ကျွန်တော် မကျေနပ်သော Argument တခု…
ကြာတော့ ကြာခံပါပြီ…
အဲဒီ အဖြစ်အပျက်တခုပေါ့… ဂျာနယ်တခုမှာရေးထားတယ်..
ဘွဲ့ရတွေလဲ ဆိုက်ကားနင်း၊ မဆလာသယ်၊ ရေသန့်ပို့နေရတယ်.. ပညာရေးစနစ်ညံ့တယ်ပေါ့… ကျွန်တော်လက်ခံပါတယ်..
ဒါကို… အရင်က ပညာတတ်အောင်လုပ် သား.. ဒါမှ ပန်ကာအောက်မှာ အလုပ်လုပ်ရမယ်…
ဆိုလိုတာက ကြော့ကြော့လေးလုပ် လစာများများရမယ်ပေါ့… ဒါနဲ့ ကျွန်တော် ကြိုးစားပါတယ်.. ဘွဲ့တခုရခဲ့တယ်… ဒါပေမဲ့ ထိုက်သင့်တဲ့ အဓိကကတော့ လိုက်ဖက်တဲ့ အလုပ်တခု မရခဲ့ပါဘူး…
ဒါလဲ အကြောင်းမဟုတ်သေးဘူး.. ကိုလိုချင်တဲ့ လိုင်းက အမှတ်မမှီခဲ့ဘူး.. အဲကြောင့် အပြင်ကပဲ သင်တန်းတက်ပီး ဒီလမ်းကြောင်းပေါ်ရောက်ခဲ့တယ်..(အောက်မှာ သင်တန်းတက်တာ ထပ်ရှင်းထားပါတယ်)
ဘာကိုဆိုလိုချင်တာလဲလို့ မေးလိမ့်မယ်.. အလုပ်ထဲရောက်တာ ၁ဝ နှစ်ကျော်ပါပြီ… လောက်ငတယ်… အပိုရှာဖို့ စဉ်းစားနိုင်တယ်… အသက်ကြီးလာရင် ဒဏ်မဖြစ်ဘူး..
မဆိုးဘူးပေါ့.. ဒါဆို သာယာတယ်ပေါ့ ပြောမယ်.. အဲအတွက် ရင်းခဲ့ရတယ်ဗျ…
ကျွန်တော် ၁ဝ ပီးကတဲက ကွန်ပျူတာ သင်ချင်တာ.. အိမ်က ပိုက်ဆံမတတ်နိုင်ဘူး.. အဲတော့ ပညာသင်ဖို့အတွက် တခြားအလုပ်လုပ်ရင်း ခိုးသင်ရတယ်… လစာကလဲ နည်းပါ့..
ဒီလိုနဲ့ ကြာလာတော့ ဒီနေ့လို နေ့မျိုးရောက်လာတယ်… (အဲတုန်းကတည်းက ပိုက်ဆံဖြစ်လွယ်မယ့် နည်းကို သုံးခဲ့ရင်…)
ပြန်ကောက်ရရင် ခုနက ဘွဲ့ရတဲ့သူတွေ အဲလို ပညာကို အပင်ပန်းခံသင်စေချင်တယ်…
ပိုက်ဆံရလွယ်တဲ့ ဖြစ်လွယ်တဲ့ နေရာကို မသွားစေချင်ဘူး…
ပညာရေး ညံ့တယ်သာ ပြောတယ်.. အိမ်သာဆေးတောင် ၁ဝ တန်းအောင် ခေါ်တယ်.. အရောင်းစာရေး ဘွဲ့ရခေါ်တယ်..
ဒါဆို ဘာလုပ်ဖို့လဲ.. ညံ့တယ်ဆို ပညာရေး…
တကယ်တော့ အသိတခုလိုနေတာပါ… ကျွန်တော်ပြောတဲ့ အသိမျိုးတွေ ဖြန့်ဝေရမှာပါ..
ပညာရေးညံ့ပါတယ်.. ဒါပေမဲ့ မဆိုးပါဘူး…
အနာနည်းနည်းခံပါ… ပညာသင်ပြီး လမ်းကြောင်းပေါ်တက်လျှောက်ပါ…
နေရာတိုင်းနီးပါးလဲ ပညာဒါနတွေရှိနေပါတယ်.. ကျွန်တော်ဆိုရင် ခိုးသင်ခဲ့ရတဲ့ ပညာ… ဈေးကြီးပေးရတဲ့ ပညာကို ဒါန လုပ်ပါတယ်…
ဒီလို Motivation စကားတွေလဲ ကိုယ့်ထက်ငယ်တဲ့ လက်ခံလောက်တဲ့သူတွေကို ပြောပါတယ်..
