Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ဖတ်ရွေး အကြိုက် ဇွန် လကို ကြေ ညာ ပေး ခြင်း “

“ဖတ်ရွေး အကြိုက် ဇွန် လကို ကြေ ညာ ပေး ခြင်း “

 

2014ခုနှစ် ဇွန် လ အတွက်  မန်းလေး ဂေဇက် ရွာ ထဲ  မှ ရေး သား ခဲ့ သမျှ စာ မူ များ ထဲ က

ဖတ်ရွေးအဖွဲ့ ဝင် များ ရဲ့ အကြိုက်ဆုံး စာ မူ ကေ တာ့

 

ကျိန်စာသင့်သော ငွေငါးသိန်း

 ဦးဦးပါလေရာ

https://myanmargazette.net/199381

 

ဖြစ် ပါ တယ်။

ပ ထ မဆုံး ပြော ချင် တာ က တော့  ဦး ပါ  အတွက် ဂု ဏ် ယူ ဝမ်းမြောက်ကြောင်း ပါ ဘဲ။

 

ဒီ လို စာ ကောင်း ပေ ကောင်း တွေ ဆက် လက် ရေးပါ အုံး လို့ လဲ  တောင်း ဆို ချင် ပါ တယ်။

 

ဒုတိ ယ အနေ နဲ့ ဦး ပါ ကို တောင်း ပန် ချင် ပါတယ်.။

 

ခါ တိုင်း လ တွေ ဆိုရင် ဖတ် ရွှေး အတွက်ကြေ ညာ လိုက်တာ နဲ့

အဲဒိ ပိုစ် က ချက် ခြင်း  အထက် တက် ကပ်( စတစ်ကီ ) ပြီး လူ အများ က လဲ စိတ် ဝင် တ စား နဲ့

ကော်မင်း တွေ ပေး နဲ့ စည်စည် ကားကား ပါ ဘဲ။

 

ကျနော် တင် တဲ့ အလှည့် မှာ တော့

 

ကျ နော် တင် ပြ ပုံ ဘဲ ညံ ့ ဖျင်း လို့ လား

 

ကျနော် ခေါင်းစဉ် ပေး တာဘဲ ဖတ် ရွေး အဖွဲ့  လို့ ထည့် မရေး ဘဲ

 

ကဗျာ ဆန် ဆန် ပေးလိုက် မိ လို့ လား

 

ကို ရင် ဆာမ ိ ပြော သလို နတ် ဘဲ မတင် မိ ခဲ့ လို့ လား မသိ

 

ည နေ ပိုင်း က တင် လိုက် တဲ့ ပိုစ်က

 

နောက် နေ့ ည အထ ိ အ ခြာ းသော ပိုစ်တွေ ကြာ းထဲ မှာညှပ် နေ ခဲ့ ပါတယ်။

 

အထက် တက်ကပ်စေချင် တာ ကျ နော် ကိုယ်ရေးကိုယ် တာ အတွက် မဟုတ်ပါ။

 

ဆန် ကာ တင် ရွေး ချယ် ခံ ရ သူ များကို လူ အများ သိ စေ ချင် ဖတ် စေ ချင် လို့ ပါ။

 

မှတ် မှတ် ရရ ကျနော် ဖတ်ရွှေး ပိုစ်ကို  ကြေ ညာ ရ တာ အ ခု အကြိမ် နဲ့ ဆို ရင်

 

နှစ် ကြိမ် ရှိ ပါ ပြီ။

 

ဒီနှစ် ကြိမ် စလုံး စ တစ် ကီ မရ ပါ။

 

သူ များ ထောက် ပြ မှာ သာ စ တစ် ကီ ရ ခြင်း ဖြစ ်ပါတယ်။

 

မည့် သူ ကို မှ အပြ စ် မ တင် ပါ ။

 

ကျ နော် ရေး သား ပုံ ညံ့ ဖျင်း လို့  ဘဲ သတ် မှတ် ပါ တယ်။

 

အခြား သော ကြေညာ ခြင်းတွေ မှာ စည် စည် ကား  ကား ရှိ ပေ မယ့်

 

ကျနော် ကြေ ညာ တဲ့ ပွဲ မှာ အခု လို ဝင် ဖတ် သူ ကော် မင်း ပေး သူ နည်း ပါ း ပြီး

ခြောက် တီး  ချောက် ကပ်  ဖြစ် ခဲ့ တဲ့ အတွက်

 

ဆု ရ သူ

 

ဦး ပါ လေယာ

 

 

ကို  ကျ နော့် ညံ့ ဖျင်း မူ့ အတွက် တောင်း ပန် အပ်ပါသည်။

 

 

 

ကိုပေါက် (မန္တလေး)9-7-2014

32 comments

    • weiwei

      July 9, 2014 at 8:37 am

      အဲလို မထင်ပါနဲ့ ကိုပေါက်ရေ ..
      ဖတ်ရွေးပို့စ်တွေကို စိတ်ဝင်စားမှုအားနဲလာတဲ့သဘောပါ …
      ကိုပေါက်တင်လို့မှမဟုတ်ပါဘူး .. တခြားသူတွေတင်လဲ ဒီလိုပဲဖြစ်တာပါပဲ ..

      ဦးပါလေရာအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း …..

  • kyeemite

    July 9, 2014 at 8:57 am

    ပထမဆုံးအနေနဲ့ ဇွန်လအတွက် ဖတ်ရွေးအဖွဲ့ရဲ့ အကြိုက်ဆုံးပို့စ်အဖြစ်ရွေးချယ်ခြင်းခံရတဲ့
    ဦးဦးပါလေရာ ကိုဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောလိုပါတယ်…. Congratulation!!!! ဦးပါ :s:

    ဒုတိယအနေနဲ့က ကိုပေါက်ပြောစကားနဲ့ မဝေပြောစကားတွေကို ဖတ်ရင်းတွေးမိတာလေးပါ….
    တကယ်ပဲ ရွာသူားတွေအနေနဲ့ ဖတ်ရွေးအဖွဲ့နဲ့ ဖတ်ရွေးပို့စ်တွေကို စိတ်ဝင်စားမှုအားနဲနေပြီလားးးးးး 🙄

    ကျုပ်အနေနဲ့လည်း ရွာသူသားတွေ ရဲ့ ဆန္ဒအမှန်ကို သိချင်လာပါတယ်…ဆိုတော့
    ဒီပို့စ်မှာ ကွန်မန့်ပေးရင်း….ဖတ်ရွေးအဖွဲ့ပေါ်သဘောထားကို ဆန္ဒပေးကြဖို့ ရွာသူားအားလုံးကို
    မေတ္တာရပ်ချင်ပါတယ်…

