Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

” ကျန်းမာရေးအတွက် ဖျော်ရည်တစ်ခွက် “

ခင္ခMay 26, 20141min90335

” ကျန်းမာရေးအတွက် ဖျော်ရည်တစ်ခွက် “

 

အခုလိုပူပြင်းတဲ့နွေရာသီမှာ နေပူထဲသွားလာလှုပ်ရှားပြီး သစ်သီးဖျော်ရည်လေးတစ်ခွက်သောက်ဖြစ်လိုက်ရင်ဘဲ ရေငတ်ပြေကာ ခန္ဓာကိုယ်အေးမြလန်းဆန်းသွားတဲ့ အရသာမျိုးခံစားမိလိုက်လို့ သစ်သီးတွေကို ဖျော်ရည် အဖြစ်ဘယ်လိုစီမံအသုံးချရင် ရေငတ်အမောလည်းပြေ သောက်လို့လည်းကောင်း ကျန်းမာရေးအတွက်လည်း အထောက်အပံဖြစ်ဆိုတာကို ဖတ်ဖူးမှတ်ဖူးတဲ့ ဒေါက်တာဖြူဝေလွင်၏ စာပေတွေထဲက ပြန်လည်မျှဝေပေး လိုက်ချင်စိတ်ဖြစ်လာတာနဲ့ ကျန်းမာရေးအတွက် ဖျော်ရည်တစ်ခွက် ဆိုပြီးမျှဝေရေးလိုက်တာပါ။

 

၁။ နေပူထဲလျှောက်သွားအလုပ်လုပ်ရလို့ နေပူလျှပ်တာ သက်သာစေချင်ရင်တော့

+သရက်သီးမှည့်အသား ပန်းကန်ဝက်

+ဂရိတ်ဖရု                ၁ ခြမ်း

+နို့ချဉ်                    ၂၀ဝ စီစီ

ဂရိတ်ဖရုကို အခွံနွာ၊ အတုံးငယ်တုံးပြီး သစ်သီးဖျော်စက်ထဲထည့်ပါ၊ သရက်သီးနဲ့နို့ချဉ်တွေကို ထပ်ထည့်ပြီး သမစွာမွှေကာ သောက်သုံးနိုင်ပါတယ်။

သရက်သီးမှည့်နဲ့ဂရိတ်ဖရုသီးတွေမှာ ဗီတာမင်စီနဲ့ ကာရိုတင်းဓာတ်ကြွယ်ဝစွာပါရှိတယ်၊ ကိုယ်တွင်းကအပူကို ရှင်းပေးတယ်၊ နွေအချိန်နေပူဒဏ်ကြောင့် နုံးချည့်နေတဲ့ ခန္ဓာကိုယ်ကိုအားပြည့်လန်းဆန်းစေတယ်။

+ဖရဲသီး                   ၁ စိတ်

+သံပရာရည်             စားပွဲဇွန်း တစ်ဇွန်း

+ပျားရည်                 အနည်းငယ်

ဖရဲသီးအရည်ဖြစ်အောင်လုပ်ကို အတုံးလေးတွေလုပ် ထိုအထဲကိုပျားရည်နဲ့သံပရာရည်လောင်းထဲ့ပြီး သမစွာ မွှေကာ သောက်သုံးနိုင်ပါတယ်။

ဖရဲသီးဟာ ကိုယ်ထွင်းကအပူကိုနှိမ်ပေးတယ်၊ နေပူလျှပ်တာသက်သာစေတယ်၊ သံပရာရည်ပါဖြည့်စွက် လိုက်တော့ အကျိုးအာနိသင်ပိုကောင်းတာပါ။

 

၂။ ဒါကတော့ မျက်စိညောင်းတတ်သူတွေ၊ အမြင်အားကောင်းလိုသူတွေအတွက်ပါ

+ခရမ်းချဉ်သီးကြီး        ၁ လုံး

+မုန်လာဥနီ               ၈ဝ ဂရမ်(မန်းနဲ့အထက်အခေါ် ခါကျက်ဥ)

+ပျားရည်                 အနည်းငယ်

ခရမ်းချဉ်သီးကိုအတုံးငယ်တုံးပါ၊မုန်လာဥနီကိုလည်း အခွံနွာပြီးအတုံးငယ်တုံးပါ ယင်းတို့အားလုံးကို အရည်ညှစ် စက်ဖြင့် အရည်ညှစ်ပါ။ ထိုအရည်ထဲ ပျားရည်ခတ်ပြီး သမစွာမွှေကာသောက်သုံးပါ။

သည်ဖျော်ရည်မှာ ဗီတာမင်အေနဲ့ ဗီတာမင်စီ ကြွယ်ဝစွာပါလို့ ခန္ဓာကိုယ်ဓာတ်မတည့်မှုဖြစ်တာသက်သာ စေတယ်၊ အသားအရေကောင်းမွန်လှပစေတယ်၊ မျက်စိအညောင်းအညာ သက်သာစေပါတယ်။