ဘာလို့ အဲလောက်ပဲ ပြောလို့ရသေးလဲဆိုတော့ ကျွန်တော်က ဘာကောင်မှ မဟုတ်သေးဘူးလေ..
အထင်ကြီးချင်စရာ ဂုဏ်ပုဒ်တွေ ရှိလာတဲ့ တနေ့တော့ ဟောပြောပွဲတွေမှာ ပြောချင်ပြောမှာပေါ့… ကျွန်တော်ပြောချင်တာက အဲဒီဂျာနယ်ထဲက Conversation လေးကိုပါ…
ကလေးအမေက ပြောတယ်တဲ့ သား စာမလုပ်ရင် ကြီးလာရင် အဲလို မဆလာထမ်းရမယ်ဆိုပြီး ပြောပါတယ်… အဲမှာ မဆလာသယ်တဲ့ကောင်လေးက ပြန်ပြောတယ်… ကျွန်တော်က ဘွဲ့ရလို့ ဖြေပါတယ်တဲ့…
အဲဒီ မဆလာသယ်တဲ့ ကောင်လေးမှာ အားချင်း ပိုက်ဆံလိုလို့.. ချက်ချင်းငွေဖြစ်လွယ်တဲ့ ဒီနည်းကို ရွေးခဲ့တာဆိုရင် ထားပါ.. မဟုတ်ရင်တော့.. ကျွန်တော်ပြောတဲ့ အသိလေးကို ကျွန်တော်ပေးချင်ပါတယ်…
နည်းနည်းလေး အနာခံလိုက်ပါ.. လစာနည်းပေမဲ့ ရေရှည်မှာ… ပိုမိုကောင်းမွန်တဲ့ ဘဝကို ရောက်ရှိနိုင်မှာပါလို့.. အဲအတွက် ဒါနပြုသင်တန်းတွေ တကယ်ထိရောက်တဲ့သင်တန်းတွေ ရှိပါတယ်လို့…
ဒါက ကျွန်တော့ အတွေးလေးပါ.. လက်ခံမယ့်သူတွေ ရှိသလို ငြင်းမယ့်သူတွေလဲ အပုံအပင်ဖြစ်မှာပါ… ဒါကိုကလဲ ကျွန်တော့် ခေါင်းစဉ်လေးဖြစ်ပါတယ်… (ကျွန်တော် မကျေနပ်သော Argument တခု)…
10 comments
kyeemite
July 3, 2014 at 4:13 pm
ဒီအိုင်ဒီယာလေးကောင်းပါတယ်…ကျုပ်လည်းထောက်ခံပါတယ်…
ကျုပ်လည်း ဆယ်တန်းထိ အလုပ်မျိုးစုံလုပ်ရင်း ကျောင်းတက်ခဲ့တာပါ..
