နောက်ဆက်တွဲ စာတမ်း – Give us the children when they are teen :-)
ဇာတ်လမ်းမပြီးသေးပါဘူး။
နောက်ဆက်တွဲလေး ဆက်ပါရစေဦး။
နောက်ဆက်တွဲမစခင်မှာ မဖတ်ဖြစ်တဲ့သူတွေ အတွက် “ဆုံနေရက် နဲ့ လွမ်းလေခြင်း” ဇာတ်လမ်း ကို အတိုချုပ် ပြောသင့်သလားလို့။
အင်ကြင်းဝေ ဆိုတာ ဇာတ်ကောင်မင်းသမီးပါ။
သူ့အမေက ကလေးတန်း ကျောင်းဆရာမ။ သုသေသနစာတမ်း တစ်ခု အတွက် ကလေး တွေ ကို လေ့လာနေသူ။
သူ့စာတမ်း အတွက် လေ့လာနေတာက “ကလေးတစ်ယောက် ကို သူ့အသက် ရနှစ် အထိအတွင်းမှာသာ ကိုယ်လိုချင်တဲ့ ပုံစံ သွင်းနိုင်တယ်။ အဲဒီက ကျော်သွားရင် သူတို့ စိတ်ဓာတ် အတွေးအခေါ်တွေကို ပြုပြင်ပေးဖို့ မလွယ်တော့ဘူး” ဆိုတဲ့ အချက် ကို အခြေခံလို့။
သဘောကတော့ ရနှစ် အထိမှာ အသိပညာ အတန်းပညာ ကောင်းကောင်း မရခဲ့နိုင်တဲ့ ကလေး တွေ က ဘဝ မှာ အောင်မြင်ဖို့ ခက်တယ်လို့ ဆိုလိုတာထင်ပါတယ်။
အဲဒီ စကားစု ရဲ့ အစက ရှေး ခရစ်ယာန်အသိုင်းအဝိုင်း တစ်ခု က စခဲ့တာလို့ ဝီကီ ထဲမှာ တွေ့ရတယ်။
ဒီဘက်ခေတ် အဆိုးအမြင်အတွေး နဲ့ ကြည့်ရင်တော့ Brain Wash လုပ်ချင်ရင် ကလေး ကို ငယ်တုန်း ကထဲက လုပ်ပေးထားသင့် တာလို့ ကြည့်လို့ ရသလားဘဲ။
ထားပါတော့။
ဇာတ်လမ်းဆက်ရရင် ….
အဲဒီ Research မှာ သူ့ သမီး အင်ကြင်းဝေ ကိုလဲ ကူခိုင်းခဲ့တယ်။
ဒီမှာတင် ကလန်မမ အင်ကြင်းဝေ က
“ရနှစ်ကျော်ပြီး အတွေးအခေါ် သုညဖြစ်နေတဲ့ ကလေး တွေ ကိုလဲ ကောင်းမွန် မှန်ကန်တဲ့ နည်းနဲ့ ပံ့ပိုးပေးရင် သူတို့ ဘဝတွေလဲ ဘာလို့ ပြောင်းမသွားနိုင်ရမှာလဲ”
တွေးပြီး အမေ တားနေခဲ့တဲ့ ကြားက အမေမဲ့ အဖေကလဲ နောက်မိန်းမ နဲ့ ပစ်ထားခံနေရပြီး ဆိုးသလိုဖြစ်နေတဲ့ သူ့အမေ ရဲ့ သုသေသန Group ထဲက ကောင်လေးတစ်ယောက်ကို စိတ်ခွန်အားတွေ မပြတ်ပေး ခဲ့တယ်။
သူ နဲ့ စာလေးတွေ၊ ကဗျာလေးတွေ ဆွေးနွေးပေးတယ်။
ဘဝ အောင်မြင်မှုတွေ အကြောင်း ပြောပြတယ်။
နောက်ပိုင်း အဲ့ဒီ ကလေး လဲ ရုန်းရင်းကန်ရင်း တက္ကသိုလ် ရောက်၊ ဘွဲ့ရ အလုပ်အကိုင် ရပေါ့။
အင်ကြင်းဝေ အတွေးမှန်ခဲ့ တယ် လို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ သူမှားသွားတာ တစ်ခုက အဲဒီ ကလေး ကို အသိပညာ ပါမက အချစ် ဆိုတာ ကို ပါ မသိဘဲ ပေးလိုက်မိခဲ့တာဘဲ။
ချုပ်ရရင် –
အမေ က မကြိုက်လို့လား သူကဘဲ အသက်ကွာလွန်းလို့ မယူရဲတာလား ဟိုကလေးကဘဲ သူ့သတ်မှတ် အဆင့်ထက် နိမ့်နေလို့လား။
ကောင်လေးရဲ့ လက်ထပ်ဖို့ ကမ်းလှမ်းချက် ကို ခါးခါးသီးသီး ငြင်းလိုက်တယ်။
အဲဒီ နောက်ပိုင်း ကောင်လေး ပျောက်သွား ချိန် အတော်စိတ်ထိခိုက်ပြီး ဟိုဟိုဒီဒီ လိုက်စုံစမ်း လဲ အစ အ န လုံးဝ ဖျောက် သွားသူကို ဘယ်လိုမှ မတွေ့နိုင်တော့ဘူး။ နောက်မှ အတော်လေး အောင်မြင်မှု ရနေနဲ့ ဓာတုဗေဒပညာရှင် တစ်ယောက်အဖြစ် ပြင်သစ်မှာ ပြန်တွေ့ချိန် ဟိုတစ်ယောက်က သူ့ ကြိုးစ ကို တင်းထားပြီး ဖြစ်နေပြီ။
အင်ကြင်းဝေ ဘက်က စလျှော့ရင် သူလာမယ်။ မဟုတ်ရင် သူ့ဘက်က ဘာကိုမှ မတောင်းဆိုတော့ဘူး ဆိုတဲ့ သဘော။
ဒါနဲ့ဘဲ ဝေးကြလေသတည်း လို့ ထင်ခဲ့ရတာပါဘဲ။
ဂျူးး ရဲ့ စာအုပ်တွေ ကိုဖတ်ပြီးတိုင်း အမြဲသဘောကျ နေခဲ့တဲ့ အကြောင်းရင်းရှိပါ့။
သူ့ရဲ့ ဇာတ်လိုက်မင်းသမီး တွေ ရဲ့ မထီတထီ စကားလုံး တွေဘဲ။
စိတ်ထဲ ရှုံးနေရင် တောင်မှ အမြင်ပန်းမှာ ဘယ်တော့မှ အညံ့မခံဘဲ မျက်လုံးချင်း ကြည့်ပြီး အပြုံးမပျက် စကားပြောနိုင်တဲ့ ဇာတ်ရုပ်များတယ်။