+ပန်းသီး                  ၁ လုံး

+မုန်လာဥနီ               ၈ဝ ဂရမ်

+သံပရာရည်             စားပွဲဇွန် တစ်ဇွန်း

+ပျားရည်                 အနည်းငယ်

ပန်းသီးနဲ့ မုန်လာဥနီကို အခွံနွာပြီး အတုံးငယ်တုံးကာ အရည်ညှစ်စက်ဖြင့် အရည်ညှစ်ယူပါ။ သံပရာရည်နဲ့ ပျားရည်ကိုလောင်းထဲ့ပြီး သမစွာမွှေကာ သောက်သုံးနိုင်ပါတယ်။

သည်ဖျော်ရည်မှာ ဗီတာမင်အေ၊ စီထရစ် အက်ဆစ်၊ မာလစ်အက်ဆစ်တွေ ကြွယ်ဝစွာပါရှိလို့ အမြင်အားကို ကောင်းစေပါတယ်၊ ကိုယ်ခံအားတက်စေပါတယ်။

 

၃။ မိုးရာသီ။ဆောင်းရာသီမှာအဖြစ်များတဲ့ အအေးမိတာမျိုးအတွက်ပါ။

+ပန်းသီး                  ၂ လုံး

+ကမ္ဗလာ                 ၁ လုံး

ပန်းသီးနဲ့ကမ္ဗာလာကို အခွံနွာပြီး အတုံးငယ်တုံးပြီး အရည်ညှစ်စက်ဖြင့် အရည်ညှစ်ယူပြီး သောက်သုံးနိုင်တယ်။

မနက်စောစောမှာ သည်ဖျော်ရည်တစ်ခွက်သောက်ပေးနိုင်ရင် ခန္ဓာကိုယ်အတွက် ဗီတာမင်စီဖြည့်တင်းပေးနိုင်ပြီး ကိုယ်ခံအားတတ်စေလို့ အအေးမိတာကာကွယ်ပေးပါတယ်။

+ကမ္ဗာလာရည်           ၁ ခွက်

+ဂျင်းရည်                 စားပွဲဇွန်း ၁ ဇွန်း

လောလောလတ်လတ်ညှစ်ယူထားသော ကမ္ဗာလာရည်ကို အနည်းငယ်နွေးအောင်အပူပေးပါ၊ ဂျင်းရည် လောင်းထည့်ပြီး သမစွာမွှေကာ သောက်သုံးနိုင်ပါတယ်။

သည်ဖျော်ရည်ခပ်နွေးနွေးသောက်ပေးခြင်းဖြင့် လူကိုပူနွေးစေတယ်၊ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်မှုကြောင့် ကိုယ်ခံအားကို ကောင်းစေပါတယ်။

 

၄။ အပူသင့်တာ အဆီရစ်တာကို သက်သာဖို့အတွက်ပါ။

+သခွား                             ၁ လုံး

+ပန်းသီး                  ၁ လုံး

+ရေကျက်အေး           ၂၀ဝ စီစီ

သခွားသီးကို စင်အောင်ဆေးပြီး အတုံးငယ်တုံးပါ၊ ပန်းသီးကိုအခွံနွာပြီး အတုံးငယ်တုံးပါ၊ ထိုနောက်ယင်းတို့ အားလုံးနဲ့ ရေကျက်အေးတို့ကို သစ်သီးဖျော်စက်ထဲထဲ့ပြီး သမအောင်မွှေကာသောက်သုံးပါ။

သခွားသီးမှာ ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာပါတာမို့ ကိုယ်တွင်းကပိုလျှံရေဓာတ်ကို ရှင်းထုတ်ပေးနိုင်လို့ ခန္ဓာကိုယ်ကိုပေါ့ပါးသက်သာစေပါတယ်၊ ဒါ့အပြင် ကိုယ်တွင်းက အပူအပုပ်ရှင်းထုတ်ပေးတယ်၊ ဆီးရွှင်စေတယ်၊ ဖျော်ရည်လုပ်သောက်ခြင်းဖြင့်နွေရာသီအပူသင့်တာနဲ့ အဆီရစ်တာတွေသက်သာစေပါတယ်။

+ကျောက်ဖရုံသီး         ၁၄ဝ ဂရမ်

+ပန်းသီး                  ၁ လုံး

+ပျားရည်                 အနည်းငယ်

ကျောက်ဖရုံသီးနဲ့ ပန်းသီးကို အခွံနွာပြီး သင့်တော်တဲ့ အရွယ်ရအောင် အတုံးတုံးပြီး အရည်ညှစ်စက်ဖြင့် အရည်ညှစ်ယူပါ၊ ပြီးလျှင်ပျားရည်လောင်းထဲ့ပြီး သမစွာမွှေကာသောက်သုံးနိုင်ပါတယ်။

ကျောက်ဖရုံသီးမှာ ဗီတာမင်ဘီဝမ်း ကြွယ်ဝစွာပါလို့ ကစီဓာတ်ကို ကယ်လိုရီအဖြစ်ပြောင်းစေတယ်၊ ကိုယ်တွင်း မှာ အဆီတွေစုမနေအောင် ထိန်းပေးပါတယ်။

 

