ခင်ဗျားဗျာ…..
ခင်ဗျား…ဗျာ….
ဘာလို ့…အစောကြီး…ထွက်သွားရတာလဲ….
ခင်ဗျား..ပြောခဲ့သလို…. ဘယ်သူကမှ နောက်မကျပါဘူး..နေဝင်ချိန်ကိုက..စောသွားတာပါ...လို ့…
ဖြေရမှာလား… ။
ခင်ဗျား…ဗျာ….
ကျနော်…ခင်ဗျားကို..လွမ်းဆွတ်တမ်းတနေတာတောင်မှ….
ခင်ဗျားက..လွမ်းဖို ့..စကားလုံးတွေ..ချန်ထားပေးခဲ့တယ်…
ကြည့်.. ကျနော်အခု..ခင်ဗျားပြောခဲ့တဲ့စကားတစ်ခွန်းနဲ ့….
ဖြေသိ်မ့်လိုက်ရတယ်….
အားလုံးကို..စွန့်လွှတ်ရရင်တောင်.. သတိရခြင်းကို..ငါ ပိုင်တယ်….ဆိုပြီး….















ဆရာတာရာမင်းဝေ…ရေးတဲ ့ကဗျာတွေကို..ပြန်ဖတ်ချင်../ သိမ်းချင်သူတွေအတွက်ပါ… ။
ပုံလေးတွေကို… ကြည့်ရတာ အဆင်မပြေရင်.. ကျနော့် ဖေ့ဘုတ် အကောင့် alinsett ကနေ ဖြစ်ဖြစ်..
ကျနော့်မေးလ် alinsett.art@gmail.com ကနေဖြစ်ဖြစ်.. ပို ့ပေးပါမယ်ခင်ဗျ.. သိမ်းချင်… / လိုချင်ရင်ပေါ့.. ။ ဆက်သွယ်လိုက်ပါ.. ။
12 comments
lu lu
June 9, 2014 at 7:57 am
ကိုယ်ဆက် ဂျီး ခင် များဗျာ
အိပ်ပျော် နေတဲ့အလွမ်းတွေကို လာလာဆွ နေပြန်ပြီ
ဒါကြောင့် အခုလိုနိုးထ လာခဲ့ပြန်တဲ့အ လွမ်းတွေ ဖြေ နိုင် ဖို ့
နောက် ထပ်တခါ ဖန်တီးပေး ပါဦး
:s:
alinsett (gazette)
June 9, 2014 at 11:37 am
လွမ်းတတ်တယ်ပေါ့
black chaw
June 9, 2014 at 10:45 am
တာရာမင်းဝေ ကဗျာတွေ အတွက် ကျေးဇူးပါဗျာ…။
alinsett (gazette)
June 9, 2014 at 11:30 am
ဟုတ်
လေးဘလက်
လာရောက် ဖတ်ရှု ခံစားသွားတဲ့အတွက်လည်း ကျေးဇူး
😆
Iris
June 9, 2014 at 9:08 pm
ဆရာတာရာမင်းဝေ ရဲ့ စာတွေ နဲ့ ကိုယ်ရဲ့ဆယ်ကျော်သက်ဘဝကိုဖြတ်သန်းခဲ့တာ။ ဆရာ့ရေးဟန်နဲ့အတွေးအခေါ် တွေ ရယ်။ ကပ်သီးကပ်ဖဲ့ တွေး ပြော တာတွေ နှစ်သက်ခဲ့တာ။
alinsett (gazette)
June 10, 2014 at 2:02 pm
ဟုတ်တယ်.. ။ သူ က..သူများမတွေးတဲ ့ထောင့်လေးတွေကနေ..
တွေးပြတတ်သူ …
စကားလုံးတွေကိုလည်း..သူများတွေထက် ထူးအောင်..စီပြသွားခဲ ့သူ…
လွမ်းလိုက်တာဗျာ…
kyeemite
June 10, 2014 at 11:35 am
လျော်ကြေး ကဗျာလေးကို ပိုကြိုက်တယ်..တိုတိုနဲ့ထိမိလို့
alinsett (gazette)
June 10, 2014 at 2:03 pm
ကျနော်ကတော့… သံဝေဂ ဆိုတဲ ့ကဗျာလေးကို..အကြိုက်တွေ ့တယ်…
ကေဇီ
June 10, 2014 at 11:44 am
သူ့ စာရေးစားပွဲ ဘေးနားလေးမှာ ထိုင်ပြီး
သူရေးပြီးသမျှ
သူစိတ်တိုင်းမကျလို့ လွှတ်ပစ်တဲ့ စာရွက်လေးက အစ အရင်ဆုံးဖတ်ရတဲ့ ဘဝ ရောက်ချင်ခဲ့ဖူးတယ်။
:s:
alinsett (gazette)
June 10, 2014 at 2:01 pm
အင်း…
ကျနော်က.. သူမသေခင်လေးမှာ..နောက်ဆုံးရေးသွားတာလေး…
မရေးနိုင်တော့လောက်အောင် ဖြစ်နေချိန်လေးမှာ…
နောက်ဆုံးတွေးသွားတာလေး… သိချင် ဖတ်ချင်နေခဲ့တာ….
ြုပီးတော့.. သူ ့ဘဝမှာ..ရေးခဲ့သမျှထဲက..
ဘယ်စာကြောင်းကလေးက…
သူ ့အတွက်..ကျေနပ်စရာအဖြစ်ဆုံးလဲ..ဆိုတာလည်း.သိချင်မိတယ်..
surmi
June 10, 2014 at 11:53 am
တစ်ပုဒ်ခြင်း ခံစားပြီး ဆောင်းပါးပြန်ရေးပါလား
alinsett (gazette)
June 10, 2014 at 1:57 pm
အကြံပေးတဲ ့အတွက်..ကျေးဇူးပါ..ဦးဆာ..
တောင်တန်းအမြင့်ကြီ်းကို..အပေါ်စီးက… မကြည့်နိုင်သေးသူမို ့…
တောင်အောက်ကနေ..တောင်တစ်ခုလုံးအကြောင်းကို… မပြောပြတတ်ဘူး.. ။
ဒါကြောင့်….
မော့ကြည့်..ငေးစိုက်နေရတာလေးကိုပဲ…အရသာရှိရှိ..ကျေနပ်နေမိတာ…
🙂