ဘုရားမှာ အရမ်းစည်ကားနေပါပြီ ကားကို ဝင်ကြေး ၅၀ဝ သတ်မှတ်ထားသော်လဲ ယာဉ်အန္တရာယ်ကင်းအောင် ဘာမှ မလုပ်ပေးပါဘူး
ဈေးသည်ကလဲ ဘုရားထဲရောက်တော့မယ်
အပြင်မှာလဲ အမှိုက်တွေ မရှင်းရသေးဘူး
အဲဒါတွေကလွဲရင် အားလုံး OK ပါတယ်။
Post Views: 421
8 comments
ချစ်ရင်ထူး II
July 11, 2014 at 8:49 am
တရွေ့ရွေ့ ရောက်လာကြတဲ့ ဘုရားဖူးပြည်သူများနှင့်အထူးစည်ကားနေပါတယ်
ဈေးသည်လည်းရောင်းကောင်း ဂိတ်ဝင်ကြေးလဲ အများကြီးရ
Ma Ma
July 11, 2014 at 9:52 am
လှိုင်သာယာ- ဟင်္သာတ ရထားလမ်း ဖွင့်ပြီမို့ ဇလွန်ပြည်တော်ပြန်သွားဖို့ စဉ်းစားနေတာ။
နေ့ချင်းပြန်သွားဖို့ ရထားလမ်းအချိန်ကို တိတိကျကျသိချင်လို့။
သိရင်ပြောပေးပါအုံး။ 🙂
ချစ်ရင်ထူး II
July 12, 2014 at 3:44 am
ရထားတော့ မသိဘူး မမ ၊ ကားကတော့ အများကြီးပဲရှိတယ် လှိုင်သာယာ -ဟင်္သာတ ၊ လှိုင်သာယာ – ထူးကြီး ၊ စတဲ့ ကားတွေ က ဇလွန်ကိုရောက်ပါတယ်။
alinsett (gazette)
July 12, 2014 at 9:47 am
ကားလမ်းက သွားရင်တော့…
ကျောက်ခဲတွေ( ဦးကျောက်စ်ကို အိတ်ထဲ ထည့်ဖို ့ပြောခြင်းမဟုတ် )အိတ်ထဲ ထည့်သွားရင်တောင်.. ကြေမွသွားလိမ့်မယ်..ဗျို ့.. ။
ဘုရားပေါ်မှာလည်း..ဘာထူးလဲ…
ဈေးသည်တွေ…ဈေးသည်တွေ… သူတို ့ကိုရှောင်လို ့ကိုမရ…
ဘုရားတစ်ပတ် ပတ်ဖို ့တောင်..တော်တော်…တိုးယူရတယ်.. ။
စန်းစန်းတင့်
July 14, 2014 at 5:36 pm
ချစ်ရင်ထူး ၁ ရှိသေးလားချင့်။ဒီဆိုက်ထဲမှာပဲလေ
ခင် ခ
July 14, 2014 at 10:38 pm
မရောက်ဖူးဘူးဗျ
kai
July 15, 2014 at 12:34 am
ပြည်တော်ပြန်ချင်သူတွေ သွားတယ်ဆိုတာပဲ..
စည်တယ်ဆိုတော့.. ပြန်ချင်သူတွေ များတယ်ပေါ့နော..
ဆူးရဲ
July 15, 2014 at 10:35 am
ရထားလမ်းကစိတ်ချရပြီလား..သေချာမေးပြီးမှသွားကြပါ