၅။မောပန်းနွမ်းနယ်တာပြေစေဖို့အတွက်ပါ။

+စတော်ဘယ်ရီ          ၁ဝ လုံး

+စပျစ်သီး                 ၁၅ လုံး

+နို့ချဉ်                    ၂၀ဝ စီစီ

+ပျားရည်                 အနည်းငယ်

စတော်ဘယ်ရီနဲ့ စပျစ်သီးကို စင်အောင်ဆေးပြီး သစ်သီးဖျော်စက်ထဲထည့်ပါ၊ နို့ချဉ်နဲ့ပျားရည်လောင်းထည့်ကာ သမအောင် ညက်ညက်မွှေပြီးသောက်သုံးနိုင်ပါတယ်။

စတော်ဘယ်ရီနဲ့ စပျစ်သီးတို့မှာ ဗီတာမင် ကြွယ်ဝစွာပါတယ်၊ စပျစ်သီးရဲ့အခွံနဲ့ အစေ့မှာ ဓာတ်စုလွတ် ရှင်းပေး နိုင်တဲ့အစွမ်း သတိ္တရှိတယ်၊ သည်ဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ကိုယ်ခံအားတက်စေပါတယ်၊ ဇီဝကမ္မဖြစ်စဉ် ကို အားပေးတယ်၊ မောပန်းနွမ်းနယ်မှုကို ပြေစေတယ် အသားအရေရင့်ရော်မှုတုံ့နှေးစေတယ်။

+စပျစ်သီး                 ၂ဝ လုံး

+သခွားမွှေး               ၁ စိတ်

+နွားနို့                    ၂၀ဝ စီစီ

သခွားမွှေးကိုအခွံနွာပြီး စပျစ်သီးရေစင်အောင်ဆေးထားတာနဲ့အတူ သစ်သီးဖျော်ရည်ထဲထဲ့ကာ နွားနို့လောင်း ထည့်ပြီး ညက်ညက်မွှေကာသောက်သုံးနိုင်ပါတယ်။

သည်ဖျော်ရည်မှာ သကြားဓာတ်အမျိုးမျိုး ကြါယ်ဝစွာပါလို့ ခွန်အားကိုအလျင်အမြန်ဖြည့်တင်းပေးနိုင်ပါတယ်၊ ဇီဝကမ္မဖြစ်စဉ်ကို အားပေးပြီး မောပန်းနွမ်းနယ်မှုပြေပျောက်စေပါတယ်။

 

၆။ ဝမ်းချုပ်တတ်ရင်တော့ သက်သာဖို့အတွက်ပါ။

+ခရမ်းချဉ်သီးငယ်       ၁ဝ လုံး

+နွားနို့                    ၂၀ဝ စီစီ

+သံပရာရည်             စားပွဲဇွန်း ၁ ဇွန်း

+ပျားရည်                 အနည်းငယ်

ခရမ်းသီးမှည့်ကိုရေစင်အောင်ဆေး အညှာခြွေပြီး နွားနို့ သံပရာရည်တို့နဲ့အတူ သစ်သီးဖျော်ရည်စက်ထဲ ထည့်ကာမွှေပေးပြီး ပျားရည်လောင်းထည့်ကာ သမအောင်ထပ်မွှေလို့ သောက်သုံးပါ။

ခရမ်းချဉ်သီးဟာ ကိုယ်တွင်းက ဓာတ်စုလွတ်တွေ ရှင်းပေးတယ်၊ ကိုလက်စထရောကျစေတယ်၊ သွေးတိုးတာ ထိန်းပေးတယ်၊ အဆီကို ဖြိုခွဲပေးပြီး ဝမ်းချုပ်သက်သာစေပါတယ်။

+ဌက်ပျောသီး            ၁ လုံး

+ကမ္ဗလာသီး             ၁ လုံး

+နို့ချဉ်                    ၂၀ဝ စီစီ

ဌက်ပျောသီးနဲ့ ကမ္ဗလာသီးကို အခွံနွာပြီး သင့်တော်တဲ့ အတုံးလေးတွေတုံးကာ သစ်သီးဖျော်ရည်စက်ထဲထည့်၊ ပြီးနောက် နို့ချဉ်လောင်းထည့်ပြီး သမအောင် ညက်ညက်မွှေကာ သောက်သုံးပေးပါ။

ဌက်ပျောသီးဟာ အူကိုရွှမ်းစိုစေပြီး ဝမ်းမှန်စေတယ်၊ ကမ္ဗလာသီးမှာ ပါတဲ့အစာမျှင်ဓာတ်ကြောင့် ဝမ်းသွားဖို့ ပိုအားပေးပါတယ်။

+ချယ်ရီသီး               ၁ဝ လုံး

+အဆီထုတ်နွားနို့       ၂၀ဝ စီစီ

+ပျားရည်                 အနည်းငယ်

ချယ်ရီသီးကို အစေ့ထုတ်ပြီး နွားနို့၊ပျားရည်နဲ့အတူ သစ်သီးဖျော်စက်ထဲထည့်မွှေကာ သောက်သုံးနိုင်ပါတယ်။

ဝမ်းချုပ်တာသက်သာစေပြီး ချောမွတ်အလှတိုးစေပါတယ်။

 