ကြိုးစားရင်အခြေမြင့်နိုင်ပါတယ်…အချိန်တော့ပေးရမယ်…သူများထက်ဝိရိယတော့ပိုရမှာပေါ့
Yae Myae Tha Ninn
July 3, 2014 at 5:12 pm
ဟုတ်တယ်.. ကျွန်တော်လဲ ဘဝနာတယ် ပြောရမှာပေါ့.. စုံခဲ့ပါတယ်.. နေရိပ်လိုချင်ခဲ့တာကိုး… ဒါကြောင့် ခဏတာကို မကြည့်စေချင်တာ.. လူငယ်တွေကို… 🙂
ဇီဇီ
July 3, 2014 at 7:19 pm
ရေတို ဖြတ်လမ်း မကြိုက်တတ်တဲ့ စိတ် ကို မွေးရမယ် ထင်ပါရဲ့။
🙂
အရီးခင်
July 3, 2014 at 7:34 pm
Post လေး အတွက် ကျေးဇူးကြီး။
{ လစာနည်းပေမဲ့ ရေရှည်မှာ… ပိုမိုကောင်းမွန်တဲ့ ဘဝကို ရောက်ရှိနိုင်မှာပါ}
ပေးတဲ့ Message လေးက တန်ဖိုးရှိပါတယ်။
ဖြစ်ချင်စိတ်သာရှိပါစေ။
ဖြစ်ကိုဖြစ်ရမှာပေါ့။
လမ်းမှန်ဖို့တော့ လိုမယ်။
ပညာတတ် ဆိုက်ကားနင်း လဲ ရှက်စရာတော့ မလိုပါဘူး။
သူ မောင်းတဲ့ ဆိုက်ကား ကို ပြင်နိုင်ဖို့ ဆက်ကြိုးစား။
အဲဒီကနေ ဆိုက်ကားထောင်စား ပေါ့။
ဒါနဲ့ မင်းက အိုင်တီသမား လား။
လေးစားပါတယ်နော်။
ဒါမျိုး အုန်းကျွန်း စာလေးတွေ က ဘယ်လောက် တန်ဖိုးရှိလဲ။ သိပြီဟုတ်။ :-)))
အိုင်တီ နဲ့ ဟောပြောပွဲ ဆိုတာ တွဲကြား လိုက်တော့ သတိရစရာလေးဖြစ်လာလို့ ပြောပါရစေ။
ဟိုးရှေးရှေးတုန်းက မြန်မာပြည် ကွန်ပူတာ ခရီးအစ မှာ အိုင်တီကမ်ပနီ တစ်ခု ရှိသတဲ့။
အဲဒီမှာ သူ့ဟာသူ ကမ်ပနီ နဲ့ ဘောဇိ ရဲ့ စက်ကပ်ကျေး လိုလို၊ စာသင်တဲ့ ချာမကြီးလိုလို၊ ပလိုဂရံမာကြီးလိုလို၊ စနစ် သရုပ်သခွဲ လိုလို မိန်းမ တစ်ယောက် ရှိသတဲ့။
တစ်နေ့ သူ့ ဘောဇိ အပါအဝင် မြန်မာပြည်က ဆြာ့ ဆြာ ကွန်ပူတာဂုရုကြီးများ ရဲ့ ဟောပြောပွဲ အစီအစဉ် တစ်ခု လုပ်သတဲ့။
အစိုးရ ပိုင်း လူဂျီးမင်း များ ကွန်ပူတာ မဖြစ်မနေသုံးဖို့ အရေးကြီးကြောင်း မက်စိ ပေးဖို့ အကြောင်းပါ။
ဆြာ့ ဆြာ ကွန်ပူတာဂုရုကြီးများ ဟောမှာမို့ တကဲ့ အကြီးအကျယ် ပွဲ ဖြစ်မှာမှန်းကြည့်နိုင်ရဲ့။
ဖစ်ချင်တော့ သူ့ဘောဇိ အကြောင်းတစ်ရပ်နဲ့ အဲဒီရက် ပျက်ဖို့ ဖန်လာတာဖို့ သိလိုက်တာ ဟောပြောပွဲ က မနက်ဖြန်ဆို ဒီနေ့ ညနေပေါ့။
သူ့ကို ဟောပြောမဲ့ အစီအစဉ် က ထုတ်မရတော့ မို့ အဲဒီ ဟောပြောမဲ့ ခေါင်းစဉ် နဲ့ စာရွက် တွေ ကို သူ့လူနိုင် အဲဒီ မိန်းမ ဆီ လွှဲပါတယ်။
ဒီတော့ အဲဒီ မိန်းမမှာ ဟောပြောဖော် အတောင်နှစ်ဆယ်ဝတ် ဆရာ မင်းယောကျာင်္း များ ကြားမှာ အစိုးရမင်းများ ကို ရင်တုန် ပန်းတုန် တုံချိချိ နဲ့ ဟန်တင်းကာ အမှားမှားအယွင်းယွင်း နဲ့ ဟောခဲ့ရသတဲ့။