    မအားလပ်ကြတဲ့ကြားက ဖတ်ရွေးအဖွဲ့ကိုယ်စားပြုပြီး ဆုရပို့စ်ကိုကြေငြာပေးတဲ့ ကိုပေါက် ကိုလည်းကျေးဇူးအထူးတင်ကြောင်းပြောလိုပါတယ်….. :s:

    ကိုပေါက်ရေ…ကိုပေါက်ခံစားချက်ကိုလည်းစာနာနားလည်ပါတယ်ဗျာ….“ကျနော်တို့ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်….”ပြောရမလားပဲ :p:

  • Wow

    July 9, 2014 at 9:14 am

    ဦးဦးပါလေရာအတွက် ဂုဏ်ယူသလို လေးပေါက်က ဆာဆာနဲ့ဆက်သွယ်လိုက်ပါရား :mrgreen:

  • Yae Myae Tha Ninn

    July 9, 2014 at 9:38 am

    မဟုတ်ရပါဘူး.. ကိုပေါက်ရယ်… ကိုပေါက်လို့ပဲ ခေါ်မယ်နော်.. အကယ်ဒမီ လူမင်းကို လူမင်းလို့ပဲ ခေါ်သလိုပေါ့.. ကို တို့ ဥိီးတို့ တပ်လိုက်ရင် တမျိုးပဲ.. နစ်နိမ်းအရ ခေါ်တာပါနော်.. မရိုသေတာ မဟုတ်ပါဘူး.. ဒါလဲ ဒါရိုက်တာ ဦးကြည်စိုးထွန်းက ရှင်းခဲ့ဖူးပါတယ်.. ရှင်းတာများသွားပီ… ကျွန်တော်က အခုမှ ပြန်ဝင်လာတော့ သိပ်မသိတာလဲ ပါတယ်.. နဂိုကတည်းကလဲ သူများပို့စ်တွေ ဝင်ဖတ်ခဲတာလဲ ပါတယ်… ပို့စ်တင်တယ်.. ပြီးရင် အလုပ်လုပ်တယ်.. နိုတီအသံကြားရင် ပြန်မန့်တယ်… အခုတော့ ဝင်ဖတ်နေပါပြီ.. မန့်လဲ မန့်တတ်နေပါပြီ.. အခုလဲ ကိုပေါက်ရေးတာ မကောင်းလို့ မဟုတ်လောက်ပါဘူး.. လူတွေ ဝင်မဖတ်ဖြစ်လို့ ဖြစ်မှာပါ.. စိတ်မကောင်း မဖြစ်ပါနဲ့.. နောက်ဆို ပုံမှန် ဖောက်သည်လုပ်ပေးမယ်နော်… 🙂

  • ဇီဇီ

    July 9, 2014 at 9:43 am

    ငင့်။
    ဟိုဘက်မှာ သများ အရင် ကွန်ဂရက် လုပ်တာတာနော် ဦးပါ။
    ၅ သိန်းကို သများကို အရင်ချေးပါ။
    ကောင်းကောင်းသုံးပါ့မယ်။
    😀

    မိုက်မိုက်။
    သများကတော့ ရွာ့ အရေးအကုန်စိတ်ဝင်စားတယ်ဆို။
    .

    .
    .
    ပုံ/
    ရွာလည် အဝင်းးး
    :boss:

  • Kaung Kin Pyar

    July 9, 2014 at 9:45 am

    Congratulation ပါ ဦးပါရေ….

    :mrgreen:

  • Myo Thant

    July 9, 2014 at 10:05 am

    ဦးပါရေ ဂုဏ်ယူပါတယ်နော်

    မန်းမြေက ကိုပေါက်ရေ

    ကိုပေါက် ခံစားချက်ကို နားလည်ပါတယ် ၊

    ဘယ်လိုပဲဖြစ်ဖြစ် ပို့စ်တစ်ပုဒ်တင်ရာမှာ

    ဘယ်သူမဆို ကောမန့်တွေ စည်စည်ကားကား ရှိစေချင်တာ သဘာဝပါပဲ ၊

    ဒါပေမယ့် တစ်ခါတစ်လေကြတော့လည်း

    ကိုယ်က ဘယ်လိုပဲ အားစိုက်ပြီး ရေးထား ရေးထား

    ကောမန့် ၂ ခု ၃ ခု နဲ့ တန့်သွားတာတွေ ကြုံဘူးပါတယ် ၊

    စစချင်းတော့ စိတ်ထဲ တစ်မျိုးပေါ့ ၊ ရေးချင်စိတ် နည်းသွားခဲ့တယ် ၊

    ဒါပေမယ့် ကျနော် ဒီရွာထဲဝင်လာတာ သူများရေးတာတွေ ဖတ်မယ် ၊ မန့်ချင်ရင် မန့်မယ် ၊

    ကိုယ်ရေးချင်တာတွေလည်းရေးမယ် ၊

    ကောမန့်တွေ အနီ အစိမ်းတွေကို စဉ်းစားခဲ့ဘူးသူ မဟုတ်လို့ နေသားကျသွားပါပြီ ၊

    ကိုပေါက် ရေးတတ်သလား မရေးတတ်ဘူးလားဆိုတာ ကျနော်တို့ သိပြီးသားပဲလေ ၊

    ဒီတော့ ဒီခံစားချက်တွေကို ထားလိုက်ပါ ကိုပေါက်ရေ ၊

    ကိုပေါက်ရဲ့ အတွေးပါးပါးဆိုပေမယ့် အများကြီးတွေးရတဲ့ စာစုတွေရယ် ၊

    လက်ဆော့တဲ့ ဓါတ်ပုံတွေရယ်ကို

    ကျနော်တို့ . . . မျှော်နေဆဲပါ . . . လို့

    ခင်တဲ့ မျိုးသန့်

    • ဇီဇီ

      July 9, 2014 at 10:21 am

      အဲ။
      အမုန်းခံပြီး ပြောဦးမယ်။ ဟီးးး
      :mrgreenn:
      လူရင်းလို့ သဘောထားပြီးးး…..
      ဦးမျိုး ပြောသွားတာမှာ ကိုယ့်ပို့(စ) ကို လူစည်စေချင်တယ်။ ကော်မန့်တွေ ဝေဆာစေချင်တယ်ပြောတယ်။

      အဲ နောက်တစ်ကြောင်းမှာ ဝင်ဖတ်မယ် မန့်ချင်ရင် မန့်မယ်ပြောတယ်။

      ကိုယ်လည်း ပို့(စ) တိုင်း မန့်ချင်စိတ်မရှိသလို သူများတွေလည်း ပို့(စ) တိုင်း မန့်ချင်မှ မန့်မယ် လို့ သဘောထားတယ် ဆိုတာ တွေးမိရင် ကိုယ့်ပို့(စ) မှာ ကော်မန့်ရခြင်းမရခြင်းကို ခံစားလို့ မရဘူး ဆိုတာ သဘောပေါက်ပါလိမ့်မယ်။
      :mrgreenn:

