ရှမ်းပြည်က သင်္ကြန်ရက်လေးများ
သင်္ကြန်အတက်နေ ့ညဘက်ရောက်လာပါပြီ။ရေပက်ခံထွက်တဲ့ ကားတွေ၊ဆိုင်ကယ်တွေလည်း အိမ်ပြန်လာကြပြီ။အပျိုပိန်ပိန်ရေမစိမ်နဲ့ အီကြာကွေးအီကြာကွေး။အပျိုဝဝ ရေမချနဲ ့မုန် ့ဖက်ထုပ်မုန် ့ဖက်ထုပ်ဆိုတဲ့ အော်ဟစ်သံတွေ၊ ကားပေါ်က အချင်းချင်း ရေပက်လိုက်လို ့ဟေးခနဲ ဝါးခနဲ အာမေဋိတ်သံတွေဟာလည်း
ညဉ် ့နက်လာလေလေတဖြည်းဖြည်းနဲ ့ကြားရတာ လျော့ပါးလာလေလေပါပဲ။
သင်္ကြန်ပြီးခါနီးပြီပေါ့…။သင်္ကြန်ပြီးခါနီးသင်္ကြန်သီချင်းတွေကို နားထောင်ရတာ စိတ်ထဲ
ဆွေးမြေ ့လာသလိုခံစားရတယ်။ဒီသင်္ကြန်၄ရက်လုံး ပျော်ခဲ့ သင်္ကြန်သီချင်းတွေ အော်ခဲ့တာဆိုတော့လည်းလေ …။ဖုန်းRingtoneလေးကို သင်္ကြန်မိုး သီချင်းလုပ်ထားရာကနေ ပြန်ပြီးပြောင်းရဦးမယ်။၄ရက်လုံး စည်ကားခဲ့တဲ့ လမ်းမကြီးထက်လည်း နောက်ရက်တွေမှာခြောက်သွေ ့ရော့မယ်။
ပျော်ခဲ့တဲ့ သင်္ကြန်နေ ့ရက်တွေကို စဉ်းစားကြည့်လိုက်တဲ့ အချိန်မှာတော့…..။
ဒီနှစ်သင်္ကြန်ကို တစ်ခါမှ မကျခဲ့ဘူးတဲ့ မူဆယ်ရွှေလီနယ်စပ်မှာ သွားပြီး ကျဖြစ်ခဲ့တယ်။အစကတော့နယ်စပ်သင်္ကြန်လည်းဖြစ်ပြန်၊ သိပ်လည်း စည်ကားလိမ့်မယ်လို ့မထင်တော့ သင်္ကြန်မှာ ပျော်ပါးဖို ့ထက်မိသားစုနဲ ့အတူ အနားယူဖို ့လောက်သာ ကောင်းမယ့်နေရာတစ်ခုလို ့ကိုယ့်အတွေးကိုယ် သတ်မှတ်ခဲ့
မိတယ်။
မူဆယ်နဲ ့နီးတဲ့ ကြယ်ခေါင် မန်စီဘက်မှာ မြန်မာတရုတ်နယ်စပ်ဆိုတော့ ရေမပက်လောက်ဘူးလို ့ပဲ ထင်ခဲ့ပါတယ်။ဒါပေမယ့် တရုတ်နှစ်ကူး မြန်မာဘက်မှာ စည်သလိုပါပဲ၊ မြန်မာသင်္ကြန် မြန်မာနှစ်ကူးလည်း
တရုတ်ပြည် နယ်စပ်ဘက်မှာ တော်တော်လေး စည်ပါတယ်။သူတို ့ဘက်မှာတော့ ရေဘောလုံးတွေပစ်ကြတာ ခွင့်ပြုထားတော့ ရေဘောလုံးတွေနဲ ့ဆော့တာပိုများပါတယ်။ပြီးတော့ မဏ္ဍပ်ဆောက်ပြီး ပက်တာထက်၊ကားတွေက မိုးကာကြီးတွေကို ကားထဲမှာခင်းရေတွေလှောင်ပြီး ကားအချင်းချင်း ၊ ဖြတ်သွားဖြတ်လာတွေကို ရေပက်တာ ပိုများပါတယ်။ဥယျာဉ်တွေ၊ပန်းခြံတွေဘက်မှာ ပိုပြီးစည်ကားပါတယ်။မြန်မာသင်္ကြန်သီချင်းတွေဖွင်ြ့ပီး တရုတ်တွေ ရှမ်းလူမျိုးတွေ ကကြတော့ ကျွန်မလည်း သဘောကျမိပါတယ်။