(ဒါနဲ့ အခုခေတ်မှာ တလွဲတွေ ဖြစ်နေလားမသိ – ဤကား စကားချပ်)
တော်ပေသေးတဲ့။ ဟောပြောပွဲအပြီး ပြောချိန်မှာ အိပ်ငိုက်နေတဲ့ လူဂျီးမင်း များ ရဲ့ ချီးကျွေးစကား ကို ကြားလိုက်ရလို့ တဲ့လေ။
ဟား။ ဒါတင်ဘယ်ကမတုန်း။
ညဖက် တီဗီသတင်းထဲ မှာတောင် ” ဦးဘယ်သူ က ဒီ ခေါင်းစဉ် ဖြင့် ဟောပြောခဲ့ပါသည်” ဆိုတဲ့ အချိန် “မိန်းမ ပုဝါ နှစ်စ အသာချ ပုံကြီး” နဲ့တဲ့။
မြန်မာ့ သတင်း တွေက ဘယ်လောက် ကြိုပြီး Plan လုပ်ထားတာ ကောင်းတယ်ဆိုတာ မြင်ရပါ့၊ ထွေးပြီး ဆံတွေး ပြန်မမြို သလို ရေးပြီး သတင်း ပြန်မပြင် တဲ့။
အဲဒီနောက်ပိုင်းတော့ သူ့ဟာသူ “Woman in IT” ဆိုပြီး စိတ်ကြီးဝင်နေတော့တာဘဲ။
မင်းက အိုင်တီ လောက ကမို့ အိုင်တီ ယုံတမ်းပုံပြင် တစ်ပုဒ် ပြောပြတာပါ။
မှန်ကန်တဲ့ နည်း၊ မဆုတ်တဲ့ ဝီရိယ နဲ့ ဆည်းပူးတဲ့ပညာ သာမှန်ပါစေ။
တစ်နေ့ မင်း လဲ ဒီလို ဟောပြောပွဲတွေမှာ ပြောရတဲ့ သူတစ်ယောက် ဖြစ်မှာလို့ ယုံကြည်ပါတယ်။
ဒီလို ဂဇက်ရွာထဲ က လူတစ်ယောက် အတွက် အရီး တို့ ဂုဏ်ယူလိုပါတယ်။
ပုံပြင်ထဲက မိန်းမ လို အစားထိုး ပြောသူတော့ မဟုတ်စေနဲ့ပေါ့။
ဆိုချင်တာက “ဟောပြောသူ” ဆိုတိုင်း အထင်ကြီးစရာ မကောင်း တာကိုပါ။
အများစု ကတော့ အမှန်အကန် ပါ။
အင်း
ဘာမှတော့ မဆိုင်ဘူး။
ဒီလိုပါဘဲ။
ဆရာလုပ်ချင်လွန်းတော့ ဆိုင် ဆိုင် မဆိုင်ဆိုင် ဝင်ပြီး ဆရာလုပ်လိုက်တာပါ။
:-)))
Ma Ma
July 3, 2014 at 8:32 pm
ကျောင်းပညာတတ်တာတစ်ခုတည်းနဲ့ ဘွဲ့ရဆိုပြီး လစာများများနဲ့ ပန်ကာအောက်မှာ အငြိမ့်သားလုပ်ရမယ်လို့ မျှော်လင့်နေတာက ဆိုးတယ်။
ကျမတို့အလုပ်မှာဆိုရင် ဘွဲ့လက်မှတ်ရပြီး လုပ်ငန်းအတွေ့အကြုံမရှိသူထက်၊ လက်တွေ့လုပ်ငန်းခွင်က လုပ်သက်ရှိပြီးသူကို ပိုသဘောကျတယ်။ 🙂
ဦးဦးပါလေရာ
July 4, 2014 at 12:15 am
ဘယ်သူမဆို ပိုကောင်းတဲ့အလုပ်ကို ကြိုက်တာပေါ့လေ….
ဒါပေမယ့်…
ဆိုက်ကားနင်း ၊ ပန်းရံ ၊ လက်သမား ၊ မီးရိုက် ၊ ကွမ်းယာရောင်း ၊ ကားမောင်း စတဲ့ အလုပ်တွေကလဲ အလုပ်ပါပဲ..။
ပိုကောင်းတဲ့အလုပ်ကို ရဖို့ လူတိုင်းကြိုးစားခွင့်ရှိတယ်.. ကြိုးစားသင့်တယ်… ကြိုးစားရမယ်…
ဒါပေမယ့် ပိုကောင်းတဲ့အလုပ်ကို လူတိုင်းတော့ ရခွင့်မရှိဘူး..