      ဒါမဲ့ ကျနော် မြင်သလောက် များသောအားဖြင့် ရွာလည်တဲ့သူတွေ ပို့(စ) တိုင်းကို ကြိုးစား မန့်ပါတယ်ဗျ။
      အဆက်ပြတ်သွားရင်လည်း ဘက်ဒိတ် ကို ပြန်မန့်တတ်တာပါ။

      So,
      ကိုယ်ကတော့ မန့်ချင်တဲ့ ပို့(စ) မှ မန့်မယ်ကွာ ဆိုတဲ့ စိတ်ရှိမယ်ဆိုရင်…….
      ဒါမဲ့ ကိုယ့် ပို့(စ) တော့ လာမမန့်ရကောင်းလားလို့ စိတ်ဆိုးလို့ မရဘူးထင်ပါတယ်။
      :mrgreenn:

      ဟီးးး အဲလို ပြောလို့ စိတ်မဆိုးရဝိုးနော်။ :mrgreenn:
      ဖြစ်တတ်တဲ့ သဘောကို ပြောပြတာ။

      သများက အိမ်တိုင်း ဝင်လည်တယ်နော်။ :mrgreenn:
      သများ အိမ်မလာလို့လည်း ဘူသူ့မှ စိတ်မကွက် စိတ်မဆိုးဘူးးး :mrgreenn:
      အတင်းလိုက်ခေါ်မှာဗျဲ။ :mrgreenn:

      :s:

      • Myo Thant

        July 9, 2014 at 10:44 am

        ဟုတ်ပါတယ်

        အဲသလိုဖြစ်လာလို့ ကိုယ် ရေးစရာရှိလာရင်ရေးမယ် ၊

        မန့်ချင်စရာပို့စ် ဆိုရင် မန့်မယ် ၊ That’s all

  • alinsett (gazette)

    July 9, 2014 at 11:02 am

    ဦးပါရေ… တကယ် ရသင့်ရထိုက်တဲ့.. ပိုစ့်ကောင်းလေးမို ့….
    ဝမ်းသာဂုဏ်ယူမိပါတယ်..ဗျား…..

  • ကူမားရ်

    July 9, 2014 at 1:11 pm

    ကောင်းပါတယ် ကိုပေါက်ေ၇..ရှင်းလင်း တိုတုတ်..ထိရောက်..ဒါပဲ..ဗေတားကြိုက်တယ်..

  • Novy

    July 9, 2014 at 2:07 pm

    ဦးပါရေ…ဂုဏ်ယူဝမ်းမြောက်ပါတယ်ရှင့်
    နောက်တစ်ခေါက် အစအဆုံးပြန်ဖတ်လိုက်ပါအုံးမယ်နော်

    လေးပေါက်.. အားလုံးကိုခေါက်ထားလိုက်ပါ ( မဒမ်ပေါက် – အဝတ်များကိုပြောချင်မဟုတ်)
    ူlet it be ( let it go )
    အများကို ဂရုစိုက်ရတာပင်ပမ်းပါတယ်.

  • ဦးဦးပါလေရာ

    July 9, 2014 at 2:57 pm

    ကျနော့်ပိုစ့်လေးကို ဝိုင်းအားပေးကြတာကို အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ..။
    ဒီစာမူလေး ဆုရတယ် ဆိုတော့လဲ ဝမ်းသာစရာပါ..
    ဒီစာမူလေး ဆုမရ ခင်ကတည်းကလဲ ကျနော့်မှာ ကျေနပ်စရာကောင်းတဲ့ ဆုကို ရခဲ့ပါတယ်
    အဲဒါကတော့ မန်းဂဇက်ဝိုင်းတော်သားတွေနဲ့ ခင်မင်ခွင့်ရခဲ့တယ် ဆိုတဲ့ ဆုပါပဲ…။
    အဲဒီ ဆု နှစ်မျိုးလုံးအတွက် မန်းဂဇက်ရွာသူရွာသားများကို ကျေးဇူးတင်လှပါကြောင်း……

  • ဦးဦးပါလေရာ

    July 9, 2014 at 3:18 pm

    ဖတ်ရွေး အကြိုက် ပိုစ့်လေးကို ရေးတင်ပေးတဲ့ အတွက်လဲ ကျေးဇူးပါ ကိုပေါက်ရေ..
    တကယ်တော့ ဒီပိုစ့်ဟာ အရွေးခံရထိုက်တယ်လို့ ကျနော်မထင်ပါဘူး..
    အရွေးခံရခဲ့ရင်တော့ ကြေညာတဲ့ပိုစ့်ကို ရေးသင့်သူဟာ ကိုပေါက်ပါပဲ…
    ဒီပိုစ့်လေးက ကိုပေါက်နဲ့ ဆက်နွယ်မှု့ တစ်စုံတစ်ရာရှိခဲ့တာကြောင့်ပါ…။

    ရွှေပြည်သာက သီလရှင်ကျောင်းအတွက် အလှူငွေသွားပို့တုန်းက
    ကျနော် လိုက်မယ် လို့ ရည်ရွယ်ထားခဲ့ပေမယ့် အရေးပေါ်ကိစ္စတစ်ခုနဲ့ ခရီးတိုလေးသွားရလို့ မလိုက်ဖြစ်တော့ပါဘူး…။
    မန္တလေးက တကူးတက လာရတဲ့ ကိုပေါက်နဲ့လဲ မဆုံရတော့တာ စိတ်ထဲ မချင့်မရဲဖြစ်ရတယ်…။
    ကျနော့်ပိုစ့်လေးရဲ့ ဇတ်လမ်းက အဲသည်ခရီးက ရ လာတာဖြစ်ပါတယ်…။
    ဇွန်လ ထဲမှာ နောက်ခရီးတစ်ခုထပ်သွားပြီး အပြန်မှာ အအေးမိ၊ အဆုတ်ပွ ပြီး ဖျား ရာက ရက်နဲနဲ နားရဖို့ ဖြစ်လာပါတယ်။
    အဆုတ်ပွတာမို့ ဆေးလိပ်လဲ သောက်လို့မရတော့ဘူး (အခုထိလဲ ပြန်မသောက်ဖြစ်သေးပါဘူး)
    လူကလဲ အလုပ်မရှိပဲထိုင်နေရလို့ နေမထိထိုင်မသာ ဖြစ်နေတယ်..
    အဲသည်မှာ ဒီပိုစ့်လေးကို ရေးလိုက်မိပါတယ် …။