သင်္ကြန်အကြတ်နေ ့မှာတော့ မူဆယ်မြို ့ထဲမှာတင်ပဲ သင်္ကြန်ကျခဲ့ပါတယ်။မူဆယ်မှာက သင်္ကြန်ကျရင် ရပ်ကွက်အသီးသီးက အပျိုတွေကိုဖိတ်ပြီး ကိုယ့်ရပ်ကွက် သူ ့ရပ်ကွက်စုပြီး ကကြတဲ့ ဓလေ့ရှိပါတယ်။စုကတဲ့ နေရာမှာ လာကြည့်တဲ့ ဧည့်သည်တွေကို ဧည့်ခံကျွေးမွေးပါတယ်။ ကြည့်တဲ့အချိန်မှာလည်း ရှမ်းစကားနဲ ့ပဲ တင်ဆက်ပြီး ရှမ်းစကားနဲ ့ပဲအားပေးကြပါတယ်။ စင်ပေါ်က အပျိုတွေကကြသလို စင်အောက်မှာလည်း လာကြည့်သူတွေက လိုက်ကကြပါတယ်။ရှမ်းဘာသာစကားကို နားမလည်ပေမယ့် သင်္ကြန်မှာ ပျော်နေတဲ့ သူတို ့တွေရဲ ့ရိုးသားပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်တွေ၊ မြူးကြွတဲ့ သံစဉ်တွေက ကြည့်နေတဲ့ ကျွန်မတို ့ဆီကိုပါကူးစက်လာတော့ပျော်စရာကောင်းလှပါတယ်။
ရပ်ကွက်အသီးသီးကအပျိုတွေ ကလို ့ပြီးခါနီးကျတော့အဲဒီပွဲကျင်းပတဲ့ ဟောလ်ခန်းကြီးက သံဘာဂျာတံခါးမကြီးကို ပိတ်လိုက်ပါတယ်။ ရုတ်တရတ်တော့ ဘာပါလိမ့်လို ့ထင်တုန်း ကျွန်မနောက်ကနေပုံးကြီးတစ်ပုံးနဲ ့ရေလောင်းတာခံလိုက်ရပါတယ်။အံ့ဩနေတုန်းမှာပဲ နောက်ဘက်ကနေဆက်တိုက်ဆိုသလို ပုံးတွေ၊ ဖလားတွေ၊ ပိုက်တွေနဲ ့ရေတွေစပက်ကြပါတယ်။
တံခါးမကြီး ပိတ်ထားပေမယ့် တံခါးအသေးတစ်ပေါက်ကတော့ ဖွင့်ထားပါသေးတယ်။ အဲဒီကနေ ထွက်တော့ ထွက်တဲ့လူတိုင်းကိုရေလောင်းကြတာ ကျင်းပတဲ့ ဟောလ်ခန်းထဲက လာကြည့်တဲ့သူတွေရော၊ ကတဲ့အဖွဲ ့တွေရော ရေတွေကို ရွှဲလို ့။ကျွန်မလည်း အစကတော့ ထွက်ဖို ့ကြံသေးပေမယ့် ကြုံတောင့်ကြုံခဲ့ ရှမ်းပြည်သင်္ကြန်မှာ ကိုယ်တိုင် ဝင်ဆင်နွှဲဖို ့ဆုံးဖြတ်လိုက်ရင်း ဖလားကြီးကြီး တစ်ခွက် ရှာပြီး ရေလိုက် ပက်ပါတယ်။ ရေပက်ခံချင်တဲ့သူရော၊ အကကြည့်ရင်း မျောသွားလို ့တံခါးမကြီး ပိတ်ချိန် မထွက်ဖြစ်တဲ့ ရေပက်ခံရမှာ ကြောက်တဲ့သူတွေကိုရော
ရေလိုက်ပက်ရင်း ကျွန်မ ပျော်လိုက်တာလေ။
ပြီးတော့ မူဆယ်သင်္ကြန်ကို ဆက်ပြီး ကဲဖို ့မြို ့ထဲဘက်ကို ထွက်လာလိုက်တော့လည်းမူဆယ်မြို ့ရဲ ့
လမ်းမကြီးထက်မှာရော၊ လမ်းသွယ်လေးတွေမှာရော၊ ရေလောင်းကြသူတွေ ရေပက်ခံထွက်ကြတဲ့သူတွေနဲ ့စည်ကားလှပါတယ်။
မန္တလေးသင်္ကြန်မှာ နေ့လည်ဘက် ဦးပိန်တံတားတို ့ကန်တော်ကြီးတို ့မှာ အပန်းဖြေထွက်ကြသလို