အခု “အင်ကြင်းဝေ” ကတော့ ရင်ဆိုင်ကြည့်ဖို့ မပြောနဲ့ စကားလုံးထွက်ဖို့တောင် ကြောက်နေရတဲ့ ဘာ စကားလုံးမှ မထွက် ရဲ၊ စိမ်ခေါ်နေတဲ့ တစ်ဘက် ရဲ့ မျက်နှာ ကို တောင် မကြည့်ရဲ အောင် ကျောခိုင်းထားရတဲ့ သူ ဖြစ်နေခဲ့တော့ တယ်။
ဒီတော့ တစ်ခြား သူ့ဇာတ်ကောင် မိန်းမ တွေ နဲ့ ယှဉ်လိုက်ရင် ဒီတစ်ခါ ဂျူး ရဲ့ ဇာတ်ကောင် “အင်ကြင်းဝေ” ကို အားမရဘူး။
(ဤကား စကားချပ်)
ကိုယ်ပြောချင် တဲ့ နောက်ဆက်တွဲကို ပြန်ဆက်ရရင်ဖြင့်
ပထမ မူရင်း Post “သူမရဲ့ စာတမ်း” အဆုံးမှာ
{
သို့ပေမဲ့ ……
ဒီတစ်ခါ သူမရဲ့ “ဆုံနေရက် နဲ့ လွမ်းလေခြင်း” က
အသက်ကြီးကြီး မိန်းမ တစ်ယောက် အတွက် မဟုတ်ဘူး ဖြစ်နေခဲ့တယ်။
}
ဟုတ်ပါတယ်။
ဒီ စာအုပ် ဖတ်အပြီး ကျန်ခဲ့တဲ့ အတွေးက အသက်ငယ်ငယ် ကလေး တွေ အတွက် ဖြစ်နေခဲ့တာပါ။
သူ့ စာအုပ် ရဲ့ (ကိုယ်နားလည်တဲ့) အနှစ်က “ငယ်ရွယ်စဉ် ဘဝ မှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး နေတဲ့ကလေး တွေ၊ စိတ်ဓာတ်ရေးရာ ချို့တဲ့ နေတဲ့ ကလေး တွေ ကိုလဲ ဝိုင်းပြီး ကြိုးစားပေးနိုင်ရင် သူတို့ ရေရှည်ဘဝ မှာ အောင်မြင်နိုင်တယ်” လို့ ဆိုလိုချက် လို့ ထင်ပါတယ်။
(မဟုတ် ရင် ဆရာမ ဂျူးး လာရှင်းပေးပါ) :-))
တကယ်တော့ ဒီလို သိုးမဲ လေးတွေ အတွက်တင် မဟုတ်ပါဘူး။
ကလေးတိုင်း အတွက် ပါတ်ဝန်ကျင်ကောင်း လေးတွေ ဖန်ဆင်းပေးလိုက်နိုင်ရင် အခုထက်ပိုပြီး အနာဂါတ် လောကကြီး က ပိုပြီး လှပ ငြိမ်းချမ်းလာနိုင်မှာပါ။
ပြောရင်တော့ အလွယ်လေး။
ဘယ်လို လက်တွေ့ လုပ်ပေးကြ မယ် ဆိုကသာ ခက်တာ မဟုတ်လား။
ဖတ်ဘူးတဲ့ စာအုပ်တွေ၊ ကြားဘူးတဲ့ ဇာတ်လမ်းတွေ၊ ကိုယ်တိုင်ကြုံ အဖြစ်အပျက် တွေ အရ ဆိုရင်တော့ ရနှစ်အောက် ကလေးတွေ က လူကြီးတွေ ဘာပြောပြော ယုံတတ်၊ လိုက်နာတတ်တာများ တယ်။
ဒါကြောင့် “အင်ကြင်းဝေ” ရဲ့ အမေက ဒီအချက် ကို ယူခဲ့တာနေမှာ။
ဒါပေမဲ့ ရနှစ် ကနေ ၁၂နှစ် လောက်မှာတော့ သူတို့ ဟာ သူတို့ စူးစမ်းချိန်ဖြစ်လာပြီ။ လူကြီးတွေ ပြောတိုင်း မလိုက်ချင်တော့ဘူး။
အာဟား – လာပါပြီ။
ဆယ်ကျော်သက်။
အဓိက သူတို့ နဲ့ ထိပ်တိုက်တွေ့ကြတာ ဘယ်သူတွေရှိဦးမှာလဲ။
မိဘ တွေပါဘဲ။
မိဘ – အဓိက အရှေ့တိုင်း မိဘ အများစု က ကိုယ့်ကလေး ကို ငယ်ကထဲ က ဦးကျိုးသွားအောင် ဆယ်ကျော်သက် အရွယ်မှာ ကိုယ့်ကို တန်ပြန်မပြောရဲ မပြောနိုင်အောင် အညွန့်ချိုးတတ်ကြတာ သိပ်တော့ မဆန်းပါဘူး။
တစ်ချို့လဲ ကလေး ကို ကိုယ့်ကိုဘဲ အမြဲမှီခိုနေအောင် ကိုယ်မပါရင်မပြီးအောင် ပုံသွင်းတတ်ကြတာမို့ တစ်ချို့ အတော်ကြီးလဲ ကိုယ့်ဟာကို ရပ်တည်လိုက်နိုင်ဖို့ ခက်တာ တွေ့ဘူးတယ်။
မိဘ ဆိုတာ ကိုယ့်သားသမီး ကို လွှတ်လိုက်သင့်တဲ့အချိန်မှာ လွှတ်လိုက်ရမှာဘဲ။
အဲဒီအချိန်မှာ သူ့ခွန် သူ့အား သူ့အသိပညာဉာဏ် ဆုံးဖြတ်ချက် နဲ့ ယှဉ်ပြီး လူ့လောက ထဲ ကောင်းကောင်းရပ်နိုင်အောင် ငယ်ကထဲ က အလေ့အကျင့် လုပ်ပေး ရမှာ။
ငယ်ကထဲက စလို့ သူတို့ ဟာ သူတို့ ဆုံးဖြတ်ဝေဖန်နိုင်အောင် လေ့ကျင့်ပေးထားမှတော့ ကိုယ့်ကို ပြန်ပြီး တန်ပြန်စကားတွေ ပြောလာနိုင်တာ ကိုလဲ မျှော်လင့်ထားရတော့ပေမပေါ့။
ဒါကို လက်ခံဖို့ မိဘ က လဲ အလေ့အကျင့် လိုမလားဘဲ။
မယုံမရှိပါနဲ့။
အရင်က ဘယ်လောက်ဘဲ မိဘ နဲ့ ပူးကပ်ခဲ့ ပူးကပ်ခဲ့ အဲဒီအချိန်မှာ သူတို့ ရဲ့ စိတ်ခံစားချက်တိုင်း ကို မိဘ တွေကို မပြောချင်တော့ဘူး။
ဒါပေမဲ့လဲ သူတို့ ရဲ့ စိတ်ကိုလဲ ဖွင့်ဟ ချင်တယ်။