  • Yae Myae Tha Ninn

    July 9, 2014 at 3:54 pm

    ကောင်းပါတယ်.. ဦးပါရယ်.. ရေးထားတာလေးက အမှန်ပြောရရင်.. ဖတ်ရတာ မထောက်ဘူး.. ပြီးတော့ တကယ်ပြောတာ ဆုံးတဲ့ထိ ဖတ်ချင်စိတ်ကို မျောသွားတယ်.. ပြီးမှ အော် ပြီးသွားပြီပဲ.. အဲလို ဖြစ်တာ.. တခုပဲ နည်းနည်းတိုတယ်ဗျာ.. ဖတ်ရတာ မ ဝဘူး.. ဖတ်ရတာနဲ့ ရေးထားတာနဲ့ အရသာနဲ့ ကွက်တိဆိုပေမဲ့.. မ ဝသေးဘူးဗျာ.. နောက် ဒီထက် နည်းနည်း ပိုရှည်အောင် ရေးပေးပါ… :).. ဒါက ကျွန်တော့် အမြင်နော်.. မှားသွားရင် ဆောရီးပါ.. ကြိုတောင်းပန်ပါတယ်.. ကျွန်တော်ကတော့ မရေးတတ်ဘူး.. ဒါပေမဲ့ သူများကိုတော့ ရေးတတ်တဲ့သူတွေကို ရေးစေချင်တယ်… 🙂

    • ဦးဦးပါလေရာ

      July 9, 2014 at 4:35 pm

      ကိုဘရုတ်ပြောမှ ဝန်ခံစရာလေးတစ်ခု သတိရတယ်..
      တကယ်တော့ ပိုစ့်ရှည်မှာစိုးလို့ ပြောစကားတွေ တဝက်လောက်ဖြတ်ပစ်လိုက်တာဖြစ်ပါတယ်ဗျာ..
      ဒါကြောင့်လဲ မလိုအပ်ပဲ အပိုင်းတွေခွဲတင်ရတာပါ…
      အွန်လိုင်းမှာ စာဖတ်သူတွေတော်တော်များများက စာရှည်ရင် မဖတ်ချင်တတ်လို့ပါ။
      အွန်လိုင်းမှာ စာရေးတဲ့ဒုက္ခပေါ့ဗျာ..
      :mrgreen:

  • TNA

    July 9, 2014 at 5:34 pm

    ဖတ်ရွေးကိုစိတ်မဝင်စားတာမဟုတ်ဘူးလေးပေါက်ရဲ့။တကယ်နော့ ဖုန်းနဲ့ဝင်တဲ့သူတွေများတော့ဝင်ရခက်တာရယ် ဖုန်းမိက်နှာမှာ ပိုစ့်က ခုနစ်ပုဒ်ပဲပေါ်တာရယ် ဝင်ရခက်တာတွေကြောင့်နေ့တိုင်းမရောက်ဖြစ်တာလေးပေါက်ရေ။ ကိုယ်ဝင်တဲ့နေ့ကျတော့ ဟိုးရှေ့ရက်တွေကပိုစ်တွေဖွင့်ဖို့ မလှမ်းဝေးသွားပြန်ကောလေ။ အဲ့ဒါဟိုတခါပြောမိ လို့တောင် အဆဲခံလိုက်ရသေးတယ်လေ။ ဝင်တဲ့နေ့မှဖွင့်ရတဲ့ပိုစ်တွေမန့်ရတာမို့ခွင့်လွှတ်ပါလေးပေါက်ရေ။ ဦးဦး ပါလေရာကိုလဲဂုဏ်ယူပါတယ်။ အဲ့ပိုစ့်တောင်နောက်ဆုံးပိုင်းပဲဖတ်လိုက်ရတယ်။ ရှေ့ပိုစ့်တွေပြန်ရှာရခက်လို့ လေးပေါက်ရေ

  • ဝင့်ပြုံးမြင့်

    July 9, 2014 at 7:06 pm

    ငွေကြေးနဲ့ပတ်သက်ပြီး ရင့်ကျက်တဲ့အတွေ့အကြုံ ရှိမှ ဒီလိုစာမျိုး ရေးနိုင်တာပါနော်။ ဝမ်းသာပါတယ် ဦးဦးပါရေ။ တကယ့်ကို ထိုက်ထိုက်တန်တန်ရတာပါ။ အဲလိုပို့စ်မျိ ုးဖတ်ရတဲ့ အတွက် အသိပညာတစ်ခု တိုးသလို ကျေးဇူးလည်း အရမ်းတင်မိပါတယ်။

  • Ma Ma

    July 9, 2014 at 8:28 pm

    ပထမဦးဆုံး ဆုရသူ ဦးပါ ကို ကွန်ဂရက်ကျူလေးရှင်းပါ။
    ကိုယ့်ကိုကိုယ်တော့ အလွဲသုံးမရှိလောက်ဘူးလို့ ထင်ထားတာ။
    ဦးပါပြောမှပဲ အသုံးလွဲတာတွေကို ပြန်စစ်မိတော့တယ်။ 🙂

    ရောက်လာတဲ့ တာဝန်ကို ခေါင်းမရှောင်တဲ့ ကိုပေါက်ကို အရင်ဆုံး ကျေးဇူးတင်ကြောင်း ပြောပါရစေ။
    လူတိုင်းကိုယ်စီ အလုပ်တာဝန်တွေ ဝတ္တရားတွေနဲ့မို့ တော်ရုံနဲ့ တာဝန်မယူချင်ကြတဲ့အထဲက ဒီလအတွက် ကြေညာပေးပါ့မယ်လို့ တာဝန်ယူနိုင်တာ နည်းတဲ့စေတနာတော့ မဟုတ်ဘူး။ 🙂

    ကိုပေါက်စာရေးကောင်းမကောင်းဆိုတာကိုပြောရရင်တော့ ပရိုတန်းဝင်နေပြီဆိုတာက မငြင်းနိုင်တဲ့အချက်မဟုတ်လား။
    🙂