မူဆယ်မှာလည်း ရွှေလီမြစ်ကမ်းဘေး အပန်းဖြေထွက်ကြပါတယ်။မူဆယ်က တောင်ပေါ်မြို ့လေးဆိုတော့ အပူချိန်နည်းတဲ့အတွက် ရေနည်းနည်းစိုလိုက်ရင်ပဲ ပုံမှန်ထက် ပိုအေးပါတယ်။ရွှေလီမြစ်ကမ်းဘေးမှာလည်း အပန်းဖြေရင်း အချင်းချင်းဆော့ကြ နောက်ကြ ရေမစိုသေးတဲ့သူကို
ရေထဲ ပစ်ချပြီး ရေစိုအောင်လုပ်တမ်းဆော့ကြ နဲ ့တော်တော်ပျော်စရာကောင်းပါတယ်။
အခုပြန်တွေးကြည့်တော့တောင် စိတ်ထဲမှာ အေးလာပြီး ပျော်လာသလိုလို ခံစားမိပါတယ်။စိတ်ဖိစီးမှုတွေကင်းဝေးပြီး အေးချမ်းတဲ့ နယ်မြေလေးမှာ ကုန်ဆုံးခဲ့တဲ့သင်္ကြန်ရက်တွေက ကျွန်မအတွက် တကယ့်ကိုမမေ့နိုင်တော့တဲ့ အမှတ်တရတစ်ခုပါ။
အေးမြတဲ့ ရေတွေနဲ ့အတူ မူဆယ်မှာ သင်္ကြန်ကို ကုန်ဆုံးခဲ့ပြီးနောက် ကျွန်မတို ့တတွေ မန ္တလေးကိုပြန်လာခဲ့ကြပါတယ်။ အိမ်ပြန်ရောက်လာတဲ့အချိန် ညဘက် အိပ်တဲ့အထိလည်း မူဆယ်သင်္ကြန်ကိုလွမ်းနေမိပါတယ်။မနက်မိုးလင်းတော့ ရေပက်ခံထွက်ကြတော့မလားဟေး…လို ့မေးမယ့်အသံ၊
ပြင်လို ့ဆင်လို ့ပြီးကြပြီလားဟေး…လို ့အော်မယ့်အသံကို ကြားချင်နေမိသလိုပါပဲ။
ဪ..တစ်နှစ်မှာ တစ်ခါဆိုသလို သင်္ကြန်ဟာ သူ ့အချိန်တန်သူ ရောက်လာတာပါပဲ။သက်မဲ့ပေမယ့် အဲဒီသက်မဲ့သင်္ကြန်ကိုပဲ ကျွန်မတို ့လူသား သက်ရှိတွေက သင်္ကြန်ရောက်ခါနီးဆိုရင်ခုန်လိုက်ကြရ..၊ သင်္ကြန်အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ရနဲ ့…၊ သင်္ကြန်ပြီးတော့လည်း လွမ်းကျန်ရစ်ရတာပါပဲ..။ သူကတော့ သက်မဲ့သင်္ကြန်ဆိုတော့ ဒါတွေကို ဘယ်သိပါ့မလဲနော်။အခုနှစ်မှာ ပျော်သလို လွမ်းသလို နောက်နှစ်တွေမှာလည်း မျှော်ရ၊ပျော်ရ၊လွမ်းရ ဦးမှာပါပဲလေ။
အခု ကိုယ့်ကိုကိုယ် ပြန်တွေးကြည့်တော့လည်း ပြက္ခဒိန်ကသာ နှစ်ဆန်း၂ရက်ရောက်နေတယ်။ကျွန်မစိတ်တွေက သင်္ကြန်ရက်တွေကို လွမ်းကောင်းတုန်း…ဆွေးကောင်းတုန်း.။ဪ..ညှိူ ့အားပြင်းလှချည်လား သင်္ကြန်ရယ်…..။
13 comments
alinsett (gazette)
April 18, 2014 at 2:27 pm
အင်းးး
ကျနော်လည်း.သင်္ကြန်ကို ပြန် တမ်းတမိသား..
ဘာလို ့ဆို..
ကိုယ်က တောတွေ တောင်တွေထဲ..ရောက်နေလို ့..
