ဖွတ်ဖုန်းလေးနဲ့ လည်ဒယ် ပူဒယ်
မြန်မာပြည်မှာ အင်တာနက်သုံးရတာကလည်း ကဗျာဆရာ မောင်ချောနွယ် စကားငှားသုံးရရင် ဝဋ်နာ ကံနာ ပဲ ။ ဆိုင်မှာ သုံးနေတုန်းကလည်း သာမာန်အချိန်သာ လိုင်မကောင်းတာ ဆိုင်ပိတ်ချိန်ရောက်ပြီဆို လိုင်းက စွတ်ကောင်းနေလိုက်ပြန်ပြီ ။ စိတ်က မချင့်မရဲနဲ့ အိမ်ပြန်ရပေါ့ ။ ဖုန်းက လေးငါးသိန်း ရှိမှ ကိုင်လို့ရမှာဆိုတော့လည်း တစ်နာရီ နှစ်ရာကျော်ကျော်လေးနဲ့ မင်ဘာသုံးခွင့်ပေးနေတဲ့ အင်တာနက်ဆိုင်လေးကို မပုန်ကန်နိုင်သေးဘူး ။ ရသမျှ အချိန်လေးကိုပဲ ချက်တင်လည်းထိုင် ဝါသနာပါတဲ့ စာလေးလည်းရေး ဖတ်ချင်တာလေးလည်း ဖတ်လို့ မန်မိုရီစတစ်လေးနဲ့ ဒေါင်းလုပ် ဆွဲတန်တာဆွဲ တစ်ချိန်ထဲ ရသလောက်အသုံးချ ဆိုတော့ အဲ့ဒိ အင်တာနက်ဆိုင်လေးက နေဝန်းနီ ထိုင်နေတဲ့ အချိန်ဆို တစ်ချို့စက်တွေ အလုပ်မလုပ်တော့ဘူးတဲ့ ။ ဂိမ်းဆော့နေတဲ့ သူတွေများရင်တော့ သိပ်မသိသာဘူးပေါ့ ။ 512mb ပဲ ရှိတာ စက်အလုံး နှစ်ဆယ်လောက်တပ်ထားတာ ဆိုတော့ ။ ပြီးတော့ ဒီဖရီးအုပ်ထားတာ ရီစတပ်လုပ်လိုက်တာနဲ့ အကုန်ပျောက် ပဲ ။ နေဝန်းနီ တို့က စတစ်ထဲမှာ (IDM ) ကိုဒေါင်းလုပ်ဆွဲထားပြီး ထိုင်တဲ့ခဏ ဒေါင်းလုပ်ကို ရအောင်ဆွဲတာ ။ ဆိုင်ထိုင်သက် သုံးနှစ်ကျော်လောက်မှာ pdf စာအုပ် ခြောက်ရာကျော် ခုနှစ်ရာ စုမိတယ်ဆိုတာနဲလား ။ ဒေါင်းလုပ်ဆွဲထားရင်း စာရေးမယ် စာဖတ်မယ် စကားပြောမယ် ။ နှေးတာမြန်တာထက် ဆိုင်ပိတ်ချိန်ရောက်ရင် ကိုယ့်အလုပ် ပီးဖို့ ပဲ ။ ခဏခဏ ဒေါင်းလုပ်တန်းလန်နဲ့ ပြန်ရတော့ စိတ်ထဲကတော့မကျေနပ် ။ ဆင်းကတ် ထောင့်ငါးရာတန် ဖြစ်တော့ အင်း ……. ဖုန်းလေးတစ်လုံးတော့ ဝယ်ကိုင်သင့်ပြီပေါ့ ။ အိမ်က ထုတ်ပေးတဲ့ ပိုက်ဆံနဲ့ က ကိုယ်လိုချင်တာမရ ။ ဖုန်း ဟမ်းဆက်ကလည်း သူများကိုင်တာသာမြင်ဖူးတာ ဘယ်က စဖွင့်ရမှန်းတောင်မသိ ။ ဒီတော့ ဟမ်းဆက်ရောင်းနေတဲ့ ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်ဆီသွားပြီး