  • အရီးခင်

    July 9, 2014 at 9:35 pm

    {
    ခါ တိုင်း လ တွေ ဆိုရင် ဖတ် ရွှေး အတွက်ကြေ ညာ လိုက်တာ နဲ့ အဲဒိ ပိုစ် က ချက် ခြင်း အထက် တက် ကပ်( စတစ်ကီ ) ပြီး လူ အများ က လဲ စိတ် ဝင် တ စား နဲ့
    ကော်မင်း တွေ ပေး နဲ့ စည်စည် ကားကား ပါ ဘဲ။
    ကျနော် တင် တဲ့ အလှည့် မှာ တော့
    }
    ကပေါက်ကြီး ရယ် ဂလို ဟုတ်ပါဘူးတော်။
    ကျွန်မ သတိထားမိသလောက် ကတော့ သူကြီးမင်း စက်တော်ခေါ်ချိန် နဲ့ Post တက်ချိန် တိုက်လို့ပါ။
    ဒါ ပြေရာပြေကြောင်း စိတ်ဖြေရ အောင် ဝင်ပြောတာမဟုတ် ပါ ကပေါက်ကြီးရယ်။
    သူကြီးမင်း သိရင် စတစ်မကီ ဘဲ မနေပါဘူး။
    ဒါက လတိုင်း လုပ်နေတဲ့ အလုပ်ဘဲ ဟာ။
    တမင်ညစ် ပြီး ထားစရာ အကြောင်း တစ်စွန်းတစ်စမှ မမြင်မိပါ။

    နောက် ကပေါက်ကြီး ရဲ့ ပန်းကလေး များ Post က အများ အသည်းစွဲ ဖြစ်ခဲ့တာ မကြာသေးဘဲ နောက်ထပ် ပန်း Post တက်လာတော့ ပတမ ပန်း တွေအကြောင်း ထင် လိုက်တာပါ။ ကျွန်မ လဲ အဲလို အရင်ထင်ပြီး ဝင် ကြည့် လိုက်တော့ မှ ဖတ်ရွေး မှန်း သိခဲ့တာ။
    ဒီလို ရောသွားတာမို့ Post အတူတူ ထင်ပြီး တစ်ချို့ ကျော်ဖတ်မိသွားတာလဲ ဖြစ်နိုင်မှာပါ။

    { weiwei says:
    အဲလို မထင်ပါနဲ့ ကိုပေါက်ရေ ..
    ဖတ်ရွေးပို့စ်တွေကို စိတ်ဝင်စားမှုအားနဲလာတဲ့သဘောပါ …
    ကိုပေါက်တင်လို့မှမဟုတ်ပါဘူး .. တခြားသူတွေတင်လဲ ဒီလိုပဲဖြစ်တာပါပဲ ..
    }
    ဝေဝေ ထောက်ပြတာ အမှန်တရားပါ။
    သဘာဝကျကျ အမြဲဖြစ်နေတတ်တဲ့ လက်မခံချင်လဲ လက်ခံ ရမဲ့ အမှန်တရား ဆိုပါတော့။
    မောင်ဂီ ရဲ့ စကား ငှားရရင် Sad But True ပေါ့။

    အခုလောလောဆယ် ဖတ်ရွေးတွေ ခမျာ မအားတဲ့ကြား က အပြေးအလွှား လုပ်ပေးနေတာ သိကြမှာပါ။
    ထွက်သူ/ ပျက်သူ တွေ ရှိရက် နဲ့ အလုပ်ဖြစ်အောင် အသက်ဆက် လုပ်ပေး နေနိုင်တာ ကဘဲ အတော်လေး ကျေးဇူးတင် ဂုဏ်ယူဖို့ကောင်းပါတယ်။
    ဒီလို အခြေအနေမှာ အသစ်အဆန်းပေါ်ရင် အဲဒီကို အားသာ စိတ်ဝင်စားကြတာ ကို လဲ နားလည်ပြီး လက်ခံရမှာပါဘဲ။

    ရွာထဲ အမြဲစည်ကားနေနိုင်ဖို့ ရွာကြီး အစဉ်တိုးတက်နေအောင်လို့ကတော့
    အသစ်အသစ် သော ဖလန်းဖလန်း ထ တာလေးတွေ ရော၊
    ရိုးရိုးအေးအေး ကြီး တွေ ရော မပြတ်အောင် လိုပါတယ်။

    မဆီ မဆိုင် ဟိုးတုန်းက “အတွေ့” ဆိုတဲ့ ရှေးရုပ်ရှင် ကို သွားသတိရမိတယ်။
    ကိုယ့်ရဲ့ မယားကြီး ကို ပစ်ပြီး အငြိမ့်မင်းသမီး လေး ရဲ့ အညို့ မှာ စွဲလမ်းသွားတဲ့ မဟာပုရိသ အကြောင်း။
    မယားကြီး လုပ်တဲ့ မင်းသမီးကြီး (မြင့်မြင့်ဌေး လားမသိ) ပြောတဲ့ စကား “အရင်တုန်း ကတော့ ဒီ ပုဇွန်ထုပ်ကြီး ကို ကြိုက်လိုက်တာဆို။ အခုတော့ ….. ”
    အဲလို အဓိပ္ပါယ်မျိုး။ အသေအချာတော့ မမှတ်မိတော့ဘူး။
    သူက တစ်တစ်ရစ်ရစ် တစ်လုံးတစ်ခဲ တစ်ပွေ့တစ်ပိုက် ပုံစံ ရိုးရိုးကြီး။
    အငြိမ့်မင်းသမီး လေး (စံရှားတင်) က သွယ်သွယ်နုနု ဟော့ရှော့ လေး။
    နောက်တော့ သူ့ဖက်ပြန်ပါလာအောင် လို့ ဆံပင်တွေဖြတ်၊ ခေတ်ဆန်ဆန် အဝတ် တွေ ဝတ်ပြီး ပြန်ဆွယ် ရတာ။
    ဒီတော့ ဟိုလူ့ခမျာ မိန်းမကြီး လဲ မပစ်နိုင် အငယ်လေးလဲ မစွန့်ရက် ဗျာများရရှာသပေါ့။

    သဘောကတော့ ကပေါက်ကြီး ရေ့
    ရွာထဲမှာတော့ ဖလန်းဖလန်း ထတာလေး တွေ ဝင်လာရင်လဲ ဝမ်းသာအားရကြိုသင့်ပါတယ်။
    ရိုးရိုးအေးအေး ကြီး တွေ က ရှေးအတိုင်း မပြင်မဆင် ဒီအတိုင်း ပွဲဆက်ထွက်နေလဲ ပရိတ်သတ်ကြီး မပစ် ပါဘူး။