အဲဒီလို ဖွင့်ဟဖို့ နေရာတွေ၊ လူတွေ ကို သူတို့ ရှာလာတတ်ကြတယ်။
ကံကောင်းရင် တနည်း အခြေခံ အသိဉာဏ်ဖွင့်ဖြိုးလာပြီးသူ ဖြစ်ရင် ကောင်းတဲ့ နေရာ ကောင်းတဲ့ ပါတ်ဝန်းကျင်မှာ နစ်ဝင်ပြီး ကောင်းတဲ့ အနာဂါတ် ဆက်ပြီး ရဖို့များပါတယ်။
ကံမကောင်းအကြောင်းမလှရင် တနည်း မိဘက သူတို့ ကို နားလည်မှု မရှိခဲ့ရင် ဆိုးတဲ့ နေရာမှာ ဆိုးတဲ့ ပါတ်ဝန်းကျင် နဲ့ တွေ့ပြီး အန္တရာယ်ကြီးမလားဘဲ။
တစ်ချို့ ဆို ကိုယ့်ဟာကိုယ်သတ်သေတဲ့ အဆင့်ဖြစ်အောင် ကို ပါတ်ဝန်းကျင်က တွန်းအားပေးနိုင်ပါတယ်။
အနောက်နိုင်ငံ တွေမှာတော့ ကလေး တွေ အတွက် Social networking sites တွေ ဖွင့်ပေးပြီး ကလေးတွေ အများစု ဝင် ဆွေးနွေး ကြတယ်။
ကိုယ့်အိမ်မှာ မိဘ ကို မကျေနပ်လို့ ဖြစ်ဖြစ်၊ သူငယ်ချင်း နဲ့ ကတောက်ကဆ ဖြစ်လို့ ဖြစ်ဖြစ်၊ မူးယစ်ဆေးသုံးချင်တာ ဖြစ်ဖြစ်၊ ရည်းစားထားချင် ဒါမှမဟုတ် ကွဲချင်တာဖြစ်ဖြစ် အကြောင်းစုံပေါ့။
ဟစ်တိုင် တစ်တိုင်မှာ လာပြီး ရင်ဖွင့်ကြတယ်။
အဲဒီမှာ စိတ်ပညာရှင်တွေ၊ ဆရာ/ဆရာမတွေ၊ ကလေး ရှိတဲ့ မိဘ တွေ လဲ ရောပြီး အကြံပြု ဆွေးနွေး တတ်ကြတယ်။
အဓိက သူတို့ကို Positive thinking ရသွားစေဖို့ အားပေးကူညီကြတယ်။
Research တစ်ခုရဲ့ အဆိုအရ ဆယ်ကျော်သက်တွေ Facebook ကို သိပ်ပြီး မသုံးတော့တာ သိကြမယ် ထင်ရဲ့။
အဲဒါအမှန်ပါဘဲ။
သူတို့ တွေ သီးသန့် စကားပြောချင်တယ်။
မိဘ၊ အဖိုးအဖွား တွေ မပြတ်သုံးနေတဲ့ နေရာကို သူတို့ ရှောင်လိုက်တာ သက်သေပါဘဲ။
ဒီတော့ သူတို့ နဲ့ စကားပြောချင်ရင် သူတို့ အတွက် သီးသန့်နေရာပေး ဖိတ်ခေါ်နိုင်ဖို့ ပါ။
ဂျူးး စာအုပ် ဖတ်အပြီး မြန်မာပြည်က ကလေး တွေ အတွက် ဒီလို မျိုး နေရာ လေး ဖန်တီးပေးချင်မိတယ်။
ကလေးတော်တော်များများ အင်တာနက်ပေါ် ထိုင်နေတာပါ။
သူတို့ကို ဂိန်းတွေကစားတာလဲ မတားလိုပါဘူး။
ဒါပေမဲ့ စကား တွေလဲ အချီအချ ပြောစေချင်တယ်။
မှားတာ မှန်တာ အသာထား။
ကိုယ့် အတွေးအခေါ် ကို ကိုယ်ပိုင် အသိနဲ့ ရဲရဲ ချပြစေချင်တယ်။
ကိုယ်နဲ့ အမြင်မတူတိုင်း မှား တယ် လို့ ဆိုလိုက်တာထက် သူများပြောတာ ကို လဲ ပြန်တွေးစေချင်တယ်။
လွဲနေရင် အကျိုး အကြောင်းပြ အချက်နဲ့ ပြန်ဆွေးနွေးတတ်စေချင်တယ်။
အဓိကကတော့ နေရာတိုင်းမှာ ကိုယ့်သဘောနဲ့ မတူနိုင်တဲ့ ကွဲလွဲမှုတွေရှိတာ ကို သိတတ် လက်ခံတတ်ဖို့ပါ။
သဘောမတူ ဘူး ဆိုတာကို သဘောတူမျှလိုက်နိုင်ခြင်း နဲ့ အပြန်အလှန် လေးစားသမှု စိတ်ဓာတ် မွေးတတ်စေချင်တယ်။
ဒါဟာ သူများလုပ်သမျှ တွေ ကို ယောင်ပြီး လိုက်လုပ်နေရမယ်လို့လဲ မဆိုလိုပါ။ ကိုယ်မှန်တာ ကို မှန်ကန်တဲ့ နည်း နဲ့ ပြနိုင် ပြတတ်ဖို့ ကြိုးစား ကြစေချင်တယ်။
ရွာထဲ ဝင်စ မှာ မှတ်မှတ်ရရ တွေထဲ က မှတ်မိနေတဲ့ ကလေးတစ်ယောက် ရှိတယ်။
Burma တဲ့။
သားပု လို့လဲ ခေါ်တယ်ထင်ရဲ့။
အဲဒီတုန်းက သူက ၉တန်း လို့ပြောတယ်။
သူ ရွာထဲမှာ Post တွေ တော်တော်လေး ရေးပြီး မျှဘူးခဲ့တယ်။
သူ့ကို စ သတိထားလိုက်မိတာက ဒေါ်အောင်ဆန်းစုကြည် ကို သူ့အမြင်လေး ဝင်ပြောခဲ့တာ။
ကျွန်မ တို့ သူ့ကို ဝိုင်းဆွေးနွေး ပေးခဲ့တယ်။
အမှတ်မမှားခဲ့ရင် – သူ တရား စခန်း ဝင်တုန်းက အကြောင်းလေးကိုလဲ ဓာတ်ပုံလေးတွေ တင်ပြီး ရေးပြခဲ့သေးတယ်။
နောက်ပိုင်း အဲဒီ ကလေး ၁ဝတန်းဖြေဖို့ ပျောက်သွားတယ်။
အခုပြန်တွေး မိနေတယ်။
အဲဒီတုန်းက ကိုယ်တိုင် သူ့ကို တန်းတူစိတ် နဲ့ ဆွေးနွေးခဲ့သလား။