အဲဒီထဲက လူတစ်ချို့ပဲ ရခွင့်ရှိမယ်…။
ကျန်တဲ့သူတွေကတော့ သိပ်မကောင်းတဲ့အလုပ်ပဲ လုပ်ရလိမ့်မယ်…။
ကျုပ်ကတော့ အဲဒီ (ကြိုးစားသော်လည်း အခွင့်အရေးမရတဲ့) ကျန်တဲ့သူတွေကိုလဲ
နှစ်သိမ့်ပေးချင်ပါတယ်..။
နှစ်သိမ့်တယ် ဆိုတာထက် ထားသင့်တဲ့ စိတ်ထားအမှန်ကို တိုက်တွန်းချင်တယ်..။
တချို့လူငယ်လေးတွေက ဘွဲ့ကလေး တစ်ခုနှစ်ခုရ ဒီပလိုမာလေး တစ်ခုနှစ်ခုရရင်ပဲ
တော်ရုံအလုပ်ကို ကိုယ်နဲ့မတန်ဘူးလို့ ထင်မှတ်ပြီး လောကကြီးကို စိတ်နာနေတတ်တယ်။
တကယ်တော့ ပညာတတ်တဲ့သူဟာ အိမ်သာပဲဆေးရစေဦး
ပညာမတတ်တဲ့သူထက်တော့ အိမ်သာဆေးရာမှာ အများကြီးသာမှာပဲ..။
ပြီးတော့ ပညာတတ်တဲ့သူဟာ မိမိဘဝကို ထိန်းကျောင်းရာမှာ
ပညာမတတ်တဲ့သူထက် အများကြီးကို သာမှာပဲ…။
ဦးကြောင်ကြီး
July 4, 2014 at 2:34 am
စစ်ဗိုဖြစ်အောင်လုပ် လူဂျီးနားကပ် ရှေ့ဒန်းမထွက်ဘဲ ရာထူးတက်နိုင်လျင် လိုရာ မြန်မြန်ရောက်မြီ ဖြစ်ကြောင်း အကြံပုဗာသယ်..
Yae Myae Tha Ninn
July 4, 2014 at 10:01 am
ကော်မန့် တခုစီကို ဖြေရရင်.. ဇီဇီရေ.. ကျွန်တော်က မြိတ်သားပါ.. ဟိုမှာ စက်လှေလိုက်ရင် ဒီမှာထက် ပိုက်ဆံပိုရပါတယ်.. ဒါပေမဲ့ မလုပ်ပါဘူး.. ကျွန်တော့်မိဘက ပညာတတ်စေချင်တာ တပိုင်းဆိုတော့ အခုလို အလုပ်ကိုပဲ လုပ်ပါတယ်.. ပထမက လစာ အရမ်းကို နည်း အနှိမ်ခံပါ.. ဒီလိုနဲ့ လုပ်ခဲ့တာ လူလိုသူလို လစာရတာ တနှစ်တောင် မပြည့်သေးပါဘူး..
အရီးခင်ကိုကတော့ အားပေးလို့ ကျေးဇူးတင်ပါတယ်.. ဟီး.. အုန်းကျွန်းမရေးတာက အပျင်းကြီးတာကြောင့်လဲပါတယ်.. အခုဆို လမ်းသွားရင်းလဲ ပို့စ်ခေါင်းစဉ်နဲ့စာသားစဉ်းစားပြီးသွားပါတယ်.. အရီးခင်ပြောသလို တနေ့ ဟောပြောသူ ဖြစ်လာအောင် လုပ်မှာပါ.. လူငယ်တွေ လမ်းပြအနေနဲ့ပေါ့.. ဒါပေမဲ့ စံပြ အားကျပုဂ္ဂိုလ် တယောက်ဖြစ်အောင် လုပ်ရပါ့ဦးမယ်…
Ma Ma ပြောတာကို ပြောရရင်တော့ မှန်ပါတယ်.. အတွေ့အကြုံရှိမှ ပညာလဲ တတ်မှပါ… အဲတော့ ကိုယ်က ဒေးကို မနိုင်ရင် အဝေးသင်နဲ့ အလုပ်လုပ်ပြီး ကျောင်းတက်နိုင်ပါတယ်.. ကျောင်းတက်ပြီး အလုပ်လုပ်တော့ ကျောင်း ၃ နှစ်ပြီး.. အတွေ့အကြုံ ၃ နှစ်ဆို လစာလဲ ကောင်းပါတယ်.. လူလူသူသူပေါ့..