    တစ်ခုတော့ရှိရဲ့။
    အပြောင်းအလဲ လေးဖြစ်အောင်လို့ အဲဒီ ဖလန်းဖလန်း ထတာလေး လို လိုက်ပြီး ပုံစံပြောင်းကာ ဟော့ လိုက်ကြရအောင်လား။
    အဟိ။
    ပရိတ်သတ်ကြီး မြင်ကြည့်ပါလား။
    ဥမပါ –
    အုကထကြီး ကကြီးမိုက် ကြီးက
    ဦးထုတ်ဆောင်း လှည်းဘီးလောက် နေကာမျက်မှန်တတ် ဂျင်းပန် ခါးပွ ဖင်ရှော ကြီးဝတ်လို့ မိုက်ဂိုက် နဲ့ ကလေးမ တို့ အကြိုက် စိုင်းစိုင်း စတိုင် ဖမ်းလို့ …..
    အဘဖော က
    ကိုရီးယား ပေါ့စတား တွေ လို ဆံပင်အနီ ဆိုး သားရေလယ်သာ အကျီရှည် ကြီး ကို သားရေဖင်ကျပ်ဘောင်းဘီ ဝတ်လို့ ……
    အစ်မဒုံ က
    ဝိုင်းစုခိုင်သိန်း လားမသိ ဆံပင်ရွှေရောင် စတော့ကီအနက်ကြီး စွပ် ဂါဝန်တို နဲ့ ..
    ဒါမျိုး ပုံ တွေ နဲ့ လစဉ် ထွက်ကြော်ငြာ ကြစို့လား။

    သများလား
    ဟင်း .. ဟင်း …
    အခု နာမည်ကြီးနေတဲ့ မော်ဒယ်ဘွားအေကြီး သန္တာလှိုင် ရဲ့ ရင်ကွဲ အကျီ ထက် ပို စေရမယ်။
    ကိတ်မော့စ် မနာလိုဖြစ်သွားအောင် ကြောင်လျှောက် (ရွာထဲ က ကြောင်နဲ့ ဘာမှမဆိုင် တဲ့ Cat Walk) လျှောက်ထား တဲ့ ဗီဒီယို နဲ့ ပါ တွဲ တင်ပလိုက်မယ်။
    ဘယ်လို ပုံ နဲ့ မြင်ချင်ကြ လဲ။
    ပြောလိုက်ကြစမ်းဘာာာာာာာာာာာာာာ။
    ဒီတော့
    ရိုးရိုးရှင်းရှင်း နေတာ ကို ကောင်းကောင်း အားမပေးလို့ ကတော့ ကြမ်းပလိုက်မနော် ပိတ်သတ်ကြီး။

    ကပေါက်ကြီး
    စိတ်ပြေပြီထင်ရဲ့။
    မမြဲခြင်း တရာ လေး ကို အိတ်ထဲ ထည့်ရင်း ပိုကောင်း အောင် ဘယ်လို လုပ်သင့်လဲ ဆက် စဉ်းစား ကြစို့။
    မလုပ်နိုင်သေးလဲ ကိစ္စမရှိပါဘူး လေ။
    ဒီ ရိုးရိုးအေးအေးကြီး တွေ ကို သူတို့ မရိုးပါဘူး။
    ဆက်သာ လှမ်းပါ။
    “သံလွင်ကတော့ စီးမြဲ” ဆို။
    သူဘဲ ပြောပြီး။
    :-))))

    • ဇီဇီ

      July 10, 2014 at 7:25 pm

      ဂလိုဟုတ်ဘူးလား အရီးရဲ့။

      “မောင် ပြောတော့ ဆိုဖီရာ့ လော့ရင့် ကြီး ဆို???”

      အဲလို ဟုတ်ဘူးလားးးး
      အမူအရာလေးပါ ပါသေးးး :mrgreenn:

      ဟိ။
      အတွေ့ဆင်တူမူကွဲတွေကို ဘယ်နှစ်ကားရှိလည်းမသိ။
      အတွေ့တင်ကို ၃ ကားထင်တယ်။
      ကညာပျိုနဲ့ ဇရာအိုကလည်း အာ့မိုး ဇာတ်လမ်းပဲ။

      😀

  • အရီးခင်

    July 9, 2014 at 9:36 pm

    ကိုပါ

    အလေးပြုခဲ့တဲ့ ခပ်ရှရှ စာလေး သရဖူဆောင်း သွားတာ အများကြီး ဝမ်းသာ ဂုဏ်ယူပါတယ်။ :-))

    အမှန်ပြောရရင်
    ဒီလို Congratulation လုပ်တာ နောက်ကျ မှာစိုးလို့ တမင် ကို အချိန် လုပြီး တစ်ခြားလုပ်ရမဲ့ ဟာမလုပ်ဘဲ အပြေးအလွှား ဝင်လာတာပါ။
    ဝဋ်ကြွေး ဆိုလဲ ဝဋ်ကြွေးပေါ့။
    ကိုယ့်ဟာကို ကျေနပ် ပီတိဖြစ်စွာ ယူထားတာပါ။
    အခုတော့ ပြေးပြီ။

  • padonmar

    July 9, 2014 at 9:59 pm

    ကိုပေါက်ကြီးရေ၊အဲဒီ စတစ်ကီကိစ္စသိပ်မခံစားပါနဲ့။ကျမလည်း မော့ထဲပါတယ်။တခါမှ စတစ်ကီမလုပ်ပေးဖူးဘူး။မမရဲ့ တွေ့ဆုံပွဲဓာတ်ပုံပို့စ်ကို စတစ်ကီဖြုတ်ပေးခိုင်းမှ စမ်းလုပ်ကြည့်မိတာ။ကိုယ်မော့ဖြစ်တာလည်း ဘယ်သူမှမရှိတဲ့ ညဖက်တွေမှာ ရွာဆူမယ့် ပို့စ်တွေတက်လာတာတွေ့တိုင်း သဂျီးကို မေးလ်နဲ့ လှမ်းအော်နေလို့ နားညည်းတာနဲ့ ပေးထားတာ၊မော့ဖြစ်တော့ ဘာလုပ်လဲဆို သတ်ပုံလေးတွေ စာကျတာလေးတွေ လိုက်ပြင်ပေးတယ်။အပြင်ခံရတဲ့သူတွေတောင် သိလိုက်မှာမဟုတ်ဘူး။တခါတလေ ရွာထဲတောင် မဝင်နိုင်တော့ ဘာတွေ ဖြစ်နေမှန်းတောင်မသိဘူး။အခြားမော့တွေလည်း အဲသလိုပဲနေမှာပါ။
    နောက်ပြီး ရွာထဲဝင်ရခက်တော့ ဝင်မိချိန်မှာ ဘာကိုဦးစားပေးဖတ်လဲဆိုရင် ခေါင်းစဉ်ထူးတာရယ်။မတွေ့တာကြာတဲ့ ရွာသားဟောင်းထဲက ပို့စ်ရယ် ဦးစားပေးဖတ်တယ်။ ကိုပေါက်ဆို ဖဘမှာ ဖတ်ပြီး၊ပုံတွေလည်းကြည့်ပြီးမို့ ထပ်မဖတ်တော့ဘူး။အယူအဆတွေလည်းတူတော့ မန့်မနေတော့ဘူး။များသောအားဖြင့် ပြန်ငြင်းချင်တာတွေရယ်၊ဖြေရှင်းပေးချင်တာတွေရယ်။အသစ်လေးတွေမို့ အားပေးချင်တာရယ်တွေကိုသာ မန့်နိုင်တော့တယ်။အလင်းဆက်ဆိုလည်း ဖဘမှာတွေ့ပြီးသားမို့ မဖတ်တော့ဘူး။ ကိုပေါက်က ရှေ့မှာ အမောပြေအငြီးပြေပန်းကလေးတွေဆိုပြီး နာမည်ပေးထားတယ်။အခုပို့စ်လည်း ဇွန်လမှာ ပွင့်တဲ့ပန်းဆိုတော့ ပန်းအကြောင်းဓာတ်ပုံတွေပဲ ထင်ပြီး မဖတ်ဖြစ်ကြတာဖြစ်မယ်။သဂျီးလည်း ကျမလိုပဲလို့ထင်ပါတယ်။သူ့ခမျာ တလတလ သတင်းစာထွက်ဖို့ လုံးပန်းနေရတာ အဲဒီရက်တွေဆို ရွာကို ပြန်မကြည့်နိုင်တာ နားလည်ပေးလိုက်ကြစေချင်ပါတယ်။