ဟမ်းဆက်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ဈေးနှုန်းက အစ စုံစမ်းရပါတယ် ။ သူငယ်ချင်းကလည်း အလုပ်တစ်ဖက်နဲ့ သူသိတာ ပြောပြ ။ နေဝန်းနီကလည်းမှတ်ပေါ့ ။ နေဝန်းနီ မှတ်မိတာကတော့ ဖုန်းအမျိုးအစားတွေ ကွဲနေပေမဲ့ အင်တာနက် ချိတ်လို့ရတာနဲ့ အင်တာနက်ချိတ်လို့မရတာ နှစ်မျိုးပဲကွဲတယ်ဆိုတာမှတ်မိတယ် ။ အင်တာနက်ချိတ်လို့မရတဲ့ ဖုန်းကို နှပ်ဖုံး ဇိဖုန်းတဲ့ ။ ရွာသားတွေခေါ်တာ ။ ခုလုပ်လေးတွေ နှိပ်ပြီး ဖုန်းခေါ်ရတယ်လေ။ နော့ …. ဖုန်းမျက်နှာပြင်ပေါ်မှာ နှိပ်စေ့ (နှိပ်စိ) လေးတွေလို ပါလို့ စိဖုန်းဇိဖုန်းလို့ ခေါ်တာ ။ အော် ဟုတ်လား ။ အင်တာနက် ချိတ်တဲ့ ဖုန်းက ပွတ်ဖုန်းကွ တဲ့ ။ ဘာလို့လဲပေါ့ ……။ ပြန်မေးရသေးတယ် ။ ဟ ….. ကိုယ်လိုချင်တာကို လက်ညှိုးလေး ဒါမှ မဟုတ် လက်မလေးနဲ့ ပွတ်ဆွဲ လိုက်ယုံနဲ့ ရောက်သွား ပြီးသွားတာ ။ အနားမှာ ရှိတဲ့ ရွာသားကြီး တစ်ယောက်က ဝင်ပြောတယ် ။ ဖွတ်ဖုန်းတဲ့ ။ ကြားလိုက်တဲ့ သုံးလေးယောက်ကတော့ ပြုံးစိစိနဲ့ ။
လုပ်စမ်းပါဦးဗျ ။ တစ်ယောက်က ပွတ် တစ်ယောက်က ဖွတ် ဘာလို့ အခေါ်ကွဲသွားရသလဲ ။ ဒီလိုဗျ ။ စကားပြောတော့ ကြားရတစ်ချက်မကြားရတစ်ချက် ။ တစ်မိနစ်ကို ငါးဆယ် ဆိုတဲ့ အပြင် တစ်လ နှစ်ထောင့်ငါးရာ ဖိုး မကုန်ရင် ဖျက်မယ်ဆိုတော့ ဖုန်းရှိတဲ့ အိမ်က ဖွတ်တက်တာပဲ ။ အင်တာနက်ချိတ်တော့လည်း အသံမထွက်ပဲနဲ့ ပိုက်ဆံကုန်တာ ။ ဖွတ်ပဲလေ ။ အဲ့တော့ ဖွတ်ဖုန်းပေါ့ ။
သူရှင်းပြလိုက်မှ ဖုန်းကိုင်ချင်စိတ်တောင် ပျောက်သွားတယ် ။ နေဝန်းနီတို့ဆီမှာက တရုပ်ဟမ်းဆက်ပဲ အရောင်းဆိုင်ရှိတာ ။ ဘယ်ကလာတာ ညာကလာတာ တရုပ်မဟုတ်ဖူး ဆိုလို့ သွားမကြည့်လိုက်နဲ့ ။ တံဆိပ်ပဲ ကပ်ထားတာ ။ ပစ္စည်းက လက်ရာ ကြမ်းကြမ်းနဲ့ တရုပ်ပဲများတယ် ။ နေဝန်းနီ သူငယ်ချင်းကလည်းအားပေးရှာပါတယ် ။ ဒီမြို့မှာ ကိုးဆယ်ရာနှုံးက တရုပ်ချည့်ပဲ ။ တရုပ်မှန်းသိသိနဲ့ ့ ဝယ်ကိုင်တာက တံဆိပ်ကလွဲ ကျန်တာတရုပ်ဖြစ်နေတာထက် စာရင်တော်သေးတယ် ။ ဒါနဲ့ပဲ အခု လက်ရှိတရုပ် ဖုန်းလေး ဝယ်ဖြစ်တယ်ဆိုပါတော့ ။ ဖုန်းမှာထည့်ပေးလိုက်တဲ့ အပလီကေးရှင်းတွေ ထဲက အသုံးဝင်ပုံလေးတွေ လည်းပြောလိုက်သေး ။ ခင်ဗျားတို့ကတော့ သိပီးသားပဲ ။ နေဝန်းနီကတော့ သောက်အ ကြီးဆိုတော့ နားထောင်ရသေးတယ် ။ ဘရောက်ဇာတွေလဲ သုံးလေးခုထည့်ပေးလိုက်သေးတယ် ။ စသုံးတဲ့ ညကတော့ ဟုတ်မလိုလိုပဲ ။ ဖုန်းထဲ ပိုက်ဆံလည်း ထည့်ကာစဆိုတော့ ။ နောက်ညတွေကစ ပြဿနာ သေးသေးလေးတွေ သောင်း ခြောက်ထောင် စတွေ့တာပဲ ။ ကွန်ပြူတာပေါ်မှာ မောက်စ်နဲ့ ရွှေ့လာတဲ့ဟာ …… ။ ခုတော့ ဘာမဟုတ်တဲ့ ပိစိကွေး မှန်ပြင်လေးပေါ်မှာ လက်ညိုးလေးနဲ့ ပွတ်ပွတ်ပြီး ဆွဲနေရတာ အားမရ ။ ပြီးတော့ အင်တာနက် ကော်နက်ရှင် မရှိတဲ့ အခါ ( တစ်ခါတစ်လေ လိုင်းကိုပျောက်သွားတာ ) လိုင်းကျ လိုင်းနှေးတဲ့ အခါမျိုးမှာ လက်ညိုးနဲ့ ပွတ်လို့လည်းမရ ။ လက်မနဲ့ ပွတ်ဆွဲတော့လည်း မှန်ပေါ်မှာ လက်ရာကြီးပဲ ထင်နေတယ် ။ ဘယ်လိုမှမရွှေ ့ ။ လိုင်းတက်နေပြန်တော့လည်း နဲနဲလေး ထိလိုက်တာနဲ့ နောက်တစ်မျက်နှာကူးသွား ။ ဖွဘုတ်မှာဆိုပိုဆိုး ။ ဘယ်ဘက်လက်နဲ့ သုံးရင် ကော်မန့်ပေါက် ပွင့်သွားရော ။ ညာဘက်လက်နဲ့ သုံးရင် ရှယ်ယာ ဘောက်ပွင့်သွားပြန် ။ စာရိုက်ရတာက လက်ညိုးလေးတစ်ချောင်းနဲ့ အားမရ ။ တစ်ခုခုဖွင့်လိုက်လို့ တော်တော်နဲ့ မပွင့်ရင် စိတ်မရှည်။ ဘရောက်ဇာ ပါသမျှ လိုက်ဖွင့်ပစ် ။ ကွန်ပြူတာမှာက ဖိုင်းယားဖောက်ကိုပဲ Tab တွေအများကြီးဖွင့်ဖူးတာ ။ ဆိုင်ကလည်း ဒီတစ်ခုတပ်ပေးထားတာကိုး ။ ဖုန်းမှာလည်း ဘရောက်ဇာ တစ်ခုထဲ Tab တွေ ဖွင့်လို့တော့ရပါရဲ့ ။ အပို နှစ်ခုလောက်ရှိနေသေးတော့ ထပ်ဖွင့် ။ ဖေ့စ်ဘွတ်က သူ့အပလီကေးရှင်းနဲ့ သူပေမယ့် ကော်နက်ရှင် အဲလ်လာ ချည့်ပြပြနေပြီး အပ်ပတူဒိတ်မတက် ။ ဟိုမှာ ကိုယ့်ကို