ခါနွေဆန်းတော့ လွမ်းမိတယ်။
ခါနွေဆန်းတော့ လွမ်းမိတယ်။
ဆန်းစခါနွေ ၊
သာတပါင်းမို့ ညှာညောင်းကြွေ၊
ပြေပြေရောရု၊
မြအသွေး၊ ရွှေရေးလုလို့၊
ရတု အညီ၊
မြေသို့သက်တဲ့ ရော်ရွက်ရီကို၊
ပလီပလာ တီတာတာ သည်ခါဓလေ့၊
နွေအကူး လေရူးဝှေ့တော့၊
ကွေ့ကွေ့ ဝန်းဝိုက်၊
ရွှေကြောင်ဖား မြီးဖျားလိုက်သို့၊
မြိုင်တိုက် စုံယံ၊
ရွက်ဟောင်းပျံသော်၊
ရွှေခြံဂါမ ကျွန့်ဌာနကို ၊
မှန်းဆလို့တွေး၊
မိဖ နှစ်ပါး ဆွေအများကို
လွမ်းအားနဲ့ ဆွေးမိပေါ့။
မအေးနိုင် မရွှင်နိုင်၊
သည်ရာသီ လတပေါင်း
ကြက်ဆောင်းသို့ တိုင်သောအခါ
တလှိုင်လှိုင်ပေါ်
မြိုင်တကြော
တောစံပယ်ဖြူ၊
ဝတ်မှုံကျင်းတဲ့ သင်းကြူကြူကို၊
လေချူလို့ လွှင့်
ပန်းထုံ တဲ့ လေချ ို မှာ
ရွှေချိုးပျ ို ကူသံဆင့်ပေလိမ့်။
မြိုင် မြင့်စုံခြေ
ဆာဝေဝေ
ရွှေကသစ်ပန်း၊
ကောဝိလာငယ်
တျာ တျာ ရင့်လန်းကာပ၊
ပင်နန်းထက်ယံ
ဆက်ရက်သံ
ကြွက်ညံ ကြော်ကျွေး၊
မ ဖို ပျော်ပျော်
တူနှစ်ဖေါ်
ထူးခေါ်ကာ မေးကြသနှင့်။
ကွေးကွေးကျစ်ကျစ်
ဖူးပုရစ်လည်း
ပြေလှစ် စင်စင်၊
စုံတခွင်ဝယ်၊
မြရှင် ရွက်ဦး၊
လုပ်လဲ့လုပ်လီ လေအချီ
ဟိုသည် ညွှတ် မြူးစဉ်မှ၊
ကြည်နူးစဖွယ် တောအဆွယ်
သူငယ် နွားကျောင်း၊
ညောင်ညို မှိုင်းချိပ် ပင်ပျိ ုရိပ်မှာ
အသာ အိပ်လျှောင်းကာပ၊
ခြောင်းခြောင်းပူလျှံ သူရကန် တဆံမမှု၊
ဝါုးလွေတို ရောင်စိုစိုကို
လေချ ို နှင့် ညုရာက၊
ရွာသူ့ဓလေ့ လျှို အကွေ့ ပျ ို မေ့သူဇာ။
ထင်းခွေ မျောက်တူး ကြိ်မ်ညွန့်ဖူး
သူအခူးရာလာတွင်၊
သာသာ အေးအေး မသံပေး
ဆိုတေးသံ ငြာတော့ကို၊
ချာကနဲပင်၊ မောင်ဂေါပါလ
ငေါက်ငေါက်ထ လျှိ ု ဝ သို့ ဝင်လို့၊
ရှင်မိဒွေးညို တုတ်စိုစိုရယ်၊
ဟိုတနေ့ည ဖခေါင်းချ မှာ
ရှင်မတို့ တဲ ၊
နွားရုံတခို ဘူးစင်ပြိုမှာ
ရွှေစွန်ညို ဝဲပါလျက်ကနဲ့
မထွက်အပေါ် ၊
မဒွေးငယ် အရွဲ့တိုက်လို့၊
မိုက်လိုက်ပုံ တော်ရော့လ။
ကျော်ကျော်ကြားကြား
မဒွေးသား ခါးခါးအန်အန်
ပင်လယ်ယံမှာ ရေငံနဲ့ဆေး၊
ငယ်ကချစ်တဲ့ ဆံရစ်မေကို
ဟော သည်ဖေ လွေးမှာပေါ့ ဟု၊
အေးအေး ဖြူးးဖြူးး၊
တောစရိုက်နှင့် အလိုက်သင့်နူးသည်ကို
စိတ်ကူးတွင်သာ မြင်ရပါ
ဘယ်ခါကာလ
ကျွန့်ချက်မြှုတ်တဲ့ တောအုပ်ညိုမှာ၊
ကိုယ်တို်င်မြင်ရပါ့မတုံး။
လျလျ နွမ်းနွမ်း
တလို့သာ မှန်းရတော့
