မိဘ
မချုန်းဘဲရွာတတ်တဲ့တိမ်တွေကိုထွေးပွေ့လို့
ကောင်းကင်ဟာ
အိမ်ဦးမှာအုပ်မိုးထားတယ်
သီးခံပေးဆပ်တတ်တဲ့မြေဆီတွေကို ယုယလို့
မြေပြင်ဟာ
အိမ်နောက်မှာ ဖြန့်ခင်းထားတယ်
သူတို့ရဲ့ ပေတစ်သီး ကျီးတစ်သားတွေကို
အံဝှက်ထဲမှာ ထည့်လို့
ဓားတောင်ကိုကျော်ကာ
မီးပင်လယ်ကိုဖြတ်နေကြတယ်
အဲဒီခြေသံတွေလား
ဟောဒီသွေးကြောတွေထဲမှာကြားနေရတယ်
ရဲရဲဝံ့ဝံ့ ယုံ ။
ကိုစစ်
3 comments
Mr. MarGa
May 19, 2014 at 7:46 pm
ခြေသံတွေ..
စစ်ချီတာထက် ညီညာရဲ့
lu lu
May 19, 2014 at 8:57 pm
ကိုစစ် ရဲ ့ကဗျာတွေကို ရင် နဲ ့မျှ ခံစားရင်း
နောက်လာမယ့်ကဗျာတွေကို စောင့်မျှော်နေပါပြီ
alinsett (gazette)
May 20, 2014 at 3:22 pm
ဖတ်ရှု ခံစားကြည့်သွားပါကြောင်းးးး