မင်း ငယ်ပါသေးတယ်။ လောကကြီးအကြောင်း မသိသေးပါဘူး ဆိုတဲ့ သူ့ကို နှိမ့်ထား တဲ့ ပုံ နဲ့ ဆွေးနွေး ခဲ့လား။
မရေရာဘူး။
အခုချိန်မှာသာ အဲဒီ အခွင့်အရေး ရခဲ့ရင် သူ့ကို တန်းတူ သဘောထားပြီး ဆွေးနွေး တော့မှာပါ။
သူရော ဒီရွာထဲ စာဝင်ဖတ်ဖို့ စိတ်ဝင်စားသေးရဲ့လားမသိ။
ကိုယ့်စိတ်ခံစားချက် လေးတွေ ပြောပြချင်နေရက် နဲ့ မပြောရဲတဲ့ ဆယ်ကျော်သက် ကလေးတွေ ဘယ်နှစ်ယောက်ရှိနေပြီလဲ မသိ။
မြန်မာပြည်က ကလေး တွေ အတွက် ဟစ်တိုင် နေရာလေး ရွာထဲ မှာပေးဖို့ သူကြီးမင်း နဲ့ ရွာသူ/သား တွေ စိတ်ဝင်စားရဲ့လား မသိ။
“ဆယ်ကျော်သက်ကလေး တွေ ကို ငါတို့ ရွာထဲသွင်းလိုက်ပါ။ စိတ်ဓာတ်ရေးရာကြံ့ခိုင် တဲ့ လူကြီးဖြစ်သွားစေရမယ်” လို့ ပြောနိုင်ရဲ့လား မသိ။
“ဒီ အငြင်းသန်လေး တွေထဲကနေ တိုင်းပြည်ရဲ့ လွှတ်တော် ထဲ မှာ အခြေအတင် ပြောဆိုနိုင်မဲ့ သူတွေ ပေါ်လာ နိုင် /မနိုင်” မသိ။
မသိ တဲ့ အိမ်မက်ပေါင်းများစွာမက်ရင်း ………………………
ဤတွင် စာတမ်းပြီး၏။ :-)))
19 comments
ကေဇီ
June 5, 2014 at 6:36 am
အရီးးးရေ
ကလေးး – ကလေးး
ကလေးး – လူကြီးး
လူကြီးး – လူကြီးးး
ဆက်ဆံရေးးးတိုင်း ဘာ အရောင် အဆင်းးမှ မပါ တဲ့ နားးလည်မှု့ လေးးး အခြေခံ လိုအပ်တယ်လို့ ကျနော် ခံယူထားးးတာပဲ။
ဒါပေမဲ့ ခါတလေ ကိုယ်တွေလည်းးး လောကီသားးပေမို့ … 😉
ကျနော့ အမေ ကတော့ ပြောဖူး တယ်ဗျ။
လူကြီးးက ကလေးးဘွ ကို ဖြတ်သန်းးဖူးးတာမို့
လူကြီးးးတွေက လူငယ်တွေ ကို နားးလည်ပေးးနိုင်အောင် ပို ကြိုးးးစားးး သင့်တယ် တဲ့ ဗျ။
😀
နောက်မှ အများးးကြီးး ပြောပါ ဦးးမယ်။
ဒီလို မစ်ရှင် ဆန်ဆန် မျိုးးး ကျနော်တို့ ပြည်က ငနဲကြီးး တွေ သုံးး ခဲ့ တာများးး
ဘပြောင် က မှ ကောင်းးတယ်ဆိုပြီးးးး
စု ကို အသားးလွတ် မုန်းးနေ တဲ့ အရွယ်ကောင်းးတွေ အများးကြီးးးပဲ။
😥
alinsett (gazette)
June 5, 2014 at 7:43 am
အဲ့ဒီစာအုပ်ကို ဖတ်ချင်လွန်းလာလို့
မနေ့ညနေကတောင်
စာအုပ်အငှားဆိုင်အဝေးကြီးဆီ
စက်ဘီးနင်းပြီးသွားမေးခဲ့တယ်
မရှိဘူး။
ဖတ်မှဖြစ်တော့မယ်
အရမ်းကို ဖတ်ချင်နေပြီလေ
စာအုပ်မဖတ်ရသေးခင် အရီးပြောဆို တာလေးတွေ ဖတ်နေရတာလည်း
တမျိုး ပိုကောင်းတယ်။
အရီးက ဝတ္ထုထဲက ထွက်ပြီး လက်တွေ ့ကျကျ အတွေးတွေနဲ့
သိုင်းဝိုင်းပြီး ပြန်ပြောတာဆိုတော့
black chaw
June 5, 2014 at 9:12 am
ဆိုတော့…
စာအုပ်ကို အရင်ဖတ်ပြီးမှ ဆွေးနွေးတာက…
စာအုပ်ရေးသူ ဆရာမဂျူးကိုရော…
စာအုပ်အကြောင်း ပြောပြသူ အစ်မလတ်ကိုရော…
လေးစားရာရောက်မှာမို့…
စာအုပ် ကို အရင်ဖတ်လိုက်ပါဦးမယ် အစ်မရေ…။
မင်း ခန့် ကျော်
June 5, 2014 at 9:30 am
“ဆယ်ကျော်သက်ကလေး တွေ ကို ငါတို့ ရွာထဲသွင်းလိုက်ပါ။ စိတ်ဓာတ်ရေးရာကြံ့ခိုင် တဲ့ လူကြီးဖြစ်သွားစေရမယ်”
အင်းးးးးးးး (စဉ်းစားစရာပဲဗျ):mrgreen:
Wow
June 5, 2014 at 9:39 am
ဆောရီး… အနော်… ပီးခဲ့တဲ့ ပို့စ်မှာ ဂျူးရဲ့ “သူမင်းကို ဘယ်တော့မှ” နဲ့ ဇတ်လမ်းမှားပြီး ပြောမိတာ… :kwi:
padonmar
June 5, 2014 at 10:21 pm
အဲဒါကြောင့် ဂျီးဝါး က ယောကျင်္ားတယောက်လို့ ဘာကြောင့်သုံးနေလဲ စဉ်းစားနေတာ။တခုခုတော့ မှားနေတယ်လို့ပြောမလို့
ဝတ္ထုနာမည်တောင် အမှန်ဖော်မရဖြစ်နေတယ်။ဇာတ်လမ်းတွေတော့ မှတ်မိတယ်။
Zaw Thant
June 5, 2014 at 11:31 am
အရီးရဲ့ စာတမ်းဖတ် ပြီးပြောချင်တာတွေများလို့ ဘယ်ကစပြောရမှန်းတောင်မသိဘူး..
ပထမဆုံးပြောချင်တာက အရီးပြောထားတဲ့ အချက်တွေကို သဘောကျလက်ခံပါတယ် ဆိုတာရယ်.. ဆရာမဂျူးစာအုပ်ကိုတော့ မဖတ်ရသေးဘူးဆိုတာရယ်ပါ..
“ငယ်ရွယ်စဉ် ဘဝ မှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး နေတဲ့ကလေး တွေ၊ စိတ်ဓာတ်ရေးရာ ချို့တဲ့ နေတဲ့ ကလေး တွေ ကိုလဲ ဝိုင်းပြီး ကြိုးစားပေးနိုင်ရင် သူတို့ ရေရှည်ဘဝ မှာ အောင်မြင်နိုင်တယ်” ဆိုတာကို လက်ခံဖို့ပဲရှိပါတယ်.. ထပ်ဖြည့်ပြောချင်တာကတော့ နောက်ကျရင် ကျသလောက်တော့ အခက်အခဲပိုရှိမှာပါ.. ရင့်သွားတဲ့ အချိန်ကိုး..
“မိဘ – အဓိက အရှေ့တိုင်း မိဘ အများစု က ကိုယ့်ကလေး ကို ငယ်ကထဲ က ဦးကျိုးသွားအောင် ဆယ်ကျော်သက် အရွယ်မှာ ကိုယ့်ကို တန်ပြန်မပြောရဲ မပြောနိုင်အောင် အညွန့်ချိုးတတ်ကြတာ သိပ်တော့ မဆန်းပါဘူး။”
“ငယ်ကထဲက စလို့ သူတို့ ဟာ သူတို့ ဆုံးဖြတ်ဝေဖန်နိုင်အောင် လေ့ကျင့်ပေးထားမှတော့ ကိုယ့်ကို ပြန်ပြီး တန်ပြန်စကားတွေ ပြောလာနိုင်တာ ကိုလဲ မျှော်လင့်ထားရတော့ပေမပေါ့။
ဒါကို လက်ခံဖို့ မိဘ က လဲ အလေ့အကျင့် လိုမလားဘဲ။”
.. အဲတာ အဟုတ်ပဲဗျို့.. မိဘတွေ အနေနဲ့ အရှေ့တိုင်းဆန်တဲ့ပျိုးထောင်နည်း နဲ့ အနောက်တိုင်းဆန်တဲ့ ပျိုးထောင်နည်း တွေရဲ့ အကျိုးအပြစ်ကို လက်ခံနိုင်ဖို့လိုတယ်.. ငယ်ကတည်းက ကိုယ့်စကားကို မြေဝယ်မကျနားထောင်အောင် ပုံစံသွင်းမွေးထားတဲ့ ကလေးကို ကြီးတော့ မှ ကိုယ်အားကိုကိုး၊ ကိုယ်တိုင်ဆုံးဖြတ်ရဲတဲ့ကလေး ဖြစ်စေချင်ရင်တော့ ခက်တယ်.. ငယ်ကတည်းက ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရဲရင်အောင်မွေးထားတဲ့ ကလေးကို teenage အရွယ်ကျမှ ကိုယ့်စကားတစ်ခွန်းနဲ့ ထိမ်းချင်ရင်လည်းခက်တာပဲ.. ILBC လိုမျိုး international ကျောင်းတွေမှာထားတဲ့ ကလေးတွေ တခြားမြန်မာကျောင်းကလေးတွေနဲ့ယှဉ်ရင် ပိုပြောရဲဆိုရဲ စဉ်းစားရဲတာကောင်းသလို နည်းနည်းရိုင်းသလိုဖြစ်သွားတတ်တာလည်း ညီးသံတွေကြားဖူးတယ်.. ဒီနှစ်ခု ကြားက Balance ကိုရဖို့ မိဘ၊ ဆရာနဲ့ ပညာရှင်တွေရဲ့ အကြံဉာဏ်တွေ လိုမယ်နဲ့တူတယ်..
“ဒါပေမဲ့ စကား တွေလဲ အချီအချ ပြောစေချင်တယ်။
မှားတာ မှန်တာ အသာထား။
ကိုယ့် အတွေးအခေါ် ကို ကိုယ်ပိုင် အသိနဲ့ ရဲရဲ ချပြစေချင်တယ်။”
ကိုယ်ဟာကို ကံကောင်းတယ်လို့ ယူဆတဲ့ အထဲမှာ ငယ်ကတည်းက မိဘတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောခွင့် ဆွေးနွေးခွင့်ရတာပါပါတယ်.. အဲ့ဒါက ကြီးတဲ့အထိကျွန်တော့် အတွက်အကျိုးကျေးဇူးရခဲ့ပါတယ်.. ကလေးတွေကိုလည်း အဲ့လိုအခွင့်ရေးမျိုးရစေချင်ပါတယ်..
“ဆယ်ကျော်သက်ကလေး တွေ ကို ငါတို့ ရွာထဲသွင်းလိုက်ပါ။ စိတ်ဓာတ်ရေးရာကြံ့ခိုင် တဲ့ လူကြီးဖြစ်သွားစေရမယ်” လို့ ပြောနိုင်ရဲ့လား မသိ။” ဒါတော့ မပြောတတ်ဘူး စိတ်ဝင်စားစရာကောင်းပါတယ်.. 🙂
ကေဇီ
June 5, 2014 at 11:35 am
“ကိုယ်ဟာကို ကံကောင်းတယ်လို့ ယူဆတဲ့ အထဲမှာ ငယ်ကတည်းက မိဘတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောခွင့် ဆွေးနွေးခွင့်ရတာပါပါတယ်.. အဲ့ဒါက ကြီးတဲ့အထိကျွန်တော့် အတွက်အကျိုးကျေးဇူးရခဲ့ပါတယ်.. ကလေးတွေကိုလည်း အဲ့လိုအခွင့်ရေးမျိုးရစေချင်ပါတယ်..”
~
မင်းမှာ အရမ်းကို နူးညံ့သိမ်မွေ့ချစ်ခင်နားလည်တတ်တဲ့ အမရှိတာလည်း အရမ်းကံကောင်းတယ် ခေါ်မယ်။
အဟွတ်ဟွတ် :mrgreenn:
ကွကိုယ် ဇွတ် နေရာဝင်ယူရတာ။,
:kwi:
ROssI
June 5, 2014 at 11:46 am
အရှေ့တိုင်း အနောက်တိုင်း ဘာညာ က …ဘောစကားနဲ့ပြောရရင်
ကစားကွက်ပါပဲ ၄-၄-၂ နဲ့ ကစားကစား ၄-၃-၃ နဲ့ ကစားကစား… လိုရင်းက နိုင်ဖို့ပဲ မဟုတ်ာလး..