၇။ နေလောင်ကာအသားခြောက်သွားသွားတာသက်သာဖို့ပါ။

+ပင်မှည့်သီး              ၂ လုံး

+ပျားရည်                 အသင့်သင့်

+ရေကျက်အေး                    ၂၀ဝ စီစီ

ပင်မှည့်သီးကိုထက်ခြမ်း ခြမ်းပြီး ဇွန်းဖြင့်အသားတွေကော်ထုတ်ကာ သစသီးဖျောရည်စက်ထဲကို ပျားရည်၊ ရေကျက်အေး တို့နှင့်အတူထဲကာ အမအောင်မွှေကာ သောက်သုံးနိုင်ပါတယ်

ပင်မှည့်သီးမှာ ဗီတာမင်နဲ့သတ္ထုဓာတ်တွေ ကြွယ်ဝစွာပါရှိနေလို့ နေလောင်မှုကြောင့် အသားအရေခြောက်သွား ညိုသွားတာကို ပြန်ကောင်းစေပါတယ်၊ အအေးမိနှာစေးတာကိုလည်း အကာအကွယ်ပေးပြီး အဆီအစားများလို့ ရစ်အီနေသလို ခံစားနေရတာမျိုးကိုလည်း သက်သာစေနိုင်ပါတယ်။

+နာနတ်သီး              ၂၀ဝ ဂရမ်

+သစ်တော်သီး           ၁ လုံး

+ပျားရည်                 အသင့်အတင့်

+ရေကျက်အေး                    ၂၅ဝ စီစီ

နာနတ်နဲ့ သစ်တော်သီးတွေကို အခွံနွာ၊ အတုံးငယ်လေးတွေတုံးပြီး သစ်သီးဖျော်ရည်ထဲထည့်ပါ၊ ရေကျက်အေး နှင့် ပျားရည်ဆက်ထဲ့ပြီး သမအောင် ညက်ညက်မွှေကာ သောက်သုံးနိုင်ပါတယ်။

သည်ဖျော်ရည်မှာ ဗီတာမင်စီကြွယ်ဝစွာပါလို့ နေလောင်ဒဏ်သင့်တဲ့ အသားအရေကို ပြန်လည်သက်သာ ကောင်ူးမွန်စေရုံမက ပြန်ဖြူလာစေမှာပါ။

 

၈။ ကိုယ်တွင်း အဆိပ်အပုပ်ရှင်းထုတ်ဖို့ပါ။

+နဂါးမောက်သီး                   ၁ ခြမ်း

+ဌက်ပျောသီး            ၁ လုံး

+နို့ချဉ်                    ၂၀ဝ စီစီ

နဂါးမောက်သီးနဲ့ ဌက်ပျောသီးကို အခွံနွာပြီး အတုံးငယ်တုံးကာ သစ်သီးဖျော်စက်ထဲကို နို့ချဉ်နှင့်အတူ လောင်းထဲ့ကာ စက်ဖြင့်မွှေပြီး သောက်သုံးနိုင်ပါတယ်။

ဌက်ပျောသီးဟာ ကိုယ်တွင်းက အပူအပုပ်တွေရှင်းထုတ်ပေးနိုင်တယ်၊ နဂါးမောက်သီးဟာ ဓာတ်ရောက်ခြည် သင့်မှုကြောင့် ဖြစ်ပေါ်တဲ့ ခန္ဓာကိုယ်ထိခိုက်မှုကို လျော့ပါးစေနိုင်တယ်၊ ဒါကြောင့် ဒီလိုသစ်သီးဖျော်ရည်တစ်ခွက် သောက်ပေးခြင်းသည် ကိုယ်တွင်းက အဆိပ်အပုပ်တွေရှင်းထုတ်ဖို့အကျိုးရပါလိမ့်မယ်။

 

သစ်သီးတွေကိုဖျော်ရည်လုပ်ပြီးသောက်သုံးတတ်ကြပါတယ်၊ သဘာဝသစ်သီးဖျော်ရည်တွေက နဂိုကထဲက ကျန်းမာရေး အတွက်ကောင်းမွန်တတ်ပြီးဖြစ်ပေမယ့် ဘယ်လိုအသီးတွေကို ဘယ်လိုမျိုးဖျော်သောက်လို့ ရှိရင်ဖြင့် ကျန်းမာရေးအတွက် ပိုပြီးအထောက်အကူဖြစ်စေတယ်ဆိုတာကိုသိစေချင်လို့ပါ။

 

ခင်ခ။

 

35 comments

  • Wow

    May 26, 2014 at 10:26 am

    ကျမ်းမာရေးကောင်းတာက ဟုတ်ပါဘီ…
    သောက်လို့ကောင်းမကောင်းသိရအော် ဖျော်တိုက်ပါလား :mrgreen:

    • ခင် ခ

      May 26, 2014 at 2:25 pm

      ဪ Wow ရယ် ကျုပ်ဖျော်တိုက်ရအောင်က အလှမ်းနီးတာကိုးဗျ။

      • manawphyulay

        May 27, 2014 at 11:17 am

        လာလည်ရင် ဖျော်တိုက်မှာလား ဦးဦးခင်ခ

        တစ်နေ့နေ့တော့ အရောက်လှမ်းလာခဲ့မည်….
        😛

  • ကထူးဆန်း

    May 26, 2014 at 10:28 am

    သိုင်းကျူ း ။ ရှဲရှဲ ။ တရာမာကာစေ့ ။
    book mark လုပ်သွားပါသည်။

  • ကေဇီ

    May 26, 2014 at 10:35 am

    သဘောကျတယ် ကိုကြီးခ။
    ဖျော်ရည်တွေကို။

    ဒါမဲ့ ဖျော်ရမှာ ပျင်းလို့။
    အုန်းရည်ပဲ သောက်တယ်။
    ဂစ်ဂစ်ဂစ်။ :mrgreenn:

  • MAUNG

    May 26, 2014 at 10:40 am

    ဖရဲ သံပုရာ လေးလုပ်သောက် ကြည့်ဦးမယ် ။
    ကျေးဇူး ကိုကြီးခင် 🙂

  • Ma Ei

    May 26, 2014 at 10:55 am

    ခရမ်းချဉ်သီး ပိစိလေးတွေ လက်ဆောင်ရထားတာကို
    ဘာလုပ်ရမလဲ စဉ်းစားနေတာ ခုမှနည်းရပြီ…
    ဖျော်သောက်လိုက်တော့မယ်…
    🙂

  • Ba Kyaw

    May 26, 2014 at 11:19 am

    မှတ်သားသွားပါတယ်
    ကျေးဇူးပါ

  • alinsett (gazette)

    May 26, 2014 at 12:04 pm

    ကောင်းတယ်ဗျို့. . .

    တစ်ခုပဲ. . . .
    တစ်နေ့နှစ်ထောင်နဲ့ပဲ သုံးကြေးဆိုရင်တော့
    မလောက်ဘူး

    :mrgreen:

    • ခင် ခ

      May 26, 2014 at 2:20 pm

      မောင်အလင်းဆက်ကလည်း ညနေထမင်းတစ်နပ်လျော့ပြီး အဲဒီအစား ဖော်ရည်တစ်ခွက်သောက်ရင် အဆီတက်ဝခြင်းကင်းကာ ကျန်းမာရေးလည်းညီစေပြီး တစ်နေ့နှစ်ထောင်နှုန်းအတွင်းလည်း ဝင်နိုင်ပါတယ်ဗျ။

      • alinsett (gazette)

        May 26, 2014 at 2:51 pm

        ထမင်းတစ်နပ် လျှော့စားဖူးတယ်လေ
        ဘုန်းကြီးဝတ်တုန်းက
        မိုးလင်း မနက်စာ နေ့လည်စာဆို ညဘက် မစားထားရတဲ့ အညှိုးနဲ့ပိုစားတာ
        ဘယ်ရမလဲ
        တစ်နပ်ထဲနဲ့ နှစ်နပ်စာလောက် ကုန်တယ်။
        အဟိ

        :mrgreen:

  • Kaung Kin Pyar

    May 26, 2014 at 12:12 pm

    ကော်ပီလုပ်သွားပါတယ် လေးခရေ…
    ကျန်းမာရေးအတွက် တကယ်အကျိုးရှိပါတယ်…
    ဒီပို့စ်အတွက် ကျေးကျေးပါ…

  • ခင် ခ

    May 26, 2014 at 2:39 pm

    ကထူးဆန်း၊ MAUNG ၊ မအိ ၊ ဘကျော် နဲ့ ကောင်းကင်ပြာတို့ ဝင်ရောက်ဖတ်ပေးခြင်းအတွက် ကျေးဇူးပါ။

    အုန်းရည်ဘဲသောက်ဖြစ်သူ ဒေါ်ကေဇီရေ အုန်းရည် အုန်းသီး အကျိုးအပြစ်လေးဝေဌပါရစေ
    အုန်းသီးမှာ အဆီဓာတ်နဲ့ ပရိုတင်းပါဝင်မှု အထူးမြင့်ပါတယ်၊ အုန်းရည်ဟာ ချိုမြပြီး အအေးဓာတ်သက်စာဖြစ်တယ်၊ ကိုယ်တွင်းအရည်ပွားစေတယ်၊ ဆီးရွှင်စေတယ်၊ ကိုယ်တွင်းအပူကြီးတာသက်သာစေပါတယ်၊ဒါ့အပြင် ရေငတ်ပြေစေပြီး ရေဖောဖောတာ ပျောက်စေတယ်၊ နေပူလျှပ်တာ သက်သာစေတယ်၊ ရေဆာ ရေငတ်ပြေတယ်၊ ဒါပေမယ့် အုန်သီးအသားကတော့ ပြောင်းပြန်အကျိုးပြုတာပါ အပူပွားစေပါတယ် အုန်းသီးအသားနှင့် ထိုမှရတဲ့အဆီကို များများစားရင်တော့ အပူကြီးလို့ အပူကန်စေပြီး သွေးကိုတိုးစေပါတယ်၊ ခန္ဓာကိုယ်ကြံခိုင်သန်စွမ်းစေပြီး ခန္ဓာကိုယ် ချည့်နဲ့သူများ ခြေလက်အားမရှိသူများ မောပန်းသူများ အထူးသင့်လျှော်ပါတယ်။

  • အရီးခင်

    May 26, 2014 at 2:42 pm

    ကိုခ
    သစ်သီးဖျော်ရည် ဗဟုသုတလေးအတွက် ကျေးဇူးပါ။
    အသီးတွေ ကို စာသာစားတာ၊ ဘယ်လိုအဟာရ ရှိတယ် တော်ရုံ သိမနေဘူး။
    ထောပတ်သီးကြိုက်သူမို့ ထောပတ်သီးကရော ဘယ်လိုအကျိုးများလဲရှင့်။