  • padonmar

    July 9, 2014 at 10:01 pm

    အမှန်တော့ ကိုပေါက်ကြီးက ဆုကြေငြာဖို့ ငွေငါးသိန်းအုပ်ကလေးကို စပယ်ရှယ်ဓာတ်ပုံကြိုရိုက်ထားတယ်လို့ ခို်င်လုံသော သတင်းရပ်ကွက်က ကြားထားပါတယ်ဗျို့၊အဲဒီပုံလေးကြည့်ချင်ပါတယ်။

  • padonmar

    July 9, 2014 at 10:07 pm

    ဦးပါရေ
    ကွန်ဂရက်ကျူလေးရှင်း အကြီးကြီးပါ။
    အဲဒီပို့စ်ကို ဖတ်မိပြီးကတည်းက တွေ့တဲ့လူတိုင်းကို ဇာတ်ကြောင်းပြောပြနေတာ။
    အခုတခါတည်း အဲဒါလေး ပရင့်ထုတ်ပြီး ဝေပေးပါရစေလို့ ခွင့်တောင်းပါတယ်။
    ကျမများ တတ်နိုင်ရင် ရုပ်ရှင် ဗီဒီယိုတောင် ရိုက်လိုက်ချင်သေးတယ်။
    …………….
    မလတ်မန့်တာ နောက်မှတွေ့တယ်။ကိုယ်က ဖွဘုတ်ထဲ အရင်မန့်ပြီးမှ ကူးချတာ။မလတ်ရေ၊ကြုံတုုံးနှုတ်ဆက်ပါတယ်။
    ခုလိုသေချာရှင်းပေးတဲ့မလတ်ကွန်မန့်ကို ဖတ်ရရင် ပိုရှင်းကြမှာပါ။
    နငယ်အမြီးတပ်ရရင်တော့ အဲဒီမင်းသမီးကြီးက တင်တင်မူပါ။

    • surmi

      July 10, 2014 at 12:35 am

      အတွေ့ မင်းသမီးက သီသီ မဟုတ်ဘူးလားအစ်မရဲ့
      သူ့ခေတ်က အကယ်ဒမီတောင်ရလိုက်သေးထင်တယ် ။

  • kai

    July 10, 2014 at 1:03 am

    ဒီရွာထဲ .. ရွာလူကြီးသတ်မှတ်ထားတဲ့ အထဲကတယောက်က.. စတစ်ကီကိစ္စထပြောနေသမို့.. အူကြောင်ကြောင်တောင် ဖြစ်သွားတယ်..။
    နောက်… ပရိုစာရေးဆရာအဆင့်ဆိုတာ.. အယ်ဒီတာ့အလုပ်နားလည်ရမှာပေါ့ဆရာပေါက်ရဲ့..
    သူ့စားပွဲပေါ်ရောက်နေတဲ့..စာတွေထဲကမှ… စိတ်ကူးတည့်တာတွေ့လို့.. ရွေးချင်ရွေးမယ်.. မရွေးချင်မရွေးဘူး..။ ဖိအားမပေးသင့်…
    ဒါကတခု..

    အခုကိစ္စကတော့.. အရီးလတ်နဲ့ အမတော်ပုဒုမ္မာပြောတာအမှန်ပါ..။
    ပန်း.. ပန်း..နဲ့ ပန်းပုံထင်ပြီး.. ကျော်မိတာပါ..။
    တမင်တကာ သိရက်နဲ့ချန်ခဲ့ရလောက်အောင်.. ဘာအကြောင်းပြချက်မှမရှိ..။

    နောက်ဆို.. လူစိတ်ဝင်စားစေချင်ရင်…ကော်မန့်များချင်ရင်.. မန်းလေးက မြီးရှည်ပုံ ရိုက်ပြီး..” ၁ရက်အတွင်း ဆက်သွယ်လာသူအားအလကားကြွေးနေပါသည်။ တထိုင်ထဲ ၁နာရီအတွင်း ၁ဝပွဲအကုန်စားပြရမည်…” စည်းကမ်းအသေးစိတ်ကို.. ကော်မန့်နှင့်မေးကဖြေမည်… ” ဆိုပြီးတင်လိုက်နော…

    .. နောက်တာ…။ Visual လောကကို.. သိပ် serious မတွေး…မလုပ်စေလို…..။ :mrgreen:

  • မဟာရာဇာ အံစာတုံး

    July 10, 2014 at 1:59 am

    ရွာနဲ့ နည်းနည်း ပြတ်နေတော့
    ဥဥပါ ပို့စ်ကို လွတ်သွားတယ်
    အခု ဖတ်ကြည့်မိတော့ … ရေလည် လန်းတာပဲ …
    အချီအချ ဒိုင်ယာလွတ် တွေကလည်း ရှယ်ပဲ …
    အေးလေ …
    ရေးတဲ့လူကိုက လူချောလူလှ လူခန့်လူဆန့်ဂျီး ဆိုဒေါ့ဂါ …
    ပို့စ်လည်း ကောင်းဒေါ့မပေါ့ ….
    ကွန်ဂရက်ကျူလေးချင်းပါ ဥဥပါ …

  • Foreign Resident

    July 10, 2014 at 3:33 am

    ကိုပေါက် ရေ ။

    အဓိက ကတော့ ၊ အဲဒီ အချိန်မတိုင်မှီလေးတင်ကဘဲ ၊
    ကိုပေါက် က ပန်းပုံလေးတွေကို ၊ မန်းဂဇက် ရွာသူား FB Group Page မှာ တင်လိုက်တာကိုး ။