ထွက်လမ်းမမြင် ဒဂုန်ခွင်
မရွှင်နိုင်အား၊
ခေါင်းလောင်းမချို တက္ကသိုလ်ဝယ်
နေညိုချိန်များမှာတော့ ၊
အင်းယားရတနာ ကန်တော်သာမှာ
ပြာပြာလဲ့လဲ့
လှိုင်းဘောင်ဘင် ဖွဲ့တော့ကို၊
မိခင်ရဲ့ သားပျိ ုမှာ
အလိုလို ရင်ဖိုလေးလို့
ဆွေးမိတော့တယ်။
ဝေးနယ်ရပ်ကွာ ကျွန်တို့ရွာမူ
ခုခါ ကာလ တပေါင်းကျ က၊
မြမြမိုမို အုန်းညိုညိုမှာ
ကြည်ချ ို သာမော ရွှေဥဩလည်း၊
တတောလုံးစင် ထပ်ပဲ့ထင်နှင့်၊
လွင်လွင်အေးအေး ရင့်ရူကျွေးလိမ့်။ ။
ဆရာမင်းသုဝဏ်
၁၉၃၀။
မန်းဂေဇက်ရွသူ ရွာသားအပေါင်း ကျန်းမာတော်မူကြပါစ။
မန်းရွာကို လှမ်းကာမရောက်ပေမယ့်
လွမ်းနေတာကြောင့် ခုလို ဆရာမင်းသူဝဏ် ကဗျာလေး ပို့လိုက်ကြောင်းပါ။
ခါနွေဆန်းတော့လွမ်စရာတွေ တွေ့တတ်ကြသောသူများအတွက်လည်း အလွမ်းပြေတော်မူကြပါစေ။
မန်းဂေဇက်ရွာတခွင်လည်း အပန်းပြေ လန်းဆန်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျှက်
မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့
ကြည်လွင်
၂၆.၃.၂၀၁၄
5 comments
alinsett (gazette)
March 27, 2014 at 4:47 pm
အလွမ်းပြေ ရောက်လာကာ ကဗျာအလှ ပြသပေးတဲ့အတွက် ကျေးဇူးပါခင်ဗျ။
ဆရာဝဏ် ရဲ့ ကဗျာလေးကို ဖတ်ခွင့်ရလို့ ကျေနပ်ဝမ်းသာမိပါတယ်။
———-
ပိုစ့်က copy / paste ဖြစ်နေလို့ ဘယ်သူမှ မမြင်ရပါဘူး။
သင့်တော်ရာ category တစ်ခုခု ရွေးပေးမှ ပထမဆုံးစာမျက်နှာမှာ ပေါ်မှာ မို့. . .
လောလောဆယ် ကျနော် ပြောင်းပေးခဲ့ပါမယ်လို ့
kotun winlatt
March 27, 2014 at 7:36 pm
အဟင့်…ခါနွေဆန်းးတော့… လန့်မိတယ်….
အခုတင် ရပ်ကွက် မီးသတ်ရုံးက သီချင်းဖွင့်နေတယ်…
ရန်သူငါးပါးထဲမှာ အင်မတန် ဆိုးဝါးလှတာ…ဒဲ့….
surmi
March 28, 2014 at 11:40 am
ဒီဂျီးတော်လေးက ကဗျာတွေအတော်ဝါသနာပါပုံရတယ်
အခုလို တွေ့ရခဲတဲကဗျာတွေပြန်မြင်ရတာ မင်္ဂလာပါဗျို့
ကဲ ဟေ့ ကဗျာအဖွဲ့က မောင်သဂျားတို့ အလက်ဆင်းတို့
ဒီမှာ ကဗျာလာတောင်းကြလေ 🙂
alinsett (gazette)
March 28, 2014 at 1:06 pm
ဂလောက် ဂလောက် ဂလောက်
ကဗျာ အလှူခံ ပါတယ် ခင်ဗျာ
🙂
ကိုပေါက်(မန္တလေး)
March 28, 2014 at 10:57 pm
ဆ ရာ မင်း သု ဝဏ ကဗျာ ဖတ် လိုက် ရင် ချို နေ သော အ သံ များ က ရင် ထဲ ကို ရောက် လာ ပါ တယ်