“မကူစကောင်း ကူစကောင်း ” (အပိုင်းတစ်)

ဇူလိုင်လရဲ့တစ်ရက်မှာ ကျနော်ရယ် ကိုအေးမောင်ရယ် ကိုထွန်းထွန်းရယ်အလုပ်ကိစ္စနဲ့ မကွေးဘက်ကို သွားဘို့ဖြစ်လာပါတယ်။
သွားမှာကတော့နေ့ချင်းပြန်ပါ မကွေးမှာနာရီဝက်လောက်နေ ကြည့်စရာ ကြည့်ပြောစရာပြောပြီးချက်ခြင်းပြန်မှာပါ။
တကယ်တန်းပြောရရင်တော့ လမ်းပေါ်မှာဘဲ တစ်နေကုန်မှာပါ။
ကျနော်က အဝေးပြေးကားစခန်းက ဗင်တစ်စီးကိုငှားဘို့ပြောပေမယ့် ကိုထွန်းက သူ့မိတ်ဆွေတစ်ယောက်ရဲ့ကားကိုငှားဘို့ပြောပါတယ်။
ဆီအကျန် တစ်ရက် ခုနှစ်သောင်း ဓါတ်ဆီကား အိမ်မှာကားအားနေလို့လိုက်တာလို့ပြောပါတယ်။
အဝေးပြေးနေကျကားကိုငှားမယ်ဆိုရင်ဆီကျန်တစ်သိန်းလို့ပြောတော့ သုံးသောင်းတောင် သက်သာတော့ခေါ်လိုက်ပေါ့။
အဲဒါနဲ့ အငှားလိုက်မယ့်ကားကို လိုအပ်တာတွေပြင်ထားဘို့ ပြောပြီး ဇူလိုင်(1)ရက်နေ့မနက် လေးနာရီခွဲလောက်မှာ အိမ်လာခေါ်ဘို့မှာလို်က်ပါတယ်။
ူခရီးထွက်မယ့်နေ့တကယ်ရောက်လာတော့ မနက် (5)နာရီမှရောက်လာပါတယ်။
ဒါနဲ့ဘဲခရီးစထွက်တော့ ကျနော်ကရှေ့ခန်းမှာကားမောင်းတဲ့ကောင်လေးနဲ့ သူတို့နှစ်ယောက်က နောက်ခန်းကလိုက်လို့ ကျွဲဆည်ကန်မှာဖွင့်ထားတဲ့
” မန်းမြို့တော်လက်ဖက်ရည်”ဆိုင်မှာဝင်လို့မနက်စာဝင်စားကြပါတယ်။
ကားမောင်းတဲ့ကလေးက တော့အသက်(25)လောက်ရှိပါတယ်။
ရည်ရည်မွန်မွန်ကလေးပါ ကွမ်းစားတတ်ဆေးလိပ်သောက်ပေမယ့် အရက်တော့ သောက်ပုံမရပါဘူး။
လက်ဖက်ရည်ဆိုင်မှာထိုင်ကြတော့တစ်ယောက်ကမြီးရှည် တစ်ယောက်ကပေါက်စီမှာတော့မှ ဒီကလေးက ဝက်သားရှောင်တဲ့ကလေးဖြစ်နေတာကိုတွေ့ရတယ်။
ခရီးအတူသွားကြမယ်ဆိုရင် သတိထားရမယ့်အချက်ကတော့ ဖြစ်နိုင်တယ်ဆိုရင် အစားညီတဲ့လူချင်းသာသွားသင့်တယ်လို့ယူဆပါတယ်။
စားရာသောက်ရာမှာ ကြုံသလိုစား အားနာစရာမရှိဘူးပေါ့။
စက်မူ့(2)ရောက်တော့ ကားကိုဆီထည့်အုံးမလားမေးတော့ ရှိသေးတယ်လို့ပြောပါတယ်။
ဒါနဲ့ဘဲ ခရီးစလိုက်ကြတာ မန်းလေးမြို့အထွက်မှာလမ်းကြမ်းပါတယ်။
ဒါပေမယ့်မြစ်ငယ်တံတားကအကျော်ကတည်းက လမ်းကောင်းလာပါတယ်။
မြစ်ငယ်တံတားစအထွက်မှာ ဖြတ်သန်းခစပေးရပါတယ်။
လမ်းကောင်းတော့ မြန်မြန်မောင်းတော့ မြန်မြန်ရောက်တာပေါ့။
ဒါနဲ့ထွက်လာလို်က်ကြတာလမ်းဘေးကိုကြည့်လိုက် အိပ်ငိုက်လိုက်နဲ့ပေါ့။
စဉ့်ကိုင်အဝင် ကားခကောက်ခံတဲ့စခန်းရောက်တော့ ဖြတ်သန်းခပေးတစ်ခါထပ်ပေးရပြန်ပါတယ်။
စဉ့်ကိုင်အထွက်ကတည်းက စတွေ့ရတာကတော့ အဖြူအစိမ်းဝတ်ကျောင်းသားလေးတွေပါ။
် စက်ဘီးနဲ့လာကြတာတွေ လမ်းလျှောက်လာကြတာတွေ အုပ်စုလိုက် တပျော်တပါးသွားကြတာကို မနက်စောစောမှာ မြင်ရတာ ကြည်နူးစရာပါ။
တစ်ချို့ကလေးတွေဆိုရင် အတော်ဝေးဝေးနေရာကနေ ပညာသင်ဘို့ အပင်ပန်းခံလာတာမြင်ရတော့ စိတ်ထဲက ချီးကျူးမိပါတယ်။
