မိတ္ထီလာမြို ့ ပြည်သာယာမြောက်ပိုင်း ၁ လမ်း နှင့် မြင်းခြံလမ်းမအနီးက ပြည့်တန်ဆာလုပ်ငန်း အရေးယူပေးစေချင်
မိတ္ထီလာ ဧပြီ ၁၈
မိတ္ထီလာမြို ့ ပြည်သာယာမြောက်ပိုင်းရပ်ကွက်( က ) နယ်မြေ ၁ လမ်းနှင့် မြင်းခြံလမ်းမအနီးတွင် ပြည့်တန်ဆာလုပ်ငန်း
အား တရားဝင်လုပ်ငန်းကဲ့သို ့ လုပ်ကိုင်နေသဖြင့် သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်ပေးရန် ဒေသခံများက မျှော်လင့်
လျက်ရှိကြောင်း သိရသည်။
ပြည်သာယာမြောက်ပိုင်း ၁ လမ်းက အိမ်တစ်အိမ်မှာ လုပ်ကိုင်နေတဲ့ ပြည့်တန်ဆာလုပ်ငန်းကို မန ္တလေးတိုင်းဒေသကြီး
အဆင့်က တာဝန်ရှိသူတွေ လာရောက် စစ်ဆေးအရေးယူဆောင်ရွက်သွားတာမို ့ အဲဒီနားမှာ မလုပ်တော့ဘူး။ဒီဘက်နား
မှာလည်း လာရောက်လုပ်ကိုင်နေကြတာ။ ၁လမ်း နဲ ့မြင်းခြံလမ်းမအနီးမှာ ရှိတဲ့ ရွှေမိုးတိုက်ပျက်ကြီးအနောက်ဘက်က
တိုက်အိမ် နှစ်ခုမှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတာ သိပေမယ့် ရပ်ကွက်က မပြောရဲဘူး။ တော်ကြာ ရဲစခန်းကို
လိုင်းကြေးပေးပြီး လုပ်ကိုင်နေတာများဖြစ်ခဲ့ရင် ပြောတဲ့သူပါ ဒုက္ခရောက်မှာ စိုးနေကြလို ့ ရပ်ကွက်ဒေသခံတွေက မပြော
ရဲဘူး။ တာဝန်ရှိသူတွေကို မတိုင်ကြားရဲဘူးဖြစ်နေတယ်။ ရပ်ကွက်ထဲမှာလည်း အမျိုးသား အမျိုးသမီးငယ်တွေရှိတယ်။
မိကောင်းဖခင်သားသမီးတွေလည်း ယုန်ထင်ကြောင်ထင် အထင်ခံရနိုင်လို ့ အသွားအလာဆင်ခြင်ဖို ့ ပြောဆိုဆုံးမနေရ
တယ်။ အဲဒီ ပြည့်တန်ဆာလုပ်ငန်းကို တာဝန်ရှိသူတွေ အနေနဲ ့ မျက်စိမှိတ် ကြည့်မနေဘဲ အရေးယူဆောင်ရွက်ပေးရင်
တော့ အကောင်းဆုံးပေါ့ဗျာ ဟု ပြည်သာယာမြောက်ပိုင်း ဒေသခံတစ်ဦးဖြစ်သူ ကိုမိုး ( အမည်လွဲက ) က ပြောသည်။
အဆိုပါ ပြည်သာယာမြောက်ပိုင်းရပ်ကွက် ၁ လမ်းနှင့် မြင်းခြံလမ်းမအနီးရှိ တိုက်အိမ်နှစ်ခုအနက် မြင်းခြံလမ်းမအနီး
မှနေအိမ်တွင် လူနေပြီး ၎င်း နေအိမ်၏တောင်ဘက် တိုက်အိမ် အမှတ် က/၁၉၁ တွင် ပြည့်တန်ဆာလုပ်ငန်းအလို
ငှာ အမျိုးသမီးငယ်များထားရှိ လုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဇီးကွက်