Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အပြောင်းအလဲကို ကြိုဆိုလိုက်ကြပါစို့

လင္းMay 27, 20141min70418

ကဲ တို့မြန်မာပြည်အကြောင်းဆွေးနွေးကြရအောင် ။အခု နောက်ရွေးကောက်ပွဲကြီး လဲနီးလာပြီ ။ကျနော်တို့တမျိူးသားလုံး ရွေးချယ်မှုမှန်ဖို့လို့ပြီ လို့ပြောပြီး မဲဆွယ်မလို့ မဟုတ်ပါ။ ကျမအမြင်လေးတွေကို ဆွေးနွေးချင်လို့ပါ။ ကျမကတော့ ဘယ်သူနိုင်နိုင် ကျမတို့ အလျှင်အမြန်မပြောင်းလဲ နိုင်ပါ။ ဘယ်သူနိုင်သည်မ နိုင်သည် စိတ်မဝင်စား ပါ ။ဒါပေမဲ့ နောက်ပြန်လှည့်ခြင်းကိုတော့ မလိုချင်ပါ။

 

အခု ကျမတို့နိုင်ငံသည် တခြားအိမ်နီးချင်း နိုင်ငံများထက်များစွာနောက်ကျနေခဲ့ပါသည်။ကျမအခုပြည်ပနိုင်ငံတစ်ခုတွင် ရောက်နေပါသည်။ကျမ မြန်မာပြည်ကပါ ဟုပြောသောအခါ ထို်သူက အော် ဆင်းရဲတဲ့နိုင်ငံမလား ဟုပြောပါသည်။ကျမ ကြောင်သွားသည်။ ဒါပေမဲ့ ကျမဘာမှ ပြန်မပြောဖြစ်ပါ။ညဘက်ရောက်တော့အတွေးတွေချဲ့နေခဲ့ပါသည်။ သေချာစဉ်းစားကြည့်တော့ မှန်နေသည်ဘဲ။ ဆိုတော့ ကဲ ကျမလက်ခံလိုက်သည်။ ကျမတို့နိုင်ငံဆင်းရဲသည်။ပြည်တွင်းစစ် ပြီးပြီ ဟု ထင်ရသော်လဲ တကယ်တော့မပြီးသေးပါ။ ကဲ အစိုးရကို ကိုယ်လဲမပိုင်တော့ ကျမတို့ ဘယ်လိုပြောင်းလဲရေးမူဝါဒချသင့်သလဲ ။ပညာရေးကိုအရင် မြှင့်မလား ။စီးပွားရေးကို မြှင့်မလား။ဘယ်ကနေစလုပ်ရမလဲပင်မသိပေ။အဲဒီတော့ အနီးဆုံး အားကျစရာနိုင်ငံတစ်ခုကိုကြည့်လိုက်တော့ စင်ကာပူ။ လီကွမ်ယု ဘာပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့လို့ ယနေ့စင်ကာပူဖြစ်လာသလဲ။ စာတွေဖတ်ကြည့်တော့ လီကွမ်ယု သည် သူအာဏာရပြီး လာဘ်ပေးလာဘ်ယူမှုကို စပြီး ပြင်းပြင်းထန်ထန် ကိုင်တွယ် လိုက်သည်ဟုဖတ်ရပါသည်။အရေးကြီး ရာထူးရှိဝန်ထမ်းများကို သေဒဏ်အထိပေးလိုက်သည်။လာဘ်ပေးလာဘ်ယူမှု မရှိအောင် အစိုးရဝန်ထမ်းများလစာမှာ မနည်းပေ။လာဘ်ပေးမှုမရှိသောကြောင့် တရားဥပဒေစိုးမိုးလာသည်။တရားဥပဒေစိုးမိုးသောကြောင့် နေထိုင်သူများ အတွက် safe ဖြစ်သော နာမည်ကြီးနိုင်ငံဖြစ်လာသည်။ နောက်တစ်ခု မှာ ယခု မြန်မာတွေ တက်တက်ကြွကြွလုပ်နေကြသော အမျိူးဘာသာ သာသနာ ကာကွယ်ရေး။အားလုံးလဲ သိကြမည်ထင်ပါသည်။ စင်ကာပူတင်းကျပ်သော လက်ထပ်ဥပဒေပင်။ဘာသာခြားများလက်ထပ်လျင် သင်တန်းများတက်ပြီးလက်ခံနိုင်မှ လက်ထပ်ခြင်းဖြစ်လာပေသည်။ဘာသာတူ Islam လူမျိူးတစ်ယောက် မိန်းမ ထပ်ယူချင်လျှင် သတ်မှတ်ထားသော ပိုင်ဆိုင်မှုများစွာပြနိုင်မှ လက်ထပ်နိုင်ပေသည်။ယခု ကျမတို့နိုင်ငံတွင် ထိုဥပဒေမျိူးရှိလာရန်ကြိုးပန်းသင့်ပေသည်။သို့သော် ဘုရားသားတော် ရဟန်းတို့ ဝင်ရောက် လုပ်ကိုင်နေခြင်းကိုတော့ များစွာ သဘောမကျပေ။ဗုဒ္ဓဘာသာ မှာ လွတ်လပ်သော ဘာသာဖြစ်သည်။အင်မတန် နူးညံ့သော ဘာသာ အင်မတန်မြင့်မြတ်သော ဘာသာဖြစ်သည်။အကြမ်းဖက်မှုရာဇဝင်ယခုဝင်ပေပြီ။အခုပင် buddhist terror ဟူသောနာမည်တစ်ခုရပြီ။terrorist သည် ဗုဒ္ဓဘာသာ ရာဇဝင်တွမရှိခဲ့။ဘာလို့ကရုစိုက်ရမှာလဲ အမျိူးအတွက်ပဲ ဟု ပြောသူများရှိသည်။အမျိူးအတွက် ပြောခြင်းဘဲဖြစ်ပါသည်။ယခု Islam လူမျိူးတစ်ယောက် လေယာဉ်စီးလျှင် သူများထက်နှစ်ဆ ပိုမိုစစ်ဆေးခံရသည်။ယခုလိုအဖြစ်မျိူး ကျနော်တို့လူမျိူးများ မခံစားစေချင်ပါ။အားလုံးက Islam ဆိုသည်နှင့် ဗုံးပါမလားဟူသော သံသယဖြင့် စောင့်ကြည့်ခံဘဝ နေကြရသည်။ဆိုတော့ တင်းကျပ်သော လက်ထပ်ဥပဒေ သည် ကျမအတွက်တော့ နံပါတ်နှစ် ဦးစားပေး ဖြစ်လာသည်။နောက်တစ်ခု မှာ နိုင်ငံဝင်ငွေတိုးတက်ရေး။ နိုင်ငံဝင်ငွေတိုးတက်မှ လစာတိုးမည်။လစာတိုးမှ လာဘ်ပေးမှုပျောက်ပေမည်။ဆိုတော့ ကျမတို့နိုင်ငံ သည် သယံဇာတကြွယ်ဝသည်။ ဒါတွေ ခဏမေးထားလိုက်ပါ။ ယခု ကျမတို့သည် နည်းပညာမရှိသောကြောင့်ငွေတောင်ဖင်ခုထိုင်ပြီး ဆင်းရဲနေရသည်။နည်းပညာရရန် ပညာရေးကိုမြှင့်တင်ရမည်။ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ပြီး တိုင်းပြည်ဝင်ငွေတို့အောင်လုပ်ကြရမည်။ရင်းနှီးမြှုပ်နှံမှု ဝင်လာရန် ကောင်းမွန်သော ပြည်သူလူထုကိုလဲကာကွယ်သော ဥပဒေများ ရှိလာရန်ကြိုးပန်းရပေမည်။ ယခု မြန်မာနိုင်ငံ အမျိူးဘာသာ သာသနာစောင့်ရှောက်ရေးတွင်ပဲမနစ်မွန်းနေဘဲ ကျန်သည့် အရေးများကို အားစိုက်ကြရန်တိုက်တွန်းလိုပါသည်။စာဖတ်သူ တို့အတွေးခေါ်များကိုလဲ မန့်ကြရန် တောင်းဆိုပါသည်။

 

 

 

 

18 comments

  • kai

    May 27, 2014 at 4:21 pm

    လူမျိုး ၁၃၅ပါးနှင့် ဘာသာစကား ရာကျော်တွင် သာသနာကြီး၄ရပ် နှစ်ရာချီအထိုင်ကျနေသောပြည်ထောင်စုနိုင်ငံဝယ် အင်အားကြီးသူတို့က မိမိတို့အမျိုးဘာသာသာသနာကို ဘုံတင်မြှောက်ကာ အခြားတပါးနှင့်တွန်းတိုက်ကြသည်ရှိသော် ပြည်ထောင်စုမှ ကွဲကြပြဲကြရန်သာရှိသည်ကို လူပြိန်းတွေးနှင့်ပင် သိနိုင်မိနိုင်သည်။
    လူမျိုး၁၃၅ပါးကိုယ်စီက အမျိုးဘာသာသာသနာသာ ဦးထိပ်တင်ကြပါလျှင် မြန်မာပြည်သည် ခွဲမဆုံးပေါင်ပြည်တစ်ထောင်ဖြစ်သွားပေလိမ့်မည်။
    ဘာကြောင့်ဘယ်သို့ အောက်လမ်းလိုက်ကာနှိုက်ကြသနည်း။
    Divide and Rule ဟူသည်ရှိ၏။ မိအေးထံတွင် ဘီလူးကိုယ်ဝန်တည်လေပြီ။

    http://myanmargazette.net/197583

    အယ်ဒီတာ့သင်ပုန်းမှာ.. အပေါ်ကအတိုင်းရေးထားခဲ့တယ်..။ :mrgreen:

  • naywoon ni

    May 27, 2014 at 6:05 pm

    ဖွ ဘုတ်​ထဲမှာ မ​ထောက်​ခံရင်​အမျိုးသား သစ္စာ​ဖောက်​ဆိုလို့ ဟိုလိုဒီလို နှစ်​ပိုင်​းတစ်​ပိုင်​း သစ္စာ​ဖောက်​အ​နေနဲ့ ရပ်​တည်​​နေရတယ်​ ။ ပြုပြင်​​ပြောင်​းလဲ​ရေး မှန်​​သော်​လည်​း ဒီထက်​အ​ခြေခံ ကျတာ​တွေ ပြုပြင်​​ပြောင်​းလဲ ဖို့ အများကြီး ရှိ​နေ​သေးတာ အဲ့ဒါ​တွေ​ကျော်​ပြီး မဆိုင်​ရာ ဆီလူး ​နေသလိုပါပဲ

  • ko six

    May 27, 2014 at 9:24 pm

    ဘယ်​ကစရမှန်​းကိုမသိ​တော့ဘူး
    ၁၃၅ထက်​ ပိုချင်​​နေတာက​တော့ ဟုတ်​​သေးပါဘူးဗျာ။
    ပတိဆိုတာ..
    လူမျိုးဆိုတာ​တော့ မကြားဘူးဖူး။
    ဆည်​​တွေထဲမှာ ​ပေါက်​တဲ့ ​မှော်​ပင်​တစ်​မျိုးပဲ
    ဝက်​စာ​ပေါ့ဗျာ…
    ဒီ​လောက်​ပဲဗျာ..​နော့

  • ခင် ခ

    May 27, 2014 at 9:34 pm

    ကိုယ်အတွက်ကိုယ်လုပ်နေကြတဲ့ စိတ်ဓာတ်တွေကို တကယ်တိုင်းပြည်ကောင်းစားဖို့ စိတ်ဓာတ်အဖြစ် ပြောင်းလဲနိုင်ရင် တိုးတက်ဖို့မဝေးနိုင်ပါဘူးဗျာ။

  • lu lu

    May 27, 2014 at 9:58 pm

    အခုပို ့စ်ပိုင် ရှင် နာမည်အသံမထွက်တတ်လို ့ခွင့်
    လွှတ်ပါနော် ,,,
    ဘုရားသားတော် ရဟန်းတို့ ဝင်ရောက် လုပ်ကိုင်နေခြင်းကိုတော့ များစွာ သဘောမကျပေ။ဗုဒ္ဓဘာသာ မှာ လွတ်လပ်သော ဘာသာဖြစ်သည်။အင်မတန် နူးညံ့သော ဘာသာ အင်မတန်မြင့်မြတ်သော ဘာသာဖြစ်သည်။အကြမ်းဖက်မှုရာဇဝင်ယခုဝင်ပေပြီ။အခုပင် buddhist terror ဟူသောနာမည်တစ်ခုရပြီ။terrorist သည် ဗုဒ္ဓဘာသာ ရာဇဝင်တွမရှိခဲ့။ဘာလို့ကရုစိုက်ရမှာလဲ အမျိူးအတွက်ပဲ ဟု ပြောသူများရှိသည်။
    ဒီစာပိုဒ်ကိုပဲပြောချင် ပါတယ် ဗုဒ္ဓဘာသာရှင် ရဟန်း
    တွေကအကြမ်းမဖက်ပါဘူး အကြမ်းဖက်ခံနေရတာကို
    ကာကွယ် ရုံပါပဲ ဒါကို လူ မှရဟန်းမှဆိုပြီးခွဲခြားမြင် နေ
    ကြတာစိတ်မ ကောင်းပါဘူး အားလုံးက ဗုဒ္ဓသာသနာ
    အတွက် လုပ်ဆောင် နေကြတာပါ သူများတောင် ကိုယ့်ခြံကိုယ့်ခတ် ကြတာပဲလေ တို ့
    မြန်မာတွေကအခုမှ ခြံခတ်ဖို ့စည်းရိုးထိုးရုံရှိပါသေး
    တယ် ကိုယ့်အလှည့်ကျမှ လူ ့အခွင့်အ ရေးချိုးဖောက်
    တယ် ဆိုပြီးပြောဆိုလာကြတာ ရယ်စရာကောင်းပါ
    တယ် တရားမျှတမှုရောရှိရဲ ့လို ့လားမေးချင် ပါတယ်
    အမှားပါရင် ခွင့်လွှတ်ပါ ။
    မန်ဘာအသစ် ထင် ပါတယ် ကြိုဆိုပါတယ် ။
    :mrgreen:

    • lilith erlang

      May 28, 2014 at 8:52 am

      lu lu ရေ ကျမ member အသစ်ပါ။Mandalay Gazette အမြဲဖတ်နေတာတော့ကြာပါပြီ။ Lu lu အမြင်ကိုလဲကြိုဆိုပါတယ်။

      • alinsett (gazette)

        May 28, 2014 at 9:16 am

        ကြိုဆိုပါတယ်ခင်ဗျ

        ——

        ပိုစ့်နဲ့ပက်သက်ပြီးတော့ ဘာမှ မပြောလို. . .

  • kyeemite

    May 28, 2014 at 8:55 am

    ရွာသူသစ်ကိုကြိုဆိုပါတယ်…သဂျီ း ကိုယ်တော်တိုင်ဝင်မန့်ထားတာ
    ရှင်းနေပြီမို့ ထပ်မမန့်လိုတော့ပါ…နောက်များလည်း စာတွေဆက်ရေးပါအုံး
    အားပေးဖတ်ရှုပါ့မယ်…

  • Paing Lay

    May 28, 2014 at 9:52 am

    ဖွဘုတ်မှာတော့ ဘယ်လိုနည်းနဲ့မှ တားဆီးမရ လေပါဒယ် 🙁

    • lilith erlang

      May 28, 2014 at 10:36 am

      ဖွဘုတ်က တော့ မနိုင်ဘူး။

  • black chaw

    May 28, 2014 at 10:18 am

    အမျိူးဘာသာ သာသနာစောင့်ရှောက်ရေးတွင်ပဲမနစ်မွန်းနေဘဲ ကျန်သည့် အရေးများကို အားစိုက်ကြရန်တိုက်တွန်းလိုပါသည်။

    ဖတ်နေတာကြာပြီဆိုတော့ အခုမှ ရွာကိုဝင်ပေမယ့်
    ရွာသားအဟောင်းလို့ ပဲ ပြောရမှာပါဗျာ…။
    ပထမဆုံးပို့စ်လေးက အတော်လှပါကြောင်း…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

    • lilith erlang

      May 28, 2014 at 10:38 am

      အခုလိုကြိုဆိုတဲ့အတွက် ကျေးဇူး ပါရှင် 😀

  • မနေ့က သတင်းစာမှာ ဘာသာပြောင်းမှုဆိုင်ရာ ဥပဒေမူကြမ်းထွက်လာပါတယ်.. (ကြေးမုံထင်ရဲ့)
    မှတ်မိသလောက် ပြောရမယ်ဆိုရင် မြို့နယ်တစ်ခုဆီမှာ အဖွဲ့တစ်ခုစီထားပါမယ်.. သာသနာရေးဝန်ကြီးဌာန၊ အမျိုးသမီးရေးရာ၊ အုပ်ချုပ်ရေးမှူး.. သူတို့တွေပါတဲ့ အဖွဲ့ပေါ့… ဘာသာပြောင်းမယ်ဆိုရင် ပုံစံဖြည့်ရမယ်.. ပြီးရင် အဲဒီဘာသာကို လေ့လာခွင့် ရက် (၉၀) ပေးမယ်… ထပ်လိုချင်သေးရင် (၁၈၀) အထိ ထပ်ပေးမယ်.. သေချာပြီဆိုမှ တရားဝင်ပြောင်းပေးမယ်.. ပြောင်းပြီးမှ မကြိုက်တော့လို့ ပြန်ပြောင်းရင် ပြောင်းလို့ရတယ်… မလျော်ဩဇာသုံးပြီးပြောင်းခိုင်းရင် ပြစ်ဒဏ်ပေးခံရမယ်..

    အဲဒီဥပဒေကိုတော့ ကြိုဆိုပါတယ်. နောက် ပို့စ်ပိုင်ရှင်ပြောသလို ဘုန်းကြီးတွေ နိုင်ငံရေးလုပ်နေတာကိုတော့ ဘယ်လိုမှ လက်မခံပါကြောင်း..

  • ကေဇီ

    May 28, 2014 at 3:47 pm

    ကြိုဆိုပါတယ်။

    လူကိုရော စာကိုရော.။

    :s:

  • Ma Ma

    May 28, 2014 at 7:23 pm

    (ဘယ်သူနိုင်နိုင် ကျမတို့ အလျှင်အမြန်မပြောင်းလဲ နိုင်ပါ)
    ဆိုတာကို ထောက်ခံပါတယ်။
    ဒီမိုကရေစီရတာနဲ့ နတ်ရေကန်ထဲပစ်ချလိုက်သလို ကောင်းလာလိမ့်မယ်လို့ မမျှော်လင့်ပါဘူး။
    တိုင်းသူပြည်သားကောင်းတစ်ယောက်အနေနဲ့ ကိုယ်တိုင်ပဲ ဒီမိုကရေစီရဲ့ သဘောတရားကို သိနိုင် လိုက်နာနိုင်အောင် ကြိုးစားရပါအုံးမယ်။ 🙁

  • padonmar

    May 28, 2014 at 10:27 pm

    ကြိုဆိုပါတယ် လင်းရေ။
    မြန်မာပြည်ဖွားအားလုံး အထဲနေနေ အပြင်နေနေ တိုင်းပြည်ကို တိုးတက်စေချင်တဲ့ အမြင်တွေ တူတူပါပဲ၊(ဟိုကုလားထိုင်မြဲချင်သူတွေမပါ)
    (နည်းပညာမရှိသောကြောင့်ငွေတောင်ဖင်ခုထိုင်ပြီး ) ဆိုတာလေးကတော့
    ဟိုကာတွန်းတွေ သတိရမိတယ်။ သစ်ပင်ငုတ်ကလေးတွေနဲ့လေ။
    ငွေတောင်ကြီး မရှိတော့တာကို ရှိသေးတယ် ထင်ပြီး
    စီးပွာရေးပိတ်ဆို့တာ ဒို့မမှုပါ၊
    သယံဇာတတွေ ပေါတဲ့မြေ လို့ ဆိုနေကြမှာ စိုးလို့။
    ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို အတော်ကြီး ပြဲအောင်လုပ်မှ တော်ကာကျမယ့် ပြောင်တလင်းခါ ခေတ်ဖြစ်နေပြီ.

  • ကေဇီ

    May 29, 2014 at 3:31 pm

    ဘကြီးဘုန်းကြီး၏ နံနက်ခင်း
    ——————————
    တရုတ်နာရီနှိုးစက်ကြောင့် ဘကြီးဘုန်းကြီး အိပ်ရာက နိုးလာသည်။
    ယိုးဒယားကြွေခွက်တွင် မျက်နှာသစ်၏။ ကုလားပြည်ကလာသော တမာသွားတိုက်ဆေးဗူးကို ညှစ်ကာ တရုတ်သွားတိုုက်တံဖြင့် သွားတိုက်၏။ မုတ်ဆိတ်အနည်းငယ် ရှည်နေသောကြောင့် ဗီယက်နမ်လုပ်သင်တုန်းဓါးဖြင့် တဗျိဗျိဆွဲသည်။ ဂျပန်က ပြန်လာသော ဒကာမလေးတစ်ယောက် လှူထားသည့် ဆပ်ပြားလေးက မွှေးလွန်းသည့်အတွက် သိပ်မကြိုက်။ အိန္ဒိယမွှေးပွတဘက်ဖြင့် မျက်နှာသုတ်လိုက်၏။
    ကပ္ပိယကြီးက အီကြားကွေးလား ပလာတာလား လာမေးနေသည်။ အမေရိကန်စတားဘတ်ခ်စ်ကော်ဖီတစ်ခွက်သာ ပေးပါ လုပ်ရသည်။
    ကုလားထိုင်တွင် ကျကျနနထိုင်ကာ တရုတ်ကပ်မှန်ပြတင်းမှ ဝင်လာသော နေခြည်နွေးကို ခံယူသည်။
    ဂျပန်စက္ကူသားဖြင့် ရိုက်နှိပ်ထားပြီး ဩစတြေးလျလူမျိုးအယ်ဒီတာချုပ်တည်းဖြတ်သော သတင်းစာကို ကောက်ကိုင်လိုက်သည်။ မျက်စိက မှုန်နေပြီမို့ အီတာလျံကိုင်းမျက်မှန်ကို ကောက်စွပ်ရသေးသည်။
    ထို့နောက် မျိုးစောင့်ဥပဒေအကြောင်းတစိမ့်စိမ့်ဖတ်ကာ ဘကြီးဘုန်းကြီး ပြုံးမိန့်မိန့်။
    Credit to Dhamma Ganda
    ~~~~~~~~~~~~~~~~~~

    လင်းရေ ရီ ရလို့ လာပို့တာ။

    :mrgreen:

  • လင်း

    May 30, 2014 at 10:59 am

    ကျေးဇူး ပါ ကေဇီရေ။ အရမ်းရီရတယ်။ မှန်လဲမှန်တယ်နော။ 😀

Leave a Reply