ဒီလိုကလေးတွေကို မြင်ရတော့ ကျောင်းတက်ဘို့ အလွယ်တစ်ကူရှိနေရက်ပါနဲ့ ပညာကို ဖြစ်မြောက်အောင်မသင်ချင်ကြတဲ့ကလေးများကို
ပညာသင်ချင်ကြရှာတဲ့ ဒီကလေးတွေနဲ့လူစားလဲလိုက်ချင်ပါတယ်။
ဒီလမ်းကိုမရောက်တာကြာတော့ မျက်စေ့တွေတောင်လည်သွားပါတယ်။
အရင်ကဆို လမ်းကျဉ်းကျဉ်းလေးမှာ ကားနှစ်စင်းပွတ်သပ်ရှောင်ကြရလောက်အောင်ကျဥ်းပါတယ်။
ကားမောင်းတဲ့ကလေးကို ဟန်မြင့်မိုရ်ကျော်ခဲ့ပြီလားလို့မေးတော့ “လေးလေးကလဲကျော်ခဲ့တာကြာလှပေါ့”လို့ဖြေပါတယ်။
လမ်းတွေကိုချဲ့ဆိုင်တွေကို နောက်ဆုတ်ခင်းလိုက်တော့ အရင်က ရှုပ်ထွေးပွေလီနေတာကိုဘဲမြင်ခဲ့ဘူးတဲ့ ကျနော်က ဟန်မြင့်မိုရ်ကို မမှတ်မိဘူးဖြစ်သွားပါတယ်။
လက်ညိုးထိုးမရောက်ခင်မှာ နွားတွေကို ဆွဲဆွဲလာတဲ့ လူအုပ်စုစုကိုတွေ့လို့မေးကြည့်တော့ နွားပွဲနေ့မို့ပါတဲ့။
မြိုှုမှာဆိုင်ကယ်တွေရောင်းကြဝယ် အလဲအထပ်လုပ်ကြသလို နယ်မှာတော့လုပ်ငန်းခွင်သုံးဘို့အတွက် နွားကို အလဲအထပ်လုပ်ကြတာပေါ့။
ဒီလိုနဲ့ ကူမဲ သဲတောဝမ်းတွင်းကျော်လာလို့ 8နာရီပါတ်ဝန်းကျင်လောက်မှာ မိတ္တီလာ ကို ဝင်လာပါတယ်။
အမြန်မောင်းချင်တဲ့ကားဆရာလေးကို ဖြည်းဖြည်းမောင်းခိုင်းရပါတယ်။
ဒီအချိန်က မနက်ကျောင်းတက်ချိန်အလုပ်တက်ချိန်ဆိုတော့လမ်းက လူအသွားအလာများလို့ပါ။
နာမယ်ကျော်မိတ္တီလာ ကန်စပ်ကိုရောက် မှ ကရိဝိက်ဖောင်ကြီးကို မြင်လိုက်ရပါတယ်။
ကြီးလဲကြီး ခန့်လဲခန့်ပါတယ်။
ကန်ဘောင်ပေါ်ရောက်မှ ကားဆရာက ဘယ်ဘက်ကိုချိုးရမလဲမေးပါတယ်။
အဲဒီတော့မှ သူက မကွေးဘက်လမ်းကို တစ်ခါမှ မမောင်းဘူး ဘူး ဆိုတာကို သိလို်က်ရပါတယ်။
ဒါနဲ့ဘဲကန်ဘောင်လမ်းရောက်ရင် ကျောက်ပန်းတောင်းသို့လို့ပြထားတဲ့လမ်းအတိုင်းဝင်ခိုင်းလိုက်ရပါတယ်။
မိတ္တီလာကထွက်ပြီးတော်တော်လေးကြာတော့ ညောင်မုတ်ဆိတ်ပင်တွေတန်းစီနေတာကို လှပစွာတွေ့ရပါတယ်။
အရင်ကဒီလမ်းကို လာရင် ညကစားလာတာများတော့ ညောင်ပင်တွေ ဒီလောက်များမှန်း လှမှန်းမသိခဲ့တာအမှန်ပါ။
တက္ကသိုလ် တက်တုံးက ရုကဗေဒမှာသင်ခဲ့ရတဲ့ကိုင်းထောက်မြစ် ဆိုတာကကိုခုမှမျက်ဝါးထင်ထင် မြင်ရပါတော့တယ်။
ကားလမ်းဘေးနှစ်ဖက်ကတော့ စိမ်းစိမ်းစိုစိုသာသာယာယာနဲ့ ထန်းပင်တွေအများကြီးကြားမှာထန်းလျက်ဖိုလေးတွေကိုတွေ့ရပါတယ်။
မြေပြန့်ကြားထဲမှာ တွေ့လိုက်ရတာတော့ စိမ်းစိုလှပတဲ့ ကြီးမားတဲ့တောင်ကြီးပါဘဲ။
တောင်ပေါ်မှာဘုရားတစ်ဆူကိုတွေ့ရတော့ ကျနော်တို့မြန်မာတွေရဲ့လှူဒါန်းလိုတဲ့စိတ်အင်အား အတော်ကြီးမားတယ် မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်အလှလေးကိုမြင်လိုက်ရပါတယ်။
အခုသွားတဲ့ခရီးမှာ မိတီလာနဲ့ကျောက်ပန်းတောင်း ကြားလမ်းက အတော်လေးကိုဆိုးပါတယ်။
ကျောက်ပန်းတောင်းမရောက်ခင်မှာ တောင်ဘက်ကို ဖြတ်ထွက်တဲ့ တံခါးလေးနဲ့ပိတ်ထားတဲ့လမ်းက ဘယ်ကိုသွားသလဲလို့မေးကြည့်တော့ အဲဒါနတ်မောက်ကိုသွားတဲ့ဖြတ်လမ်းလို့ပြောပါတယ်။
ဒါနဲ့ဘဲကောင်းတလှည့်ဆိုးတစ်လှည့်လမ်းကိုဖြတ်ရင်းကျောက်ပန်းတောင်းမြို့ထဲကိုဝင်လာပါတယ်။
ကျောက်ပန်းတောင်းရောက်ရင် မိတ်ဆွေတစ်ယောက်ကို ဝင်တွေ့မယ်ဆိုပြီး လက်ဖက်တွေထိုးမုန့်တွေဝယ်လာပါသေးတယ်။
ဒါပေမဲ့ဖြစ်ချင်တော့ သူ့ကိုလမ်းမှာဆိုင်ကယ်နဲ့သွားတာကို လှမ်းမြင်လို်က်ရတော့အပြန်မှဘဲဝင်တော့မယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ်။
ဒါနဲ့ဘဲကျောက်ပန်းတောင်းကထွက်လို့တော်တော်လေးကြာတော့ ကားဆရာလေးက ဆီထည့်ချင်တယ်ပြောပါတယ်။
ကျနော်နည်းနည်းတော့စိတ်တိုသွားပါတယ်။
ဆီထဲ့လို့ရတဲ့ဆိုင်တွေပေါတုံးက မထည့်ဘဲ လမ်းခုလတ်ဆိုင်ရှားမှဆီထည့်မယ်ပြောလို့ပါ။
ဒါနဲ့ဘဲလမ်းမှာတွေ့တဲ့ဆီဆိုင်မှာ ဝင်ထည့်မယ်လုပ်တော့ ခဏစောင့်ပါတဲ.။
ဘောက်ဆာကနေဆီချနေလို့ပါဆိုတော့ မထူးဘူးဆိုပြီး စောင့်လိုက်ရပါတယ်။
တော်တော်လေးနေမှ ဆီထည့်တဲ့ကိစ္စပြီးတော့ ဆယ်ှုငါးမိနစ်လောက် အချိန်ကုန်သွားပါတယ်။
အဲဒီကနေဆက်သွားလိုက်တော့ လမ်းကလဲ ကုန်းဆင်းကုန်းတက်တွေများလာပါတယ်။
ကုန်းတွေက မတ်စောက်တယ်ဆိုတာကိုတွေ့ရပါတယ်။
ထမင်းဘယ်မှာစားမလဲလို့မေးတော့ရေနံချောင်းမှာရောက်မှစားမယ်လို့ဘဲဆုံးဖြတ်လိုက်ပါတယ်။
ဒီခရီးကို ကျနော်က သုံးလေးခေါက်ရောက်ဘူးတယ်ဆိုတော့ဆရာကြီးပေါ့။
ရေနံချောင်းမြို့လေးက တောင်ကုန်းတွေပေါ်မှာတည်ထားတဲ့ချစ်စရာမြို့လေးပါ။
ဒါပေမဲ့ကျနော်အထင် မြို့က အလျားရှည်ပြီး အနံတိုတယ်လို့ထင်ပါတယ်။
ထင်တယ်လို့ပြောရတာ ကျနော်က ဖြတ်သာသွားဘူးတာ မြို့အနှံလျှောက်မသွားဘူးဘူးလေ။
မြို့ထဲဖြတ်လာလို့ တော်တော်လေးဝင်လာတဲ့အထိထမင်းဆိုင်ကိုမရောက်သေးတော့ ကျန်တဲ့လူတွေက ဟုတ်မှဟုတ်ရဲ့လားလို့ မေးလာပါတယ်။
ကျနော်က သေချာပါတယ် မြို့အနောက်ဘက် အထွက်မှာ သူ့နဲ့မျက်နှာခြင်းဆိုင်မှာ ဟိုတယ်တစ်ခုရှိတယ်လို့ပြန်ပြောလိုက်ပါတယ်။
ဒါနဲ့မြို့အထွက်ရောက်လာလို့တော်တော်ကြာတော့မှ ကျနော်ပြောတဲ့ ဟိုတယ်ကိုလှမ်းမြင်လို့ သူ့မျက်နှာချင်းဆိုင်မှာရှိတဲ့ထမင်းဆိုင်ဘက်ကိုလည်းလှမ်းကြည့်လိုက်ရော
အရင်က ထမင်းဆိုင်နေရာမှာ မြက်ပင်တွေဟီးထနေတဲ့ အိမ်အဟောင်းကြီးကိုမြင်လို်က်ရတော့ ကျနော်တောင် စိတ်အတော်မောသွားပါတယ်။
မြို့ပြင်ရောက်မှ မြို့ထဲဝင်ထမင်းပြန်စားမယ်ဆိုရင် အချိန်တွေအလကားကုန်တော့မှာကိုတွေးလိုက်မိလို့ပါ။
အဲဒီအခါကျမှ ကားခဏရပ်တဲ့ပြီး…………………………………………………….