ကော်မက်ပေးနေပီ ဖွင့်လို့က မရသေး ။ ဘရောက်ဇာထဲကဝင် ကြည့် ။ တစ်ခုကောင်းတာက ဖေ့စ်ဘွတ်ပဲ ဖွင့်ဖွင့် ဂဇက်တက်ပဲ ဖွင့်ဖွင့် ယူဇာနိမ်းနဲ့ ပါစ်ဝတ် ဆေ့ဖ် လုပ်ပေးထားရင် နောက်တစ်ခါ ထပ်ရိုက်စရာမလိုတော့ဘူး ။ စိတ်ပျက်ဖို့ ကောင်းတာက ဖွင့်ထားပီးသား စာက်မျက်နှာကို နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်ရင် အဖြူပလိန်းကြီးပေါ်နေပြီး လုဒ်ဒင်း ပြန်ဖြစ်နေတာ တစ်မေ့တစ်မော စောင့်နေရတာ တစ်မိနစ် နှစ်ကျပ် ။ ဒါတောင် ဂျီ မို့ ဒဗလျူတို့ စီတို့ဆို လေးကျပ် ။ စာအုပ်တွေ ဒေါင်းလုပ် လုပ်နေကျနေရာသွား ဒေါင်းလုပ် လုပ်ထား ။ လိုင်းကျပြန်ဒေါင်း ။ ရက်နဲနဲ ကြာလာတော့ ပျင်းလာတယ် ။ ဖုန်းအားဖြည့်ရတာကလည်း အလုပ်တစ်ခု ။ ( နောက်တော့ သူငယ်ချင်းတစ်ယောက်က ပြောတယ် ။ အိပ်တဲ့ အချိန်အားသွင်းထားလိုက် ။ မနက်ကျမှ ပြန်ဖြုတ် ဘာမှ မဖြစ်ဖူး ဆို ။ ခုတော့ အဲ့လိုပဲလုပ်နေတယ် ။ အားအပြည့်ထည့်ထားလဲ ခြောက်နာရီလောက်ပဲ သုံးလို့ရတာ )
ပျင်းတော့ ဘာလုပ် လဲ ဆိုတော့ ဂိမ်းဘက်လှည့်သွားရော ။ ဂဇက်တက်က ဝမ်းဘရောက်ဇာ ကဖွင့်ရတာ အဆင်ပြေတာနဲ့ အမြဲဖွင့်ထားတာက ရှေ့မှာ စာရေးနေလိုက်တုန်းခဏ ။ ( စာရေးတာက နုတ်ပ်မှာ ရေးနေတာပါ ။ ကော်မန့် ရှည်ရှည်ပေးချင်ရင်လဲ အဲ့မှာရေး မှအဆင်ပြေတယ် ။ လိုင်းကျရင်ပျောက်သွားတတ်လို့ ။ ပို့စ်တင်ချင်လဲ အဲ့မှာပဲ အရင်သွားရေးတာ ။ ကော်မန့်ပေးဖို့ ပို့တင်ဖို့ ပြန်ကြည့်လိုက်ရင် လုပ်ဒင်း ဖြစ်နေပြန်ရင်း ……. .။ နောက်တော့ ဘာရမလဲ စာဖတ်ချင်ရင် စာရေးချင်ရင် အင်တာနက် ခဏ ပြန်ပိတ် ။ အင်တာနက်ပိတ်လိုက်လဲ အဲ့ ဝက်ဒ် ပိတ်ကိုသာ ဖျောက်မပစ်နဲ့ ပျောက်မသွား ဘူး ။ အဲ့တစ်မျက်နှာတော့အေးဆေး ဖတ်လို့ရတယ် ။ ဆိုတော့ ကိုယ်ဖတ်ချင်တာ ဖတ်ပြီးမှ ကော်မန့်ရေးချင်လဲ နုတ်ထဲမှာ ရေးပြီးမှ အင်တာနက်ပြန်ဖွင့် လုပ်ဒင်း လည်နေတာ စောင့် ။ အင်း လည်တယ် လည်တယ်ပေါ့ ။ ကြာတော့ ဖုန်းကို ကိုင်ထားတဲ့ လက်ပါ ပူလာရော ……. ။ အဲ့တော့လည်း ပူတယ်ပေါ့ဗျာ ။ ဗမာစကား တစ်ခုရှိသား အစက ဘာမှန်းမသိဘူး ။ လည်ဒယ် ပူဒယ် ဆိုလား ။ အဲ့လိုပဲ အသံထွက်တယ်နဲ့ တူရဲ့ ။ နေဝန်းနီတော့ ရွာသားတွေ ခေါ်တဲ့ ဖွတ်ဖုန်း ကိုင်မှပဲ စောစောက လည်ဒယ် ပူဒယ် ဆိုတဲ့စကား ကို နားလည်သလိုလို ရှိသွားတော့တာပဲ ။ ခုတော့ လည်း ညည ဆိုရင် လည်ဒယ် ပူဒယ်နဲ့ တစ်မိနစ် နှစ်ကျပ် နှစ်ကျပ် ပေးနေရပါတယ် ။
မြန်မာ ပြည်မှာ အင်တာနက်သုံးရတာက တစ်ကယ့်ကို ဝဋ်နာ ကံနာ ပါ ။
နေဝန်းနီ
၁း၃၅
၁ဇွန်၂၀၁၄
8 comments
Ma Ma
June 1, 2014 at 12:12 pm
အဲဒီဝဋ်နာ ကံနာနဲ့ပဲ နှစ်ပါးသွားနေရလို့ပဲ ကမာ္ဘကြီးဟာ ရွာကြီးပါလို့ ပြောနိုင်တာ မဟုတ်လား။ 😀
alinsett (gazette)
June 1, 2014 at 7:45 pm
ကျနော်လည်း.. ရွာထဲမှာ ပိုစ့်တင်တာတို ့.. ကွန်မန့်ပေးတာတို ့ကို..
အဘနီလိုပဲ..ဖုန်းနဲ ့ ကလိတယ် ..။
ဘက်ထရီ တော်တော်ကုန်တယ်.. ။
လိုင်းက မကောင်းတာကများတယ်.. ။
ပေးရတာနဲ ့တန်တဲ ့.. အရည်အသွေး….လိုချင်တယ်..
လိုချင်တယ်…
းါပဲ..အော်နေချင်တော့တယ်ဗျာ.. ။
kyeemite
June 2, 2014 at 10:29 am
အိမ်သာနက်သုံးရတာ ဘက်ထရီ တော်တော်ကုန်တယ်..
လက်လည်းမီးလောင်နိုင်တယ်…ပူလို့ 😀
Foreign Resident
June 3, 2014 at 4:08 am
” မြန်မာပြည်မှာ အင်တာနက်သုံးရတာကလည်း
ကဗျာဆရာ မောင်ချောနွယ် စကားငှားသုံးရရင် ဝဋ်နာ ကံနာ ပဲ ”
😛
kai
June 3, 2014 at 7:03 am
ဒီလိုကိုရင်နေရဲ့..
ပီဒီအက်ဖ်တွေဖတ်ဖြစ်သလားတော့မသိ..။ ကိုရင်မဖတ်ဖြစ်ရင်.. အဲဒီဒေါင်းလုပ်ဆွဲထားတာတွေဟာ.. အလဟသဖြစ်တာပေါ့…။
ဆိုတော့…
တခြားသူတွေရဲ့ အင်တာနက်ဘန်းဝသ်သုံးနိုင်တဲ့.. အခွင့်အရေးကို.. ပိုပိုမိုမိုအလွဲသုံးစားလုပ်ဖြစ်သွားတာလို့.. မထင်မိဖူး..မဟုတ်လားဟင်င်…
အင်ဖရာစရပ်ချာလုံလုံလောက်လောက်မရှိပဲ.. အစိုးရကိုအတင်ဖိအားပေးတောင်းဆို..