  • black chaw

    May 26, 2014 at 3:02 pm

    လူကနည်းနည်း ဝ နေ တော့
    ဝိတ်ချဖို့ စဉ်းစားနေတုန်း
    ဒီပို့စ်လေး မြင်လိုက်တော့…
    မှတ်သွားပါတယ်ဗျာ…။
    လူဝကြီး ဘလက်…။

  • kyeemite

    May 26, 2014 at 4:12 pm

    အမှန်အတိုင်းပြောရရင် အိမ်မှာသစ်သီးဖျော်ရည် ဖျော်မသောက်ဖြစ်ဘူးဗျ…
    ခုတော့စမ်းကျိအုံးမယ်…သင့်ခရုပါ ကိုခရေ

    • ကေဇီ

      May 26, 2014 at 4:16 pm

      အိမ် မှာ မသောက်ဘူးဆိုတော့ ဆိုင်မှာရောသောက်တာကျလို့။
      မိုက်မိုက်နော့။
      မသိတာကျလို့။
      ဟွန့်!!

      😀

  • ခင် ခ

    May 26, 2014 at 4:26 pm

    အရီးခင် ရေ
    ထောပတ်သီးက ပရိုတင်း မျိုးစုံအပြင် ဗီတာမင် ၁၁ မျိုးနဲ့ သတ္တုဓာတ် ၁၄ မျိုးပါရှိပါတယ်။ ထူးခြားတာက ထောပတ်သီးမှာ ဘီတာမင်အီး ပါဝင်မှုအတော်မြင့်ပါတယ်၊ ဒါကြောင့် ထောပတ်သီးစားရင် တင်းတိတ် အမည်းပြောက်ပေါ်တာ သက်ကြီးအမည်းစက်ထွက်တာနဲ့ သက်ကြီးသူငယ်ပြန်ရောဂါတွေ သက်သာစေပါတယ်၊ အစာမျှင်ဓာတ်နဲ့ ပိုတက်စီယမ် ကြွယ်ဝစွာပါရှိတဲ့အတွက် ကိုယ်တွင်းက ပိုလျှံတဲ့ ဆားဓာတ်နဲ့ ကိုလက်စထရောတွေကို ခန္ဓာကိုယ်ပြင်ပဆီ စွန့်ထုတ်ပေးနိုင်တယ်၊ ဝမ်းချုပ်တာ သွေးလွှတ်ကြောမာတာ ခန္ဓာကိုယ်အိုမင်းဆုတ်ယုတ်တာနဲ့ ဆီးချိုရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ဒါကြောင့် ထောပတ်သီးကို သက်စောင့်အသီးအနွယ်လို့တောင် တင်စားခေါ်ကြပါတယ်ဗျ။

    လူဝကြီး ကိုဘလက်ရေ မှတ်သွားတယ်ဆိုလို့ ဝမ်းသာစွာကျေးဇူးပါ။

    • အရီးခင်

      May 27, 2014 at 9:59 pm

      ကျေးဇူးပါရှင့်။
      သို့ပေမဲ့
      {{ သက်ကြီးအမည်းစက် ၊ သက်ကြီးသူငယ်ပြန်ရောဂါ၊ ခန္ဓာကိုယ်အိုမင်းဆုတ်ယုတ်တာ }}
      ဒီလောက် ဘဲ remind လုပ်ပေးနေရသလား ကိုခ ရယ်။
      သများ နို လိုက်မှာနော်။ :-))))

      • ခင် ခ

        May 27, 2014 at 10:16 pm

        စားထဲပါတဲ့အတိုင်း ပြန်ရေးပြတာပါ အရီးမို့ရည်ရွယ်ရေးတာ ဟုတ်ပါဘူးဗျ။
        ထောပတ်သီးဟာ အရွယ်စောင့်သီးမို့ တစ်ပတ်တစ်လုံး မှန်မှန်သုံးစွဲပေးပါတဲ့ တိုင်းရင်းအဆိုကလေ။

  • naywoon ni

    May 26, 2014 at 9:36 pm

    ​သောက်​​တော့​သောက်​ချင်​သားဗျ ၂၀၀ဝနဲ့ ​လောက်​​အောင်​သုံး​နေရလို့ အဟီး​နောက်​တာ​နော်​ ။ ကိုခင်​ခ ​ရေးထားတဲ့ အထဲမှ ာ ၈ဝ ဂရမ်​ တို့ ၁၄ဝ ဂ ရမ်​တို့က မြန်​မာအ​လေးချိန်​ ကျပ်​သားနဲ့ ဆို ဘယ်​​လောက်​ရှိမလဲဗျ ။ ကျုပ်​တို့က ဗမာ ပီပီ ကျပ်​သားနဲ့ ပိဿာ ချိန်​​လောက်​ပဲ နားလည်​တာကလား ။