ဦးဦးပါလေရာ ပြောတဲ့ ဘဝတွေ တချိန်က ရောက်ခဲ့ဖူးပါတယ်.. ဒီလောကကို စိတ်ပျက်ပြီး ကြုံရာလုပ်ခဲ့ဖူးပါတယ်.. ဦးဦးပြောသလိုပဲ တချို့ပဲ လုပ်ခွင့်ရတယ်ဆိုတာ ငြင်းချင်ပါတယ်.. ကျွန်တော့ ကိုယ်တွေ့နဲ့ဆိုရင် စိတ်သိပ်သန်တော့ လမ်းကြောင်းပြန်ပေါ်လာခဲ့ပါတယ်.. ဒါနဲ့ပဲ ဒီလောကကို ပြန်ဝင်ခွင့် ရခဲ့တာပါ… စိတ်သာရှင်စော၊ ဘုရားဟောလို့ ထင်ခဲ့ပါတယ်.. ကို်ယ့်ဘက်ကလဲ ဒီအကြောင်းပဲတွေး အခွင့်အရေးရတိုင်း ကြိုးစားဖို့ပါပဲ.. အင်တာဗျူးပေါင်း မြောက်မြားစွာ ကျဆုံးခဲ့ဖူးပါတယ်.. ဒါကြောင့် တခါ နှစ်ခါ နဲ့ ရပ်မပစ်ဖို့ဘဲ အားပေးချင်ပါတယ်.. တကယ် ပညာတတ်တယောက်ဆိုလဲ အဲဒီလောကကို ရေရှည် မနှစ်မြို့နိုင်ဘူးလို့ ထင်ပါတယ်.. လွှဲမရတဲ့ ဘဝ အခြေအနေမို့သာ ကြိတ်မှိတ်နေတာ ဖြစ်မှာပါ.. လမ်းကြောင်းဖွင့်ပေးမယ့်သူတွေ ရှိရင် ပြန်လျှောက်မှာ မလွဲပါဘူး…
ဦးကြောင်ကြီးပြောတာကတော့ ခေတ်အမြင်ပါပဲ.. ဒါပေမဲ့ ဒီမှာက လူတန်းစားက တြိဂံ ပုံစံ ဖြစ်နေတာက ခက်ပါတယ်…
ကော်မန့်ပေးကြလို့ ကျေးဇူးတင်ပါတယ်… နောက်လဲ ကြိုးစားသွားပါဦးမယ်… 🙂
JackSkellington
July 4, 2014 at 10:55 am
ကိုယ့်ဘဝ တိုးတက်ဖို့ ကိုယ်ကြိုးစားမှ ရမယ် ဆိုတာကို မဟားဒရားကြီး ထောက်ခံသွားပါတယ်ဗျ။
အခုခေတ်မှာက လူငယ်တွေက (၈၀% လောက်ပေါ့ )ကိုယ် ဘာဖြစ်ချင်သလဲ ဆိုတာကို မသိကြတော့ဘူး။
ပိုက်ဆံရဖို့ နာမည်ကြီးဖို့ နောက်ကိုပဲ လိုက်နေကြတော့တာ။
ကျနော်တို့လဲ အဲ့လိုပါပဲ။ ငယ်ငယ် က ဘာဖြစ်ချင်လဲ မေးလိုက်ရင် ဆြာဝန် ကကို မလျှော့ း)
အမေ့ ဩဝါဒ လေး ပြန်သုံးရမယ် ဆိုရင်တော့ ကိုယ်ရောက်တဲ့ နေရာ လုပ်တဲ့ အလုပ်မှာ အကောင်းဆုံး ဖြစ်အောင် လုပ်။
ဒါဆို တိုးတက်မှာပဲ တဲ့။
Yae Myae Tha Ninn
July 4, 2014 at 11:51 am
အခုလို လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်… JackSkellington ရေ… ကျွန်တော် ငယ်ငယ်က သိပ္ပံပညာရှင်ကြီးပေါ့.. ဒါပေမဲ့ အသက်ကလေး ရလာတော့ နည်းနည်းလျှော့သွားတယ်.. ဟီး.. နီးစပ်ရာ ကွန်ပြူတာပဲ ပြင်မယ်ဆိုပီး.. ထပ်တော့မလျှော့တော့ဘူး.. မဟုတ်ရင် ငါးရှဉ့်လောက်ပဲ ကျန်တော့မှာ.. 🙂