နိုင်ဖို့ဆိုရင်… anti-football လို့ခေါ်ခေါ် ၄-၆-ဝ နဲ့ ကစားကြတာတောင် ရှိသေး…။
ကလေး ဟာ ကလေးပဲ …. မို့ ကလေး ကို ကလေးလို မြင်ဖို့ က ပဓာန ကျပါသော်ကော ….ဗျာ..
ပုံ
တခါက ကလေး ..
မိဂီ
Mr. MarGa
June 5, 2014 at 12:52 pm
အရင်ဆုံး လာဗင်ဒါ တွေအတွက် ကျေးဇူးပါ အရီးရေ့….
လူငယ်တွေမှာ စိတ်ထွက်ပေါက်အတွက် နေရာတစ်ခု လိုနေတာကတော့ အမှန်ပါ
ပြီးတော့ သူတို့ ကြုံနေတဲ့ ပြဿနာတွေကို ဝိုင်းပြီး အဖြေရှာပေးနိုင်မယ့် ပတ်ဝန်းကျင်(ပတ်ဝန်းကျင်လို့ပဲပြောရမလား) တစ်ခုလဲ လိုတယ်လို့ထင်ပါတယ်။
မှတ်မှတ်ရရ ကျနော် Barcamp Mandalay 2014 မှာ အဖော်တစ်ယောက်နဲ့ အတူ လူကြီးတွေနဲ့ လူငယ်တွေကြား ကွာဟချက်တွေကို ချုံ့နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခေါင်းစဉ်တစ်ခုယူပြီးတော့ ဆွေးနွေးခဲ့ပါတယ်။
ရွာထဲမှာ လုံမလေးနဲ့ တွဲတင်ထားတဲ့ ပို့စ် လေးကိုပဲ ပြန်ယူပြီး ဆွေးနွေးခဲ့တာပါ။ အတတ်ကြီးမဟုတ်ပေမယ့် လူကြီးတွေကို ဘယ်လိုနားလည်အောင်လုပ်မလဲ ဆိုတဲ့ သဘောလေးပေါ့။
အဲဒီမှာပဲ….. ဒီလိုပြဿနာတွေကို လူငယ်တိုင်းနီးပါး ကြုံနေရတယ် ဆိုတာရယ်.. သူတို့အတွက် ဆွေးနွေးတိုင်ပင်ဖို့ နေရာတစ်နေရာ လိုနေတယ် ဆိုတာရယ် သိခဲ့တာပါ။
လွန်ခဲ့တဲ့ သုံးနှစ်လောက်က မျက်စိလည် လမ်းမှားပြီး ဒီရွာကို ရောက်လာခဲ့တဲ့ မောင်မာဃကတော့ သုံးနှစ်အတွင်း အတော် အငြင်းသန်တယ်ဆိုတဲ့ မှတ်ချက်တစ်ခု ရရှိခဲ့ပါကြောင်း 🙂
တွေးမိသလောက်၊ မြင်မိသလောက် ဝင်ပြောသွားပါတယ်ဗျာ…………..
မင်း ခန့် ကျော်
June 5, 2014 at 12:58 pm
ဈေးထဲမှာ ဖား အရှင်ရောင်းတဲ့ဈေးသည်တယောက်ရှိတယ်။
ဈေးဝယ်တဲ့သူလာတော့ သူက ချိန်ခွင်ကိုမလိုက်တယ်။
တဖက်မှာအလေးပြားထည့်ပြီးမလိုက်တယ်။
ချိန်ခွင်ကတဖက်စောင်းပြီးကြွလာတယ်။
ကြွလာတဲ့ဘက်မှာ ဖားအရှင်တကောင်ကို ထည့်လိုက်တယ်။
ထည့်တဲ့ဘက်ကအောက်ဘက်ကျမသွားသေးဘူး။
အလေးမပြည့်သေးဘူးပေါ့ဗျာ။
ဒါနဲ့ဖားအရှင်နောက်တကောင်ကိုထပ်ထည့်တယ်။
အဲဒီလိုထပ်ထည့်တော့ ပထမထည့်ထားတဲ့ဖားကအောက်ကို
ခုန်ဆင်းသွားတယ်။ဒါနဲ့ဈေးသည်က နောက်တကောင်ထပ်ထည့်
တယ်။ရှေ့ကဖားကထပ်ခုန်သွားတယ်။
ဒီလိုနဲ့ဈေးသည်က ဖားကိုဘယ်လိုချိန်ရမလဲဆိုတဲ့နည်းကိုသိသွား
တယ်။
ချိန်နည်းသိသွားတယ်။
ချိန်နည်းသိသွားတယ်။
ဆက်စပ်မိမလားတော့အသိဘူးဗျား။
လုံမလေးမွန်မွန်
June 5, 2014 at 1:28 pm
ပထမဆုံး ထင်မိတာကတော့ အင်ကြင်းဝေက နိမ့်ကျစဉ်တုန်းက သူငြင်းခဲ့တဲ့သူကို အောင်မြင်နေတဲ့အချိန်မှ ပြန်လက်ခံလိုက်တယ် ဆိုတာမျိုး မဖြစ်စေချင်ဘူး ထင်တယ်..
ကလေးတွေအတွက် ပတ်ဝန်းကျင် ဆိုတာနဲ့ ပတ်သက်ပြီးတော့ အရီးပြောတာကို လုံးဝလက်ခံပါတယ်..
သမီးကို အမေက အမြဲပြောလေ့ရှိတယ်.. ဘာကိစ္စမဆို အမေ့ကိုပြောပြ၊ သူငယ်ချင်းဆိုတာ ကိုယ်နဲ့မတည့်ရင် ကိုယ့်အကြောင်းတွေကို ပြောလေ့ရှိတယ်၊ အမေဆိုတာ သားသမီးမကောင်းကျိုးကို ဘယ်တော့မှ မလုပ်ဘူးတဲ့..
ဘယ်လိုပဲဖြစ်ဖြစ် တစ်ချို့ကိစ္စတွေမှာ မိဘတွေက အကုန်နားလည်မပေးနိုင်ကြတော့ သူငယ်ချင်း၊ ပတ်ဝန်းကျင်နဲ့ တိုင်ပင်ဖြစ်တာတွေ အများကြီးပဲလေ.
အဲဒီတော့ သူငယ်ချင်းပေါင်းပေါင်းလို့ရတဲ့ ဒုတိယမိဘတွေရှိတဲ့ ဒီရွာလေးမှာ အလွန်ပျော်နေမိပါကြောင်း..