သင်္ကြန်ဆိုတာ..ဘာမှန်းကို.. မသိလိုက်…
ဖြစ်ပုံ…
ကေဇီ
April 18, 2014 at 3:03 pm
ရှမ်းပြည် သင်္ကြန်ကို စုစုပေါင်း ၃ နှစ်လောက် ကြုံဖူးတယ်။
ပျော်စရာကြီးးး
ယဉ်ကျေးတယ်။
အစားကျွေးတယ်။
ငိငိ
😀
moonpoem
April 19, 2014 at 9:06 am
ဟုတ်တယ် ရှမ်းပြည်ဘက်က သင်္ကြန်က တော်တော် ယဉ်ကျေးတယ် ဆိုရမယ်။ ရန်ဖြစ်တာ ဆဲတာ မတွေ့ရဘူး။
black chaw
April 19, 2014 at 2:16 pm
ရှမ်းပြည်သင်္ကြန် တစ်ခါမှ မကြုံ ဖူး ဘူး။
ဖတ်သွားပါတယ် ဗျာ။
snow smile
April 19, 2014 at 2:32 pm
သွား ချင် ပါ တယ် ညီ မ လေး ရေ
snow smile
April 19, 2014 at 2:42 pm
သွား ချင် တယ် ညီ မ လေး ရေ
ကိုပေါက်(မန္တလေး)
April 19, 2014 at 2:57 pm
ရွှေလီ ကျယ် ခေါင် မူ ဆယ် သ င်္ကြန် တစ် ခါ မှ မ ကြုံ သေး ဘူး
ပျော် စ ရာ အ တော် ကောင်း မယ် နော်
TNA
April 19, 2014 at 3:43 pm
ရှမ်းပြည်မှာ အရင်တုန်းက သင်္ကြန်မရှိဘူးရယ်။ ခုမှ အတော်စည်လာတယ်နဲ့တူတယ်။
moonpoem
April 19, 2014 at 6:28 pm
ရှမ်းပြည်ဆိုပေမယ့်တရုတ်ပြည် နယ်စပ်ဆိုတော့ မြန်မာသင်္ကြန်ကို သိပ်စည်စည်ကားကား ကျင်းပလိမ့်မယ်လို့ တကယ်ကို ထင်မှတ်မထားတာ။ တွေ့မှပဲ တအားပျော်ဖို့ ကောင်းတာ သိလိုက်ရတယ်။
padonmar
April 19, 2014 at 10:20 pm
အမျိုးတွေလည်း ဒီနှစ် အဲဒီဖက် အလည်သွားကြတယ်။
အန်တီကတော့ အိမ်မှာပဲ သင်္ကြန်ကျတယ်။
လကဗျာလေး ရေးပြတော့ ရန်ကုန်သင်္ကြန်ထက် သင်္ကြန်စစ်စစ်ပိုပီသပုံပဲ။
nozomi
April 20, 2014 at 12:11 am
ဖတ်ကြည့်တာနဲ့ တောင် ပျော်စရာ ကြီး
moonpoem
April 20, 2014 at 10:43 am
ပွင့်လင်းစွာ ပြောရရင် အန်တီဒုံပြောသလိုပဲ ရန်ကုန်သင်္ကြန်ထက်ပိုပြီး သင်္ကြန်အစစ်လို့ ခံစားရပါတယ်။ပျော်ရွှင်မှုအစစ်ပေါ့လေနော်။လွတ်ထွက်ပြီး သောင်းကျန်းတာ မတွေ့ခဲ့မိဘူး။
Ma Ma
April 20, 2014 at 8:21 pm
ရှမ်းပြည်သင်္ကြန်ကို ကြုံဖူးတယ်။
မဏ္ဍပ်မှာ ကားကိုရပ်ခိုင်းပြီး လူတွေကို အတင်းဆင်းခိုင်းတော့….
ပါသွားတာကလည်း မိန်းကလေးတွေပဲများတော့ ရေပက်မယ်ထင်ပြီး တစ်ယောက်မှ မဆင်းကြဘူး။
ဒေသခံတွေကလည်း မရမနေ အတင်းခေါ်တာနဲ့ ပါသွားတဲ့လူကြီးတွေက သူတို့ကိုပဲ ပက်ပါဆိုပြီး ကားပေါ်က ဆင်းပေးကြတယ်။
အဲဒီတော့မှ ရေပက်ဖို့ မဟုတ်ပဲ စတုဒိသာကျွေးနေတာမှန်းသိလိုက်ကြတော့….
ကားပေါ်ကတပြုံလုံးဆင်းပြီး စားခဲ့ကြတဲ့ ဘယာကြော်တွေ စားလို့ ကောင်းလိုက်တာကို ခုထိမမေ့သေးဘူး။ 🙂