမကြေခဲ့ဘူး။
    ငြင်းခုန်ခြင်းအနုပညာမကျွမ်းလို့ ကိုယ်စိ်တ်ဝင်စားရာကိုပဲ မန့်သွားတာ။
    အခုပို့စ်မှာမှ အဘ ဘာပြောချင်လဲဆိုတာ သဘောပေါက်ပါတယ်။
    မှန်သော်လည်း ချိုသာတဲ့ စကားဖြစ်ရင် ပိုကောင်းတာပေါ့။
    (ဆရာလုပ်ကြည့်တာပါ)၊တခါတလေ ခပ်ကြမ်းကြမ်းလေး ပြောမှ နားထဲဝင်တာမှန်ပေမယ့် လူမျိုးရေးဘာသာရေးဆိုတာမျိုးက မျက်မှန်စိမ်းနဲ့ အကြည့်ခံထားရရင် စိမ်းသထက်စိမ်းနေတတ်ကြတယ်။
    (ဒါမျိုး မကြောက်လို့ ရွာရိုးလျှောက်တယ်လို့ မောင်ဂီ့လို တော့ မပြောနဲ့)

    ………….
    ရက်အင်ဒီးယန်းတွေ အဘိုရိုက်ဂျင်း တွေကို Native ဆိုပြီး ဦးစားပေးတယ်ဆိုတာ ကြားဖူးပါတယ်။
    သူတို့ဆီမှာ စစ်ပြန် Veteran ကိုလည်း ဦးစားပေးရတယ်မလား။
    အလုပ်လာလျှောက်ရင် မခန့်ပဲနေလို့ မရဘူး ဆိုပြီး ကြားဖူးတယ်။
    သူတို့ စစ်ပြန်က တကယ့်ကို တိုင်းပြည်အတွက် လုပ်ခဲ့တယ်လို့ ယုံကြည်ရလို့ပေါ့နော်။(ထပ်ပြီး စဉ်းစားခိုင်းလိုက်တာ ဟီဟိ)

    • ROssI

      March 27, 2014 at 2:51 am

      တိန်
      ဘယ့်နှယ့် မောင်ဂီ က ပါလာတာတုန်းဗျာ။
      ကျော့်မှာ ကိုယ့်ဒုက္ခနဲ့ ကိုယ် နေ့ညမှားနေလို့ ရွာရိုးမလျောက်နိုင်တာတောင်ကြာပေါ့။

    • Foreign Resident

      March 29, 2014 at 12:38 pm

      padonmar says:
      ” အမှန်ဝန်ခံရရင် ဟိုဖက်ပို့စ်တုံးက အဲဒီ Barrier ခြားတယ်လို့ သုံးတာ ကျမလည်း အစာမကြေခဲ့ဘူး။
      ငြင်းခုန်ခြင်းအနုပညာမကျွမ်းလို့ ကိုယ်စိ်တ်ဝင်စားရာကိုပဲ မန့်သွားတာ။
      အခုပို့စ်မှာမှ အဘ ဘာပြောချင်လဲဆိုတာ သဘောပေါက်ပါတယ် ”

      မပဒုမ္မာ ရေ ။
      Barrier လေးရှိနေတယ် ဆိုတာ အသိသာစေဆုံးက ဒေါ်စုပြောခဲ့တဲ့ ၊

      ” ကုလား လို့ ခေါ်တာ မ ကြိုက်ရင် ကုလား လို့ မ ခေါ်ကြပါနှင့် ”

      ဆိုတဲ့ စကားလေးပါဘဲ ။

      ဒေါ်စု ရဲ့ အဲဒီ စကားလေး ကို ၊ ဘယ်လို သဘောထားကြသလဲ ကိုကြည့်ပြီး ၊
      အဲဒီ လူတွေ ရဲ့ ယဉ်ကျေးမှု ၊ အတွေးအခေါ် တွေကို ခန့်မှန်းလို့ ရပါတယ် ။

      ဒီဖက် ဒီမို နိုင်ငံတွေမှာတော့ ၊ မကြိုက်တဲ့ အသုံးအနှုန်း ၊
      Discriminated ဖိနှိပ် နှိမ့်ချတဲ့ အသုံးအနှုန်းမျိုး မသုံးရပါဘူး ။
      ( ဥပမာ ။ ။ African American တွေ ကို နီဂရိုး လို့ ခေါ်ခွင့် မရှိပါဘူး )

      သူများ လူမျိုး နာမည် ကိုလည်း မကောင်းတဲ့ အဓိပ္ပါယ် နှင့် တွဲမသုံးရပါဘူး ။
      ( ဥပမာ ။ ။ ကုလားကျင့် ကုလားကြံ ၊ က(လား)လိမ် က(လား)ကျစ် )

    • sorrow

      April 1, 2014 at 1:46 pm

      Barrier ခြားတယ်လို့ သုံးတာ နားခါးပေမယ့်..တကယ်တမ်းတော့
      အဲ့တာတကယ့်အမှန်တရားဗျ…ကျော်လဲ ဖတ်မိခါစက စပ်ဖျင်းဖျင်းကြီးရယ်…

  • kai

    March 27, 2014 at 3:05 am

    ပြောရရင်… မြန်မာဆိုတာက..အရှေ့တောင်ပိုင်းကုလားနဲ့ ဂျပန်.. အဓိကရောသမမွှေထားတာတဲ့…
    ကြိုက်တဲ့ကောင်… လာခဲ့..။ ကျန်တဲ့ကောင်နဲ့ချမယ်..။
    အချင်းချင်းတွေပဲ…နော.. :mrgreen:

    Thant Myint-U
    My paternal haplogroup is 02a1a; my maternal haplogroup is M7b1. Most Burmese people are a mix of these and several other haplogroups.

  • Wow

    March 28, 2014 at 3:06 pm

    ငယ်ထဲက အချစ်မခံရတဲ့ ခလေးက မချစ်တတ်ဘူးတဲ့…
    အနော်လဲ ပါသပေါ့လေ.. ကွကိုယ် သနားလွန်းလို့ မျက်ရည်တောင် ဝဲတယ်.. :mrgreen:
    ဒါကို အလုံးစုံနားလည်ပီး အခြေခံ ပညာရေးနဲ့ ကျမ်းမာရေးကစ နောက်မျိုးဆက်အတွက် တင်ကျန်အောင် စေတနာထား မြှင့်တင်ပေးနေတာကတော့ ဒေါ်စုပါပဲ ….

  • black chaw

    April 1, 2014 at 1:14 pm

    နားတော့ သိတ်မလည်ဘူး အဘဖေါရေ…။
    အဲဒါကြောင့် ဝင်မဆွေးနွေးတာ ခင်ဗျ…။
    :mrgreen:
    ဖတ်တယ် ဆိုတာလေးတော့ သိစေချင်လို့
    ကွန်းမန့်ဝင်ရေးသွားတာပါခင်ဗျာ…။
    :mrgreen:

Leave a Reply