ချစ်တဲ့
လုံမလေး
kai
June 5, 2014 at 2:20 pm
ဒီထဲလာရေး.. ဆွေးနွေးတဲ့..အသက်၂ဝအောက်လူငယ်တွေကို.. တနှစ်တခါ.. ပညာတော်သင်ဆုပေးတဲ့အစီအစဉ်.. လုပ်မှနဲ့တူတယ်..။
ဒါမှမဟုတ်.. ယူအက်စ်မှာ ကျောင်းဝင်ခွင့်လျှောက်ပေးတာမျိုးပေါ့…။
ဒါကိုခေါင်းထဲတော့ အမြဲထည့်ထားပါတယ်..။
Mr. MarGa
June 5, 2014 at 2:26 pm
တိန်…
နှစ်ဆယ်အောက် တဲ့…
ပြောပြောက စောပါလား သဂျီးရယ်….
အခုတော့ 🙁
padonmar
June 5, 2014 at 10:24 pm
၆ဝအောက် လုပ်ပါ သဂျီး
padonmar
June 5, 2014 at 10:28 pm
ကျမတူမက ကျမကို သူ့ဖွဘုတ်မှာ လက်မခံဘူး။
အဲလိုပဲ သူ့မိဘကို ဖွဘုတ်သူငယ်ချင်းအဖြစ် လက်မခံတဲ့ ကလေးတွေ အများအပြားပဲ။
ငယ်တုံးကတော့ အဖေကို ကြောက်ချစ်ပဲ။အမေ့ကို သနားချစ်။
အရွယ်ရောက်လာတော့ အဖေက သူ့ကို ဝေဖန်ပိုင်ခွင့်ပေးခဲ့တယ်။
ဒါကြောင့် အဖေ့ကို ပိုချစ်သွားမိတယ်။
padonmar
June 5, 2014 at 10:30 pm
သားပုကိုလည်း သတိရမိပါတယ်။
ဦးမိုက်သားလေးလည်း ရွာထဲရှိဖူးတယ်။
စွယ်တော်ရွက်သားလည်း ရွာထဲဝင်ဖူးတယ်။
ကလေးတွေကို ကြိုဆိုပါတယ်။
လူကြီးလေနဲ့ မပြောမိဖို့တော့ အင်း…..အတော်ဆင်ခြင်ရမှာပဲ။
kyeemite
June 6, 2014 at 11:57 am
အင်း..ကျုပ်ကတော့ ကလေးတွေကို ကျိုးသင့်ကြောင်းသင့် ဆွေးနွေးပြောဆိုရဲအောင်ထရီန်းလုပ်ပါတယ်…
ကျုပ်သားက ဒီနှစ် ရှစ်တန်းတက်မှာ တိုက်တိုက်ဆိုင်ဆိုင် ဒီလ ၅ ရက်နေ့က ၁၄နှစ်ပြည့်ပါတယ်…
ဖေ့ဘုတ်မှာ ကျုပ်ကိုအက်ထားတယ်…ဆိုတော့ သူနဲ့ကျုပ်က တော်တော်ပွင့်လင်းပါတယ်….
သမော်ဒီးကတော့ ဖေ့ဘုတ်ချိတ်မရဘူး…သူကတော့မိန်းကလေးမို့ အဖေနဲ့သိပ်မပွင့်လင်းတာနေမှာ..
ဒါပေမဲ့ အပြင်မှာတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတတ်ပါတယ်…
ပြောရရင် အကြောက်တရားနဲ့အုပ်စီးမထားပါဘူး…
ဂျူ းရဲ့စာအုပ်တော့မဖတ်ရသေးဘူး… အခု အရီးမုတ်ဆိတ်ရေးပြသလောက်နဲ့ပြောရရင်..
“ငယ်ရွယ်စဉ် ဘဝ မှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး နေတဲ့ကလေး တွေ၊ စိတ်ဓာတ်ရေးရာ ချို့တဲ့ နေတဲ့ ကလေး တွေ ကိုလဲ ဝိုင်းပြီး ကြိုးစားပေးနိုင်ရင် သူတို့ ရေရှည်ဘဝ မှာ အောင်မြင်နိုင်တယ်” ဆိုတာကို လက်ခံပါဂျောင်းးးး 🙁
နောက်တစ်ခုကတော့ အာတီဒုံပြောတဲ့“၆ဝအောက် လုပ်ပါ သဂျီး” ကိုထောက်ခံပါဂျောင်းးးး 😀
အရီးခင်
June 8, 2014 at 4:01 am
ကေဇီလေး မေမေ က အတော်လေး ပေါင်းသင်းလို့ ကောင်းမဲ့ အမေ ဖြစ်မှာ အသေအချာဘဲ။
အဲဒီလို စိတ်ဓာတ်မျိုး တွေ ရှိခဲ့ရင် မျိုးဆက်သစ် နဲ့ မျိုးဆက်ဟောင်း ကြားမှာ နားလည်မှု အလွဲတွေ နဲ့ အနာဂါတ် ရှိတော့မှာမဟုတ်ဘူး။
အဓိက ကတော့ “ငါ” ဖြုတ်နိုင်ဖို့ ထင်ရဲ့။
ကိုယ့်စွမ်းအားမပါဘဲ အချောင် မတရားမှုနဲ့ ချမ်းသာနေသူတိုင်း ဒေါ်အောင်ဆန်းစုကြည် ကို အသားလွတ်မုန်းမှာပါ။
ဒါက တော့ Fair enough ပါ။ နားလည်နိုင်ပါသေးတယ်။
ဒါပေမဲ့ အောက်ခြေက လူတွေ က တော့ ဒီလူတွေ လက်ဝါးကြီးအုပ် နေလို့ တိုင်းပြည်ဆင်းရဲနေတာ သူတို့ နလံမထူနိုင်တာ/ထူခွင့်မရတာ တွေ ကို သိဖို့ကောင်းတယ်။
ဒီလူတွေက တကယ်တော့ လူများစု မဟုတ်လား။
ဆက်ဆက်
ဖြစ်မှဖြစ်ရလေ။
ဒီလောက် အပင်ပန်းခံရှာဖတ်ပြီးမှ အကြိုက်မတူနိုင်တာမို့ မတန် မှာ စိုးတယ်။
ကဘချော
တစ်ချို့ လူ တွေ က ဒီစာအုပ် ကို မကြိုက်ကြဘူး။
ဝတ္တု ထဲ တစ်ချို့ နေရာတွေမှာ အစ hint ပေးထားပြီး ပြန်မသုံးတာတွေ များပြီး ပေါ့နေလို့ တဲ့။
မင်း ခန့် ကျော်
မှတ်ချက်လေးတွေ အတွက် ကျေးဇူးပါ။