2 comments

  • kai

    August 14, 2010 at 9:06 am

    လွန်ခဲ့တဲ့ အနှစ်၂ဝလောက်ကတော့ ရန်ကုန်-ပြည်ဖက်ကနေ မိတ္တီလာ ဖက်ကားနဲ့တက်ဖူးတယ်။ ကိုပေါက်နဲ့ ပြောင်းပြန်ပေါ့။
    ရေနံချောင်းကိုလည်း ပြန်မြင်ယောင်မိတယ်..။ အဲဒီမှာ တညအိပ်တယ်လေ။ တရုတ်ထမင်းဆိုင်မှာ ထမင်းလည်း စားခဲ့တယ်..။
    ဓါတ်ပုံလေး တပုံလောက်တင်ပေးပါရင် အလွမ်းပြေမှာပဲ..။

    ဒါပေမဲ့ ခေါင်းစဉ်နဲ့ ဘယ်လိုမှတွဲမရတာမို ့…အပိုင်း၂ကိုစောင့်ဖတ်ပါဦးမယ်…။

  • thihayarzar

    August 15, 2010 at 1:24 pm

    ဦးပေါက် ကျောက်ဆည်ရောက်တော့ အိပ်ပျော်နေတာလား ….. အပိုင်းနှစ်ကဘာလဲဗျာ …

Leave a Reply