ရထားတဲ့အခွင့်အရေးကို.. ပိုပိုမိုမိုယူသုံး…။
အဲဒါ… မြန်မာတို့ရဲ့.. အင်တာနက်.. ဝဋ်နာ ကံနာ ရဲ့.. အကြောင်းအကျိုးဆက်စပ်မှုပါပဲ..။
နောက်ဘဝမကူး… နောက်ဘဝမကူး..
မှတ်ချက်။ ။ ကိုရင်နေ့ကိုတိုက်ရိုက်တိုက်ခိုက်တာမဟုတ်..။ ကံကံရဲ့အကျိုးကို… ကိုရင့်စာအရကောက်ပြီး.. ရှင်းပြတာလို့.. ယူဆစေလို..။
naywoon ni
June 4, 2014 at 1:57 am
စာအုပ်တွေက ဖတ်ဖတ်တယ် ကိုခိုင်ရဲ့ ဖတ်ဖြစ်ရုံတင်မဟုတ်ဘူး လာတောင်းတဲ့သူမှန်သမျှ ယူစေပဲ ။ ခုလည်း ဖုန်းထဲမှာထည့်ထားပြီး ဖတ်ချင်တဲ့သူရှိရင် ပေးတယ် ။ ဆိုင်မှာထိုင်တုန်းက ကျွန်တော့အပေါ် သိပ်မညိုငြင်ကြဖူး ။ အခြားသူတွေက ရံဖန်ရံခါ လာကြတာ ။ ဂျီတော့ လောက် Facebook လောက်ပဲ ဖွင့်သုံးကြတာ ။ သူတို့က ထိုင်လဲ ခဏပဲ ။ ဆိုင်မှာ အထိုင်များတာက ဂိမ်းဆော့နေတဲ့ ကလေးတွေနဲ့ ကျွန်တော်ပဲ ။ ဆိုတော့ကာ ကျွန်တော့အနေနဲ့ အများကိုသိပ်အနှောက်အယှက် မပေးခဲ့ဖူးလို့ထင်ပါတယ် ။ ကျွန်တော်နေတဲ့ မြို့က သိပ်ပြီး မသုံးတတ်ကြသေးတာရယ် စိတ်ဝင်စားမှု နည်းတာရယ်နဲ့ လူနဲစုလောက်ပဲ အင်တာနက်ဆိုင်ကို ရောက်ကြတာ ။ ကလေးတွေ စကားနဲ့ပြောရရင် ကျွန်တော်က ဆရာကြီးပဲ ။ ဘယ်ကမှသင်ထားလို့မဟုတ် ။ စိတ်ဝင်စားမှုနဲ့ ဟိုစမ်းဒီစမ်းနဲ့ လုပ်တတ်သွားတာ ။
black chaw
June 3, 2014 at 8:19 am
ရောက်တဲ့ အရပ်မှာ ပျော်အောင် သာနေပါ ကိုနေကြီးရေ။
တွေ ့တဲ့ ကော်နက် ရှင် နဲ ့ သင့်အောင် သုံးပါဗျာ။
ဒါ ဖုန်း နဲ ့ပေးတဲ့ ကွန်းမန် ့ ပါ။
surmi
June 3, 2014 at 10:05 am
အဟမ်းးးးးးးး
ဖုန်းနဲ့ဘဲစာရေးစာဖတ်လုပ်နေတာ ၂ နှစ်ကျော်ခဲ့ပါပြီ
ပို့စ်အနေနဲ့ ၅ဝ ကျော် ၆ဝ နီးနီး ဖုန်းနဲ့သာရိုက်တင်ခဲ့ရတာပါ ။
အရင်က စွမ်းဆောင်ရည်နိမ့်တဲ့ဟန်းဆက်တွေနဲ့ဆိုတော့
အတော်လေးကသိကအောက်နိုင်ပါတယ် ။
၂ နှစ်အတွင် း ဟာဝေးဟန်းဆက်သုံးလုံး အငွေ့ပျံသွားပြီးပါကြာင်းးးးးး