    ” ဇွန်လမှာ ပွင့်တဲ့ပန်း ” ဆိုတဲ့ ပန်း နာမည် နှင့် MG ရွာထဲမှာ ထပ်တင်တဲ့ အခါကျတော့ ၊
    အတော်များများက FB Group Page က ဓါတ်ပုံကို ကြည့်ပြီးသား ဆိုတော့ ၊
    ဒါ FB Group Page မှာ တင်ထားတဲ့ ပန်း ဓါတ်ပုံဘဲ ဆိုပြီး ထပ်ပြီး ဖွင့်မကြည့်ဖြစ်တော့တာပါ ။

    ကိုပေါက် ကို ဂရုမစိုက်တာ မဟုတ်ကြပါဘူးလေ ။
    စိတ်ထဲမှာ မထားပါနှင့်ဗျာ ။

  • (ဒီရွာထဲ .. ရွာလူကြီးသတ်မှတ်ထားတဲ့ အထဲကတယောက်က.. စတစ်ကီကိစ္စထပြောနေသမို့.. အူကြောင်ကြောင်တောင် ဖြစ်သွားတယ်..။
    နောက်… ပရိုစာရေးဆရာအဆင့်ဆိုတာ.. အယ်ဒီတာ့အလုပ်နားလည်ရမှာပေါ့ဆရာပေါက်ရဲ့..
    သူ့စားပွဲပေါ်ရောက်နေတဲ့..စာတွေထဲကမှ… စိတ်ကူးတည့်တာတွေ့လို့.. ရွေးချင်ရွေးမယ်.. မရွေးချင်မရွေးဘူး..။ ဖိအားမပေးသင့်…
    နောက်ဆို.. လူစိတ်ဝင်စားစေချင်ရင်…ကော်မန့်များချင်ရင်.. မန်းလေးက မြီးရှည်ပုံ ရိုက်ပြီး..” ၁ရက်အတွင်း ဆက်သွယ်လာသူအားအလကားကြွေးနေပါသည်။ တထိုင်ထဲ ၁နာရီအတွင်း ၁ဝပွဲအကုန်စားပြရမည်…” စည်းကမ်းအသေးစိတ်ကို.. ကော်မန့်နှင့်မေးကဖြေမည်… ” ဆိုပြီးတင်လိုက်နော…)

    ကိုခိုင် ရေ အစ က တော့ ဒိကိစ္စ နဲ့ ပတ်သက်ပြီး ဘာ မှ ပြန ်မပြောတော့ ဘူး လို့ နေ ပေ မယ့်
    ကိုခိုင်ရဲ့ ဒီ ကော်မင်းကြောင့် ပြော စ ရာေ တွ ရှိ လာ ပါပြီ။

    အဓိက က တော့ စတစ်ကီ ပေး တာ က အယ် ဒီ တာ တစ ်ယောက် ထဲ လုပ် တာ မဟုတ် ဘူး ဆို တာလေး ကို
    သက်သေ ပြ ပါမယ်။

    အခု တော့ ကျနော် ဆို လို ချက် နဲ့ ပြန်ဖြေ တဲ့အချက် ခုတ် ရာ တခြား ရှရာ တစ် လွဲ ဖြစ် နေ တယ်။

    ဟို နေ ရာ ဒီ နေရာ မှာ ဖတ် လိုက် ရ တဲ့ ကော် မင် း တွေ ဆက် စပ် ကြည့် တော့

    ကျနော် က အ လကား နေ ရင်း စန်း စန် း တင့် ဖြစ် နေ တယ် လို့ ကောက်ချက် ချရင် ရသလို ဖြစ် နေတယ်

    အဲ တော့ ပြန် လာ ပါ မယ်။

    အခု တော့ ကျေ နာ့် ရေး လက် စ ဆောင်း ပါး ရှည်ကို လက် စ သပ် လိုက် ပါအုံးမယ်။

    • kai

      July 10, 2014 at 6:22 pm

      ဆောင်းပါးသာအေးဆေးရေးပါလေ..။
      ဒီကိစ္စ.. ဒီမှာတင်ရပ်လိုက်ပါတော့နော…။
      .. ရှေ့ဆက်သွားစရာတွေ.. အများကြီး…။

      အကြမ်းရှင်းပြပါ့မယ်..။
      စတစ်ကီကိစ္စက.. တော်တော်ပညာပါသဗျ…
      ဘာလို့လည်းဆိုတော့ ပထမစာမျက်နှာရဲ့ထိပ်မှကပ်နေတဲ့ပို့စ်ဖြစ်တာမို့.. ရွာကိုဝင်လာသူတိုင်း.. အဲဒါတွေများများရှိနေရင်.. နည်းပညာပိုင်းအရလည်း တော်တော်ဒုက္ခရှိပါတယ်..။
      အကြမ်းအားဖြင့်ပြောရရင်.. စတစ်ကီပို့စ်တွေမှာ ကော်မန့်များတတ်တာမို့..တယောက်ဝင်တိုင်း… ဒေတာဘေ့စ်က.. အကုန်ပြန်ပြီး load လုပ်နေရသမို့.. ဆာဗာဒုက္ခများတယ်ဆိုလိုတာပါ..။
      ဒါကို.. ဘာနဲ့ချိန်ရသလည်းဆိုတော့.. အထဲက ဆာဗာ ပါဖော့မန့်နဲ့ Log ဖိုင်ကြည့်ချိန်ညှိရတယ်..။
      မလုပ်တတ်ရင်.. ဝက်ဘ်ဆိုက်လေးတယ်..လေးတယ်.. ဖြစ်ရော..။

      အဲဒါကို ရွာထဲ… တခါပြောဖူးသမို့ သဘောပေါက်တဲ့ မော်မော်တွေက.. စတစ်ကီလုပ်နိုင်ရက်နဲ့.. တတ်နိုင်သလောက်လက်ရှောင်ပါတယ်..။
      ဆာဗာကိုပါ(နည်းပညာအရ)ဝင် ကြည့်နိုင်တဲ့ကျုပ်ဆီ ပြန်ဘောလီဘောပုတ်ထားတယ်ဆိုပါစို့..။

      ဒီတော့.. စတစ်ကီမှာ.. အယ်ဒီတာအလုပ်ရယ်..။ ဆာဗာအက်ဒ်မင်အလုပ်ရယ် ၂ခုနဲ့ ချိန်ကစားရတာပါလို့…။

      ဒီနေ့တော့ဒီလောက်ပဲ..။ မနက်ပဲ၄နာရီထိုးတော့မယ်..။ အလုပ်သွားရဦးမှာ..
      အိပ်ချိန်တောင်မရှိတော့….။ :buu:

Leave a Reply