ဖားအရှင်တွေ ချိန်တာ နားအလည်ဝူး။
ဆက်စပ်လို့ မရ။
အရီးက ဒုံးဝေးတယ်။
နဲနဲ ရှင်းပြပါ။ :-))
Wow ရေ့
မှားချင်လဲ မှားချင်စရာ၊ ရောချင်လဲ ရောချင်စရာပါ့။
နှစ်ပုဒ်လုံးက ပန်းပျိုးသူကြီးများ ဇာတ်လမ်းကိုး။
“သူမင်းကို ဘယ်တော့မှ” ကတော့ နှစ်ဖက်လုံး ဖြူ တယ်လို့ ပုံဖော်တာပေါ့။
ကိုယ့်ဟာကို ” အေးငြိမ်းမေ” နေရာက ကြည့်ရင် အင်မတန် ရှင်းပေါ့။
ကိုယ့်ဟာကို “မမမြတ်” နေရာ ဝင်လိုက်တော့ ဒီလောက် သဘောထား ကြီးနိုင်မယ် မထင်။
အရီး လဲ တစ်ခါ တစ်ခါ တွေးမိသား။
ဘယ်လောက် ရှင်းတယ် လို့ ကိုယ်က ယုံတယ်ဆိုတာ ကိုယ်ဟာကိုယ်မို့ ကိုး။
ကိုယ်ဟာကို ပါတ်ဝန်းကျင် နေရာက ဝင်ကြည့် ရင် အမြင်ပြောင်းချင်ပြောင်းသွားနိုင်မလားလို့။
မသိတော့။
မောင်ဇော်
ဝင်ဆွေးနွေးတာလေး ကျေးဇူးကြီးပါ။
မင်းတို့ မောင်နှစ်မ နှစ်ယောက် အသံမြင်တာ နဲ့ မိဘ တွေ ရဲ့ လမ်းကြောင်းခဲ့တာ ဘယ်လောက် တော်တယ် ဆိုတာ မှန်းလို့ ရပါတယ်။
international ကျောင်းတွေမှာထားတဲ့ ကလေးတွေ ရိုင်းတာက တစ်ခြားအချက်တွေလဲ ပါနိုင်တယ်။
ကြားဘူးတာကတော့ တစ်ခြားသူတွေက သူတို့လောက် မတတ်ကြဘူး လို့ ဟိုက်ပါဖြစ်နေကြသူတွေ ရှိနေတာမို့ ဒီလိုကလေး တွေ အစွန်းမဖြစ်အောင် ပဲ့ပြင်ပေးဖို့လဲ လိုမယ်။
မောင်ဂီ
လိုရင်းက နိုင်ဖို့ပဲပေါ့။
အသေအချာဘဲ။ နိုင်ချင်သပေါ့။
သို့ပေသည့် မျှမျှတတ နိုင်သင့်လို့ နိုင်လိုက်တာက ပိုမကောင်းပေဘူးလား။
ကလေး ဟာ ကလေးပဲ …ဟုတ်ပါတယ်။
သို့ပေသည့် တစ်ခါက ကလေး ဖြစ်တဲ့ ကလေး ကလဲ လူကြီး ရဲ့ အမှား ကို ပြင်ပေး လိုက်တာ ဆိုတော့
အဲဒါကို “ငနာလေး ငါ့ကို ဒေါက်ဖြုတ်တယ်” လို့ တွေးဖို့ ကောင်းခဲ့သား နော။
ဝင်ပြီး ငေါ့ သွားတာ “grazie” ;-)))))
မောင်သိကြား
လာဗင်ဒါတွေ ကို သဘောကျတယ်ဆိုလို့ ဝမ်းသာပါ၏။
Barcamp မှာ ဝင်ဆွေးနွေးနေတယ် ကြားလို့ ပိုပြီး ဝမ်းသာပါ၏။
ရှေ့ဆက်ပြီး ပိုငြင်းနိုင်ပါစေ။
လွှတ်တော်ထဲထိ ဝင်ပြီး ငြင်းနိုင်သူ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
လုံမ ရေ့
သမီးပြောတာ အမှန်ပါဘဲ။
အောင်မြင်နေတဲ့အချိန်မှ ပြန်လက်ခံလိုက်လို့ ကတော့ သူ့ဇာတ်ရုပ်ပျက်ပြီဘဲ။
ဒါကြောင့်လဲ ပေါင်းမပေးတာနေမှာပါ။
အမေ နဲ့ သမီး သူငယ်ချင်း လို ပေါင်းနိုင်တယ် ဆိုတာ အင်မတန် တော် တဲ့ အမေ တွေ မှ ဒီလိုအခြေအနေ ဖန်တီးနိုင်တာ ပါ။
“အမေဆိုတာ သားသမီးမကောင်းကျိုးကို ဘယ်တော့မှ မလုပ်ဘူး” ဆိုတဲ့ စကားလေး မှတ်သွားတယ်။
အရမ်းလှတယ်။
သားသမီးမကောင်းကျိုးဖြစ်မှာစိုးလို့ အစွန်းမရောက်ဖြစ်အောင် လဲ ကိုယ့်ကိုယ်ကို ထိန်းနေရတဲ့ အမေ ဘဝ ကို တစ်နေ့ သိလာမှာပါလေ။
အခုတော့ နဲနဲစောပါသေးတယ်။
လွတ်လပ်မှု အဆုံးမခံနဲ့ဦး။
ဟို တစ်ကောင် တော့ ကျိန်ဆဲ နေမလားဘဲ။ :-))
ဟေ့ သူကြီးမင်း
ရင်ဘတ်ထဲ မထည့်ဘဲ ခေါင်းထဲထည့်ထားမှတော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ ;-))
အစ်မဒုံ
ရွာထဲမယ် ၄ဝ ကျော်တောင်မှ မရှိသေးတာကိုများ။
ကျွန်မ ဆိုလဲ ဆယ်ကျော်သက်သာဖြစ်။
အမေ အဒေါ် တွေ ကြီးစိုး နေတဲ့ နေရာမှာ မနေချင်ပေါင်။
မဟုတ်ရင် ကိုယ်က ပြန်ပြီး သူတို့ကို မျက်စိ နောက်လို့။ :-))
ကကြီးမိုက်
အဖေ တွေကတော့ မှာ သိပ်မတက်ကြွလောက်ဘူး ထင်ရဲ့။
ဒါကြောင့်မို့ အက်တာနေမှာ။
ကကြီးမိုက် က တော်တယ်။
ရေစုံ ကိုရော ရေဆန် ကိုပါ ပျော်အောင်ထားနိုင်စွမ်းရှိတယ်။
လားဆေးပါတယ်ခင်ဗျား။
တကယ်ပါ။ :-))
ဝင်ရောက် မှတ်ချက်ပေးသူများရော၊ ဖတ်ရှူသူများ ကိုပါ ကျေးဇူးကြီးပါ။ :-)))