  • snow smile

    May 26, 2014 at 10:08 pm

    အ အေး ပု လင်း \ ဗူး တွေ ကို မ သောက် တတ် သူ မို ့
    ဖျော် ရ ည် မျိုး စုံ လုပ် သောက် ဖြစ် ပါ တယ်
    ဖျော် ရ ည် နည်း သစ် တွေအ ပြင်
    အ ကျိုး ကျေး ဇူး တွေ ပါ သိ ရ တာ မို ့
    ကျေး ဇူး တင် မိ ပါ တယ်
    ဖျော် သောက် တော့ မယ်

  • Ma Ma

    May 26, 2014 at 10:18 pm

    ကောင်းမှန်းတော့ သိတယ်။
    ဖျော်ရမှာ ပျင်းတာနဲ့ မသောက်ဖြစ်ဘူး။
    လိုအပ်ရင်သုံးဖို့ မှတ်ထားလိုက်တယ်။
    သဘာဝဆေးနည်းပေးတာ ကျေးဇူးးးးးးးးးးးးး 🙂

  • ဦးကျောက်ခဲ

    May 27, 2014 at 11:48 am

    ကျန်းမာရေးအတွက် ဖျော်ရည်တစ်ခွက်ဆိုလို့ အားဖြည့်ပေးပါရစေ….
    “Pancreas” ပန်ခရိယက အဆိပ်တွေကို သန့်ရှင်းပေးပြီး…
    ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတယ်လို့ ဆိုပါတယ်…

    မုန်လာဥနီ (Carrot) – ၅ ဥ
    Beet (မြန်မာလို ဘယ်လိုခေါ်တယ် မသိ) – ၁ ခြမ်း
    ပန်းသီး (Apple) – ၁ လုံး
    တရုတ်နံနံကြီး (Celery) – ၃ တက်
    Kale (မြန်မာလို ဘယ်လိုခေါ်တယ် မသိ) – ၄ တက် (သို့)
    ကညွှတ် (Asparagus) – ၄ ချောင်း
    (အချိန်အတွယ်နဲ့ ရေးမထားတာခက်တယ်)

    အပေါ်က အသီးအရွက်တွေကို စက်နဲ့ဖျော် အရည်စစ်ပြီး “သံပုရာသီး – ၁ လုံး” ညှစ်သောက်ပါ…
    သင့် ပန်ခရိယအတွက် အလွန်ကောင်းပါသတဲ့…
    ဂလုတတ်တဲ့ ကိုကိုများ သုံးဆောင်ဖို့ သင့်ပါကြောင်း…
    😀

  • ခင် ခ

    May 27, 2014 at 11:49 am

    အဘနီရယ် ဗမာပီပီ လက်မှန်း မျက်မှန်း နဲ့သာ တွယ်ထဲ့လိုက်ပြီးတာဘဲဉ္စာ မေးနေရသေးလားဗျ။

  • လေးလေးရေ…
    အကုန်လုံးကို မှတ်သွားတဲ့အပြင် ပို့စ်ကိုပါ ကူးထားလိုက်ပါတယ်..

    သမီးက နံပါတ် (၂) နဲ့ အဆင်ပြေမယ်ထင်တယ်…
    မျက်စိသမား ဖြစ်တာက တစ်ကြောင်း (ဒီရက်ပိုင်း ဝမ်းပြဿနာပါ ဖြစ်နေအိ)
    ခရမ်းချဉ်သီးနဲ့ မုန်လာဥနီကို ကြိုက်တာက တစ်ကြောင်း
    အိမ်မှာလည်း ပျားရည်ရှိတာက တစ်ကြောင်း..
    အဲ.. ဘလန်ဒါ မချိဝူးတော့်..
    အိုက်တာ မစ်ဆူဘီရှီက ကောင်းမယ်ထင်တယ်နော်..အဟိ.. :mrgreen:

  • ခင် ခ

    May 27, 2014 at 12:32 pm

    လုံမလေးရေ အဲလိုဆိုလည်း သိပ်မဝေးတော့ဘူးဆိုရင် ခဏစောင့်လိုက်ပေါ့။ မင်္ဂလာဆောင် လက်ဖွဲ့ထဲမှာ အကယ်လို့များ ပါလာခဲ့ရင် အဆင်ပြေသွားမှာလေ။

  • TNA

    May 27, 2014 at 3:02 pm

    အိုးကျေးကျေးပါ။ အထူးမှတ်သားသွားပါတယ်ချင့်

  • Paing Lay

    May 27, 2014 at 3:41 pm

    အားပါးးးးးးးးးးးးးးးးးဒီလောက်နဲ့ဆို သစ်သီးဖျော်ရည်ဆိုင်ဖွင့်စားလို့ရပြီ လေးခင်ခရေ 😀

  • twitty

    May 28, 2014 at 12:20 pm

    ခု သုံး လေးလ လောက်အတွင်းမှာ သစ်သီးဖျော်ရည်တွေကို စိတ်ဝင်စားနေတာ..။ သောက်လဲ သောက်ဖြစ်တယ်..။ မသောက်ဖြစ်ရင်တောင် လိုက်ရှာဖတ်ဖြစ်နေတာဆိုတော့ အကို့ ပို့စ်ကို တွေ့တော့ ဝမ်းသာအားရ ကူးပြီး သိမ်းထားလိုက်ပါတယ်..။ ကျေးဇူးပါပဲ အကို..။

