နောက်မီး
အဲဒီမီးသီးမှာ
အမှောင်ကိုတက်နင်းတဲ့ ဖိနပ်လို့
အဓိပ္ပါယ်ရချင်တဲ့အခါရတယ်
အဲဒီမီးသီးမှာ
အယ်ဒီဆင်ရဲ့ဝပ်အားနဲ့
အမှောင်ကိုခွင်းတဲ့ နီဂရုန်းကွိုင်လို့
အဓိပ္ပါယ် ရချင်တဲ့အခါ ရနေပြန်တယ်
မှော်လင် ့ချက်တစ်ခုဟာ
မိုးခေါင်ရေရှားလာတဲ့အခါ
အဲဒီမီးသီးမှာ
ဘာအလင်းတွေခင်းကျင်းနေမှန်း
ဘာသာပြန်မရခဲ့ဘူး။
အိပ်မက်တစ်ခုဟာ
ထောင်မြင်ရာစွန့်ကြိုးဆက်လာတဲ့အခါ
အဲဒီမီးသီးမှာ
ပရောဂါတွေ ရှော့ရိုက်ကုန်ပြီလား
နောက်မီးဟာ
နောက်မီးပီပီ
နောက်က အဆင်းဘီးတွန်းမယ့်ကိစ္စမျိုးကို
တော်လှန်နေရင်တော့
စိတ်လက်ကြည်သာ ဝင်းလက်စရာပေါ့
အဲဒီမီးသီးမှာ
သွေးတိုးရောဂါ ချဉ်းကပ်
ကြို့ကြီးထိုးဆန်းပြားလာရင်တော့
နောက်မီးဟာ
ရှေ့မီးနဲ့ဆန့်ကျင်အရပ်ကို လင်းတယ်
နောက်မီးဆိုတာ
ကိုစစ်
9 comments
lu lu
May 13, 2014 at 10:14 pm
နောက်မီးပါဆို အ ရှေ့မီးမဟုတ်လို ့ပေါ့
အ ရှေ့ ကိုဆက်သွားလို ့မရတဲ့အခါ နောက်တလှမ်း
ဆုတ်ပြီးအားယူတဲ့နေရာမှာ နောက်မီးကအသုံး
ဝင် လာတယ် ဟိုထောင် မှာတော့နောက်မီးမလင်း
ကြနဲ ့နော် အဲဒါဆို ရှော့ဖြစ်သွားမယ် 😀
Wow
May 14, 2014 at 9:20 am
နောက်မီးလေးလင်းမှ အန်ဒရယ် ကင်းတာ ဟုတ်ဝူးလားငင်င်င်
တောတွင်းပျော်
May 14, 2014 at 8:12 pm
ဟုတ်ပါရဲ ့A
လင်းလိုက်ကြစမ်းပါအေ ့!
alinsett (gazette)
May 14, 2014 at 9:58 am
ကိုစစ်ရဲ့ ကဗျာတွေဆို
အလွတ်ကို မပေးတော့ဘူး
ဖတ်ဖြစ်အောင် ဖတ်ပါတယ်။
ko six
May 14, 2014 at 6:33 pm
ကျေးဇူးပါပဲ
နောက်မီးကိစ္စ ဘီယာဆိုင်ကျမှ
ထပ်သောက်ရအောင်
Mr. MarGa
May 14, 2014 at 6:38 pm
နောက်မီးဟာ
ရှေ့မီးနဲ့ ဆန့်ကျင်ဘက်ကိုလင်းတယ်
နောက်မီးဟာ
နောက်က လိုက်လာသူတွေအတွက် သတိပေး အချက်ပြစကားပဲ
နောက်မီး ဟာ
ရှေ့အတွက်တော့ ဘာမှ အသုံးမဝင်ပါဘူး
ဒါပေမယ့်
နောက်မီး မရှိရင်
နောက်ကားနဲ့ မိတ်ဆက်သွားတတ်တယ်ဆိုတာ…….
သိဘူးဗျာ သိတဲ့နောက်မီးကို ဝင်ပြောသွားတာ :mrgreenn:
ကေဇီ
May 15, 2014 at 7:58 am
အေးလေ။
ကားတွေမှာတော့ နောက်မီး မလင်းရင် နောက်က မမြင်ပဲ ဝင်တိုက်မှာပေါ့လို့။
:mrgreenn:
ပိုးစုန်းကြူးတွေ နောက်မီးလင်းတာကျတော့ လှသားကလားးးးး
:mrgreenn:
လူတွေမှာတော့ အဲ့!! အယ်!!! အဲ!!!
😀
ko six
May 15, 2014 at 9:16 am
လင်းတဲ့နေရာမှာ အထာတွေရှိပါတယ်
နော့……..
ခင် ခ
September 14, 2014 at 9:23 am
နောက်မီးက လင်းတဲ့ ရုပ် ပေါ်မူတည်ပြီး အဓိပ္ပါယ်ရှိတယ်ကိုး