    နောက်ထပ်သိချင်တာလေးတွေလဲရှိလို့ အကို အဆင်ပြေရင်ဖြေပေးပါဦး..။

    ၁။ လေဖြတ်ထားသူအတွက် စားသုံးသင့်တဲ့ သစ်သီး တွေက ဘာတွေလဲ.(ဟင်းသီးဟင်းရွက်ကို မဆိုလိုပါ၊) ။
    ၂။ မုန်လာဥ က လေပွတယ်လို့ တချို့က ပြောကြလို့..၊ အဲဒါ မုန်လာဥနီ ကော လေပွတာပဲလား..။ မုန်လာဥနီရဲ့ ကောင်းကျိုးတွေဖတ်ပြီး အစိမ်းစားချင်နေလို့ပါ..။
    ၃။ လေပွ တာကို ပျောက်ကင်းဖို့ ဘယ်လို အစားအစာတွေ စားသင့်လဲသိချင်လို့ပါ..။

  • ခင် ခ

    May 28, 2014 at 2:43 pm

    twitty ရေ
    လေဖြတ်တာ အမျိုးမျိုးရှိပါတယ် လေဘာကြောင့် ဖြတ်ခံရတာလဲအပေါ်မူတည်နေတာမို့ ဘာအသီးတွေစားသင့်တယ်ဆိုတာ ကျွန်တော်မညွှန်းပါရစေနဲ့ဗျ။ ဆရာဝန်မေးကြည့်ပါ။

    မုန်လာဥမှာ ဗီတာမင်အေ ပါဝင်ပြီး အစာအိမ်နဲ့ အဆုတ်တွေမှာ အပူကြီးတာကို ကျစေပါတယ်၊ ကိုယ်တွင်းအဆိပ်အပုပ်ရှင်းပေးတယ်၊ အထူးသဖြင့် သွေးတိုးသမားတွေ နေ့စဉ် မုန်လာဥ အရည်တစ်ခွက်ကို တစ်ပတ်ခန့်ဆက်တိုက်သောက်ပေးရင် သွေးတိုးသက်သာစေပါတယ်၊ မုန်လာဥမှာ ပါဝင်တဲ့ အင်ဇိုင်းဓာတ်ကြောင့်လည်း အစာခြေညက်မှုကို အားပေးပါတယ်၊ ဒါကြောင့် ကျို့ထိုးခြင်း ဗိုက်နာခြင်း အရက်နာကျခြင်း အစာအိမ်အချဉ်ထခြင်းတွေ သက်သာစေပါတယ်။

    မုန်လာဥနီ မှန်မှန်စားရင် အအေးမိတာကို ကာကွယ်ပေးပါတယ်၊ မျက်စိအကျိမြှေးကို အားပေးတယ်၊ မျက်စိညောင်းတာ၊ ကြက်မျက်သင့်(ညမမြင်)ရောဂါ၊ မျက်ဆက်မြှေးရောင်ရောဂါတွေ ကာကွယ်ပေးပါတယ်၊ မုန်လာဥနီအရည်ကို များများသောက်ရင် အရည်ပြားကြမ်းတာ ခြောက်သွေ့ ရင့်ထော်တာတွေကို သက်သာကောင်းမွန်စေပ်တယ်၊ သွေးလွှတ်ကြောမာတာ ကာကွယ်ပေးပြီး သွေးချို ကိုလက်ထရောနဲ့ သွေးတိုးကိုကျစေပါတယ်၊ ခေါင်းဗောက်ထသာ သက်သာစေပြီး ဆံပင်ကိုသန်စွမ်းစေပါတယ်၊ ရောဂါခုခံကာကွယ်အားတိုးစေပါတယ်။

    ဒါက မုန်လာဥ နဲ့ မုန်လာဥနီ တို့ရဲ့ကောင်းကျိုးတွေပါ။ အဲဒီမှာ မုန်လာဥ များများစားရင် လေပွ တယ်ဆိုတာ သူမှာပါတဲ့အင်ဇိုင်းက အစာချေမှုကို အားပေးကာမြန်စေ လို့ လေပွတာမျိုး ဖြစ်တာ ကိုတွေ့ရပါလိမ့်မယ် မုန်လာဥနီမှာ အဲလိုအင်ဇိုင်းအမြောက်အများမပါ ပါဘူး။ အကယ်လို့ ဘာကြောင့်ဘဲ လေပွသည်ဖြစ်စေ လေပွလျှင် ဘီစကွတ်လေး အနည်းငယ်စားပြီး ရေ အနည်းငယ် သောက်ပေးလိုက်ပါ သက်သာပါလိမ့်မယ်ဗျ။ အဲ စားကောင်းတိုင်း ဘီစကွတ်ကို အများကြီးစားရင်တော့ လေပွနေတဲ့အချိန်ဆို အန်တတ်တာသတိပြုပြီး လေပွတာသက်သာရုံ အနည်းငယ်ဘဲစားပါ။

  • aung moethu

    May 29, 2014 at 8:26 am

    အသီးဖျော်ရည်တွေတော့ကြိုက်တယ်။ ဒါပေမယ့် လက်ဖျော်ကိုပဲ သောက်တတ်ပါ့။ စက်နဲ့ဖျော်လို့ အကုန်လုံးညက်သွားတာကို မကြိုက်လို့။ 🙂

Leave a Reply